Friday, April 29, 2011

"ဖွားစောအနောက်ရွာ ရေအလှူ"

by Sein Khat Soe on Thursday, April 28, 2011 at 8:18am
“အနောက်ဖွားစောရွာ ရေအလှူ”

နေရာ။                     အနောက်ဖွားစောရွာ၊ ပုဂံမြို့
လူဦးရေ။                  ၆၅၄ ဦး
အိမ်ထောင်စု။             ၁၁၁စု

ရွာလေးထဲကို ကျွန်တော်တို့ ရောက်သွားတော့ ညနေ ၄ နာရီဝန်ကျင်ရှိနေပြီ။ ရွာထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေး တွေသာအများဆုံး တွေ့ရတယ်။ သန်မာပြီးလုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တိုင်း ရွာနဲ့ ၂-၃မိုင်လောက်ဝေးတဲ့ ပုဂံမြို့ထဲမှာ အလုပ်သွားလုပ်နေကြတယ်တဲ့..။


နွားတွေရယ်၊ သက်ကြီးရွယ်အိုတွေရယ်၊ ဇီးသီးတောင်လိုပုံကြီးရယ်၊ ဝတ်ကောင်းစားလှတွေနဲ့ လူစိမ်းတွေကို အထူးအဆန်းလို လှမ်း ကြည့် နေတဲ့ ကလေးလေးတွေရယ်သာ ရွာလေးရဲ့ တွေ့တွေ့ချင်းအလှ။ အညာရွာလေး ရဲ့လေးထုံးစံအတိုင်း တလင်းလေးတွေက သန့်ရှင်းပြောင်လက်နေတယ်။ ဖုန်မြေသားရွာလမ်းတွေရယ်၊ ကန္တာ ဆူးပင်တွေရယ်၊ ထန်းလက်ရိုးတွေရယ်က ခြံတွေရဲ့စည်းရိုး..။ ရွာအပြင်ကိုလှမ်းမျှော်ကြည့်တော့ လှည်းဝင်ရိုးသံ တညံညံထဲက တစ်ဆူတလေရဲ့ အုတ်ရိုးထီးတော်တွေလှမ်းဖူးတွေ့ရတယ်။

နယ်ခံသူငယ်ချင်းကပြောတယ်။ ကြိုက်တဲ့အိမ်ဝင်လည်။ သိချင်တာမေး။ ခင်ဗျားတို့အားလုံးကို နွေးနွေးထွေးရိုး ရိုး သားသားဘဲပြန် ဖြေပေးလိမ့်မယ်လို့ဆိုတယ်။ ဒီရွာလေးဟာ ပုဂံရဲ့နိုင်ငံခြားသား ခရီးသွားခရီးစဉ်တွေမှာ မြန် မာ ရွာတစ်ရွာကိုဝင်လေ့လာချင်တယ်ဆိုရင် ဧည့်လမ်းညွှန်တွေအတွက် ဝင်အပြဆုံးရွာလေးတစ်ရွာဖြစ်တော့ နိုင်ငံခြားသားတွေ ဝင်ထွက်သွားလာလည်ပတ်တဲ့ ရွာလေးတဲ့။

ဒါပေမယ့် ရွာရဲ့လူကြီးသူမတွေရဲ့အထိန်းအသိမ်းကောင်းလို့ ဘယ် သူမှ ပိုက်ဆံထွက်တောင်းတာတို့၊ သကြား လုံးချိုချဉ်ထွက် တောင်း တာတို့၊ လက်ဆောင်ပစ္စည်းတွေအတင်းလိုက် ရောင်းတာတို့မရှိတဲ့ရွာလေး။ ကိုယ်တို့ ဝင်သွားတော့ကို နိုင်ငံခြားသား ခရီးသည်နှစ်ဦးနဲ့ ဧည့်လမ်းညွှန်အမျိုးသမီးတစ်ဦးရွာအနှံ့ပတ်လည်နေတာတွေ့ရ တယ်။ ဒါပေမယ့် သူငယ်ချင်းညွှန်းသလိုဘဲ ရွာထဲ မှာရေခပ် စရာရှိတဲ့သူ ကခပ်၊ နွားစာကျွေးသူကကျွေး၊ ကလေး တွေကလည်းသူ့ဖာသာပြေးလွှားဆော့ကစားနေတာဘဲ။

