Friday, April 29, 2011

ဒီမိုကရေစီတိုင်းပြည်ထဲက ဧကရာဇ်များ

by Ainn Chann Myay on Friday, April 29, 2011 at 1:11pm
 
ဗြိတိန်နိုင်ငံမှာ ဒီလောက်ဆန့်ကျင်နေတာတောင်မှ ဗြိတိန်နဲ့ အဝေးကြီးက ကနေဒါကလည်း အလိုတူအလိုပါ ဘုရင်မကြီးရဲ့ သြဇာခံဖြစ်နေရတာကို မကျေနပ်နေကြသူတွေလည်း ရှိပါတယ်။ ကနေဒါနဲ့ ဘာမှမဆိုင်တဲ့ အင်္ဂလိပ်လူမျိုးမိန်းမကြီးတစ်ယောက်ကို တိုင်းပြည်အချုပ်အချာအနေနဲ့ ခန့်အပ်ထားတာထက်စာရင် သူတို့နယ်မြေကို လုခံထားရတဲ့ လူနီအင်းဒီးယန်းအကြီးအကဲတစ်ယောက်ကို head-of-state ပေးသင့်တယ်လို့လည်း ဆိုနေကြပါတယ်။ ကနေဒါက လူဖြူအချို့ဟာ အင်္ဂလန်နိုင်ငံက ရောက်ရှိလာတဲ့ အင်္ဂလိပ်တွေဖြစ်ခဲ့ပေမယ့်လည်း အခုချိန်မှာ အမေနဲ့မခွဲနိုင်တဲ့ နို့စို့ကလေးတွေလို လုပ်မနေသင့်တော့ကြောင်းကိုလည်း ပြောနေကြပါတယ်။


ဒီမိုကရေစီဟု ကြွေးကြော်တတ်ကြတဲ့ နိုင်ငံကြီးများဟာ နိုင်ငံငယ်လေးများကို ဦးဆောင်ရှေ့ရွက်ပြုချင်ကြတဲ့ သဘောရှိပါတယ်။ ဒီစနစ်ဟာ ပိုမိုတရားမျှတတတ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမယ့်….
ဒီမိုကရေစီဟု ကြွေးကြော်နေကြသော တိုင်းပြည်တွေမှာ၊  ယခုလိုတိုးတက်ခေတ်မှီနေတဲ့ အချိန်ထိ ဘုရင်စနစ်တွေဟာ ဆက်လက်တည်ရှိနေတာကို မြင်ရတဲ့အခါမှာတော့  တွေးစရာရေးစရာတစ်ခု ဖြစ်လာရပါတယ်ရှင်။

ဒီမိုကရေစီနိုင်ငံတွေလို့ မိမိကိုယ်ကို သတ်မှတ်ထားသူ တိုင်းနိုင်ငံအချို့ (ကနေဒါအပါအ၀င်) ဟာလည်း (မဲတွေနဲ့ရွေးချယ်ထားတာမဟုတ်တဲ့) ဘုရင်မကြီးကို head of state အနေနဲ့ ခန့်အပ်ထားနေဆဲပဲ ဖြစ်ပါတယ်။ နန်းတွင်းမိသားစု တစ်ခုမှာပေါက်ဖွားလာတဲ့ ကံတစ်ခုနဲ့တင် အားလုံးရဲ့ဖူးမျှော်မြှောက်စားမှုကို ခံရကြတဲ့ သူတွေကို သူတို့ရဲ့လက်ဝေခံ မဟုတ်တဲ့၊ အဝေးကြီးမှ မဆိုင်တဲ့တိုင်းနိုင်ငံတွေက လူတွေကလည်း မျှော်ငေးအားကျနေတာကို တွေ့နေရပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဘုရင်မကြီးနဲ့ နန်းသူနန်းသားတွေဟာ ရုပ်သေးရုပ်ကလေးတွေဖြစ်တယ်လို့ ဆိုပြီး ဂရုဏာသက်သူများကိုလည်း တွေ့ရှိပါတယ်။ အင်္ဂလန်နိုင်ငံမှာဆိုရင် ၈၀ရာခိုင်နှုန်းလောက်က ဘုရင်စနစ်ပြုတ်ကြသွားမှာကို ထိန့်လန့်ကြောက်ရွံ့တတ်ပါတယ်။ နန်းတွင်းသူနန်းတွင်းသားတွေ အေးအေးလူလူနေပါစေ.. ငါတို့သေသည်ထိ လုပ်ကြွေးသွားမယ်လို့ ဆိုသူတွေက လူအများစုပါ။ ဘုရင်စနစ်ဟာ ခေတ်နဲ့မလျှော်ညီတဲ့အပြင် သူတို့ရဲ့ အသုံးစရိတ်တွေဟာလည်း များလွန်းလှလို့၊ သူတို့ရှိနေတာ ဘာမှ အဓိပ္ပယ်မရှိဘူးလို့ ထင်လို့ စတဲ့အချက်တွေကြောင့် ဖြုတ်ချချင်သူတွေက လူနည်းစုဖြစ်ပါတယ်။
တစ်ကယ်တော့ သူတို့တွေဟာ ရုပ်သေးရုပ်လေးတွေ၊ ဆယ်လစ်ဘရစ်တီတွေ မဟုတ်ပါဘူး။ ဟုတ်ခဲ့သည်ဆိုရင်လည်း အလွန်ကြွယ်ဝချမ်းသာပြီး အာဏာရှိသော ရုပ်သေးရုပ်များနဲ့ ဆယ်လစ်ဘရစ်တီများပဲ ဖြစ်ပါတယ်။

