Friday, April 22, 2011

"လစ်ဘရယ်ဒီမိုကရေစီ မိတ်ဆက် "

ကျော် သူ ဟ န် ၊ ဧ မ င်း ယ ဉ်
လစ်ဘရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီကြား ဘာတွေကွာခြားသလဲ။ ဘယ်လိုအားသာ/အား နည်းချက်တွေ ရှိသလဲ စသဖြင့် ပြည်သူများ စိတ်ဝင်စားသည့် အခြေခံကျသော အချက်များကိုမူ ပါတီခေါင်းဆောင်များ ကိုယ်တိုင် ဖော်ထုတ်ဖြေဆိုခြင်း မတွေ့ရပါ။ ထိုကြောင့် မဲဆန္ဒရှင်ဖြစ်လာမည့် နိုင်ငံသားများအနေဖြင့် သိသင့်သိထိုက်သော အကြောင်းအရာတစ်ခုမှာ ဝေ၀ါးနေဆဲ ဖြစ်လျက်ရှိသည်ကို သတိပြုမိစရာဖြစ်လာပါ သည်။ ထို့ကြောင့် လစ်ဘရယ်ဒီမိုကရေစီနှင့် ပတ်သက်သော အကြောင်းအချက်များကို မိတ်ဆက်တင်ပြ အပ်ပါသည်။ 


လစ်ဘရယ် ဒီမိုကရေစီဆိုတာ ဘာလဲ 
လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy) ဟူသည် ကမ္ဘာ့နိုင်ငံ အများစုတွင် အသုံးပြုနေသော ကိုယ်စားပြု ဒီမိုကရေစီစနစ်တစ်ခု ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရေစီ၏ အဓိက ကျသော အခြေခံအချက်မှာ လူတစ်ဦးချင်းစီ ၏ လွတ်လပ်မှုကို တန်ဖိုးထားခြင်း ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရေစီတွင် တွေ့ရှိရတတ်သည့် စံနှုန်းတန်ဖိုး ထားမှုများတွင် လွတ်လပ်စွာ ရွေး ချယ်ပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ပိုင်ခွင့်တို့သည် ထင်ရှားသည်။

ဒီမိုကရေစီသဘောအရ လူအများ စု၏ ဆန္ဒအတိုင်း နိုင်ငံပေါ်လစီများ၊ လမ်း ကြောင်းများကို ချမှတ်ရ သော်လည်း ထို လူ အများစု၏ သဘောထားက တစ်ဦးချင်းစီ၏ အခြေခံ လစ်ဘရယ် လွတ်လပ်ခွင့်များကို ပိတ် ပင်တားဆီးခွင့် မရှိရချေ။ ထိုသို့လူနည်းစု သို့ မဟုတ် တစ်ဦးချင်းစီ၏ အခြေခံ လွတ်လပ်ခွင့် များကို ထိုနိုင်ငံ၏ အခြေခံဥပဒေထဲတွင် ထည့် သွင်းကာကွယ် ပေးထားရသည်။ ထို့ကြောင့် လစ်ဘရယ် ဒီမိုကရေစီစနစ် တွင် အခြေခံဥပဒေက အရေးအကြီးဆုံး အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိခြင်း ဖြစ်သည်။ ထို့ ကြောင့်ပင် အချို့ နိုင်ငံရေး သိပ္ပံပညာရှင်များက လစ်ဘရယ်စနစ်ကို စည်းမျဉ်းခံဒီမိုကရေစီစနစ် (Constitutional Democracy) ဟုပင် ခေါ်ဝေါ် ကြသည်။ ဒီမိုကရေစီနည်းလမ်းဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲမှ တက်လာသော အစိုးရသည်ပင် လုပ်ချင်တာ လုပ်၍မရအောင် အခြေခံဥပဒေက ကန့်သတ် ကာကွယ်ပေးထား သည့် သဘောဖြစ်သည်။ ဒီမိုကရေစီသဘော အရ လူများစု မျိုးနွယ်၊ အသိုက်အဝန်းက အစိုးရအဖွဲ့တွင် အာဏာပိုမိုရရှိနိုင်မည် ဖြစ် သောကြောင့် လစ်ဘရယ်ဝါဒက အခြေခံဥပဒေ ဖြင့် လူနည်းစုတို့၏ အခွင့်အရေးကို ကာကွယ် ပေးဖို့ စီစဉ်ခဲ့ခြင်းဖြစ်သည်။
 
