သင်္ကြန်သို့ မဟုတ် ယဉ်ကျေးမှု၏ ပြယုဂ်
by Ko Myo on Tuesday, April 5, 2011 at 4:57pm
မြန်မာနိုင်ငံအပါအ၀င် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့
ကမ္ဘောဒီးယားနိုင်ငံတွေမှာ ရိုးရာအစဉ်အလာယဉ်ကျေးမူအမွေ
အဖြစ်နှစ်သစ်ကူး ပွဲတော်တွေကိုဧပြီလထဲမှာကျင်းပလာခဲ့ ကြ
သည်မှာနှစ်ပရိစ္ဆေဒများစွာရခဲ့ ပြီဖြစ်ပါ၏။ထိုနှစ်သစ်ကူပွဲတော်
ကိုမြန်မာတို့ ကတော့သင်္ကြန်ပွဲတော်လို့ ခေါ်တွင်ပါသည်။ရှေး
အခါက ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရသောအရှေ့တောင်အာရှ
ဒေသနိုင်ငံ အတော်များများမှာ နှစ်သစ်ကူးပွဲတော်ကျင်ပလေ့ရှိခဲ့ 
ကြောင်းလည်းမှတ်တမ်းများကဆို၏။
အဘယ့်ကြောင့်ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရသော
နိုင်ငံတွေဟုဆိုရသနည်း......။
ံဗြဟ္မာဦးခေါင်း
အဘယ့်ကြောင့်ဟုဆိုလျှင်သိကြားမင်းနှင့်ဗြဟ္မာ
မင်းစစ်ခင်းရာမှာစစ်ရှုံးသူ ဗြဟ္မာမင်း၏ဦးခေါင်းကို ဖြတ်ပြီးနောက်
်စစ်နိုင်သူနှင့်စစ်ရှုံးသူတို့  ညှိနှိုင်းမှုသဘောတူချက်အရ ဆင်ဦး
ခေါင်းနှင့် ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်းစပ်သော ဟိန္ဒူဘုရား ဖြစ်
လာကြောင်းအဆိုကြောင့်ဟုဆိုရပါမည် ။
ထိုဇာတ်လမ်း၏အဆက်ဟုဆိုရမည့် အဆိုပါ
ခေါင်းဖြတ်ခံဗြဟ္မာမင်းမှာတန်ခိုးကြီးလွန်းသည့်အတွက် သူ့ 
ခေါင်းပြတ်ကိုပင်လယ်ထဲမျှောမိလျှင်ရေတွေခန်းခြောက်သွားနိုင်၊
ကမ္ဘာပထ၀ီမြေကြီးပေါ်တင်မည်ဆိုလျှင်မြေကြီးကွဲအက်သွားနိုင်၊
မိုးကောင်းကင်ပေါ်ပစ်လိုက်မည်ဆိုလျှင်လည်းမိုးကောင်းကင်
တစ်ခုလုံးမီးလောင်ကျွမ်းသွားနိုင်သောကြောင့်သိကြားမင်းကပင်
်ဗြဟ္မာကြီး၏ဦးခေါင်းအားနတ်သမီး တစ်ပါးစီတစ်နှစ်တစ်ခါအ
လှည့်ကျဖြင့်ကိုင်ထားရမည်ဟူ၍မိန့်မှာတော်မူထားခဲ့ရာမှတစ်
