Saturday, April 9, 2011

သတင်းယူလာသူကို ဘာကြောင့်ဖြစ်မှာလဲ Why shoot the messenger?

by Bo K Nyein on Sunday, April 10, 2011 at 9:23am
 
တခါတခါ ..နိုင်ငံရေးမှာ … တကယ့်အဖြစ်ကို မသိချင်ကြဖူး ..လို့ခံစားရတယ် …

အထူးသဖြင့် … ပကထိ အနေအထားဟာ … စိတ်ကူး ကမ္ဘာထဲ က အနေအထားနဲ့ အများကြီး ကွာဟနေရင် ..မသိတာပဲ ကောင်းတယ်လို့ ..ယူဆ .. နေကြ..လို့လား..မသိ…

စာရေးသူရဲ့ သုံးသပ်ချက်ဟာ .. တခြားသူတွေ နဲ့ … သိပ်မနီးစပ်တတ်….

တချို့ က ..ကောင်းတော့ကောင်းပါတယ် ..အစိုးရ .. ဖက်..ကို ဖက်လိုက်တယ်..ထင်ကောင်းထင် ကြလိမ့်မယ် ….

အများက … ရန်-ငါ-စည်း .. အမြင်..စွဲ ..နေပြီး ..အစိုးရ..ဆိုတာနဲ့ ... မကောင်းတာလေးပါမှ …
ကျေနပ်ကြတယ် …. ချဉ်-ငံ-စပ် လေးစားရမှ..တင်းတိန် ..သူတွေလိုပေါ့ ….မကောင်းတာလေးကြား ရမှ  ….လေချင်လေးလည်…ပြီ…ဟင်း..ဆို ..နေသာထိုင်သာ..ရှိသွားကြတယ် ….

မသိ..စိတ်မှာ … ကပ်ပါနေတတ်ကြတာကိုး….


ဥပမာ …. Roadmap ကို ကျေညာတာနဲ့ ရွေးကောက်ပွဲ..အပြီးအစီး.. ဟာ … (၇) နှစ်လောက် ကြာတာပဲ…

Roadmap ဆိုတာ မိုးပေါ်က ကျလာတာ..မဟုတ်ပါဖူး …..

ထောက်လှမ်းရေးတွေရဲ့ … OSS လို့ခေါ်တဲ့ … Think Tank က ပြည်တွင်းပြည်ပ ..က ..ပညာရှင် တွေကို ဦးဏှောက်ဖေါက်စားပြီး …. ထွက်ပေါ်လာတဲ့..အစီအစဉ်ပဲ ….

နောက်တဆင့် ..ပြန်ကြည့် ရင် … ဗိုလ်ချုပ် သန်းရွှေ က … အင်မတန် …ထက်..ပါတယ်ဆိုတဲ့ … ဗိုလ်ချုပ်ခင်ညွန့် ..ကို …. ဦးဏှောက်ဖေါက်စားပြီး .. ပိုင်မှ … ထောက်လှမ်းရေးတွေ ..ကို ….ခေါင်းဖြတ်..လိုက်တာပဲ …..

အမှန်ကတော့ .. ကတုံးအပေါ်..ထိပ်ကွက်..လိုက်တာပဲ ….နိုင်ငံရေးမှာ ..ဂျင်အပေါ်က ထုံး … လျှင်သူ..စားစတန်းပဲ….

စာရေးသူရဲ့ ..အမြင်ကို ပြောရရင် …. အတိုက်အခံ..တွေ ..ဘာလုပ်ကြသလဲ? အရူး-အမူး-ဂန်တူး … ဆိုပြီး … စစ်ဗိုလ်တွေ ..ကိုဆဲ …. စိတ်အာသာ..ဖြေ..ကြရုံက …ဘာမှ … ပို..မစွမ်းခဲ့ကြဖူး ….

အမှန်က …. ကြိုတင်ပြီး .. Road map ဆိုတာ..ကို ..အသေးစိပ်လေ့လာ … Think Tank အဆင့် ..တွေးခေါ်… နိုင်တဲ့ သူတွေနဲ့ ..ဆွေးနွေး… အဆင့်ဆင့် မှာ … ထန်ပြန်ဖို့ ..အစီအစဉ်တွေ..ဆွဲ …. (အား) ရှိအောင်..ကြိုတင်..ပြင်ဆင်…မသင့်ကြဖူးလား? ဒါ..နိုင်ငံရေး…နေရာ ..ယူထားသူတွေ.. လုပ်ရမှာ ….