ပုဂံ၊ ညောင်ဦးက မြစ်နဲ့ဝေးတဲ့ရွာတော်တော်များများဟာ သုံးရေရဖို့ နံနက်ခပ်စောစောတည်းက ရွာကနေ လှည်းနဲ့ထွက်ပြီး ရေဝေ၊ ရေ ရောင်းတဲ့ဆီကိုသွားတန်းစီ၊ ရေသယ်ပြီးရွာပြန်ရောက်တော့ နေထန်းဖျားရောက်ပြီ။ တချို့ရွာတွေမှာ အလှူ၊ မင်္ဂလာဆောင်မရှိဘဲ ရေမ ချိုးကြဘူးတဲ့။ ရေချိုးရင်လည်း နွားစာခွက်ပေါ်တက်ချိုးပြီး၊  ကိုယ်ချိုးထားတဲ့ နွားစာခွက်ထဲကရေကို နွားကိုတိုက်ရလောက်အောင်ကို ရေရှားတယ်လို့ နယ်ခံသူငယ်ချင်းက သူ့ဒေသအကြောင်းကို ဖွဲ့နွဲ့ဂုဏ်ယူပြောပြလိုက်သေးတယ်။ သူပြောတာကိုနားထောင်ပြီး သင်္ကြန် တစ်တွင်းလုံး ရန်ကုန်မှာ သုံးခဲ့တဲ့၊ သုံးနေတဲ့ရေတွေကို ဒီကိုသယ်လာလိုက် ရင် ရွာတစ်ရာလောက်များ အကျိုးရှိသွားမလား လို့ မဖြစ်နိုင် တာကို စိတ်ကူးယဉ်မိနေလိုက်မိတယ်။

ကျွန်တော်တို့ အဲဒီရွာလေးကိုသွားလည်ရတဲ့အကြောင်းအရင်းက ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ ပုဂံ နယ်သားလည်းဖြစ် တဲ့သူငယ်ချင်းက လွန်ခဲ့တဲ့ ၂နှစ်က သူ့မိတ်ဆွေနိုင်ငံခြားသားတစ်ယောက်လှူထားတဲ့ အဝီစိ ရေ တွင်းလေးအခြေအနေကို သိချင်တာ ရယ်။ နောက်ထပ် အဝီစိတွင်းတစ်တွင်းထပ်လှူဖို့ အလှူငွေအနည်းအ ကျဉ်းကတိရထားတာနဲ့ တခြားလိုအပ်မယ့်ရွာသတင်းလေး ရလိုရ ငြား သွားစုံစမ်းမယ်ဆိုပြီးရောက်ခဲ့ကြတာ။

သူငယ်ချင်းရဲ့ မိတ်ဆွေအိမ်မှာ မိတ်ဆွေမရှိပေမယ့်။ သူ့ဇနီးကရွာထွက်မြေပဲကြော်နဲ့၊ ငါးမုတ်ကြော်ပြီးအဆင် သင့် စောင့်နေရှာတယ်။ ဟင့်အင်း၊ မလုပ်ပါနဲ့..အားနာစရာကြီးဆိုတဲ့ကြားကဘဲ မြေပဲကြော် ၂ပန်းကန်လောက် ၁၀မိနစ်အတွင်းပြောင်သွားတယ်။ ထားတော့ အလှူကိစ္စလေးဘက်ဆက်သွားပါရစေ။

လှူထားတဲ့အဝီစိတွင်းထဲက ရေကို မော်တာနဲ့မောင်းတင်ပြီး အုတ်ကန်ကြီး ၂လုံးနဲ့ခံ၊ ပြီးတော့ တစ်ထမ်း၊ တစ် စည်ကို အချိုသာဆုံးနှုံးထားနဲ့ရွာကိုပြန်ရောင်းပေးတယ်။ တိရိစ္ဆာန်သောက်ရေမလိုတဲ့ မိသားစုတစ်စုဟာ တစ် နေ့ ကို ၉၀-၁၀၀ကျပ်ကုန်တယ်။ တိရိစ္ဆာန်ပိုင်တဲ့သူတွေကတော့ ၃၀၀-၅၀၀လောက်ထိ တနေ့စာ ရေဖိုး ကုန် ရေဖိုးကုန်တတ်တယ်လို့ ရေလာခပ်တဲ့ အမျိုးသမီးကြီးက ကျွန်တော့်ကိုရှင်းပြနေတယ်။