လစ်ဘရယ်ဒီမိုကရေစီနှင့် ရိုးရိုးဒီမိုကရေစီ ဘာကွာလဲ
ဒီမိုကရေစီဆိုသည့် စကားက လူအများ အုပ်ချုပ်ခြင်းဟူ၍သာ အဓိပ္ပာယ်ရသည်။ ၈ရိ ခေတ်တွင် ဒီမိုကရေစီစနစ်ကို စတင် အသုံးပြု ဖူးသည်။ သို့သော် အခြေခံလူ့အခွင့်အရေးများ၊ တန်းတူညီမျှခြင်းသဘော စသည်တို့ကို ဂရိ တွေးခေါ်ပညာရှင်များက ဂရုမစိုက်ခဲ့ကြချေ။ ထို့ကြောင့်ပင် ဂရိဒီမိုကရေစီကလူညီလျှင် ဤကို ကျွဲဖတ်ဟူသော စနစ်မျိုးဖြစ်ခဲ့သည်။ လူအများစု ရဲ့ သဘောဆန္ဒက လူတစ်ဦးချင်းစီရဲ့ အ ခွင့်အရေးကို လွှမ်းမိုးဖျက်ဆီးနိုင်ခွင့်ရှိခဲ့သည်။ ယခုခေတ် လစ်ဘရယ်တန်ဖိုးများနှင့် ချိန်ဆ ကြည့်လျှင် ဂရိတွေးခေါ်ပညာရှင် ဆိုကရေးတီး သည် သူ၏လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကိုအသုံး ချသဖြင့် သေဒဏ်ပေးခံခဲ့ရသည့် သဘောဖြစ် နေသည်။ နောက်ပိုင်းတွင် ဥရောပမှ တွေးခေါ် ပညာရှင်များက ဂရိခေတ် ဒီမိုကရေစီ၏ အား နည်းချက်များကိုသင်ခန်းစာယူပြီး ဆန်းသစ် သော နည်းလမ်းများကို အဆိုပြုခဲ့ကြသည်။ ထို့ကြောင့်ယခုခေတ် မော်ဒန်ဒီမိုကရေစီစနစ် မှန်ကန်လျှင် အားလုံးသည် လစ်ဘရယ် ဒီမိုက ရေစီစနစ်ချည်းသာ ဖြစ်ကြသည်။ ဒီမိုကရေစီ နိုင်ငံများဟု ပညာရှင်များက ခေါ်ဝေါ်သုံးစွဲသည့် အခါတွင်လည်း လစ်ဘရယ်ဒီမိုကရေစီကိုသာ ရည်ရွယ်၍ ပြောဆိုကြခြင်းဖြစ်သည်။ 
 
လစ်ဘရယ်သဘော 
အခြေခံဥပဒေများတွင် လူတစ်ဦးချင်းစီ၏ ရပိုင်ခွင့်များ၊ လူသားဂုဏ်သိက္ခာ၊ အသက်၊ ပိုင်ဆိုင်မှုနှင့် လွတ်လပ်မှု အစရှိသည်တို့ကို အကာအကွယ်ပေးရသည့် အပိုင်းများပါဝင်သည် မှာ ယနေ့တွင် အထူးအဆန်းမဟုတ်တော့ချေ။ လူသားသည် လွတ်လပ်မှုနှင့်ထိုက်တန်ပြီး သူ ၏ လွတ်လပ်မှုအတွက် ရပိုင်ခွင့်ရှိသည်တို့ကို လစ်ဘရယ်အခွင့်အရေးများအဖြစ် သတ်မှတ် လေ့ရှိကြသည်။ လူတစ်ဦးနှင့်တစ်ဦး မတူညီ သည့်အတွက် ကြိုက်နှစ်သက်မှုများ၊ တန်ဖိုးထား မှုများ ကွဲလွဲလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။လူတစ်ဦးသည် အများနှင့်မတူညီသော ခံယူမှုတစ်ခု၊ နှစ်သက်မှုတစ်ရပ်၊ အတွေးအခေါ် တစ်မျိုးပေါ်ပေါက်လာသည့်အခါ အများနှင့် အတင်းကာရော မတူတူအောင် ဇလုပ်တိုက် ချရန်မလိုအပ်ဘဲ မိမိနှစ်သက်ရာကို စွဲမြဲယုံကြည် ခွင့်ရှိခြင်းသည် လစ်ဘရယ်ဝါဒ၏ ထူးခြားမှုတစ် ရပ်ဖြစ်သည်။ ထိုသို့ တစ်ဦးချင်းစီ၏ အခွင့်အရေး များကို အကာအကွယ်ပေးထားနိုင်မှသာ အများက လွှမ်းမိုးဗိုလ်ကျခံရခြင်းမှ လွတ်ကင်းချမ်းသာ ရာရမည်ဖြစ်သည်။ သို့သော် ဒီမိုကရေစီ၏သဘောကမူ အများ ၏ အဆုံးအဖြတ်၊ အုပ်စိုးမှုကို လက်ခံသော နိုင်ငံရေးစနစ်ဖြစ်သည်။ ထို့အတွက်ကြောင့် ဒီမို ကရေစီစနစ်နှင့် လစ်ဘရယ်ဝါဒတို့သည် ဖြောင့် ဖြောင့်ကြီးဆန့်ကျင်ကြောင်း ပြောဆိုကြသည်။ သို့တိုင် ဒီမိုကရေစီကို လူများစုက ဗိုလ်ကျသည့် စနစ်(Tyranny of Majority)အဖြစ်လက်ခံရန် ခက်ခဲလာသော၊ လူတစ်ဦးချင်းစီကို လွှတ်ထား ပေးခြင်းအားဖြင့် စည်းလွတ်ဝါးလွတ်ထင်ရာစိုင်း သည့် မင်းမဲ့ဝါဒ (Anarchy)၏ နိုင်ငံရေးစနစ် တစ်ရပ်ဖော်ဆောင်နိုင်ရန်မဖြစ်သောမျက်မှောက် အခြေအနေတွင် လစ်ဘရယ်ဒီမိုကရေစီမှလွဲ၍ အခြားအဆင်ပြေနိုင်သော နိုင်ငံရေးစနစ်အား သမိုင်းက မတွေ့ရှိနိုင်ခဲ့သေးချေ။ အတွေးအခေါ်၊ အယူဝါဒတစ်ရပ်အား နိုင်ငံ ရေးနယ်ပယ်တွင် အသုံးချရာတွင် အရေးကြီး သည်မှာ သီဝရီထဲတွင် မမြင်နိုင်သော ဆိုးကျိုး သက်ရောက်မှုများကို ရှောင်ရှားနိုင်ဖို့ပင်ဖြစ် သည်။ လစ်ဘရယ်ဒီမိုကရေစီအား ကျင့်သုံးရာ တွင် လစ်ဘရယ်ဝါဒပါ အစွန်းများနှင့် တိုက်ရိုက် ဒီမိုကရေစီစနစ်ပါ အားနည်းချက်များကို ရှောင် ရှားနိုင်ရန်အတွက် အခြေခံဥပဒေဖြင့် ထိန်းကွပ် ထားရသည်။