်နှစ်ကုန်၍နောက်တစ်နှစ်သို့ အကူးဗြဟ္မာဦးခေါင်းကိုင် နတ်သမီး
တစ်ပါးမှနောက်တစ်ပါးထံဗြဟ္မာဦးခေါင်းလွှဲပြောင်းသော အချိန်
သမယကနေနှစ်သစ်ကူးသင်္ကြန်အခါတော်ပွဲဖြစ်လာကြောင်းပုံ
ဝတ္ထုကိုမိရိုးဖလာမှတ်သားနာကြားခဲ့ ကြရသလိုယနေ့ တိုင်နှစ်
စဉ်ထုတ်ဝေသောသင်္ကြန်စာတို့ မှာလည်း နတ်သမီးအမည်နှင့်
တကွအဘယ်နတ်သမီးကအဘယ်နတ်သမီးထံဗြဟ္မာကြီး၏
ဦးခေါင်းအားလက်ကမ်းလိုက်ကြောင်းဖတ်ရူနေရဆဲဖြစ်ပါသည်။
ယခုနှစ်ထုတ်မြန်မာသက္ကရာဇ်၁၃၇၃ခုနှစ်အတွက်
သူရိယသိဒ္ဓန္တမဟာသင်္ကြန်စာတွင်`မဟောရကာဒေ၀ီနတ်သမီး
ကာအလှည့်စေ့၍ပရမိနတ်မင်း၏သားအာသီအမည်ရှိသောဗြဟ္မာ
မင်း၏ဦးခေါင်းကိုကမ်းသည်ရှိသော်၊ပြောက္ကာဒေ၀ီနတ်သမီးကား
ခရီးဦးကြိုဆို၍ပုဆစ်တုပ်လျက်လှမ်းလင့်၏။ရဿကာနတ်သမီး
ကားအဖြူ၊အနီ၊အစိမ်း၊အပြာ၊အ၀ါအားဖြင့်ငါးပါးအဆင်းဖြင့်ပြီးသော
အ၀တ်တန်ဆာကိုဝတ်ဆင်လျှက်သင်္ကြန်မင်းကိုစောင့်လင့်၏။´
ဟုဖေါ်ပြပါရှိ၏။
ခေါင်းဆေးမင်္ဂလာ
မည်သို့ ဆိုစေသင်္ကြန်ကိုယဉ်ကျေးမှု၏ပြယုဂ်
အဖြစ်သာရူမြင်ပါမည်။ယဉ်ကျေးမှုရှိသောလူမျို့းဟူသည်ကမ္ဘာ့ 
အလယ်မှာထည်ဝါရိုးထုံးတမ်းအစဉ်အလာရှိပါ၏။ယနေ့ မြန်မာတို့ 
၏ယဉ်ကျေးမူနယ်မြေသည်ပုဂံဖြစ်သလိုပုဂံခေတ်ယဉ်ကျေးမူအမွေ
ဘုရားပုထိုးတွေကြောင့်လည်းကမ္ဘာ့ အလယ်မှာထည်ဝါနေသည်
ဆိုခြင်းမှာငြင်းမရ ။
ပုဂံနှင့်သင်္ကြန်အကြောင်းယဉ်ကျေးမူခြေရာခံကြည့်
သော်ဥပေါသဓမင်းကြီးခေါင်းဆေးမင်္ဂလာပြုခြင်းကိုတွေ့ ရှိချက်အစ
ဟုဆိုထားမူ့ ရှိ၏။ဥပေါသဓမင်းကြီးနှင့်တကွခေတ်အဆက်ဆက်
မြန်မာရှင်ဘုရင်များအနေနှင့်တစ်နှစ်တစ်ခါဦးခေါင်းတော်ဆေးတဲ့
မင်္ဂလာကို သင်္ကြန်အကြိုနေ့မှာကျင်းပလေ့ရှိကြောင်း ၊မော်လမြိုင်
မြိုရှိမုတ္တမကွေ့မှ ခေါင်းဆေးကျွန်းသည်ရှေးဘုရင်များခေါင်းဆေး