တစ်ရွာလုံးစာ တစ်နေ့ ရေတင်ရေမောင်းတဲ့ ဆီခက ၆၀၀၀ကျပ်တဲ့..။ ကျွန်တော်ဝတ်ထားတဲ့ အပေါစားတီရှပ် တစ်ထည်တောင် ရန် ကုန်မှာ ၆၀၀၀ကျော်နေပြီ..။ ငါ့အကျီတစ်ထည်ဟာ တစ်ရွာလုံးစာသောက်ရေရပါလားလို့ တွေးလိုက်မိတဲ့ရင် ဘတ်မှာ ကျဉ်ခနဲ့တော့ နာကျင်သွားမိတယ်။ ဘာလည်းတော့ ကျွန်တော်ရေရေရာရာ မပြော ချင်တော့ပါဘူး။

ဒီအဝီစိတွင်းနဲ့ မော်တာထိန်းသိမ်းဖို့၊ ရေဖြန့်ဖြူးရောင်းချဖို့ကို ရွာကဘဲကော်မတီဖွဲ့ပြီး လုပ်ဆောင်ခဲ့တာ ဒီအဝီစိ ရေတွင်းအလှူခံ ရပြီးတည်းက ယနေ့အထိ ရေရောင်းရငွေနဲ့ ထူထောင်ထားတဲ့ ရန်ပုံငွေစုစုပေါင်းဟာ ၁၀သိန်းနီး ပါးရခဲ့ပြီတဲ့။ သူငယ်ချင်းက အလှူငွေ စနစ် တကျရှိရေး အတွက် ဘဏ်စာရင်းဖွင့်ထားဖို့အကြံပြုတော့ တစ်သက် လုံးဘဏ်တစ်ခါမှ မသွားဖူးတဲ့ ရေကော် မတီလူကြီး မင်းရဲ့ မျက်နှာက သွားလည်းအပ်ချင်၊ ဘဏ်ဆိုတာကြီးက ဘာလည်းဆိုတဲ့ စိုးလည်းစိုးရွံ့တဲ့ ပုံကိုလည်း မျက်နှာမှာအထင်းသားမြင်နေရတယ်။ သူငယ်ချင်းခမျာလည်း သူ တာဝန်ခံလှူထားပေးရတဲ့ အလှူလေးဆိုတော့ ရေရှည်တည်တံ့စေချင်တဲ့ စေတနာနဲ့ပေါ့..။

သူငယ်ချင်းနဲ့ ကိုယ်ကတော့ အမြင်တူတယ်။ ဆယ်ဂဏန်းအထိတိုးလာတဲ့ငွေကို ဘဏ်မှာအပ်ထားချင်ထား၊ ဒါ မှမဟုတ် လူထုဖွံ့ဖြိုး ရေးအစီစဉ်တွေမှာ လုပ်လေ့ရှိတဲ့ ဝိုင်းကြီးချုပ်စနစ်နဲ့ ငွေစုငွေချေးပုံစံလုပ်ပြီး ရွာမှာထပ်ပွား ရင် ကောင်းမယ်လို့ ၂နှစ်ယောက်လုံးတွေး မိပြီး တိုးတိုးတိတ်တိတ်ဆွေးနွေးမိသေးတယ်။ ဒါပေမယ့် ကိုယ်တို့က ခဏလာ တာလေ။ စကားတွေအများကြီး ပြောခဲ့၊ တွန်းအားတွေ အများကြီး ပေးခဲ့လို့မဖြစ်ဘူး။ မအောင်မြင်ရင် ရွာဘဲနာမှာ မို့လား။ ကိုယ့်လျှာကိုယ်ကိုက်၊ ကိုယ်ကင်မရာကိုယ်ပိုက်ပြီး ဓာတ်ပုံမှတ် တမ်းတွေဘဲတင်ဖြစ်လိုက် တယ်။