အခြေခံဥပဒေ၏ အရေးပါပုံ 
အခြေခံဥပဒေတစ်ခု၏ တာဝန်မှာ နိုင်ငံ သားတစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများ၊ ရပိုင်ခွင့်များကို ဥပဒေဖြင့် သတ်သတ်မှတ်မှတ် ကာကွယ်ပေးထားခြင်း ဖြစ်သည်။ အစိုးရအဖွဲ့ များသည် ဥပဒေပြုနိုင်ခွင့်ရှိကြသော်လည်း၊ အ ခြေခံဥပဒေနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဥပဒေ များကို ပြဌာန်းပိုင်ခွင့်မရှိချေ။ ထို့ကြောင့်ပင် အခြေခံဥပဒေကို ဥပဒေအားလုံး၏ အချုပ်အခြာ ဟု အချို့ပညာရှင်များက သတ်မှတ်ကြခြင်း ဖြစ်သည်။အခြေခံဥပဒေတွင် ပါဝင်သော ဥပဒေ များကို အစိုးရများက အလွယ်တကူပြင်ဆင်၍ မရအောင် ပြုလုပ်ထားရသည်။ သို့မှသာ တစ် ဦးချင်းစီ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို အစဉ်အမြဲ ကာကွယ်ပေးထားနိုင်မည် ဖြစ်သည်။ ထို့ပြင် အခြေခံဥပဒေက လူများစုလက်ထဲ၌ပင် အာ ဏာအပြည့်အဝ ရောက်ရှိစေရန် စီမံထားရ သည်။ အစိုးရအာဏာကို အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေးနှင့် တရားစီရင်ရေးဟူ၍ သုံးပိုင်းခွဲခြား လိုက်ခြင်းဖြင့် အပြန်အလှန် အင်အားချိန်ခွင် လျှာ ညှိပေးသကဲ့သို့ ဖြစ်စေနိုင်သည်။ ထိုအ ချက်သည် အစိုးရ၏ ဦးဆောင်နိုင်စွမ်းအားကို အားလျော့စေသည်ဟု အချို့က ဝေဖန်ကြသော် လည်း လစ်ဘရယ်ဝါဒသမားများက ထိုသို့ အာ ဏာကို ခွဲဖြန့်လိုက်ခြင်းသည် လစ်ဘရယ်ဒီမိုက ရေစီအတွက် မရှိမဖြစ်လိုအပ်သည်ဟု ရပ်ခံတင် ပြကြသည်။ 