ိုင်ငံရေးနဲ့ ပတ်သက်လာရင် သူတို့ရုပ်သေးရုပ် (Symbolic figures only) မဟုတ်ရတဲ့ အကြောင်းတွေကတော့…..
အရေးအကြောင်းကြုံလာတဲ့ အခါမှာ/တစ်ကယ်လိုအပ်လာတဲ့အခါတွေမှာ ကနေဒါနိုင်ငံက ၀န်ကြီးချုပ်ကို head of stat (အခုအနေနှင့်ဆိုလျှင် အဲလက်ဇဘက်ဘုရင်မကြီး) က ခန့်အပ်ခွင့်ရှိတယ်။ ဘုရင်မကြီးရဲ့ လက်အိတ်စွပ်ထားတဲ့ လက်ကလေးကို နမ်းလိုက်တာနဲ့တင် ထိုသူဟာ ၀န်ကြီးချုပ် တန်းပြီးဖြစ်ခွင့်ရှိတယ်။ မဲတွေနဲ့ရွေးထားတဲ့ လက်ရှိ ၀န်ကြီးချုပ်ကို ပယ်ချပိုင်ခွင့်ရှိတယ်။ http://en.wikipedia.org/wiki/Monarchy_of_the_United_Kingdom (11)
— ဘုရင်တွေနဲ့ ဘုရင်မတွေရဲ့ အကြံပေးတွေ (ယခုခေတ်မှာတော့ နိုင်ငံရေးသမားတွေ)ဟာ ပါလီမန်မှာ မဲပေးစရာမလိုပဲlegislation တစ်ခုကို enactလုပ်ခွင့်ရှိတယ် (the privy council)
—- ဘုရင်ဟာ ၀န်ကြီးချုပ်ကို အခြားတိုင်းပြည်တွေကို စစ်ဝင်တိုက်ဖို့ အခွင့်ပေးပိုင်ခွင့်ရှိတယ်၊ ပါလီမန်မှာ မဲနဲ့ဆုံးဖြတ်စရာမလိုဘူး (royal prerogative)
အမေရိကန်နိုင်ငံမှာ ဘုရင်မကြီးပိုင်တဲ့ မြေကွက်တွေဟာ ရေတွက်၍ မကုန်အောင် များပြားလှတယ်လို့ ဆိုကြပါတယ်။ ဘီဘီစီရဲ့ ခန့်မှန်းချက်အရ နန်းတွင်းမိသားစုရဲ့ သုံးငွေဟာ တစ်နှစ်ကို ပေါင်စတာလင်သန်းပေါင်း ၃၇ မှ ၄၁.၅ သန်းရှိတယ်လို့ ဆိုပါတယ်။ ဒါတောင် သူတို့လုံခြုံရေးအတွက် စစ်တပ်နဲ့ရဲ အသုံးစရိတ်မပါသေးဘူးလို့ ဆိုပါတယ်။ ပြည်သူများသာမက ပုဂလိကအဖွဲ့အစည်းများက ထောက်ပံ့ကြတာဖြစ်ပြီး၊ ၂၀၀၉မှာ ဘုရင်မကြီးရဲ့ဝင်ငွေဟာ ယူအက်စ်ဒေါ်လာသန်း၄၅၀ ရှိတယ်လို့ ဆိုပါတယ်။

ဘုရင်စနစ်ကို ဖြုတ်ချချင်သူများကတော့ ဒီဘုရင်စနစ်ဟာ တရားမမျှတတဲ့အပြင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတယ်လို့ ဆိုကြပါတယ်။ အောက်ကအချက်တွေနဲ့ ဘုရင်စနစ်ကို ဆန့်ကျင်ကြပါတယ်။

