Tuesday, April 19, 2011

Mark zucker burg အကြောင်း တစ်စေ့တစ်စောင်း

မက်ခ်ဇက်ကာဘာ့ဂ်ျ

မက်ခ် အက်လိယတ် ဇက်ကာဘာ့ဂ်ျ ကို ၁၉၈၄ မေလ ၁၄ ရက်မှာ မွေးဖွားခဲ့သည်။ သူ့ကို ကွန်ပျူတာသိပ္ပံပညာရှင်၊ ဆော့ဖ်ဝဲရေးသားသူ၊ ပရဟိတ ဒါနရှင်၊ စွန့်ဦး စီးပွားရေးသမားတစ်ယောက် အဖြစ် သာမက သူဖန်တီးခဲ့သသော လူမှုရေးကွန်ယက်ဆိုဒ် Facebook ဖေ့စ်ဘွက်ခ်၏ ဥက္ကဋ္ဌ အဖြစ်နှင့် အမှုဆောင်အရာရှိ အဖြစ်ပါ လူသိများခဲ့ပါသည်။ Facebook ကို ၂၀၀၄ မှ...ာ ဇက်ခ်ကာဘာ့ဂ်ျ နှင့် အတန်းဖော် သူငယ်ချင်းများဖြစ်ကြသော Dustin Moskovitz ဒက်စတင် မော်စကိုဗစ်၊ Eduard0 Saverin အက်ဒွာဒို ဆေ့ဗရင်း၊ နှင့် Chris Hughes ခရစ် ဟယူးစ်တို့က Harvard ဟားဗက်စ် တက္ကသိုလ်တွင် တက်ရောက်နေစဉ် ပူးတွဲတည်ထောင်ခဲ့ပါသည်။ Facebook သည် လူမှုရေးကွန်ယက်ဆိုဒ် အဖြစ် တစ်ကမ္ဘာလုံးမှာ ရှိသော လူများကြားမှာ ရေပန်းစား နာမည်ကြီးခဲ့ပါသည်။ ၂၀၁၀ တွင် ဇက်ကာဘာ့ဂ်ျသည် တိုင်းမ်မဂ္ဂဇင်း၏ သြဇာအရှိဆုံးသောသူ အဖြစ် အရွေးခံခဲ့ရပြီး နှစ်ချုပ် မျက်နှာဖုံးရှင် အဖြစ်ဖော်ပြခံခဲ့ရသည်။ Forbes မဂ္ဂဇင်းမှာ ဇက်ခ်ကာဘာ့ဂ်ျသည် ၃၂၁ ယောက်မြောက် အမေရိကန်တွင် အချမ်းသာဆုံးသောလူတစ်ယောက်အဖြစ် ပါဝင်လာပြီး သူ့ပိုင်ဆိုင်မှုမှာ ဒေါ်လာ သန်းပေါင်း တစ်ထောင့်ငါးရာကျော် ရှိခဲ့သည်။ ၂၄ ရက် အောက်တိုဘာ ၂၀၀၇ မှာ Facebook က အစုရှယ်ယာ ၁.၆ ရာခိုင်နှုန်းကို Microsoft မိုက်ခ်ခရိုဆော့ဖ်အား အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၄၀ ဖြင့် ရောင်းချခဲ့ပြီး Microsoft က Google နှင့် အပြိုင်ဝယ်ခဲ့ရပါသည်။ နောက်ပိုင်းမှာ Facebook ဈေးကွက်တန်ဖိုးသည် ဒေါ်လာ တစ်ဆယ့်ငါး ဘီလီယံ ကျော်သွားပါပြီ။

ဇက်ခ်ကာဘာ့ဂ်ျ၏ လူမှုဘဝ
စိတ္တဗေဒပညာရှင် မိခင် ခယ်ရင် (Karen) နှင့် သွားဆရာဝန် အက်ဒွပ် (Edward) တို့က ဇက်ကာဘာ့ဂ်ျကို (New York) နယူးယောက်ပြည်နယ် (White Plain) ၀ှိုက်ပလိန်း(န်)မြို့တွင် မွေးဖွားခဲ့သည်။ ဇက်ခ်ကာဘာ့ဂ်ျ် သည် အစ်မ (Randi) ရန်ဒီ၊ ညီမ (Danna) ဒေါ်နာ၊ (Arielle) အယ်ရီလီ တို့နှင့် အတူ (Dobbs Ferry) ဒေါ့ဘ်စ် ဖယ်ရီမြို့ တွင်ကြီးပြင်းခဲပါသည်။ ဂျူးလူမျိုး မိဘများက သူ့အား ဂျူးလူမျိုးတို့၏ ရိုးရာဓလေ့အရ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ဇက်ခ်ကာဘာ့ဂ်ျ်က သူသည် ယုံကြည်ကိုးကွယ်မှုမရှိသူဟု ဆိုသည်။ ဇက်ခ်ကာဘာ့ဂ်ျသည် အလယ်တန်းကျောင်းသား အရွယ်မှ စတင်ကာ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲခြင်းများနှင့် အထူးသဖြင့် ဂိမ်းဆော့ကစားခြင်းတို့မှာ ပျော်ရွှင်လေ့ရှိသည်။ သူသည် အထက်တန်းကျောင်းသားဘ၀ နှစ်စမှာပင် သိပ္ပံဘာသာရပ်များဖြစ်သော သချာင်္၊ နက္ခတ်ဗေဒပညာ နှင့် ရူပဗေဒဘာသာရပ်များတွင် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကာ အင်္ဂလိပ်၊ ပြင်သစ်၊ ဟီဘရူး၊ လက်တင် နှင့် ရှေးဂရိဘာသာစကားများ တတ်မြောက်ခဲ့ကာ ရှေးဟောင်းမော်ကွန်းတင် ကဗျာလင်္ကာများကို ကောက်နှုတ်ကိုးကား ရွတ်ဆိုနိုင်သောကြောင့် နာမည်ကျော်ခဲ့သည်။ သူသည် အထက်တန်းကျောင်းတတ်နေချိန်မှာပင် သူ့အဖေရုံးမှာ အလုပ်သမားများ အချင်းချင်း အပြန်လှန် ဆက်သွယ်နိုင်ရန် `ZuckNet´ `ဇက်ခ်ကွန်ယက်´ ဟုခေါ်သော ကွန်ပျူတာ ပရိုဂရမ်၊ ကွန်ပျူတာဂိမ်းများ၊ PC ပီစီမဂ္ဂဇင်းကြီးမှာ အဆင့်ငါးမှသုံးအထိ သတ်မှတ်ခံခဲ့ရသည့် အသုံးပြုသူများ ၀ါသနာပါသော သီချင်းကို ရွေးချယ်ပေးနိုင်သော တေးဂီတပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များကို ရေးသားပေးခဲ့ပါသည်။ ၄င်းကို Microsoft နှင့် AOL တို့က ဝယ်ယူဖို့ ကြိုးစားခဲ့သေးသော်လည်း ဇက်ခ်ကာဘာ့ဂ်ျက အင်တာနက်ပေါ်မှာ အခမဲ့လွှင်တင်ပေးလိုက်သည်။ ထိုတီထွင်မှုသည် နောက်တစ်နှစ်အကြာမှာ ထွက်ပေါ်လာသော AOL ၏ ချက်ချင်းသတင်းပေးပို့နိုင်သော စနစ်၏ မူလဘူတ ဖြစ်လာပါတောသည်။ ကုမ္မဏီများက ဇက်ခ်ကာဘာ့ဂ်ျကို ၄င်းတို့ကုမ္မဏီတွင် ပါဝင်လာအောင် ကြိုးစားခဲ့ကြသော်လည်း ဇက်ခ်ကာဘာ့ဂ်ျ ကတော့ Harvard ဟားဗက်တက္ကသိုလ်ကိုသာ ဆက်လက်တက်ရောက်ခဲ့ပါသည်။
၂၀၁၀ ရောက်သောအခါ Facebook ကို နိုင်ငံအချို့ တားဆီးခဲ့ကြသည်။ ဇက်ခ်ကာဘာ့ဂ်ျက သူ၏ Facebook စာမျက်နှာတွင် သူစိတ်ဝင်စားသောအရာများမှာ `ပွင့်လင်းမှုရှိခြင်း၊ လူများတစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ရေးကို ကူညီပေးပြီး လူအများအတွက် အရေးကြီးသော သတင်းအချက်အလက်များအား မျှဝေပေးခြင်း၊ တော်လှန်ရေး၊ သတင်းအချက်အလက် စီးဆင်းမှု နှင့် ရိုးရှင်းမှု´ တို့ဖြစ်ကြောင်း ကိုယ်တိုင်ရေးတင်ထားသည်။
 
ဟားဗက်တက္ကသိုလ်တက်ရောက်ခဲ့စဉ်