စာရေးသူက … မဇ္ဈိမ မှာ အတိုက်ခံတွေ .. Think Tank ရှိသင့်တယ်..လို့ ရေးဖူး ပါတယ် …

အတွင်းက ..အဖိုးကြီးတွေ …. မလုပ်ရင်တောင် … အပြင်မှာ … လုပ်နိုင်တဲ့ သူတွေရှိပါတယ် ….

(၈၈) တွေလည်း ..လုပ်နိုင်ပါတယ် … ခေါင်းဆောင်..လုပ်ချင်ရင် …. ရှေ့ကိုကြို..ကြည့်တတ်ရမယ် … လက်ရှိ..နိုင်ငံရေး… အနေအထားကို … အနီးကပ်ဆုံး..တွေးကြည့်နိုင်ရမယ် ….. (၈၈) ဦးရည်ဟာ ..အပြင်မှာ ..နဲ..တာမှ..မဟုတ်ပဲ…

ပထမ ..အဆင့် ..နိုင်ငံရေး..အခြေအနေ..ကို  …သုံးသတ်တာနဲ့ …. ရန်-ငါ-စည်း .အစွဲ..လေးနဲ့ .. ခံစားမှု emotion လေးပါတွဲ ဖက်လိုက်တော့ …. မကောင်းတာပဲ ..စမြင်တော့တယ် ….

နောက် … သူ့အလုပ်သူလုပ် ..ကိုယ့်အလုပ်..ကိုယ်လုပ်..မဟုတ်ဖူး …. ဟေ့မိုးသီး..မင်းကဘာလုပ်ခဲ့ လို့လဲ? ငါတို့က မှ ..ဘာလုပ်ခဲ့တာကွ …. ဆိုပြီး မဏ္ဍပ်တိုင် ..တက်ပြ ..နေသူတွေလည်း..ရှိ … အရေးအထဲမှာ ..ခေါင်းဆောင်နေရာ..လာရူးသူတွေကရှိသေးတယ် ….

စစ်အစိုးရက ..သူလျှောက်မဲ့ ..(၇) ဆင့်ကို ရှင်းရှင်းကြီးရေးပြပြီးပြီပဲ ….

အစိုးရက …. တဆင့်ကြေငြာ..လိုက်ရင် … အို..၀ိုင်းဝေဖန်ကြ ..၀ိုင်းဆဲကြပြီး …. ဟင်း..ဆို..စိတ် အာသာပြေ ..သွားကြပြီး … ကိုယ့်လမ်း.ကိုယ်လျှောက် … ကြားထဲမှာ …. ဘွဲ့တွေရဖို့ ..လိုက်.. စည်းရုံးကြ …. အခါကြီးတွေကိုစောင့်ပြီး ..ထမင်းစားကြ …ဓါတ်ပုံရိုက် … အင်တာနက်မှာ ..တင်ကြ … ဟင်း..ဆိုကျေနပ်သွားကြပြန်ရော …..

Capacity building ဆိုတာကလည်း… အနှစ် (၂၀) လုံးလုံး..ဒီလူတွေပဲ …. ဘာမှ ..အသိဥါဏ်တွေ.. ထက်မျက်..တောက်ပြောင်တာလဲ..မမြင်မိပေါင် …..

NCGUB နဲ့ NCUB တို့ ကလည်း အစိုးရ တိုးချဲ့ရေး ..မတိုးချဲ့ရေး ..ငြင်းနေကြတာ … ခုထိ.. မပြီးသေးဖူး …. နအဖ က တရားဝင် ..မတည်ရှိတော့ဖူး … (အာဏါကတပိုင်း) .. ဒီငြင်းပွဲ ..ဟာ မပြီးနိုင်သေးဖူး …..

ဟော..ရန်ကုန်က ..ပျဉ်းမနားကို ..ရွှေ့တော့လည်း … သန်းရွှေသောက်ပေါကြီး …ဗေးဒင်ရူး … ကြိုင်ကြိုင်ကြီး ယတြာချေတာ … အို …ဆဲ..လို့ကောင်းမှကောင်း…. အရသာရှိမှရှိ ….