မင်္ဂလာပြုခြင်းဖြင့်ထင်ရှားကြောင်းမှတ်တမ်းအရသိရ၏။
ယခုနှစ်ထုတ်မြန်မာသက္ကရာဇ်၁၃၇၃ခုနှစ်အတွက်
သူရိယသိဒ္ဓန္တမဟာသင်္ကြန်စာတွင်`သင်္ကြန်သုံးပါးတို့တွင်သမန္တ
မဟာသင်္ကြန်ဖြစ်သောကြောင့်သင်္ကြန်ကျပြီးနောက်၂၄မိနစ်ရောက်
သောအချိန်၌ဦးခေါင်းဆေးမင်္ဂလာပြုရာ၏´ဟုလည်းကောင်း။
`သင်္ကန္တေ၊သင်္ကြန်ဟုခေါ်အပ်သောတနင်္ဂနွေဂြိုလ်မင်းသည်၊
ပုဏ္ဏမေ၊အံသာ၃၆၀-ရသဖြင့်တစ်ဘဂဏပြည့်၍၊မိန်ရာသီအ၀သာန်
န၀င်းမှမိဿရာသီအာဒိန၀င်းသို့ ပြောင်းခဲ့ သည်ရှိသော်၊က္တွဓ၊ဤ
လူ့ပြည်၌၊မာဏ၀ါ၊သတ္တ၀ါဟုခေါ်အပ်ကုန်သောမနုဇာ၊လူအပေါင်း
သည်၊သိရာ၊ဦးခေါင်းဆေးကုန်ရာ၏´ဟုလည်းကောင်းဖေါ်ပြပါရှိ၏။
သင်္ကြန်အမြောက်
သင်္ကြန်အကြိုနေ့ကစကာလူအပေါင်းကအတာမြေအိုး
ထဲရေထည့်ကာသပြေခက်အစရှိသောအတာပန်းပျားဖြင့်သိကြားမင်း
ကိုပူဇော်ကြိုဆိုကြသည့်အစဉ်အလာလည်းယနေ့ တိုင်ထိန်းသိမ်း
ထားဆဲဖြစ်သည်ကိုတွေနိုင်သည်။ သိကြားမင်းကြီးနတ်ပြည်ကနေ
လူ့ပြည်ကိုဆင်းသက်လာသည့်နေ့ ကိုသင်္ကြန်အကျနေ့ဟုခေါ်တွင
်ပြီးရှေးကသင်္ကြန်ကျချိန်ကိုသိစေရန်သင်္ကြန်အမြောက်ပစ်ဖေါက်လေ
ရှိခဲ့ ကြောင်းသိရပါ၏။
ရှေးလူကြီးသူမတွေကသိကြားမင်းလူ့ ပြည်ဆင်းလာချိန်
မှာကောင်းတာလုပ်သူတွေ၏အမည်စာရင်းကိုရွေပုရပိုက်မှာရေးမှတ်ပြီး
ဆိုးသွမ်းသူမကောင်းမူပြုသူတို့ ၏အမည်ကိုခွေးသားရေ ပုရပိုက်မှာ
ရေးမှတ်ကြောင်းတစ်ဆင့်စကားတစ်ဆင့်နားဖြင့်အစဉ်အဆက်ပြော
လေ့ရှိခဲ့ ပါသေးသည်။
ယခုနှစ်ထုတ်မြန်မာသက္ကရာဇ်၁၃၇၃ခုနှစ်အတွက်သူရိယ
သိဒ္ဓန္တမဟာသင်္ကြန်စာတွင်`ဘာနုရာဇာမည်သောတနင်္ဂနွေဂြိုလ်
မင်းသည်ရွှေအဆင်းနှင့်တူသောအ၀တ်တန်ဆာကိုဝတ်ဆင်လျက်
သိန္ဓောမြင်းကိုစီး၍ရေချမ်းအိုးပိုက်လျှက်၊အနောက်ကသည်အရှေ့ 
မြောက်ထောင့်သို့ ဝင်၏´ဟုဖေါ်ပြပါရှိ၏။
နှစ်သစ်ကူးမင်္ဂလာ
ရှေ့ မှာဆိုခဲ့ သလိုဟိန္ဒူယဉ်ကျေးမှုအခြေခံသည်ဟု