လစ်ဘရယ်ဒီမိုကရေစီ ပေါ်ပေါက်လာပုံလစ်ဘရယ်ဒီမိုကရေစီ အခင်းအကျင်း နိုင်ငံပေါင်းများစွာသည် ရွေးကောက်ပွဲ များမှတစ်ဆင့် အများလွှမ်းမိုးမှုရှိသည့် ဒီမိုကရေ စီစနစ်သို့ ပြောင်းလဲလာနိုင်ကြသော်လည်း လူ တစ်ဦးချင်းစီ၏ ပုဂ္ဂလိကလွတ်လပ်မှုများ၊ စီး ပွားရေးလွတ်လပ်မှုများ၊ ပွင့်လင်းဝေဆာလာ သော လူမှုရေးအဆောက်အဦများ နည်းပါးနေ လေ့ရှိတတ်သည်။ ထို့အတွက် အစိုးရယန္တရား ထဲတွင် ပါဝင်မည်မဟုတ်သော်လည်း လူထု၏ နိုင်ငံရေးယဉ်ကျေးမှု မြင့်တက်လာစေရန်နှင့် ဒီမိုကရေစီကို ကာကွယ်မြှင့်တင်ပေးမည့် အင် စတီကျူးရှင်းခေါ် အရပ်ဘက်အဖွဲ့အစည်းများ၊ လူများ(အထူးသဖြင့် လူနည်းစုများ)၏ လွတ် လပ်မှုကို ချဲ့ထွင်ကာကွယ်ပေးမည့် အဖွဲ့အစည်း များရှိနေသည့် နိုင်ငံရေးအပြောင်းအလဲတစ်ရပ် ကို လိုအပ်လာလေ့ရှိသည်။ ဥပမာပြရလျှင် လက် တင်အမေရိကရှိ နိုင်ငံများသည် ဒီမိုကရေစီ အမြစ်တွယ်ခဲ့ပြီ ဖြစ်သည့်တိုင်၊ ပိုမိုဖွံ့ဖြိုးလာ စေရန် အထက်ပါ နိုင်ငံရေးအပြောင်းအလဲမျိုး လိုအပ် လျက်ရှိသည်ကို တွေ့ရသည်။ နောက်ထပ်တစ်ချက်မှာ နိုင်ငံရေးအရ သစ္စာစောင့်သိမှုရှိသော အတိုက်အခံများပင် ဖြစ်သည်။ ဒီမိုကရေစီအရ ရင့်ကျက်မှုရှိလာသည် နှင့်အမျှ နိုင်ငံရေးအင်အားစုများအကြားတွ လစ်ဘရယ်ဒီမိုကရေစီ၏ သမိုင်းကြောင်း ကို ပြန်ကြည့်လျှင် ၁၇ ရာစု ဥရောပတိုက်ကို တွေ့ရှိရမည်ဖြစ်သည်။ ထိုအချိန်က ဥရောပနိုင်ငံ များကို ရှင်ဘုရင်များက လွှမ်းမိုးအုပ်စိုးထားကြ သည်။ ထိုအချိန်က ဒီမိုကရေစီစနစ်ကို နိုင်ငံရေး တွင် အသုံးချဖို့ မည်သူကမျှ မတွေးမိကြသေး ချေ။ ထိုခေတ်က လူအများစု ယုံကြည်ကြ သည်မှာ လူသား၏ ပင်ကိုယ်သဘာဝသည် ဆိုးသွမ်းပြီး၊ အကြမ်းဖက်လိုသော သဘာဝရှိ သည်။ ထို့ကြောင့် ခွန်အားကောင်းသော ခေါင်း ဆောင်တစ်ဦးက ဖိနှိပ်အုပ်ချုပ်ပါမှ လူ့အဖွဲ့အ စည်းသည် ငြိမ်းချမ်းမှုရရှိနိုင်မည်ဟု ယုံကြည်ခဲ့ ကြသည်။ ဥရောပရှင်ဘုရင်များက သူတို့၏ အုပ်ချုပ်ပိုင်ခွင့်ကို ဘာသာရေးနှင့်ချိတ်ဆက်ပြီး ဘုရားသခင်ထံမှပေးသော အာဏာဖြစ်သည် ဟု အကြောင်းပြကြသည်။ ရှင်ဘုရင်များ၏ အုပ်ချုပ်မှုကို မေးခွန်း ထုတ်သူများသည် ဘာသာရေးကို ဆန့်ကျင် သူများအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထို့ပြင် ရှင် ဘုရင်များမှာ သူ၏ ဩဇာခံအဖွဲ့အစည်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များကို အခွင့်အရေးများ၊ စည်းစိမ်များ၊ ငွေကြေးများ ထောက်ပံ့ပေးပြီး ၎င်း၏ ဩဇာအာဏာတည်မြဲရေးအတွက် ကြိုး ပမ်းလေ့ရှိသည်။ ထိုသို့ပေးနိုင်ရန် လိုအပ်သော အရင်းအမြစ်များကို လက်အောက်ခံလူ့အဖွဲ့အ စည်းတစ်ခုလုံးထံမှ ထုတ်ယူလေ့ရှိကြသည်။