ဟော… (၅) နှစ်လောက်ကြာတော့ ….. ကမ္ဘာကြီးမှာ …. လူထုဆန္ဒပြပွဲတွေ …ဖြစ်တော့မှ …. ဥါဏ်နဲတဲ့ …. သောက်ရူးသန်းရွှေ ..ကြီးက … ဆင်ပေါ်ရောက်နေလေရဲ့ …. ရန်ကုန်မြို့ ..ပြာကျ ..သွားဦးတော့ …စစ်တပ်က ..ဘာမှဂရု..စိုက်စရာမလို ….. မြေအောက်..လှိုင်ဂေါင်းတွေနဲ့ … အေစီနဲ့ ငြိမ့်ငြိမ့်ကလေး …. Command and Control  က intact

ဗကပ ယူဂျီတွေလို …. ထာဝရ မြေအောက် ..ကြွက်တွင်း … တွေမဟုတ် ….

ဟော … အခုလည်း ..စည်းကမ်းရှိတဲ့ ..ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ …. တိုက်ပုံကြီးတွေ .. ကားယားကားယား ..စလွဲကြီးတွေနဲ့ ..မိန့်မိန့်နဲ့ …. ဟန်ပန်အပြည့် …. လုပ်နေလိုက်ကြတာ …

ဘာကြောင့် …. နိုင်ငံရေး. ..အကွေ့တိုင်းမှာ … အတိုက်ခံ …ဆိုသူတွေက … တကွက် နှစ်ကွက်.. နောက်ကျ ကျန်ရစ်တာလဲ?

အကြောင်းက ..ရှင်းရှင်းလေး ….

အတိုက်ခံတွေက …. ရန်-ငါ-စည်း …မျက်စိနဲ့ ..ကြည့်ကြတာ ……

ကွန်မြူနစ်တွေရဲ့ …. ၀ါဒဖြန့်ချီရေး….မျက်စိနဲ့..ကြည့်ကြတာ ….

နိုင်ငံရေး..အနိုင်ရရေး…ဗျူဟာ..မျက်စိနဲ့..ကြည့်ကြတာမဟုတ် …..

မကြည့် တတ်တော့ ..မမြင်ဖူးပေါ့ …..          

ဒိအပြင် …. ငါတို့ကို ကို စာချခဲ့တဲ့ …. သြော်ဝါဒ..ပေးခဲ့တဲ့ … ဆရာ ကြီးတွေ..ဘာကြောင့် ..ရေတိမ်နစ်..ခဲ့ကြရသလဲ? ဆိုတာကို ..ပြန်ကြည့်..ဖို့..တယောက်မှ … သတိမရှိခဲ့ကြဖူး …..

ဗကပ ဥက္ကကြီး ..သခင်သန်းထွန်း..ဆုံးတော့ …. သခင်ဇင် ..က ဘာပြောသလဲ? သခင်သန်းထွန်းသေ တာ ကောင်းတယ် ..သိပ်ကောင်းတယ်တဲ့ … မြတ်စွာဘုရား….

ကွန်မြူနစ်တွေဟာ…. ၀ါဒဖြန့်ချီရေး….မျက်စိနဲ့ပဲ..ကြည့်ကြတာ…. တကယ့် အဖြစ်မှန် ထက် …
ဝါဒဖြန့်ချီရေး က ..ပိုအရေးကြီးတာကိုး …..

တချိန်ထဲမှာ …. ရန်-ငါ-စည်း.အမြင်နဲ့..ကြည့်ပြန်တော့ … အများစု..ဟာ ရန်သူဖြစ်ကုန်ပြန်ရော …..

ဒီတော့ ..ကွန်မြူနစ်ပါတီ.ခေါင်းဆောင်တွေရဲ့ အမြင်တွေဟာ …. တကယ့်ဖြစ်ရပ်နဲ့ ..ဝေးသထက် ဝေး..လာရပြီး …နောက်ဆုံး ..အသူရကယ် ဂျောက်ကြီးထဲ ..ကျခဲ့ရတယ် ….