ယူဆသုံးသပ်ခဲ့ ရသော်လည်းမြန်မာတို့ ၏နှစ်သစ်ကူးပွဲတော်
အသွင်သဏ္ဍာန်နှင့်အနှစ်သာရမှာထေရ၀ါဒဗုဒ္ဓဘာသာ ၏အဆုံး
အမဓလေ့ထုံးတမ်းများဖြစ်သောသင်္ကြန်ရက်မြတ်ကာလ ဘုရား
ကျောင်းကန်များ၌ ဥပုသ်သီလသီတင်းစောင့်တည့်ခြင်း၊အဘိုး
အဘွားလူကြီးသူမများအားခေါင်းလျှော်ပေး၊ခြေသည်းလက်သည်း
ညှပ်ပေးခြင်းနှင့် သတ္တ၀ါတွေကိုဘေးမဲ့လွှတ်ပေးခြင်းတို့ ကိုသာမက
ရှင်ပြုခြင်း၊ဒုလ္လဘပဉ္စင်းခံခြင်းတို့ ဖြင့်မြတ်နိုးခုံမင်ဖွယ်ရူမြင်နိုင်သည့်
အတွက်သင်္ကြန်အခါတော်သည်ထေရ၀ါဒဘာသာရေးပွဲလမ်းတစ်ခု
အသွင်ပီပီပြင်ပြင်ဆောင်နေပြီးမြန်မာရိုးရာယဉ်ကျေးမူအမွေစင်စစ်
မသွေဖြစ်နေပြီဆိုနိုင်၏။
မြန်မာ့သင်္ကြန်မှာမြန်မာ့ယဉ်ကျေးမှုအမှတ်လက္ခဏာ
တစ်ရပ်အဖြစ်နိုင်ငံတကာ၏စိတ်ဝင်စားအာရုံစိုက်မူလည်းခံနေရပါ
သည်။
မြန်မာလူမျိုးတို့ ၏သည်းခံနိုင်မူနှင့်မေတ္တာတရားတည်း
ဟူသောလူ့ ယဉ်ကျေးမူကိုဖေါ်ထုတ်ပြသနိုင်သောပွဲတော်ဖြစ်သ
လိုအနုပညာယဉ်ကျေးမူတွေကိုလည်းဖေါ်ကျူးတင်ဆက်နိုင်သည်
ကလည်းကမ္ဘာအလည်မှာဂုဏ်ယူစရာဖြစ်၏။သင်္ကြန်ယိမ်းအက
နှင့်သင်္ကြန်တေးသီချင်းတွေကကိုယ်ပိုင်အနုပညာအဆင့်အတန်း
ကိုပြဆိုနေသလိုပွဲတော်ကြီးတရပ်လုံးသည်နိုင်ငံနှင့်လူမျိုးအတွက်
ဂုဏ်ကျက်သရေတက်စေသောယဉ်ကျေးမှု၏ပြယုဂ်ဟုဆိုတော်
မမှားနိုင်ပါ။သို့သော်ဆွမ်းဆန်ထဲကြက်ချေးရောသရုပ်ပျက်မူကြောင့်
မြန်မာတို့ ၏မင်္ဂလာအခါသမယလှပတင့်တယ်မူမှာပျက်ပြယ်နိုင်
ကြောင်းကိုတော့ယနေ့ မျိုးဆက်သစ်လူငယ်တို့ သတိဆွဲကပ်
သိရှိထားနိုင်ကာမှတော်ရုံကျမည်ဆိုချင်၏။
နှစ်သစ်ကူးအခါသမယမှာကျန်းမာ၊
ချမ်းသာ၊ဘေးကင်းရန်ကွာကြပါစေ။
ကိုမျိုး(မြန်မာစာ)
(သင်္ကြန်သမိုင်းဆောင်းပါးနှင့်သက်ြန်မှတ်တမ်းများမှကိုးကာရေးသားပါ၏။)
0 comments:
Post a Comment