ဘုရင်စနစ်ဟာ တိုင်းသူပြည်သားတွေကိုလည်း မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းစေပြီး စနစ်တစ်ခုကို၊ ဘုရင်တွေ ဘုရင်မတွေကို အားကိုးချင်နေတဲ့ ပျော့ညံ့တဲ့ စိတ်တွေကို မွေးထုတ်ပေးစေတယ်လို့ ယုံကြည်ပါတယ်။
ဒီမိုကရက်တစ်နိုင်ငံတစ်ခုအနေနဲ့ အချုပ်အချာအာဏာဆိုတာ ဘုရင်တွေ ဘုရင်မတွေရဲ့ လက်ဝယ်ရှိတာထက် ပြည်သူ့လက်မှာ ရှိသင့်တယ်လို့လည်း ဆိုကြပါတယ်။
တိုင်းပြည်တစ်ပြည်ရဲ့ခေါင်ချုပ်ဆိုတာဟာလည်း ပြည်သူတွေ တညီတညွှတ်တည်း ရွေးကောက်တင်မြှောက်သူဖြစ်သင့်တယ်၊ ဘုရင်မိသားစုမှာ မွေးဖွားလာရုံနဲ့ တိုင်းပြည်ခေါင်ချုပ်ဖြစ်သွားခြင်းဟာ ဒီမိုကရေစီလမ်းအောက်က အခြေခံလူ့အခွင့်အရေးကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။
ဘုရင်စနစ်ဟာ ဒီမိုကရေစီလမ်းအောက်က အသားရောင်မခွဲခြားရေးဝါဒကိုလည်း ဆန့်ကျင်တယ်လို့ ဆိုပါတယ်။ ဘုရင်တွေ မိဖုရားတွေဟာ အင်္ဂလိပ်တွေချည်းပဲ ဖြစ်နေတဲ့အတွက် အခြားလူမျိုးစုတွေကို ခွဲခြားရာ ရောက်တယ်လို့လည်း ဆိုတယ်။ အခြားလူညို၊ လူမည်း၊ လူဝါတွေဟာ ဘယ်သောအခါမှ တိုင်းပြည်ခေါင်ချုပ် မဖြစ်နိုင်တော့ဘူး။ ဂရိတ်ဗြိတိန်မှာယခုဆိုလျှင် လူမျိုးစုံနေထိုင်လာပြီဖြစ်တဲ့ အတွက် (multi-ethnic tensions) တွေကို ဖြစ်စေတယ်လို့လည်း ဆိုကြပါတယ်။
ဘုရင်စနစ်ဟာ ယောင်္ကျား-မိန်းမခွဲခြားရေးကို အားပေးတယ်။ သားအကြီးဆုံးကသာလျှင် ဦးလျှောင်ကို ဆက်ခံခွင့်ရှိတယ်။ ဘုရင်မှာ သားမရှိမှသာလျှင် သမီးမိန်းကလေးကို ဦးလျှောင်ဆက်ခံခွင့်ပေးတယ်။ အဲဒီမှာ absolute primogeniture နဲ့ male primogeniture ဆိုတာ နှစ်မျိုးရှိပါတယ်။ absolute primogeniture မှာ အကြီးဆုံးကလေးဟာ မိန်းကလေးဖြစ်ဖြစ်၊ ယောင်္ကျားလေးဖြစ်ဖြစ် ဦးလျှောင်ဆက်ခံခွင့်ရှိတယ်။ ဗြိတိန်ဘုရင်စနစ်ကတော့  male primogeniture ကို သုံးလို့ ယောင်္ကျား-မိန်းမ တန်းတူအခွင့်အရေးဆိုတာကို မျက်နှာလွှဲတယ်လို့ ဆိုကြပါတယ်ရှင်။
ဘုရင်စနစ်မှာ ဘုရင် သို့မဟုတ် ဘုရင်မဟာ အရည်အချင်းပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ head of state ဖြစ်သွားတာဟာ သဘာဝမကျဘူး။ ဘုရင်/ဘုရင်မ နေရာကို ရာထူးတစ်ခု-အလုပ်တစ်ခုရသလို မိမိမှာရှိတဲ့အရည်အချင်းနဲ့ ယှဉ်ပြိုင်ရယူခွင့် မရှိဘူး။ (free & fair competition)
ဘုရင်မကြီးဟာ စစ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိပဲနဲ့ colonel-in-chief ဖြစ်နေတာမျိုးဟာ၊ တစ်ကယ်ကြိုးစားပြီးရယူထားရတဲ့  ဘွဲ့တွေ ဂုဏ်ပုဒ်ပိုင်ရှင်တွေအတွက် ကြိုးစားရသမျှဟာ အချည်းနှီးဖြစ်စေတဲ့ သဘောရှိတယ်။
Johann Hari ရဲ့ God Save the Queen? စာအုပ်အရ နန်းတွင်းကလေးတွေဟာ စိတ်ဓာတ်ရေးရာ ထိခိုက်မှုတွေအများကြီးရှိတဲ့အတွက် ဘုရင်စနစ်ဟာ ဘုရင်ဧကရာဇ်မျိုးနွယ်တွေ တစ်ခုလုံးကို တစ်နည်းတစ်ဖုံ ထိခိုက်စေတယ်။
မော်ဒန်တိုင်းပြည်ကြီးတစ်ပြည်မှာ ဧကရာဇ်စနစ်ရှိနေတာဟာ ရှက်စရာကောင်းလှတယ်။ ဗြိတိန်ဟာ တစ်ကယ်တော့ နာဇီဝါဒနဲ့ တံခါးပိတ်ဝါဒကြားက ညပ်နေတဲ့ ဆားဖြစ်တယ်
ဧကရာဇ်မျိုးနွယ်တွေဟာ သိပ်ဈေးကြီးတယ်။ သူတို့ရဲ့ အသုံးစရိတ်ကတော့ အထက်မှာ အကြမ်းဖျဉ်းဖော်ပြထားပြီးဖြစ်ပါတယ်။ သူတို့ရဲ့ အသုံးစရိတ်အသုံးငွေ/အသုံးငွေစာရင်းတွေဟာ exempt from the Freedom of Information Act လို့ဆိုကြတယ်။ ဧကရာဇ်တွေဟာလည်း ပြန်လည်ချေပပါတယ်။ သူတို့ဟာ တိုင်းပြည်တွက် ၂၀၀၇-၂၀၀၈ မှာ ပေါင်စတာလင် သန်း၁၉၀.၈ မီလျှံ ရှာပေးတယ်လို့ ဆိုတယ်။ တစ်ခါ ပြည်သူတွေကလည်း သူတို့ဒီလိုရှာပေးပေမယ့်လည်း  ဒီငွေဟာ နန်းတွင်းသားတွေ့နဲ့မဆိုင်ဘူး၊ တိုင်းပြည်ရဲ့ငွေဖြစ်တယ်လို့ ပြန်လည်ချေပကြတာတွေကို တွေ့ရပြန်ပါတယ်။ ဧကရာဇ်တွေကို ထောက်ပံ့နေရတဲ့ ငွေတွေကို ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆင်းရဲသားတွေကို ဝေမျှဖို့ သင့်တယ်လို့ ဆိုကြတယ်။  တစ်ကယ်တော့ ဧကရာဇ်တွေဟာ welfare သမားတွေပဲ ဖြစ်တယ်လို့တောင် ပြောသူတွေရှိပါတယ်။ ဗြိတိန်မှာ အချမ်းသာဆုံးမိသားစုတွက် တစ်နှစ်ကို အခွန်ငွေ ပေါင်75,000,000 ပေးနေရချိန်မှာ လမ်းပေါ်က အိမ်ခြေမဲ့တွေကို နည်းနည်းမျှဝေဖို့ သင့်တယ်လို့ ဆိုကြပါတယ်။
နောက်တစ်ခုက ဧကရာဇ်တွေဟာ တစ်ကယ်တမ်းတော့ လူတွေထင်နေသလိုမဟုတ်ဘဲ အားကိုးအားထားပြုလို့ မရဘူးလို့လည်း ဆိုကြပါတယ်။ အထူးသဖြင့်ချားလ်စ် မင်းသားဟာ တရုပ်နိုင်ငံအကြီးအကဲတွေအတွက် ဘုရင်မကြီးကိုယ်တိုင်တည်ခင်းတဲ့ ညစာစားပွဲကို မတက်ရောက်ခဲ့ဘူးလို့ သိရပါတယ်။ မတက်ရောက်တဲ့ အကြောင်းကတော့ တိဘက်အပေါ်မှာ တရုတ်ပြည်ရဲ့ ဆက်ဆံပုံကို ဆန့်ကျင်လို့ရယ်၊ အခြားသော နိုင်ငံရေးအကြောင်းတွေရယ်နဲ့ ပတ်သက်လို့လို့လည်း ဆိုကြပါတယ်။
အခုလည်း ဧကရာဇ်မင်္ဂလာပွဲမှာ ဧကရာဇ်တွေရယ် သူတို့ရဲ့အည့်သယ်တော်တွေရဲ့လုံခြုံရေးအတွက် စစ်သားပေါင်း ငါးထောင်ကို တာဝန်ချထားတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ဆိုကြပါတယ်။ ဒီမင်္ဂလာပွဲကို လူ့စည်းမျဉ်းချိုးဖောက်တဲ့ တိုင်းပြည်တွေလို့ သူတို့ပဲ နာမယ်ပေးထားတဲ့ ဆော်ဒီအာရေဗျနဲ့ ဇင်ဘာဘွေ တိုင်းပြည်အကြီးအကဲတွေကိုပါ ဖိတ်ထားတဲ့ ကိစ္စကလည်း ပြည်သူလူထုအတွက် မေးစရာဖြစ်နေတယ်လို့ ဆိုပါတယ်။