ကွန်မြူနစ်တွေရဲ့ မှားယွင်း..တဲ့ ..အတွေးအခေါ်ဟာ … အတိုက်အခံဆိုသူတွေရဲ့ … အသဲမှာ ..မသိမသာ.. ညိတွယ်လျက်..ရှိတာကြောင့် … အတိုက်အခံဆိုသူတွေ..ဟာလည်း … ဒီလမ်း မှားကြီးအတိုင်း…လျောက်ရင် ..ဒီဂျောက်ထပဲ..ကျမှဲာပေါ့…..

အားလုံးဟာ …. Analysis က စ တာပဲ …

Analysis ဆိုတာ ..က..ဖက်လိုက်မှုကင်းရမယ် …. မိမိရဲ့ ကိုယ်ပိုင်အမြင် မပါစေရဖူး … စိတ်ခံစားမှု emotion မပါစေရဖူး …. အချက်အလက် facts ကိုပဲ အခြေခံရမယ် …. ဒါဟာ Professional Analysis &  Non-professional analysis တို့ရဲ့ ကွာခြားမှုပဲ ….

၁၉၅၀ နှောင်းခုနှစ်တခုမှာ  အမေရိကန်သမ္မတ..ကိုတင်ရတဲ့ ..နှစ်စဉ် ရီပေါ့မှာ … ဗမာပြည် မှာ ..ဗိုလ်ချုပ်နေ၀င်း အာဏါသိမ်း လိမ့်မယ် လို့ စီအိုင်အေ analyst ကကြို ဟောကိန်းထုတ် နိုင်ခဲ့ တယ်….

ထို့နည်းတူစွာပဲ …. Analysis report မှန်ရင် ..ရာဇ၀င်ပါ..ပြောင်းသွားနိုင်တယ် ….

အမေရိကန်… နိုင်ငံက … အနုမြူဗုံးတည်ဆောက်ဖို့ …. ရူပဗေဒ ..ပညာရှင်..လူတော်တွေကို … အားလုံးစု..ပြီး …. Manhanttan Project ဆိုပြီး … မောင်းတဲ့..ကာလမှာ … ရူပဗေဒ ..ပညာရှင်.. တွေကို ..စောင့်ကြည့်နေတဲ့ ..ဆိုဗီယက် analyst ကရုတ်တရက် …ဆောင်းပါးကောင်းတွေ ..သိပ္ပံတွေ့ရှိချက် ..တွေ … သိပ္ပံဂျာနယ်..တွေက ပျောက်သွားတာ သတိထားမိတယ် … ရီပေါ့ရေး တင် တော့ ..ဆိုဗီယက်တွေက … ထောက်လှမ်းတော့ … Manhanttan Project အကြောင်းသိရပြီး … တံလျှိုတွေထဲ့တော့ ..အမေရိကန်ကွန်မြူနစ်က ..ခိုးပေးတာကြောင့် … ဆိုဗီယက်တွေ ..အနုမြူ ..လျှိ့ဝှက်ချက်တွေရခဲ့ကြတယ် …..

ဒါကြောင့် ဘယ်ဗျူဟာ ..ဘယ်ပေါ်လစီ .. ပဲချချ ….အရင်..အဦးဆုံး …စ ..ရမှာက … (သုံးသပ်ချက်) … ကွန်မြူနစ်..တွေရဲ့..မဟာအမှား ..က ဒီမှာ … (စ) ..တာပဲ … ရန်-ငါ-စည်း.အမြင်နဲ့ ၀ါဒဖြန့်ချီရေး အကျင့်..တွေ (မသိစိတ်) မှာ …. လွှမ်းမိုးနေတော့ …. မိမိတို့ကအကောင်း ..ရန်သူကအဆိုး … ဆိုတဲ့ … သုံးသပ်ချက်ပဲ … ရောက်ရောက် ..သွားတော့ … (စ) ကတည်းက ..အမှား..နဲ့..(စ) ..ကြရင် …. ဘယ်မှာ ..အောင်မြင်မှု … ရကြတော့မှလည်း…..

စာရေးသူ..အမြင်မှာတော့ …. ကွန်မြူနစ်ခေါင်းဆောင်ကြီးတွေခမြာ …သေ..သာ.သွေ..သွားကြတယ် … မိမိတို့..ရဲ့.. အားနဲချက် ..အမှား..တွေကို ..သိသွားကြပုံ..မပေါ်ဖူး …..

ဒီ..အမှား … ဟာလည်း … ဒီကနေ့ ..အတိုက်အခံ..တွေစီ..မှာ … ညိတွယ်..ကပ်ပါလျက်..ရှိတယ် ….