သို့သော် ထိုကဲ့သို့ လူများ၏ ရှင်ဘုရင် အပေါ် အစဉ်အလာအရ နာခံလာမှုကို ဥာဏ်ပွင့်လင်းခေတ် (Enlightment Age) မှ အချို့ ပညာတတ်များက ပြန်လည်ဆန်းစစ်လာကြ သည်။ လူသားတွေအားလုံးသည် တန်းတူညီမျှ မှုရှိပြီး ကျိုးကြောင်းဆင်ခြင်Óဏ်နှင့် မိမိကိုယ် ကို ထိန်းသိမ်းနိုင်ကြသည်ဟု ပြောဆိုလာကြ သည်။ လိုအပ်သည်မှာ အားလုံးအတွက် သင့် လျော်သော ဥပဒေစိုးမိုးမှုတစ်ရပ်သာ လိုအပ် သည်ဟု ထိုပညာရှင်များက တင်ပြကြသည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံနှစ်ဦးစလုံးသည် နှစ် ဦးသဘောတူ ဥပဒေများကို လေးစားလိုက်နာ ရမည်ဟု ယူဆလာကြသည်။ ပထမပိုင်းတွင် လစ်ဘရယ်ဝါဒသမားများ သည် အစွန်းရောက်အယူအဆများဖြင့် သတ်မှတ် ခံခဲ့ရသည်။ ရှင်ဘုရင်များက လစ်ဘရယ် အယူ အဆသာ ပျံ့နှံ့သွားလျင် နိုင်ငံတွေအားလုံး ပ ရမ်းပတာနှင့် ရှုပ်ထွေးကုန်လိမ့်မည်ဟု ယူဆကြ သည်။ ထို့ကြောင့် လစ်ဘရယ်ဝါဒကို ရှင်ဘုရင် များက အပြင်းအထန် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြ သည်။ သို့သော် ၁၉ ရာစုနှင့် ၂၀ ရာစု အ စောပိုင်းတွင် တဖြည်းဖြည်းနှင့် လစ်ဘရယ်ဝါဒ သည် ဥရောပပြည်သူလူထုကြားတွင် ပျံ့နှံ့သွား ပြီး လူအများက လက်သင့်ခံလာကြသည်။ ရှင်ဘုရင်များကို တရားဝင်သော အုပ်ချုပ်သူ များအဖြစ် အသိအမှတ် မပြုကြတော့ချေ။ ဂျာမနီတွင် ဟစ်တလာသည် သူ၏ ဩဇာအာ ဏာကို တရားဝင်စေရန် ကြိုးပမ်းရာတွင် ရှင် ဘုရင်ဝါဒကို အသုံးချ၍မရတော့ဘဲ အမျိုးသား ရေးဝါဒ နာဇီဝါဒကိုသာ အသုံးချခဲ့ရသည်။ ဂျာမနီအမျိုးသားများ ကောင်းစားရေးအတွက် မိမိတွင် အာဏာရှိသင့်သည်ဟု ဟစ်တလာက သူ၏ အာဏာတရားဝင်မှုကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ၂၁ ရာစု အရောက်တွင်တော့ လစ် ဘရယ်ဝါဒသည် ပြိုင်ဘက်မရှိသော နိုင်ငံရေး အတွေးအခေါ်တစ်ခုအဖြစ် ရပ်တည်နေနိုင်ပြီ ဖြစ်သည်။ အပြန်အလှန်ယုံကြည်မှု၊ သည်းခံနိုင်မှု မြင့်တက်လာပြီး အခြေခံထားရှိသော တန်ဖိုးထားမှုများနှင့် ခံယူချက်များတွင် တူညီနေကြသည်။ ထို့ ကြောင့် နိုင်ငံရေးအယူအဆအရ သဘောထား ကွဲလွဲကြသည့်တိုင် တစ်ဦးချင်း၊ နိုင်ငံရေးအင် အားမှုတစ်ခုချင်းစီ၏ တရားဝင်မှုနှင့် ကိုယ်ပိုင် ရပ်တည်ခွင့်ရှိမှုတို့ကို လက်ခံကြသည်။ နိုင်ငံရေးယဉ်ကျေးမှု မြင့်မားလာသည်နှင့် အမျှရွေးကောက်ကွဲရလဒ်များကိုအသာတကြည် လက်ခံနိုင်လာကြသည်။ ရှုံးသူရော၊ နိုင်သူကပါ ကျေနပ်လက်ခံနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်လာသည်။ ရွေးကောက်ပွဲတွင် တစ်ကြိမ် တစ်ခါရှုံးနိမ့်ခြင်းမျှဖြင့် မိမိတို့၏ ရပ်တည်မှုနှင့် တရားဝင်မှုများကို လက်လွတ်ဆုံးရှူုံးရခြင်းမရှိ ဟု ရဲရဲယုံကြည်သော အတိုက်အခံအင်အားစု များ ဖြစ်လာကြသည်။ ထို့အတွက် ဒီမိုကရေ စီဖြစ်စဉ်သည် ပိုမိုခရီးရောက်ပြီး နိုင်ငံရေး မတည်ငြိမ်မှုများကို ရှောင်ရှားနိုင်လာသည်။ ထို့အတွက်ကြောင့် လစ်ဘရယ်ဒီမိုကရေစီ အဖြစ်သို့ ပြောင်းလဲရန် လိုအပ်မှုရှိလာသည့် ဒီမိုကရေစီနိုင်ငံတိုင်းတွင် နိုင်ငံရေးရှေ့လမ်း ကြောင်း၌ အခြားရွေးချယ်နိုင်မည့် နည်းလမ်း မတွေ့ရသလောက် ဖြစ်သဖြင့် ဖရန်စစ်ဖူကူယား မားကပင် လစ်ဘရယ်ဒီမိုကရေစီသို့ရောက်လျှင် သမိုင်းနိဂုံးချုပ်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။  