ဘုရင်စနစ်ကို ဆက်လက်လိုလားသူတွေကတော့
ထုံးတမ်းစဉ်လာကို ဆက်လက်ထားရှိချင်တာရယ်၊ စည်းလုံးညီညွှတ်မှုရှိစေချင်လို့ရယ်၊ နိုင်ငံရေးကိစ္စတွေမှာ နိုင်ငံရေးသမားတွေမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ တစ်ခုခုဆို ကြားဝင်ဖြေရှင်း နိုင်ဖို့ရယ် စတဲ့ အချက်တွေနဲ့ ခုခံကာကွယ်ကြပါတယ်။ ဗြိတိန်နိုင်ငံကို စစ်အာဏာရှင် နိုင်ငံဖြစ်လာမှုမှ တစ်နည်းတစ်ဖုံ ကာကွယ်ထားတယ်လို့လည်း ဆိုကြပါတယ်။
ကမ္ဘာပေါ်မှာ လူမျိုးတွေနဲ့ ယဉ်ကျေးမှုတွေဟာ အကုန်ရောယှက်လာပြီ(globalization) ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ ထုံးတမ်းစဉ်လာနဲ့ယဉ်ကျေးမှုကို မပျောက်ပျက်စေချင်သူတွေအတွက်ကတော့ ဘုရင်စနစ်ဟာ ရှိနေသင့်တယ်လို့ ဆိုပါတယ်။
ဘုရင်စနစ်ကိုဖြုတ်ချဖို့ ကြိုးစားပြီဆိုရင်တောင်မှ သွေးထွက်သံယိုဖြစ်လာနိုင်တယ်လို့ စိုးရိမ်သူတွေကလည်း ရှိနေတဲ့အပြင် ဘုရင်စနစ်နေရာမှာ အစားထိုးနိုင်တဲ့ အခြားစနစ်ကောင်းတစ်ခု ရှိလာနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောနေသူတွေရှိပါတယ်။
ဗြိတိန်နိုင်ငံမှာ ဒီလောက်ဆန့်ကျင်နေတာတောင်မှ ဗြိတိန်နဲ့ အဝေးကြီးက ကနေဒါကလည်း အလိုတူအလိုပါ ဘုရင်မကြီးရဲ့ သြဇာခံဖြစ်နေရတာကို မကျေနပ်နေကြသူတွေလည်း ရှိပါတယ်။ ကနေဒါနဲ့ ဘာမှမဆိုင်တဲ့ အင်္ဂလိပ်လူမျိုးမိန်းမကြီးတစ်ယောက်ကို တိုင်းပြည်အချုပ်အချာအနေနဲ့ ခန့်အပ်ထားတာထက်စာရင် သူတို့နယ်မြေကို လုခံထားရတဲ့ လူနီအင်းဒီးယန်းအကြီးအကဲ တစ်ယောက်ကို head-of-state ပေးသင့်တယ်လို့လည်း ဆိုနေကြပါတယ်။ ကနေဒါက လူဖြူအချို့ဟာ ဟိုးတုန်းက အင်္ဂလန်နိုင်ငံက ရောက်ရှိလာတဲ့ အင်္ဂလိပ်တွေဖြစ်ခဲ့ပေမယ့်လည်း အခုချိန်မှာ အမေနဲ့မခွဲနိုင်တဲ့ နို့စို့ကလေးတွေလို လုပ်မနေသင့်တော့ကြောင်းကိုလည်း ပြောနေကြပါတယ်။

တစ်ကယ်တော့ လူတွေဟာ လူ့သဘာဝအရ အလှအပနဲ့ နတ်သမီးပုံပြင်လေးတွေကို မျှော်ငေးချင်ကြတယ်။ ဧကရာဇ်တွေရဲ့ ထိမ်းမြားပွဲဟာ စိတ်ဝင်စားစရာဖြစ်နေတယ်။ ပျင်းစရာကောင်းလှတဲ့ ဘ၀တွေကို ဖျော်ဖြေမှု ဖြစ်နေစေတယ်။ ဒီထိမ်းမြားပွဲကြီးကို ထိုင်ကြည့်ခွင့်ရတာကိုက တစ်သက်မှာတစ်ခါဖြစ်လေ့ရှိတဲ့ ပွဲကို ကြည့်ရခွင့်ရတဲ့ ကိုယ်တွေအဖြစ်နဲ့တင် ကျေနပ်စရာဖြစ်နေတယ်။ လှပသာယာတဲ့ ရှုခင်းတစ်ခုထက်ပိုပြီး ဘာမှ မစဉ်းစားပဲ just enjoy the moment ဟာ ဖြစ်သင့်ပါတယ်။  စာရေးသူကျမအိမ့်ချမ်းမြေ့လို သိပ်အလေးအနက်တွေ စဉ်းစားနေရင်လည်း ဘာမှ enjoy ဖြစ်စရာ ရှိတော့မှာ မဟုတ်ဘူး။ ဘ၀မှာ စိတ်ညစ်စရာတွေ၊ သဘာဝဘေးတွေ၊ ငတ်မွတ်မှုတွေက များတတ်တော့ ဒီလိုအလှအပ မြင့်မြတ်ကြီးကျယ်မှု တစ်ခုခုကို မြင်ချင်တတ်ကြမှာပါပဲ။ ကိုယ်မဖြစ်နိုင်တာကို စိတ်ကူးယဉ်လို့ ကျေနပ်နေတတ်ကြတာလည်း လူဆန်မှု တစ်ခုပါပဲ။ ဒါကြောင့်လည်း ဒိုင်ယာနာမင်းသမီးနဲ့အခြားသော  ဧကရာဇ်တွေရယ်၊ ဆယ်လစ်ဘရစ်တီတွေရယ်ဟာ လူ့အသိုင်းအ၀ိုင်းမှာ အဓွန့်ရှည်နေကြတာ ဖြစ်ပါလိမ့်မယ်။ ကိုယ်သာ စားစရာမရှိဘဲ အခွန်အတုတ်တွေပေးနေရပေမယ့် ဒီလို  royal figure တွေနဲ့ အခြား figure တွေကို ကိုးကွယ်ဦးညွှတ်လို့ ကျေနပ်နေကြရတဲ့၊ အခြားsystem အမျိုးမျိုးထဲမှာ ခေါင်းမဖော်နိုင်ဖြစ်နေရတဲ့ နင်းပြားတွေ ဘ၀တွေကိုပဲ ကိုယ်ချင်းစာလို့ပဲ နားလည်ပေးလိုက်ရပါတော့တယ်ရှင်..။
3Share