ဟားဗက်မတက်ခင်ကတည်းကပင် သူသည် `ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲသူ ပါရမီရှင်´ အဖြစ် နာမည်ကြီးနေသူ ဖြစ်နေသည်။ ဒုတိယနှစ်ရောက်သောအခါ `Facemash´ ဖေ့စ်မတ်(ခ်ျ) ခေါ် ကျောင်းသူကျောင်းသားများက သူတို့စိတ်ကြိုက်လူများကို ဓတ်ပုံများမှ ရွေးချယ်ပေးနိုင်သော ပရိုဂရမ်တစ်ခုကို ဖန်တီးလိုက်သည်။ အခန်းဖော်သူငယ်ချင်း ‘Arie Hasit’ `အယ်ရီ ဟေးဆစ်´ ကမှု `သူက ဒီဆိုဒ်ကို အပျော်သဘော ဖန်တီးလိုက်တာပါ´ ဟု ဆိုသည်။ ပထမ သူက `Facemash´ မှာ ယောင်္ကျားပုံ သို့မဟုတ် မိန်းမပုံ နှစ်ပုံစီ စီထားပြီး ဘယ်သူက စွဲဆောင်နိုင်စွမ်း ပိုရှိသလဲ ဆိုသည်ကို သူ့ဆိုဒ်ကို ၀င်ရောက်လာသူတွေက ရွေးချယ်ပေးရပြီး မဲဆန္နအရ အဆင့်တွေ လိုက်စီပေးလိုက်သည်။
ထိုဆိုဒ်က ချက်ချင်းဆိုသလို ပေါက်မြောက်သွားပြီး ကောလိပ်က ယင်းဝက်ဆိုဒ်ကို ပိတ်ပစ်လိုက်ရလောက်အောင်ကို ဖြစ်သွားခဲ့သည်။ ထပ်လောင်း၍ပြောရလျှင် ကျောင်းသားတွေက သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဓတ်ပုံများသုံးခဲ့သည်ကို ပြစ်တင်ခဲ့ကြသည်။ ယင်းကိစ္စကို ဇက်ခ်ကာဘာ့ဂ်ျက လူအများရှေ့မှာ ပြန်လည်ဝန်ချတောင်းပန်ခဲ့သည်။ တကယ်တော့ ဇက်ခ်ကာဘာ့ဂ်ျ၏ ပျော်စရာဆိုဒ် ပေါ်ထွက်မလာခင်က ကျောင်းသူကျောင်းသားအများစုက ကောလိပ်တွင် ထိုကဲ့သို့ ဓတ်ပုံများနှင့် ဆက်သွယ်ရေးအချက်အလက်များ ပါဝင်သော ဆိုဒ်တစ်ခုထောင်ရန် တောင်းဆိုလျက်ရှိကြသည်။ `ဇက်ခ်ကာဘာ့ဂ်ျက ဒီလိုတောင်းဆိုတာတွေကြားတော့ တက္ကသိုလ်က မလုပ်ပေးရင် သူလုပ်ပေးမယ်ဆိုပြီး တက္ကသိုလ်က စီမံကိန်းဆွဲထားတာထက် ပိုကောင်းတဲ့ဆိုဒ်တစ်ခုကို တည်ထောင်ပေခဲ့တာပါပဲ´ ဟာဆစ်က ကိုးကားပြောဆိုခဲ့သည်။

Facebook တည်ထောင်ခြင်း နှင့် ရည်ရွယ်ချက်
ကျောင်းမှာ ကျောင်းသားကျောင်းသူတိုင်း၏ ဓတ်ပုံ နှင့် နာမည်များတွဲထားသော Face book ဆိုသော စာအုပ်ရှိသည်။ ၄င်းကို အခြေခံ၍ ဇက်ခ်ကာဘာ့ဂ်ျ သည် Facebook ဆိုသော ၀က်ဆိုဒ် ကို သူ့အိပ်ခန်းဆောင်မှ ၄ရက်၊ ဖေဖော်ဝါရီ၊ ၂၀၀၄ မှာ စတင် လွှင့်တင်ခဲ့သည်။ ထိုစိတ်ကူးက အထက်တန်းကျောင်းသားဘ၀ကတည်းက သူ့စိတ်ကူးဖြစ်သည်။ ကျောင်းသားများက သူတို့၏ ဓတ်ပုံ နှင့် လိပ်စာအညွှန်းများကို အဲဒီမှာ လွှင့်တင်ကြတော့သည်။ ကျောင်းသက်တမ်းနှစ်များ၊ နီးစပ်များသူငယ်ချင်းများ နှင့် ဖုန်းနံပါတ်များကဲ့သို့ အညွှန်းစာရင်းများသည် ပုဂ္ဂလိကကျောင်းများအတွက် အလွန်အရေးပါအရာရောက်ခဲ့သည်။ သူစတင်ခဲ့စဉ်က "Harvard-Thing" ဆိုပြီး Harvard ဟားဗက်စ်ကျောင်းအတွက်သာ စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ့ အခန်းဖော် Moskovitz အကူအညီဖြင့် Standford, Dartmouth, Columbia, Cornell နှင့် Yale စသည့်ကျောင်းများအပြင် အခြား ကျောင်းများစွာသို့ လူမှုဆက်သွယ်ရေးကွန်ယက် ဖြန့်ခဲသည်။ နွေရာသီရောက်သောအခါ ဇက်ခ်ကာဘာ့ဂ်ျ နှင့် Moskovitz တို့လွှင့်တင်ခဲသော Facebook ကို ကျောင်း ၄၅ ကျောင်း နှင့် သိန်းချီသော လူထုက အသုံးပြုနေကြပါပြီ။
ဇက်ခ်ကာဘာ့ဂ်ျ သည် ပါလိုအော်လ်တို၊ ကယ်လီဖိုးနီးယားသို့ သူငယ်ချင်းများနှင့်အတူ ပြောင်းရွှေ့ခဲ့ပါသည်။ ထိုအချိန်မှ စတင်ကာ သူသည် ကောလိပ်သို့ ကျောင်းသားအနေဖြင့် မပြန်ဖြစ်တော့ပါ။ သူတို့ အိမ်သေးသေးလေးကို ပထမဆုံးရုံးခန်းအဖြစ် ငှားခဲ့ကြသည်။ နွေရာသီအကုန် မှာ ဇက်ခ်ကာဘာ့ဂ်ျ က သူတို့ကုမ္မဏီတွင် ရင်းနှီးမြှပ်နှံမည့် Peter Thiel နှင့် တွေ့ဆုံခဲ့သည်။ ဒီအတောအတွင်းမှာ Facebook ကို ၀ယ်ယူကြမည့် ကမ်းလှမ်းချက်များကို သူတို့က ပယ်ချခဲ့သည်။ ဒါနဲ့ ပတ်သတ်လို့ အင်တာဗျူးတစ်ခုမှာ ဇက်ခ်ကာဘာ့ဂ်ျ အကြောင်းပြချက်ကတော့ `ဒါက ငွေရေးကြေးရေးကြောင်တော့ မဟုတ်ပါဘူး၊ ကျွန်တော် နဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေအတွက် အရေးအကြီးဆုံးက လူတွေအတွက် ပွင့်လင်းတဲ့ သတင်းအချက်အလက်တွေ စီးဆင်းသွားနိုင်ဖို့ပါပဲ။ မီဒီယာ တစ်ခုကို အများနဲ့ ပူပေါင်းပိုင်ဆိုင်ထားဖို့ဆိုတာ ကျွန်တော့်အတွက်တော့ သိပ်ကို စွဲဆောင်နိုင်တဲ့ အယူအဆတစ်ခု မဟုတ်လို့ပါပဲ´
ဒီရည်ရွယ်ချက်ကို ၂၀၁၀ မှာ Wired ၀ိုင်ယာဒ် မဂ္ဂဇင်းကြီးတွင်လည်း `ကျွန်တော် အတွက် အရေးကြီးတာကတော့ ကမ္ဘာကြီးကို ပွင့်ပွင့်လင်းလင်း ဖြစ်သွားစေဖို့ဆိုတဲ့ ရည်မှန်းချက်ပါပဲ´ ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၀၉ ဧပရယ်လ အစောပိုင်းလောက်က ဇက်ခ်ကာဘာ့ဂ်ျက Facebook ၏ ဘဏ္ဍာရေး မဟာဗျူဟာများ နှင့် ပတ်သတ်၍ ယခင် Netscape CFO Peter Currie ဆီက အကြံဉာဏ်ယူခဲ့သည်။
ဂျူလိုင် ၂၁၊ ၂၀၁၀ ရောက်တော့ ဇက်ခ်ကာဘာ့ဂ်ျက Facebook ကို အသုံးပြုသူပေါင်း သန်း ၅၀၀ ကျော်သွားပြီဆိုသော အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ ကြီးမားလာတဲ့ရလဒ်ကြောင့် Facebook က ကြော်ငြာမှ ပိုက်ဆံ ပိုရှာလာနိုင်တော့မှာ နှင့် စပ်လျဉ်း၍ `ကျွန်တော်တို ပိုလုပ်နိုင်မယ်လို့လည်း ထင်ပါတယ်… တစ်ခြားဆိုဒ်တွေရဲ့ ပျမ်းမျှ ကြော်ငြာတင်နှုန်းနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ကျွန်တော်တို့က