လစ်ဘရယ်ဒီမိုကရေစီ လက်တွေ့
လစ်ဘရယ်ဒီမိုကရေစီ၏ ရေပန်းစားဖြန့် ကျက်မှုပိုမိုအား ကောင်းလာသည်မှာ လက်ရှိတွင် လစ်ဘရယ်ဒီမိုကရေစီစနစ် ကြောင့် ကြီးစွာသောအောင်မြင်မှုရရှိနေသည့် နိုင်ငံများ လက် တွေ့တွင် ရှိနေသောကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် နိုင်ငံရေး တက်လှမ်းမှုရှိလာသောနိုင်ငံများအနေဖြင့် လစ်ဘရယ်ဒီမိုက ရေစီအား ရွေးချယ်ရန် ပို၍ စိတ်ဝင်တစားရှိလာကြပါသည်။ ထိုသို့ ကမ္ဘာအနှံ့ရှိ ဒီမိုကရေစီမူကွဲများစွာမှ လစ်ဘရယ် ဒီမို ကရေစီကို လက်တွေ့ကျင့်သုံးရာတွင် မူကွဲများစွာ ရှိနေသည်ကို လည်းတွေ့ရသည်။

(က)အချိုးကျ ခွဲဝေကိုယ်စားပြုမှုနှင့်လူများစု ကိုယ်စားပြုမှု
လူများစုကိုယ်စားပြုစနစ်အရဆိုလျှင် ဒေသ နယ်ပယ်တစ်ခု အတွင်း မဲပိုရသူက ထိုဒေသ၏ ကိုယ်စားလှယ်ဖြစ်လာပါသည်။ အချိုးကျကိုယ်စားပြုစနစ်အရ ဆိုလျှင်မူ ထိုဒေသနယ်ပယ်တစ်ခု အတွင်းရှိ လူများပေးထားသည့် မဲအချိုးအစားအရ ကိုယ်စား ပြုမှုကို ခွဲဝေကိုယ်စားပြုကြရသည်။ ထိုအခါတွင် စနစ်တစ်မျိုး စီတွင် နိုင်ငံသားများ၏ ကိုယ်စားပြုမှုခံယူရသူချင်း တူသော် လည်း မည်သူက ပိုမိုထိရောက်စွာ နိုင်ငံသားများအကျိုးစီးပွားကို ဆောင်ရွက်နိုင်မည်မှာ အငြင်းပွားဖွယ် ဖြစ်လာသည်။ ဂျာမနီနှင့် နယူးဇီလန်တို့တွင် ဥပဒေပြုရသည့် အောက်လွှတ် တော်၌ အမတ်နေရာများကို အမျိုးအစားနှစ်ခုဖြင့် ဖွဲ့စည်းစေ သည်။ ပထမတစ်ခြမ်းတွင် ဒေသတစ်ခုချင်းရှိ လူများစုကိုယ် စားလှယ်များ ပါဝင်စေပြီး၊ နောက်တစ်ခြမ်းတွင် နိုင်ငံတစ်ခုလုံး အတွင်း ပါတီများရရှိသည့် မဲအချိုးအစားအတိုင်း ခွဲဝေပါဝင် စေသည်။ ထိုနည်းအားဖြင့် အချိုးကျ ခွဲဝေကိုယ်စားပြုမှုနှင့် လူများစုကိုယ်စားပြုမှုကြားမှ အခက်အခဲကို ဖြေရှင်းသည်။ ဩစတြေးလျတွင်မူ အောက်လွှတ်တော်အား လူများစုကိုယ်စား ပြုမှုစနစ်ဖြင့် ဖွဲ့စည်းပြီး၊ အထက်လွှတ်တော်အား အချိုးကျခွဲ ဝေ ကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းစေသည်။ ထိုသို့ ကိုယ်စားပြုစေခြင်း အားဖြင့် အစိုးရသည် ပိုမိုတည်ငြိမ်မှုရရှိသည်ဟုဆိုကြသည်။

