သူ့အိုး သူ့ဆန်နှင့် ဆူလွယ် ပွက်လွယ်ဓလေ့
(က)
ပျော၊့ တူး၊ မနပ် ထမင်းမျိုးကို
လူတိုင်း မကြိုက်တတ်ကြပါဘူး …
ဒီလိုထမင်းမျိုး ဖြစ်ပြီဆို
(ခ)
ချက်ရတဲ့သူခမျာ
ဆန် အဟောင်းနဲ့ အသစ်၊ အပြောင်းအလဲကြောင့်လား
အသစ်နဲ့အဟောင်း ပေါင်းထားလို့လား
အောက်များ အောက်နေလို့လား
ဆန်ကွဲအကြေတွေ များနေလို့လား …
အိုးနဲ့ဆန် မတန်လိုလေပဲလား
ဆန်နဲ့ရေ အချိုးမညီလို့လေပဲလား
သုံးရတဲ့မီး ကောက်ရိုးမီးလေလား
ဖွဲမီးလေလား
ထင်းအစိုတွေ သုံးနေရလို့လေလား …
ထမင်းချက်ခြင်းနဲ့ အခြားအလုပ် တွဲလုပ်နေရလို့လေလား
ဖြည့်စဉ်းစားတတ်တဲ့ အလေ့ သိပ်ခေတ်မစား …
(ဂ)
ကိုယ့်လူတို့ရေ
ကျုပ်တို့ဆီမှာ
Rice cooker ယဉ်ကျေးမှုက
အားပြုလို့မှ မရသေးတာ ။ ။
လူဗိုလ်
၂၈ ၊ ၄ ၊ ၂၀၁၁
0 comments:
Post a Comment