ကြော်ငြာအတွက် ကျွန်တော်တို့ စာမျက်နှာမှာ နေရာပေးထားတာ ၁၀ ရာခိုင်နှုန်းတောင်မှ မပြည့်ပါဘူး။ ပုံမှန်ဆိုရင်တောင် ကြော်ငြာကို နေရာ ၂၀ ရာခိုင်နှုန်းတောင်မှ ယူတတ်ကြတာလေ။ ကျွန်တော်တို့ကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ပိုက်ဆံတွေ အလုံအလောက် ရှိနေပြီပဲ။ ဒီတော့ ကြော်ငြာကိစ္စကို ကျွန်တော်တို့ သတ်မှတ်ထားတဲ့ နှုန်းလောက်နဲ့ပဲ လုပ်ဖြစ်သွားမှာပါ´ ဟု ရှင်းပြသည်။
၂၀၁၀ မှာ `ကွန်ပျူတာ တော်လှန်ရေး၏ သူရဲကောင်း ဟက်ကာများ´ စာအုပ်ရေးသားခဲသူ Stephen Levy က ဇက်ခ်ကာဘာ့ဂ်ျက `သူ့ကိုယ်သူ ဟက်ကာ တစ်ယောက်လို သဘောထားတယ်´ ဟု ရေးသားခဲ့သည်။ ဇက်ခ်ကာဘာ့ဂ်ျက `ပိုကောင်းတာတွေလုပ်နိုင်ဖို့ အတွက်ဆိုရင် ဒီစနစ်တွေကို ချိုးဖောက်ပစ်လိုက်တာ ကောင်းပါတယ်´ ဟု ဆိုသည်။ Facebook မှာ ဇက်ခ်ကာဘာ့ဂ်ျက ဂီတ၊ အစားအသောက်၊ ဘီယာတို့ ပံ့ပိုးပေးထားပြီး သူကိုယ်တိုင်ပါဝင်သော ဟက်ကာပြိုင်ပွဲ ကို ကျင်းပပေးလေ့ရှိပါသည်။ Vanity Fair မဂ္ဂဇင်းကြီးကလည်း ဇက်ခ်ကာဘာ့ဂ်ျ ကို `သတင်းအချက်အလက်နည်းပညာခေတ်တွင် သြဇာအကြီးဆုံး ပုဂ္ဂိုလ်´ ထိပ်တန်းလူစာရင်း ၁၀၀ တွင် နံပါတ် ၁ နေရာ ရွေးချယ်ခဲ့သည်။

Platform and Beacon
၂၄၊ မေ၊ ၂၀၀၇ တွင် ဇက်ခ်ကာဘာ့ဂ်ျ သည် Facebook အသုံးပြုသူ ပရိုဂရမ်မာများ အတွက် လူမှုရေးအတွက် အသုံးပြုနိုင်သော Facebook Platform ဖေ့စ်ဘွတ်(ခ်) ပလက်ဖောင်း ကို ကြေငြာခဲ့ပါတယ်။ ရက်သတ္တပတ်အနည်းငယ် အတွင်းမှာ အသုံးပြုနိုင်သည့် အစီအစဉ်များ မြောက်မြားစွာ ဆွဲခဲ့ကြပြီး အသုံးပြုသူ သန်းပေါင်းများစွာ ရှိခဲ့သည်။ နောက်ပိုင်း Facebook Platform ပေါ်မှာ အသုံးပြုနိုင်သော အစီအစဉ်ဆွဲနိုင်သည့် ဆော့ဝဲဒ်ရေးသားကြသူပေါင်း ၈၀၀,၀၀၀ ကျော်တိုးလာခဲ့သည်။ ၂၃၊ ဂျူလိုင်အရောက်တွင် ဇက်ခ်ကာဘာ့ဂ်ျ သည် Facebook အသုံးပြုသူများ အတွက် Facebook Connect ခေါ် အခြား ၀က်ဆိုဒ်များမှ လူမှုရေး ပရိုဂရမ်မျာဖန်တီးနိုင်သော Facebook Platform ပုံစံသစ်တစ်မျိုးကို ကို မိတ်ဆက်ပေးခဲ့ပြန်ပါသည်။