အထက်က ဓာတ်ပုံဟာ capitalism ခေါင်းစဉ်အောက်မှာ ရှိနေပေမယ့် အချုပ်အချာဒေါက်တိုင် အများစုကို ထင်ဟပ်ပြနေလို့ တင်ထားခြင်းဖြစ်ပါတယ်ရှင်။ တစ်ကယ်တမ်းကြည့်မယ်ဆိုရင် ဘယ်သူတွေဆီမှာ တစ်ကယ် ပါဝါရှိနေလည်း သိပ်ကိုထင်ရှားနေပါတယ်…… လို့။ ဒီပိုစ်ကိုရေးခြင်းဟာ မင်္ဂလာပွဲနဲ့ မဆိုင်ပါဘူး။ ဘုရင်စနစ်တွေအားလုံးကို တွေးကြည့်လိုက်မိတဲ့ သဘောပါ..။ စနစ်တွေအားလုံးက သိပ်တော့ မထူးဘူး။ နင်းပြားတွေက အောက်ဆုံးကပဲ ဆိုတာပါပဲ။

(( http://www.ainchannmyay.com/?p=1126 ))


အတွေးရောက်စေတဲ့ ကွန့်မင့်အချို့ကိုပါ တွဲပေးလိုက်ပါတယ်ရှင်။

ဘုရင်စနစ်ထားတဲ့ လက်ရှိနိုင်ငံတွေကို တစေ့တစောင်း လေ့လာကြည့်ရတာ တကယ်စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ မင်းမျိုးမင်းနွယ်လို့ ဆိုသူတွေက royal blood ကနေ တပြားမှ မလျှော့သလို အောက်ခြေလူတန်းစား အများစုကလည်း ‘ဘုန်းတော် ကြီးမြတ်လှသော…’ တွေနဲ့ အထင်တကြီး လေးစား၊ မြတ်နိုးကြတာ တွေက အများစုလို့ ဆိုရမယ် ထင်ပါတယ်၊ Arguments တွေ ဝေဝေဆာဆာနဲ့ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် မလေးရေ…။ (ညီလင်းသစ်)


ကိုယ့် အမ ဒီနေ့ ပို့စ် ထူးထူးဆန်းဆန်းပါပဲ ။
ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့အတွက်တော့ ဗဟုသုတ ရစေတယ်
နားမလည်တာတွေ အနည်းအကျဉ်းနားလည်လာစေတယ် ။
အနောက်တိုင်း ဥပဒေ နဲ့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း တွေကို လုံးဝ မသိတာတော့ အမှန်ပဲ ။

မလေး ပို့ကို ဖတ်လိုက်ကတည်းကရော ဒီကို ရောက်ကတည်းကတော့ နားလည်တာတွေပေါင်းလိုက်ရင်
အဓိက ကတော့ ငွေရှင်ကြေးရှင်းတွေ နိင်ငံကို ချယ်လှယ်နေတယ် ဆိုတာ နားလည်လိုက်မိတယ် ။

သမ္မတကိုလည်း စီးပွါးရေးသမားငွေရှင်ကြေးရှင်းတွေ ချယ်လှယ်နေတာပဲ
ကျွန်တော်တို့ နိင်ငံနဲ့ယှဉ်ရင် ဒီအနောက် နိင်ငံတွေလည်း ဘာမှတော့ သိပ်မထူးပါဘူး
ငွေရှင်ကြေးရှင်းတွေနဲ့ အာဏာရှိသူတွေသာ ချယ်လှယ်နေကြတာပဲ ။

ဒီနိင်ငံမှာကတော့ အောက်ခြေလူတန်းစားတွေ အနည်းငယ် ပိုအခွင့်အရေး ရတာတခုပဲရှိမယ်
ကျန်တာတွေကတော့ ငွေရှင်ကြေးရှင်းဟိုလှည့် ဒီလှည့် ဟိုဘက်က ပတ်ရိုက်လိုက် ဒီဘက်က ပတ်ရိုက်လိုက် လုပ်နေတာပဲ
သိပ်မကွားဘူးလို့ မြင်မိတယ် ။
စီးပွါးရေးကောင်းတာ အလုပ်အကိုင်ရှိတာ လူအခွင့်အရေး အနည်းငယ်ပိုရတာ ဒီလောက်ပဲ ကွာပါတယ် ။