(ခ) သမ္မတစနစ်နှင့် လွှတ်တော်စနစ် 
သမ္မတစနစ်တွင် အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ဥပဒေပြု ရေးကဏ္ဍမှ ရွေးကောက်ခံရသူများ၏ သီးခြား ရွေးကောက်မှုဖြင့် ခန့်အပ်ခြင်းဖြစ်သည်။ လွှတ် တော်စနစ်တွင်မူ အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင် သည် လွှတ်တော်က အယုံအကြည် ရှိကြောင်း အဆိုတင်သွင်းမှုဖြင့် ထောက်ခံ ခံရသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သမ္မတစနစ်ကို ကျင့်သုံးသည့် နိုင်ငံများ တွင် လက်တင်အမေရိက၊ အာဖရိက၊ ယခင် ဆို ဗီယက်ပြည်ထောင်စုမှ ကွဲထွက်လာသော နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် တွေ့ရှိနိုင်မည်ဖြစ်သည်။ လွှတ်တော်စနစ်ကို ကျင့်သုံးသည့်နိုင်ငံများတွင်မူ စပိန်၊ အရှေ့အာရှ နိုင်ငံအချို့၊ တောင်အာဖရိကနိုင်ငံ၊ အိန္ဒိယ၊ အိုင်ယာလန် နိုင်ငံတို့ ပါဝင်ကြသည်။ ထို့ပြင် ဥရောပသမဂ္ဂဝင်နိုင်ငံများသည်လည်း လွှတ်တော် စနစ်ကိုသာ ကျင့်သုံးကြသည်။ ထို့ကြောင့် လစ်ဘရယ်ဒီမိုကရေစီကို လက်ခံ ကျင့်သုံးလျက်ရှိသော နိုင်ငံများစွာတို့သည် မတူ ကွဲပြားသော ကမ္ဘာ့အရပ်ဒေသများတွင် မတူ ကွဲပြားသောပုံစံများဖြင့် တည်ရှိနေကြောင်း တွေ့ မြင်ရမည်ဖြစ်သည်။ ထို့ပြင် ယင်းနိုင်ငံများ၏ နိုင်ငံရေးပါတီ များ အမည်မှည့်ခေါ်ရာတွင် လစ်ဘရယ်ပါတီ၊ လစ်ဘရယ်ဒီမိုကရက်ပါတီ စသဖြင့် တွေ့ရှိရ သည်။ သို့သော် ပါတီတစ်ခုချင်းစီ၊ နိုင်ငံတစ်ခု ချင်းစီတို့၏ လုပ်ရပ်များ၊ ဆောင်ရွက်ချက်များ တိုင်းသည် လစ်ဘရယ်ဒီမိုကရေစီကို အပြည့် အဝသရုပ်ဖော်ပေးနိုင်ခြင်း ရှိမရှိကမူ မေးခွန်း တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေလေသည်။ထို့အတွက် ဝေဖန်သူများအတွက် လစ်ဘရယ် ဒီမိုကရေစီ၏ အားနည်းချက်များအဖြစ် ထောက် ပြစရာများ ပေါ်ပေါက်လာနေသည်။

လစ်ဘရယ်ဒီမိုကရေစီ၏အားနည်းချက်များ 
လစ်ဘရယ် ဒီမိုကရေစီကို ဝေဖန်သူများ က ရွေးချယ်ခံလိုက်ရသော နိုင်ငံရေးသမားများ သည် ပြည်သူတစ်ရပ်လုံး အကျိုးကိုမလုပ်ဘဲ လူချမ်းသာ အီလစ်များ၏ အကျိုးစီးပွားကိုသာ ကာကွယ်ပေးနေသည်ဟု ဝေဖန်ကြသည်။ အ ခြေခံကျကျ ဝေဖန်သူများက လစ်ဘရယ်ဝါဒ သည် လူတိုင်းတန်းတူညီမျှမှုကို ရပ်ခံတင်ပြခဲ့ သော်လည်း တကယ့်လက်တွေ့တွင် ဆင်းရဲချမ်း သာ ကွာဟမှုကြောင့် တန်းတူညီမျှမှုသည် စာ အုပ်ထဲမှ စကားလုံးတစ်ခုသာ ဖြစ်နေသည်ဟု ဝေဖန်ကြသည်။ ရွေးကောက်ပွဲဝင်ခြင်း၊ မဲဆွယ်စည်းရုံးခြင်း တို့သည် ဒီမိုကရေစီစနစ်တွင် မရှိမဖြစ်လိုအပ် ပြီး ထိုလုပ်ငန်းများကိုလုပ်ရန် ငွေကြေးအမြောက် အမြား လိုအပ်လေ့ရှိသည်။ ထို့ပြင် နိုင်ငံရေး တွင် ဝင်ရောက်လုပ်ကိုင်ရန် လိုအပ်သော ပညာ အရည်အချင်းမှာ ငွေကြေးတတ်နိုင်သူများကသာ ရရှိနိုင်သော အခွင့်အရေးတစ်မျိုး ဖြစ်လာသည်။ ထို့ကြောင့်ပင် နိုင်ငံအများစု၌ နိုင်ငံရေးမိသားစု မှ ပေါက်ဖွားလာသူများသာ နိုင်ငံရေးတွင် အောင်မြင်လေ့ရှိကြခြင်း ဖြစ်သည်။ အဆက်အ သွယ်၊ နောက်ခံမျိုးရိုးနှင့် ငွေကြေးချမ်းသာြွကယ်ဝမှုက ဒီမိုကရေစီနိုင်ငံရေးတွင် အရေးပါ လျက်ရှိသောကြောင့် သာမန်လူတန်းစားများ အတွက် မျှတမှုမရှိဟု ဝေဖန်သူများက ထောက် ပြကြသည်။ ထို့ပြင် တွေးခေါ်ခံယူမှုနှင့် ယုံကြည်ကျင့် သုံးမှုအပိုင်းတွင် လူတစ်ဦးချင်းစီ၏ ရပ်တည် ချက်များကို အလေးထားအသိမှတ်ပြုရမည်ဖြစ် သဖြင့် ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများ ကိုလည်း ရင်ဆိုင်ရနိုင်သည်ဟု ဝေဖန်ကြသည်။ အထူးသဖြင့် အကြမ်းဖက်မှုကဲ့သို့သော ကိစ္စများ အား လစ်ဘရယ်နည်းအားဖြင့် ဖြေရှင်းလိုလျှင် ဥပဒေစိုးမိုးမှုဖြင့်သာ ပြန်လည်ထိန်းကွပ်ရမည် ဖြစ်သည်။ 