ကျွန်တော်တို့ရာစုနှစ်မီးအိမ်(CenturyLamp) အနေနဲ့ အဲဒီရွာလေးမှာ ဒူဘိုင်းရောက် စာရေးဆရာ ဆရာဧကံဖြိုး ခ ကိုရူပလှူထားတဲ့ ဒေါ်လာ၁၀၀ ရောင်းရငွေ ၈၈၀၀၀ကျပ်ထဲက တစ်ရွာလုံးအတွက် ရေဆယ်ရက်စာ ၆၀၀၀၀ ကျပ်ဖိုးနဲ့ သီးခြား သူ့မွေးနေ့၊ ကိုယ့်မွေးနေ့၊ ချစ်သူတွေ၊ လင်သားတွေ၊ မိဘတွေ၊ ကွယ်လွန်သူ သူငယ်ချင်းတွေ ကို အသီးသီးရည်စူးလို့ ရက်ပေါင်း ၃၈ရက်စာ အလှူငွေ ၂၂၈၀၀၀ကျပ် တိတိကို လှူဒါန်းနိုင်ခဲ့တယ်။

ရေလာခပ်သူတွေလည်း ဒီသတင်းကြားတော့ပျော်လို့၊ ကျွန်တော်တို့တွေလည်း မထင်မှတ်ဘဲအကျိုးရှိတဲ့ အလှူ ကို စိတ်ပါလက်ပါ လုပ်လိုက်ရလို့ အားလုံးကျေနပ်ပျော်ရွှင်မိကြတယ်။ အခုဆို အနောက်ဖွားစောရွာလေးမှာ နောက်လ ဇွန်လလယ်လောက်အထိ သောက် သုံးရေအတွက် ပူစရာမလိုတော့သလို ရေကြောင့်ရတဲ့ ရန်ပုံငွေ ဟာလည်း ကျွန်တော်တို့အဖွဲ့ရဲ့ ထပ်တိုးအလှူလေးကြောင့် ၁၁သိန်း ကျော်အထိရှိသွားပြီ။

ဒီအလှူကနေများ ကုသိုလ်ရခဲ့မယ်ဆိုရင် အခုစာဖတ်နေသူ သူငယ်ချင်းတွေနဲ့၊ ကျွန်တော်တို့ခရီးစဉ်မှာ လိုက်ပါ မလာနိုင်ကြတဲ့ သူငယ်ချင်းတွေကိုလည်း အညီအမျှခွဲဝေပေးပါတယ်။ ကျွန်တော်တို့အဖွဲ့က ပုဂံကို ဘုရားဖူးလာ ခဲ့ကြပေမယ့် အားလုံးရဲ့ယုံကြည် ချက်ထဲမယ်ေ၇ွှသင်္ကန်းကပ်ဖို့၊ နေပူခံကျောက်ပြားလှူဖို့ဆိုတာမျိုး စိတ်ထဲမှာ မရှိတာသွားတူနေကြတော့ ကျွန်တော်တို့ ယုံကြည်သလို၊ ရင်ဘတ်ညိသလို သီးခြားခွဲလုပ်တဲ့အလှူတွေဟာ လည်း ရှေးဟောင်းမြို့တော်ကြီး ပုဂံအတွက်တစ်ထောင့်တစ်နေရာကနေ အဖိုးထိုက်တန်နေမယ်လို့ ယုံကြည် နေမိပါတယ်။

ချစ်ခင်လေးစားစွာဖြင့်

စိမ်းခက်စိုး
(ဗုဒ္ဓဟူးနေ့) ဧပြီ ၂၇၊ ၂၀၁၁
ည - ၁၀း၅၅ နာရီ




ရေသယ်လှည်း

အဝီစိရေတွင်းအလှူရှင်
ယနေ့ရေအလှူရှင်...
ကျွန်တော်တို့ ရဲ့အလှူ
အားနာတယ်..တော်ပြီ..ဆိုတဲ့ မြေပဲကြော်
ကျွန်တော်တို့ကိုချောင်းကြည့် ပြီးပြုံးပြနေတဲ့ ကလေးလေး
· · Share