ဘာကြောင့်လဲ?

နိုင်ငံရေး..အကွက် ..ဗျူဟာ..မျက်စိ..နဲ့..ကြည့်ပြီး … နအဖ ကတော့…ဒီလိုလုပ်နေပြီ … သူတို့ရဲ့ ..အားသာချက်က ..ဒီလို..ဆိုတာနဲ့ …. ဒါဖေါက်ပြန်တာ …. အစိုးရကို ပင်းရေးတာဖြစ်..ကုန်ရော…
မက်ကရို မျက်စိနဲ့ကြည့်ပြီး.. အဖြေရှာရမှာ …. မိုင်ကရို ..အဆင့်နဲ့ ..လူချတာတွေ ..၀င်လာတော့ … ဘယ်သူ..အမှန်ကို..ရေးချင်တော့ .မှာလည်း ….

ဒီတော့ ကွန်မြူနစ်..တွေလိုပဲ … အနှစ် (၂၀) အတွင်း …. စစ်တပ်ကအဆိုး …. ဒို့ကမှ ..တော်လှန်ရေး ..အပေါ်သစ္စာ..ရှိတာဆိုပြီး .စိတ်အာသာ..ဖြေလာလိုက်ကြတာ … လက်ရှိအနေအထားကို ..မကြည့် တတ်ကြတော့ … ဘာလုပ်လို့..ဘာကိုင်ရမှန်း..မသိကြပဲနဲ့ …. ဝေလေလေ..လုပ်လာလိုက်ကြတာ .. ဘာမှ..ဖြစ်မလာကြတော့ … မှ ..ဒေါ်စု..အမေစု..ရဲ့ ..ကယ်ပါဦး..ဆိုပြီး… ဒေါ်စုပုခုံးပေါ်လွှဲချ .. ကြတာ ..မြင်ရတာ ..ရင်ထဲမှာ ..မချိစရာပါ …..

နောက်ဆုံးတော့ ..အရင်းစစ်လိုက်ရင် ….

ရန်-ငါ-စည်း.အမြင်နဲ့ ၀ါဒဖြန့်ချီရေး အကျင့်..တွေ နဲ့ ကြည့်တာကို (သတိ) ကလေးနဲ့ ..ဖျောက်ကြပါ …..

ဖြစ်နိုင်ရင် ….

နိုင်ငံရေး..အကွက် ..ဗျူဟာ..မျက်စိ..နဲ့..ကြည့် ကြပါ …..

နောက်ဆုံး..အရှိကိုအရှိ အတိုင်း ..ကြည့်တတ်ကြရင် ….

အမြင် တမျိုး ရလာပါလိမ့်မယ် …..

အ၈င်္လိပ် စကားမှာ …. Why shoot the messenger ? ဆိုတဲ့..စကားလေး..ရှိပါတယ် …

စာရေးသူဟာ …. အမြင်ကိုအမြင်အတိုင်း..ရေးတာပဲ …. အရှိ ကို အရှိ.အတိုင်းရေးတာပဲ …

မျက်မှန်စိမ်း..တတ်ကြည့်ရင်တော့ … အစိမ်းပဲ..မြင်တာပေါ့…
ဗိုလ်ချုပ်တို့ခေတ်က လည်း ဗိုလ်ချုပ်နဲ့ .ဖဆပလ ခေါင်းဆောင်တွေကို ကွန်မြူနစ်တွေက အင်္ဂလိပ် အလိုတော်ကြီးတွေ .ဆိုပြီး စွပ်စွဲ..ခဲ့ကြတာပဲ..မဟုတ်ဖူးလား? ရလာတဲ့..လွပ်လပ်ရေး.ကိုတောင် … မစစ်ပါတဲ့… ဗိုလ်ချုပ်တို့ကို ဥါဏ် မမှီတာကို တော့ လူတွေက..မသိကြ  ….

ဗိုလ်ချူပ်တို့အားလုံး ကို အနိုင်ယူသွား..နိုင်တာလည်း … အသိဥါဏ် နဲ့ အတွေးအခေါ်..ကြောင့်ပါပဲ..

လူငယ်လေးတွေ… အသိ..တိုးပွားကြပါစေ …..။

ဘိုဘိုကျော်ငြိမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...