၆၊ နိုဝင်ဘာ၊ ၂၀၀၇ တွင် ဇက်ခ်ကာဘာ့ဂ်ျ သည် Beacon ဘီကန်(န်)ဟုခေါ်သော လူမှုကြော်ငြာရေး စနစ်သစ်တစ်မျိုး ကို ကြေငြာလိုက်ပြန်သည်။ Beacon က Facebook မိတ်ဆွေအချင်းချင်း အခြား ဆိုဒ်ကောင်းကောင်းလေးတွေ လိုက်မြည်းကြည့်ပြီး သတင်း ပြန်လည်ဝေမျှနိုင်ခွင့်ရရှိစေခဲ့သည်။ ဥပမာ အင်တာနက်ပေါ်တွင် အရောင်းအ၀ယ်လုပ်သူများအနေဖြင့် သူတို့ ဘာတွေရောင်းဝယ်နေသလဲဆိုတာနှင့် သူတို့တွေဆီမှာ ဘာတွေ ရောင်းဝယ်ဖို့ ရှိနေသလဲဆိုတာကို Facebook မှတဆင့် မိတ်ဆွေများကို အလိုအလျောက် သိနိုင်စေခြင်း ဖြစ်သည်။ တစ်သီးပုဂ္ဂလသုံးသူများ နှင့် အဖွဲ့အစည်းများကြားမှ ကိုယ်ရေးကိုယ်တာ စိုးရိမ်မှုများ နှင့် ဆက်နွယ်လာသောကြောင့် ထို ပရိုဂရမ်ကို အသေးစိတ်စိစစ်မှုများ လုပ်ခဲ့ရသည်။ ၅ရက်၊ ဒီဇင်ဘာ၊ ၂၀၀၇ တွင် ဇက်ခ်ကာဘာ့ဂ်ျ က အသုံးပြုသူများအတွက် ပူပန်မှုများကို တာဝန်ယူကြောင်း Facebook တွင် blog post ဘလော့ ပို့စ် တစ်ခုရေးပြီး Beacon ၀န်ဆောင်မှုကို မယူပဲ အလွယ်တကူ ပြန်ဖယ်ထုတ်နိုင်ခဲ့သည်။

ဥပဒေရေးရာ အငြင်းပွားမှုများ
ConnectU က တရားစွဲခြင်း
ဇက်ခ်ကာဘာ့ဂ်ျ့ အတန်းဖော်များ ဖြစ်ကြသော Divya Narendra, Cameron Winklevoss, နှင့် Tyler Winklevoss တို့က ဇက်ခ်ကာဘာ့ဂ်ျ့က သူတို့ ConnectU ကွန်နက်ယူ စိတ်ကူးကို ခိုးယူခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ ၂၀၀၄ ခုနှစ်မှာ တရားစွဲဆိုခံရသော်လည်း facebook နဲ့ မဆိုင်ဘူးဟု တရားသူကြီးများက ဆုံးဖြတ်ခဲ့ကြ၍ ၂၀၀၇ မတ်လ ၂၈ ရက်မှာ အမှုကို ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း ဂျူလိုင် ၂၅ ရက်နေ့ ၂၀၀၇ မှာတော့ တိုင်းအဆင့် တရားရုံးမှ တဆင့် နောင်တစ်ကြိမ် ခေါ်ယူစစ်ဆေးခဲသည်။ ဇွန်လ ၂၅ ရက်နေ့ ၂၀၀၈ ခုနှစ်မှာတော့ Facebook ရဲ့ ဘုံရှယ်ယာ ၁,၂၀၀,၀၀၀ နှင့် ငွေသားသက်သက် အမေရိကန်ဒေါ်လာ ၂၀,၀၀၀,၀၀၀ ပေးဖို့ သဘောတူလိုက်သည်။
ပါကစ္စတန် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း
ဂျွန်လ ၂၀၁၀ မှာ အစ္စလာမ်ပြည်ထောင်စုသမ္မတပါကစ္စတန်နိုင်ငံက Facebook ပေါ်မှာ `တမန်တော်မိုဟာမက် ပုံတူရေးဆွဲပြိုင်ပွဲ´ တင်ထားခဲ့ခြင်းကြောင့် တရားစွဲဆိုခြင်း ခံခဲ့ရပြီး နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ရဲတပ်ဖွဲ့ကို ဇက်ခ်ကာဘာ့ဂ်ျ နှင့် အပေါင်းအပါများအား ဖမ်းဆီးဖို့ ခိုင်းစေခဲ့သည်။ မေလ ၁၉ရက်နေ့ ၂၀၁၀ မှ `ပြိုင်ပွဲ´ ကှို ဖယ်ရှားပေးခဲ့ရသည့် အချိန်တိုင်အောင် Facebook သည် ပါကစ္စတန်မှ ယာယီပိတ်ဆို့ခံခဲရသည်။ ကုလသမဂ္ဂကိုယ်စားလှယ်များအား အဆိုပါကိစ္စကို ကုလသမဂ္ဂအထွေထွေအစည်းအဝေးထိတိုင် တင်ရန် တောင်းဆိုခဲ့သည်။

မီဒီယာပေါ်က ပုံရိပ်
လူမှုရေးကွန်ယက် အတ္ထုပ္ပတ္တိရုပ်ရှင်