နိဒါန်း၏ နိဂုံး 
ယခုထိ တင်ပြခဲ့သော အချက်အလက်များ မှာ လစ်ဘရယ်ဒီမိုကရေစီနှင့်ပတ်သက်ပြီး အခြေ ခံကျလွန်းသော သိထားဖွယ်များသာ ဖြစ်ပါသည်။ ဤမျှဖြင့် လစ်ဘရယ်ဒီမိုကရေစီကို အပြည့် အဝ သိနိုင်ပြီဟုတော့ မဆိုနိုင်သေးပါ။ ချုပ်၍ ဆိုရလျှင် လစ်ဘရယ်ဒီမိုကရေစီဟူသည် လစ် ဘရယ်ဟူသော လွတ်လပ်မှုနှင့် ဒီမိုကရေစီဟူ သော အများဆန္ဒကို လိုက်လျောနာခံမှုဟူသော တရားနှစ်ပါးကို အချိုးကျပေါင်းစပ်ရန် ကြိုးစား ခြင်းသာ ဖြစ်ပါသည်။ ထိုသို့အချိုးကျပေါင်းစပ် နိုင်လျှင်မူ အောင်မြင်သော လစ်ဘရယ်ဒီမိုကရေ စီနိုင်ငံ(သို့)လူမှုအဆောက်အအုံတစ်ခု ဖြစ်လာ နိုင်ပြီး၊ အချိုးကျပေါင်းစပ်နိုင်ခြင်းမရှိဘဲ လွန်ကဲ မှုများရှိနေမည်ဆိုလျှင်လည်း လစ်ဘရယ်ဒီမို ကရေစီကို လက်တွေ့ကျကျကျင့်သုံးနိုင်ခြင်းမရှိ ဘဲနှင့် နိုင်ငံရေးဝဲဂယက်ထဲတွင် လည်ပတ်စီး မျောနေဦးမည်ဖြစ်ပါသည်။ အောင်မြင်သော လစ်ဘရယ်ဒီမိုကရေစီကို ထူထောင်ယူနိုင်ရန် မှာ နိုင်ငံရေးခေါင်းဆောင်များ၊ လူထုများနှင့် လူများ၏ နိုင်ငံသားအခွင့်အရေးကို ကာကွယ် ပေးမည့်၊ လူမှုဘဝကောင်းများကို တည်ဆောက် ပံ့ပိုးပေးမည့် အဖွဲ့အစည်းများ၏ အားထုတ်မှု ပေါ်တွင် အဓိကတည်မှီနေပါသည်။ လစ်ဘရယ်ဒီမိုကရေစီသည် လက်ရှိအချိန် ထိ လူသားများရှာဖွေတွေ့ရှိခဲ့သမျှ နိုင်ငံရေး စနစ်များထဲတွင် အဆင်ပြေဆုံးစနစ်တစ်ခုဟု ဆိုနိုင်ပါသည်။ သို့သော် အပြည့်စုံဆုံးစနစ်တစ် ခုအဖြစ်တော့ ပြောမရပါ။ အားသာချက်မှာ အစိုးရများသည် ပြည်သူများကို အခြားစနစ်များမှာထက် အ တိုင်းအတာတစ်ခုအထိ ဂရု စိုက်ရခြင်းဖြစ်ပါသည်။ ပြည်သူ များ၏ခံစားချက်နှင့် သဘော ထားအမြင်များကို ဂရုတစိုက် နားထောင်ပေးရခြင်းဖြစ်ပါသည်။ လက်ရှိ လစ်ဘရယ် ဒီမို ကရေစီထက် ပိုမို ကောင်းမွန် သောနိုင်ငံရေးစနစ်တစ်ခုမဟုတ် တစ်ခုပေါ်ပေါက်လာနိုင်ပါသည်။ သို့သော် သေချာသည့်အချက်မှာ ယနေ့ကမ္ဘာ့ပြဿနာများကို ဖြေ ရှင်းရာ၌ လစ်ဘရယ်ဒီမိုကရေစီ စနစ်ကို ဖြတ်သန်းခြင်းမရှိဘဲ လစ်ဘရယ်ဒီမိုကရေစီ ထက် ပိုမိုကောင်းမွန်သင့်မြတ်သည့် စနစ် တစ်ခုသို့ ရောက်ရှိမှာမဟုတ်ခြင်း ပင်ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရေစီကို အခြေခံထားပြီးမှသာ ယင်းထက် ပိုမိုကောင်းမွန် သင့်တော်မည့် နိုင်ငံရေးစနစ်တစ်ခုဆီ ရှာဖွေတက်လှမ်းနိုင်မည်ဖြစ်ပါသည်။

ကျော်သူဟန်၊ ဧမင်းယဉ်

  1 comment:

  1. ဒီစာလေးဖတ်မိတာနဲ့  ဒီဘလော့လေးကို သဘောကျသွားပြီး ကိုလူဗိုလ် ရေ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...