Friday, April 8, 2011

ကျွန်တံဆိပ်၊ ကျွန်နံပါတ်ပါ အင်္ကျီဝတ်ပြီးမှ သွားလာနေရခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းဖြစ်







Monday, 10 January 2011 00:00
0110aထိုင်းနိုင်ငံတောင်ပိုင်း၊ ကူရပူရီမြို့နယ်ရှိ၊ ဖယ်ပလာနယ်မြေ ရဲတပ်ဖွဲ့ဝင်များက မြန်မာအလုပ်သမားများ အပြင်သွားလျှင် အနီရောင် ဝေ့စကုတ် (ထိုင်းနိုင်ငံတွင် အငှားဆိုင်ကယ် သမားများ ၀တ်သည့်အင်္ကျီ) ၀တ်ဆင်ပြီးမှ သွားလာကြရန် အကြပ်ကိုင် ပြောဆိုနေခြင်းမှာ အလုပ်သမားအခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်းမှ အမှုဆောင် ဒါရိုက်တာက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်မှ စတင်ပြီး နယ်မြေခံ ရဲစခန်းက ရွှေ့ပြောင်း အလုပ်သမားများ အပြင်ထွက်လျှင် ၀တ်ဆင်ရန်ဟုဆိုကာ အနီရောင် ဝေ့စကုတ် အင်္ကျီများကို တထည်လျှင် ဘတ်ငွေ (၂၀၀)ခန့်ဖြင့် မ၀ယ်မနေရ ဖိအားပေး ရောင်းချခဲ့သည်။ ထိုအင်္ကျီပေါ်တွင် လုပ်ငန်းရှင်၏ အမည်နှင့် လုပ်ငန်းအမျိုးအစားကို ထိုင်းဘာသာဖြင့် ထင်ထင်ရှားရှား ရေးသားထားသည်။
ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဒေရှင်း (FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အမေရိကန် ပြည်တွင်းစစ် မတိုင်ခင် ကာလက သူ့ကျွန်၊ ကိုယ့်ကျွန် ဆိုပြီး မီးဖုတ်သံနဲ့ တံဆိပ်ရိုက်ထားသလို ဖြစ်နေတယ်။ လုပ်တဲ့ လူတွေ မြန်မာ အလုပ်သမားတွေကို လူ့အခွင့်အရေး ချိုးဖောက်သလို ဖြစ်နေပါတယ်။ တိရစ္ဆာန် တစ်ကောင်လို  အရောင်၊ နံပါတ် ရေးပြီးမှ သွားရမယ်ဆိုတာ မလုပ်သင့်ဘူးဗျ။ ဒီနေရာက တံငါလုပ်ငန်း အဓိက လုပ်တဲ့နေရာ ဖြစ်တာကြောင့် ပြဿနာတချို့တော့ ရှိကောင်း ရှိမှာပေါ့လေ။ ဒါပေမယ့် ထိုင်းအစိုးရအနေနဲ့ ဒီလိုမဖြေရှင်းပဲ အခြားနည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်တယ်လို့ မြင်တယ်။ အခုလိုမျိုး မဖြေရှင်းသင့်ဘူး။ ဒီလုပ်ရပ်တွေက အရမ်းစိတ်ပျက်ဖို့ ကောင်းပါတယ်” ဟု ပြောဆိုသွားသည်။
ယမန်နေ့က အနီရောင် ဝေ့စကုတ်အင်္ကျီ မပါသဖြင့် ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသူ ကိုရဲကျော်က “ကျနော့်မှာ ဘတ် (အလုပ်သမားလက်မှတ်)ရှိတယ်။ ရဲစခန်းကိုရောက်တော့ အင်္ကျီဝတ်ပြီးမှ အပြင်ကိုသွားပါ။ အင်္ကျီ ၀ယ်မ၀တ်ရင် ဘတ်ရှိရှိ၊ မရှိရှိ နယ်စပ်ကို ပြန်ပို့မယ်ဆိုပြီးတော့ ခြိမ်းခြောက် ပြောဆိုပါတယ်။ ကျနော်တော့ ပိုက်ဆံမပေးခဲ့ရဘူး။ တချို့ပိုက်ဆံ ပေးရသူတွေ ရှိပါတယ်”ဟု ပြောပြသည်။
နယ်မြေအတွင်း မြန်မာအလုပ်သမား သုံးသောင်း ၀န်းကျင်းခန့် ရှိနိုင်ကြောင်း အန်ဂျီအိုတစ်ခုမှ ပညာရေး ၀န်ထမ်းတစ်ဦးက ပြောသည်။ ၄င်းတို့ကိုလည်း ဝေ့စကုတ် ၀တ်ဆင်ကြရန် ဖိအားပေးခြင်း ခံရသည်ဟု ပြောပြသည်။
အဆိုပါနယ်မြေတွင် ရွှေ့ပြောင်း အလုပ်သမားများ စက်ဘီမစီးရ၊ ဆိုင်ကယ်မစီးရ၊ ညမထွက်ရဟူသည့် ဆိုင်းဘုတ်ကို ရဲစခန်းရှေ့တွင် စိုက်ထူးပြီး ၂၀၁၀ခုနှစ် စက်တင်ဘာလက စတင်ကာ တာမြစ်ခဲ့သည်။ အလုပ်သမားများမှာ အနီးအနားသို့ သွားချင်လျှင် ကိုယ်ပိုင်စက်ဘီး စီနင်းခွင့်မရသောကြောင့် အငှားဆိုင်ကယ်များ ငှားစီးရသဖြင့် မလိုလားအပ်ပဲ ငွေကြေး ကုန်ကျမှုများ ရှိနေခဲ့ကြသည်။
ယခုလည်း အပြင်ထွက်လျှင် ဝေ့စကုတ် အင်္ကျီကို မ၀တ်မနေရ ၀တ်ဆင်ရမည်ဖြစ်ပြီး တစ်ထည်လျှင် ဘတ်ငွေ (၂၀၀)နှုန်းဖြင့် ၀ယ်ယူခဲ့ရကြောင်း အလုပ်သမားများက ပြောပြကြသည်။

ရွှေ့ပြောင်းအလုပ်သမားများ စက်ဘီးလုံးဝ မစီးရဟု အမိန့်ထုတ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...