အစက ဟိုမှာတုန်းက အမေရိကန် ဆိုတာကို အထင်ကြီးခဲ့တယ်
း)
ကျနော် ဘယ်လိုတွေးမိလဲဆိုတော့
အင်း အမေရိကန် ဒီဗီ မဲပေါက်တယ်ဆိုတာ . . မင်းတို့လာခဲ့ ဂရင်းကတ်ယူဆိုပြီး လည်ပင်းမှာ SS နံပါတ် ( social security number = မြန်မာနိင်ငံမှာဆို အမျိုးသား မှတ်ပုံတင် နံပါတ်ပေါ့ဗျာ ) အဲဒီ နံပါတ်ရိုက်ပေးလိုက်ပီး တလ၀င်ငွေရဲ့ ဘယ်လောက် အခွန်ဆောင်စေလို့ အမိန်ချလိုက်သလိုပဲ ( လူပျိုလူလွတ်ဆို တလ၀င်ငွေရဲ့ ၃၃ % ၊ အိမ်ထောင်သည်ဆို တလ၀င်ငွေရဲ့ ၂၈ % ) ဒီတော့ လူတွေဟာ အခွန်ဆောင်ရင်း ၀င်ငွေနဲ့ ထွက်ငွေ လုံးလည်ချာလည်လိုက်ရင်း အပြုံးမျက်နှာနဲ့ စိတ်သောက ဖြစ်နေကြတာ ။ ပြီးပြန်တော့ ငွေရှင်ကြေးရှင်းတွေက ပိုက်ဆံ မရှိရင် မသုံးမှာစိုးလို့ ခရက်ဒစ် စနစ်ကို လုပ်ပေးလိုက်ခြင်းဟာလည်း လူတွေကို အကြွေးတွေနဲ့ လုံးလည်ချာလည် ဖြစ်အောင် လုပ်ထားလိုက်သလိုပါပဲ နောက်ဆုံး လူထူဆီက ၀င်ငွေတွေကို အဆီအနှစ်အဖြစ် သူတို့ အကျိုးအမြတ် အတွက် ရယူသွားကြတာပဲ . . ဒါနဲ့ပဲ လူတွေ ဘ၀ကို လုံးလည်ချာလည်လိုက်နေခဲ့ကြတာ
း)
ကြာတော့လည်း တရားရမိတယ် ကိုယ့်နိင်ငံကတောင် အများကြီးသာဦးမယ်လို့ တွေးမိတယ် ။

ငွေရှင်ကြေးရှင်တွေကတော့ အောက်ခြေလူတန်းစား လူတွေ သက်သာအောင်အတွက် သူတို့ကပဲ အရစ်ကျကားဝယ်စနစ် အိမ်ဝယ်စနစ်တွေ လုပ်ပေးသလိုလိုနဲ့ ကားပေးမန့် အိမ်ပေးမန့် တွေနဲ့ အရာရာကို ချုပ်ပစ်လိုက်တယ် ။ အမှန်က အိမ်ဝယ်တဲ့ ငွေတွေ ကားဝယ်တွေငွေတွေကို မူလတန်ကြေးအတိုင်း ယူတာမှ မဟုတ်ပဲ အဲဒီမူလတန်ကြေးပေါ်မှာ သူတို့ အတိုးယူခဲ့တာလေ . . .
အမှန်မှာတော့ ငွေချေး အတိုးချစားတာပါပဲ . . . လူကြားကောင်းအောင် အိပ်စတောမယ် အရစ်ကျ ငွေပေးစနစ်တဲ့ . . . လူတွေရဲ့ တလစာဝင်ငွေထဲက ပညာရှိနည်းနဲ့ ၀င်ငွေတွေ ခွဲယူလိုက်သလိုပဲ ။
ဒါ့တင်မဟုတ်သေးဘူး အောက်ခြေ ပြီးပြန်တော့ အထက်ပိုင်းမှာ လည်း ဒီလိုပါပဲ တက်လာမည့် စီနိတ်တာလောင်းတွေကို သူတို့အခွင့်အရေးရဖို့အတွက် မျှော်ကိုးပြီး စည်းရုံးရေး လုပ်ငန်းတွေအတွက် ငွေကြေးထောက်ပံ့ပေး လူတွေ ယုံကြည်အောင်တဖက်လှည့်နဲ့ လုပ်ပေးပြန်တယ် . . ဒီတော့ လူတွေယုံကြည်. . . မဲပေးကြ . . ဒီလိုနဲ့ အဲဒီ စီနိတ်တာလောင်း သမ္မတ ဖြစ်လာတဲ့အခါကျတော့ သူလို့ လိုချင်တဲ့ အခြေအနေ ရောက်တာနဲ့ သူတို့ ချယ်လှယ်ချင်သလို ချယ်လှယ်တော့တာပဲ ။ အဲဒီအချိန်ကျ သမ္မတ ဆိုတာလည်း သူတို့ကို မကျော်လွန်နိင်တော့ဘူး ။ သူတို့ ကြိုးဆွဲ ရုပ်ဖြစ်နေပြီပဲလေ ။

ကြာလေ ကြာလေ နားလည်လာလေလေပဲ ။
ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ . . .
ချပြထားတဲ့ နည်းလမ်းစနစ်ကတော့ ကောင်းပါရဲ့ ။

သူတို့က အဲဒီစနစ်ကို လက်တစ်လုံးခြား လုပ်နေကြတာပဲ
နောက်ဆုံး ဘယ်သူတွေထိမလဲ အောက်ခြေလူတန်းစားတွေပဲ ထိပါတယ်
ဒီနိင်ငံကလူတွေက မွေးလာကတည်းက ဒီဟာတွေနဲ့ ရိုးနေတော့ ဒါကို အပြစ်မမြင်တော့ဘူး ဒီတော့ သူတို့ အတွက် သိပ်မသိသာပေမဲ့ ကျနော်တို့က မြင်လေ ရင်မောလေပါပဲ ။

တခါတလေ လကုန်ကျရင် အိမ်ပေးချက် ကားပေးချက် ခရက်ဒစ်အကြွေး စသည်ဖြင့် ဘာပေးချက်အတွက်မှစိတ်ပူစရာမရှိတဲ့ ကိုယ့်နိင်ငံကိုတောင် ကိုယ်ပြန်လွမ်းသလိုပဲ ။
မရှိရင် မသုံဘူး ။ မ၀ယ်ဘူး ။ ရှိတာလေးနဲ့ ချွေတာစားရင် ၀မ်းဝ စိတ်ချမ်းသာပါနိင်ပါသေးတယ် ။ ဒီနိင်ငံကလူတွေလို ဇိမ်ခံ ပစ္စည်းမသုံးနိင်ပေမဲ့ ဖြစ်သလိုနေလို့ရပါသေးတယ် ။ ဘာ အကြွေးမှ မရှိတဲ့အတွက် စိတ်သောက အပူအပင် သက်သာနိင်ပါသေးတယ် ( ဗရမ်းဗတာ အချိန်အဆမရှိ သုံးနေတဲ့ သူတွေကို မဆိုလိုပါ ) ။
တခါတခါကျကိုယ်နိင်ငံလေးရဲ့ အားသာချက်လေးတွေကို သတိရမိပါရဲ့ဗျာ . . . လူငယ်တွေ အနောက်နိင်ငံကို အလုံးစုံ အထင်မကြီးကြစေချင်ဘူး . . . ကိုယ့်ဘ၀တိုးတက်ဖို့အတွက် သူများပြောသမျှ မယုံပဲ ကိုယ့်စဉ်းစားဥာဏ် ကိုယ့်မှန်ကန်တဲ့ ဆုံးဖြတ်ချက်လေးတွေနဲ့ လုပ်စေချင်တယ် . . . အနောက်နိင်ငံက နည်းပညာတွေကိုယူပြီး ကိုယ့်နိင်ငံအတွက်သော်လည်ကောင်း ကိုယ့်ဘ၀မြင့်မားနိင်ဖို့ အတွက်သော်လည်ကောင်း ကျိုးစားကြစေချင်ပါတယ် . . . . (ဗညား)