The Social Network (Facebook နှင့် Markzuckerburg မက်ခ်ဇက်ကာဘာ့ဂ်ျအကြောင်း ဆိုနီကုမ္မဏီက ရိုက်ကူးထားသော) ရုပ်ရှင်ဇတ်ကားကြီးသည် လော့စ်အိန်ဂျလိစ် တွင် ကျင်းပသော ရွေကမ္ဘာလုံး(ရုပ်ရှင်) ဆုပေးပွဲကြီးတွင် အကောင်းဆုံး ဒရမာ ရုပ်ရှင်ဆုကြီးများ ဖြစ်သော အကောင်းဆုံး ဒါရိုက်တာဆုကြီး၊ အကောင်းဆုံးဇတ်ညွှန်းဆုကြီး နှင့် အကောင်းဆုံးဓတ်ပုံဆုကြီး အပါအ၀င် အမှတ်အကောင်းဆုံးဆုကြီးများကို အားလုံးခန့်မှန်းထားသည့်အတိုင်း ဆုအများဆုံး ဆွတ်ခူးသွားနိုင်ခဲ့သည်။ တီဗွီရှိုး The West Wing ဖန်တီးသူ စာရေးဆရာ Aaron Sorkin က သူ့စာအုပ် `တိုက်တိုက်ဆိုင်ဆိုင် ဘီလျံနာ ဖြစ်သွားကြသူများ´ ကို အခြေပြု ရိုက်ကူထားတဲ့ `လူမှုရေးကွန်ယက်´ ရုပ်ရှင်ဖြင့် ရွှေကမ္ဘာလုံးအကောင်းဆုံးဇတ်ညွှန်းဆု ချီးမြင့်ခံရချိန်မှာ သူက Facebook တည်ထောင်သူ မက်ခ်ဇတ်ကာဘာ့ဂ်ျ ဟာ `ကြီးမြတ်သော စွန့်ဦးတီထွင်သူအဖြစ်နှင့် ကြီးမြတ်သော စိတ်ကူးစိတ်သန်းကောင်းသူ အဖြစ်သာမက အံ့ချီးဖွယ်ရာ ပရဟိတဒါနရှင်´ ဟု ဆိုသည်။ ဒါရိုက်တာ David Fincher က အဆိုပါ"The Social Network" ဇတ်ညွှန်း သူ့လက်ထဲရောက်လာချိန်မှာ သူအံ့အားသင့်သွားကြောင်း ပြောသည်။ Trent Reznor နှင့် Atticus Ross တို့ကလည်း "The Social Network" ကြောင့် အမှတ်အများဆုံး တေးဂီတဆုကြီးများ ဆွတ်ယူနိုင်ခဲ့ကြတော့သည်။ ပရိုဂျူစာ `Rudin´ က `Facebook မှာ ရှိတဲ့သူတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဇက်ခ်ကာဘာ့ဂ်ျ (Facebook တည်ထောင်သူ) ကို သူ့ဘ၀အကြောင်း (ရုပ်ရှင်မှာ) အသုံးပြုခွင့်တဲ့ သူ့စိတ်ထားအတွက်ပေါ့´ ဟု အထူးကျေးဇူးစကား ဆိုသွားသည်။
၂၀၁၁ ဖေဖော်ဝါရီ တွင်လည်း Oscar အော်စကာဆု ချီးမြင့်ပွဲကြီးတွင် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကြီး ပိုင်ဆိုင်ခဲ့ပြီးလည်း ဖြစ်လေသည်။ ရွှေကမ္ဘာလုံးဆု နှင့် Oscar အော်စကာဆု ဆွတ်ခူးခဲ့သော ကား ၅၀ % ကျော်က ပြန်လည်ရရှိလေ့ရှိသောကြောင့် နောင်လာမယ့် ဆုများအတွက် အလားအလာကောင်းလည်းဖြစ်နိုင်သည်။ သမိုင်းသာ တစ်ပတ်လည်ဦးမည်ဆိုလျှင်ပေါ့။