မှန်လိုက်လေ ကိုဗညာရေ။ ကျွန်တော်လည်းလောကကျေးကျွန်ဖြစ်လို့ ခြေချုပ်မိနေပြီ။ အိမ်ကြွေး ကားကြွေး ခရက်ဒစ်ကဒ်ကြွေး ဓာတ်ဆီဖိုး ကားinsurace ဘာမှ အလကားမရဘူး။ ရှင်းရှင်းပြောမယ်ဗျာ ရေတောင်အလကားမရဘူး။ တီဗွီ အင်တာနက် ဆဲလ်ဖုန်း ဘာမှ အလကားမရဘူး။ အကုန်လစဉ်ကြေးနဲ့ တီဗီပရိုဂရမ်ဆိုလည်း ပိုက်ဆံပေးရတယ်။ ရောက်စကတော့ ဟုတ်သလိုလိုနဲ့ ခုတော့ နက်နက်နဲနဲတွေးတော့မှ ကိုယ့်တိုင်းပြည်က ကောင်းကွက်လေးတွေကို သတိရနေမိတယ်။ ဘာလည်းဒီမိုကရေစီ ဘာလည်းဖရီးဒမ်း။ ဘာမှလွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့တိုင်းပြည်တွေ မဟုတ်ဘူး။ ပါမစ်မရှိရင် လမ်းဘေးမှာ သတင်းစာတောင် ရောင်းလို့ မရဘူး။ ဒီမှာလုပ်လို့မရတာ အကုန် ဗမာပြည်မှာ လုပ်လို့ရတယ်။ ဒီမှာ ကိုယ့်ခြံထဲမီးရှို့လို့မရ အိမ်အဖီချလို့မရ၊ ရေတွင်းအိမ်သာ ကိုယ်ခြံထဲဗျာ တူးမယ်ဗျာ၊ ရမလား။ ခြံစည်းရိုးတောင် ကိုယ်ကြိုက်သလို လွတ်လွတ်လပ်လပ်ကာခွင့်မရှိဘူး။ သတ်မှတ်ထားတဲ့အတိုင်းပဲ ကာလို့ရတယ်။ လမ်းဘေးမှာလည်း ဘီယာသောက်ခွင့် မရှိဘူး။ ငယ်ငယ်တုန်းကဆို အင်းလျားဘောင်မှာ တခါတလေ သောက်စားပြီး သီချင်းလေးဘာလေး အော်ဆိုတယ်။ ဒီမှာ အသံကျယ်ရင်တောင် ဘေးအိမ်ကတိုင်လို့ ရဲကလာတယ်ဗျာ။ ကြာလာတော့ ---ီး တောင် ကျယ်ကျယ် မ--ါက်ရဲတော့ဘူးဗျာ။ အကြောက်တရားတွေ ဒီမှာပိုကြီးနေတယ်။ (ကျော်ကြီး)

ဘုရင် ၊ ပဒေသရာဇ်စနစ်ရဲ့ အားနည်းချက်၊ ဆိုးဝါးချက်တွေ တခါမှ ဒီလောက်ထိ မလေ့လာမိ မတွေးမိခဲ့ဘူး မလေးရေ.. ဗဟုသုတအများကြီးရစေတဲ့ ပို့စ်လေးပါပဲ ။ ဘုရင်စနစ်ကြီးတော့ မကြိုက်ပေမဲ့ ၊ မရနိုင်တဲ့အရာတွေကိုမှ လိုချင်တောင့်တမိတတ်ကြတဲ့ လူ့ သဘာဝ ပေမို့  ၊ မရဖူးသေးတဲ့ ဒီမိုကရေစီအစစ်အမှန်ရဲ့ အရသာကိုတော့ ရချင်နေမိပါသေးတယ်။ (KIKI)

ကိုဗညားပြောသလိုပဲ လူငယ်တွေ နိုင်ငံခြားဆိုတာကို လိုတာထက် ပိုပြီး အထင်မကြီးစေချင်တာရယ်.. နိုင်ငံရေးကိစ္စပဲဖြစ်ဖြစ်၊ လူမျိုးရေးကိစ္စပဲဖြစ်ဖြစ်၊ ဘာသာရေးကိစ္စပဲဖြစ်ဖြစ်၊ လူတွေပြောတိုင်း လုံးဝဥဿုံမယုံကြဖို့ရယ်၊ ငယ်ရွယ်နုပျိုပြီး စိတ်ဓတ်တက်ကြွလို့ တိုင်းပြည်တွက်၊လူမျိုးတွက် အသက်ပေးဖို့ ၀န်မလေးတဲ့ လူငယ်လေးတွေကို လှည့်ဖျားလို့ ကြိုးကိုင်ချင်တဲ့ ၀ါဒတွေ၊ အဖွဲ့အစည်းတွေ၊ အတွေးအခေါ်တွေ အားလုံးကို ၂ခါ-၃ခါ-၄ခါ လေ့လာစမ်းစစ်ဖို့ရယ်ပါ…။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိတဲ့ မြန်မာပြည်ဖြစ်လာပါစေ.. (မလေး အိမ့်ချမ်းမြေ့)