ဇက်ခ်ကာဘာ့ဂ်ျကို ထိုကိစ္စ ပြောပြတော့ `ကျွန်တော် မသေခင် ကျွန်တော့်အကြောင်း ရုပ်ရှင်လိုက်ရိုက်တာတော့ ကျွန်တော် မကြိုက်ဘူးဗျာ´ ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထိုရုပ်ရှင်ထဲမှ ဇတ်ညွှန်းများ အင်တာနက်ပေါ် ရောက်လာခဲ့သေည်လည်း ဇက်ခ်ကာဘာ့ဂ်ျ၏ ကောင်းမွန်သော လူတစ်ယောက်ဘ၀ကို မထင်ဟပ်နိုင်ခဲ့ပါ။ လူမှုရေးကွန်ယက်ခေါ် ရုပ်ရှင်က `တိုက်တိုက်ဆိုင်ဆိုင် ဘီလျံနာဖြစ်သွားကြသူများ´ စာအုပ်ကို ပြန်လည် ရိုက်ကူးထားခြင်း ဖြစ်သည်။ ထိုဇတ်လမ်းအရ ဇက်ခ်ကာဘာ့ဂ်ျက လူ့မလိုင်လွှာကလပ်ကို ၀င်ခွင့်မရသောကြောင့် ၀င်ခွင့်ရရန် နာမည်ကြီးဖို့ Facebook ကို ထောင်ခဲ့သည်။ သို့လင့်ကစား ဇက်ခ်ကာဘာ့ဂ်ျက The New Yorker မဂ္ဂဇင်းကြီးကို ထိုကဲ့သို့သော ကလပ်မျိုးကို ၀င်ဖို့ သူ လုံးဝစိတ်မ၀င်စားပါ ဟု ပြောခဲ့သည်။

ပရဟိတ ဒါနပြုခြင်း
ဇက်ခ်ကာဘာ့ဂ်ျက လူမှုကွန်ယက် ၀န်ဆောင်မှုများ ဖြန့်ဝေပေးနိုင်သော သတင်းအရင်းအမြစ်များ ဖွင့်ထုတ်ပေးနေသည့် တစ်သီးပုဂ္ဂလ ၀က်ဆိုဒ်များကို ငွေကြေး အကန့်အသတ်မရှိ လှူဒါန်းခဲ့လေသည်။ သူက ပညာရေး အခြေခံအဆောက်အအုံများ တည်ထောင်ပေးခဲ့ပြီး စက်တင်ဘာလ ၂၂ရက် ၂၀၁၀ တွင် Newark အစိုးရကျောင်းသို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှုဒါန်းခဲ့သည်။ ဇက်ခ်ကာဘာ့ဂ်ျက သူ့မှာ ပေးလှူချင်သည့် စိတ်စွဲနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် အစိုးရမှ သူ့ကို အမည်မဖော်ဘဲ လှုဒါန်းခြင်းများ မလုပ်ရန်အတွက် ပြောဆိုခဲ့လေသည်။

မက်ဇက်ကာဘက်၏ကိုယ်ရေးအကျဉ်
မက်အိလိရော့ဇက်ကာဘက်
မွေးသက္ကရာဇ် - မေ၊ ၁၄၊ ၁၉၈၆
နေရပ် - ပါလိုအော်လ်တို၊ ကယ်လီဖိုးနီးယား
နိုင်ငံသား - အမေရိကန်
တတ်ရောက်ခဲ့သည့်ကျောင်း - ဟားဗက်တက္ကသိုလ်
အလုပ်အကိုင် - Facebook ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်
(၂၀၁၀ တွင် ရှယ်ယာပိုင်ဆိုင်မှု ၂၄% ရှိ)
နာမည်ကြီးရခြင်းအကြောင်းရင်း - Facebookကို သူငယ်ချင်းများနှင့်အတူတည်ထောင်လျက်
ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာ (သန်းကြွယ်သူဌေး) ဖြစ်လာ
မွေးရပ် - ဒေါ့ဖယ်ရီ၊ နယူးယောက်
အသားတင်အမြတ် - ၂၀၁၀ တွင် အမေရိကန်ဒေါ်လာ သန်း ၆၉၀၀
မွေးချင်း - [ညီမများ] (Randi) ရန်ဒီ၊ (Danna) ဒေါ်နာ၊ (Arielle) အယ်ရီလီ
ရရှိခဲ့သည့်ဆု - ၂၀၁၀ ခုနှစ် တိုင်းမ် မဂ္ဂဇင်း သြဇာအကြီးမားဆုံးသောသူ

သက်ဆိုင်ရာဘာသာရပ် - ကွန်ပျူတာသိပ္ပံ
ဝက်ဆိုဒ် - https://facebook.com/

  1 comment:

  1. အကိုရေ မသိသေးတဲ့ ဗဟုသုတလေးတွေအတွက်ေ ကျးဇူးပါအကို
    ..ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...