တကယ်တော့ ဘယ်စနစ်မှ ပြည့်ပြည့်စုံစုံကောင်းလှတာ မဟုတ်ပါ။ စနစ်တိုင်းမှာ အားသာချက် အားနည်းချက်တွေ ရှိနေပါတယ်။ ကိုယ့်လူမျိုးရဲ့ စရိုက်နဲ့ စနစ်ရဲ့အားသာချက် ကိုက်ညီရင် အဲဒီတိုင်းပြည်အတွက် သင့်တော်တဲ့စနစ်ဖြစ်ပြီး လူမျိုးရဲ့စရိုက်နဲ့ မကိုက်ညီရင် ဘယ်စနစ်ပဲဖြစ်ဖြစ် လူထုကို စိတ်ချမ်းသာမှု ပေးမှာမဟုတ်ပါ။ ဘုရင်စနစ်မှာလည်း ကောင်းကွက်ရှိသလို ဆိုးကွက်လည်း ရှိနေတာ အသေအချာပါ။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်နဲ့ လူထုကို ဆိုးဆိုးဝါးဝါး ဒုက္ခမပေးသမျှ ရှိမြဲတိုင်းအတိုင်း ဆက်ထားလိုက်လို့ ဘာမှထိခိုက်မှာမဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ဘုရင်လူတန်းစားမှာ တိုင်းပြည်အုပ်ချုပ်ခွင့်အာဏာ တိတိကျကျမရှိတော့တာကြောင့် ပြောလောက်အောင် တန်ခိုးကြီးတော့တာမဟုတ်ပါ။ သူတို့အနေနဲ့လည်း ရှိနေတဲ့ရင်းစားလေး မပြုတ်အောင် တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းနေကြရတဲ့ သဘောမှာ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလူတန်းစားဟာ သာမန်လူတွေအတွက်တော့ စိတ်ကူးယဉ်ကြည့်ချင်စရာ ရုပ်ရှင်ဇာတ်ဆောင်တွေသာသာပါပဲ အစ်မရေ… (ဟန်ကြည်)

မလေးရေ… လေးလေးနက်နက်အတွေးရောက်စေတဲ့ ပို့စ်တစ်ပုဒ်ပါပဲ။ ဇွန်က မိုနာခီစနစ်ကို သဘောကျတဲ့အပိုင်းတွေရှိတယ်။ တိုင်းပြည်ရဲ့ State of Head တစ်ခုအနေနဲ့ ဘုရင်၊ ဘုရင်မ ရှိနေတာက တိုင်းပြည်ရဲ့အတွက် တင့်တယ်မှုတစ်ခုလို့ မြင်မိလို့ပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာတော့ ၀န်ကြီးချုပ်က အခရာပေါ့လေ။ ကွန်စတီကျူးရှင်းနယ်လ်မိုနာခီနဲ့ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေထဲက ယိုးဒယား၊ ဂျပန်၊ အင်္ဂလန်နိုင်ငံတို့က ဘုရင်၊ ဘုရင်မတွေကို တိုင်းသူပြည်သားတွေက အရမ်းချစ်ပြီး အရမ်းလေးစားကြတာကို သိသိသာသာ တွေ့မြင်ရတာ သိပ်သဘောကျမိပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဒီလို မင်းမျိုးမင်းနွယ်လူတန်းစားမျိုး ရှိသင့်တယ်လို့လည်း ထင်ပါတယ်။
ကိုဗညားရဲ့ ကော်မန့်ကိုလည်း သေသေချာချာ ဖတ်သွားပါတယ်။ ထောက်လည်း ထောက်ခံပါတယ်။ စင်္ကာပူလို နိုင်ငံပိစိလေးမှာတောင် လူရွယ်တွေဟာ ကျောင်းတက်၊ အလုပ်လုပ်၊ အိမ်ထောင်ပြု၊ အိမ်စ၀ယ်ပြီး မိသားစုနဲ့ အခြေချတာနဲ့ နှစ်ရှည်ကြွေးတွေ စဆပ်ရတော့တာပါပဲ။ ကျောင်းပြီးတော့ ကျောင်းတက်တုန်းက ကျောင်းလခအတွက် ယူထားတဲ့ Loan ကို ဆပ်၊ အိမ်ဝယ်၊ ကားဝယ်ပြီးတော့ အရစ်ကျဆပ်၊ ဒီကြားထဲ ပီအာရ်နဲ့ နိုင်ငံသားဆို လစဉ် လခထဲက CPF ၂၀ရာခိုင်နှုန်း ဖြတ်ခံရတာနဲ့… တစ်လတစ်လ ပေးစရာ၊ ကြွေးဆပ်စရာတွေနဲ့ လုံးလည်ချာလည် လိုက်နေတာပါပဲ။ အသက်ကြီးလာတော့ တစ်ခြားအနောက်နိုင်ငံတွေလို ဘ၀အာမခံချက်က မကောင်းပြန်တော့ ပိုဆိုးသေးတယ်။း(
ဘယ်စနစ်မျိုးမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေတာ နားလည်လက်ခံပေးရင်း… ဟင်း..ကနဲ သက်ပြင်းတစ်ချက်ချပြီး ပြန်သွားတယ် မလေးရေ။
ပျော်ရွှင်အနားရသော ရုံးပိတ်ရက်များ ဖြစ်ပါစေနော်။
ပီ.အက်စ်. မလေးရေ ဇွန်တော့ မနက်ဖြန် စာပေဟောပြောပွဲ သွားတက်လိုက်ဦးမယ်။း)  (ဇွန်မိုးစက်)

ဘုရင်စံနစ်ကို ဆန့်ကျင်တဲ့အထဲမှာ ခေတ်ဟောင်းရော၊ ခေတ်သစ်ရော အကုန်လုံးပါပါတယ်။ အခွင့်ထူးခံတွေ၊ မလိုအပ်ဘဲ ကုန်ဆုံးနေတဲ့ငွေကြေးတွေ တခြားသောအရာတွေ အများကြီးပါပဲ။ အခု အစ်မ တင်ပြထားတာတွေထဲမှာ ဘုရင်စံနစ်ကို လက်မခံနိုင်တဲ့အကြောင်းအရာအားလုံးကို သဘောတူပါတယ်။ အခုလိုစာမျိုး ဖတ်ခွင့်ရတာကို အရမ်းဝမ်းသာပါတယ်။ (နေမိုး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...