    • Aung Soe ဓါတ်ပုံလေးတွေနဲ့တွဲတင်ပေးတာကျေးဇူးဗျ ....ရေလှူခဲ့တဲ့အတွက်လည်း လေးလေးနက်နက် သာဓုခေါ်ပါတယ်ဗျာ ....ထပ်တူအကျိုး လျှင်မြန်စွာ စံစားနိုင်ပါစေ ....း)
      18 hours ago · · 6 people
    • Sein Khat Soe ကျေးဇူးပါ ကိုအောင်စိုး...
      18 hours ago ·
    • Sabishi Hana ကလေးလေးကို ချောင်းကြည့် ပြုံးနေတဲ ကျနော်ကရော .. ???
      17 hours ago · · 1 person
    • Lu Cifer ဟင့်အင်း၊ မလုပ်ပါနဲ့..အားနာစရာကြီးဆိုဘဲ ....:D, Beautiful composing. Glad to read this. Thanks my friend.
      17 hours ago · · 2 people
    • Lwin Lwin Thein ဒီပို့စ်လေးဖတ်ရင်းနဲ့ ဓါတ်ပုံလေးတွေမြင်လိုက်ရတာ အရမ်းကို ကြည်းနူးရပါတယ်။ ကိုယ်လိုအပ်တဲ့ အချိန်တွေမှာလည်း တူသောအကျိုးတွေခံစားရမှာပါ။
      16 hours ago · · 3 people
    • Khin Hta Kyi very peaceful.
      16 hours ago ·
    • Ko Minn yo. Ko Doe lone... Can't help missing all of you and always wished that I could come along. But Well Done... friends!!!
      15 hours ago · · 1 person
    • TeZa Hlaing သာဓု...သာဓု....သာဓု......
      15 hours ago ·
    • Soe Nay Lynn Aung စိတ်ထဲ အတော်လေး ကြည်နူးမိတယ်။ ကျေးဇူးပါဗျာ။
      14 hours ago ·
    • Thuriya Myo ကိုယ့်ဆရာရေ.. သဒ္ဒါတရားပေါက်အောင်ရေးတာကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဲဒီရွာလေးမှာ ရံပုံငွေ ၁၁ သိန်းကျော်ရှိတဲ့အကြောင်း ကြံ့ဖွံ့တွေသိသွားလို့ လာအလှူခံနေရင်ဘယ်နှယ်လုပ်မတုန်း ..။
      11 hours ago ·
    • Khun Saing ကောင်းတယ်ဗျာ တွေးခေါ်ပုံ လုပ်ပုံကိုင်ပုံလေးတွေက အတော် စနစ်ကျနပြီး အကျိုးရှိအောင် အလုပ်လုပ်နေတာ သတိထားမိတယ်။ ရာစုနှစ်မီးအိမ်လုပ်ကိုင်နေတာလေးတွေ နဲ့ ပတ်သက်ပြီး အတုယူစရာလေးတွေ အတော်ရှိတယ်ဗျို့
      10 hours ago · · 2 people
    • Thet Su သာဓု ၃ ကြိမ်ခေါ်သွားပါတယ် ကိုဒိုးလုံးရေ...။
      5 hours ago ·
    • Yoke Ga Zoe ရေအကျိုးဆယ်ပါးမတောင်းပဲနဲ့ပြည့်ကြပါစေဗျာ..
      5 hours ago ·
    • Aung Kyaw San ကိုဒိုးလုံးရေး ရေ အတွက် လောလောဆယ် (၁) သိန်း ဘယ်ကို ပို့ ပေးရပါ့မလဲ... လာအလှုခံမယ်ဆိုလဲ ရုံးမှာပြောထားပါတယ်၊၊ ကျွန်တော်လှု ဖြစ်မယ်ပြောထားတဲ့အထဲကဖြစ်ပါတယ်။။ နိဗန်ဆော်ခင်ဗျာလဲ ကုသိုလ်ရပါစေ၊၊
      4 hours ago · · 3 people
    • Chan Myat Thu ကိုဝင်းနိုင်လေးရေ အလှူတွက်ရော နိဗာန်ဆော်အတွက်ကောကျေးဇူးပါ ဒီတစ်ပတ် တိုင်ပင်ပီးအလှူငွေကို လာလက်ခံပါ့မယ် ....
      4 hours ago · · 1 person
    • Htet Bo အရမ်းကြည်နူးဖို့ကောင်းတဲ့အလှူဎါပဲ.....
      3 hours ago ·
    • Su Khine ဒီစာလေးကိုဖတ်လိုက်တဲ့အချိန်မှာ ကြက်သီးမွှေးညင်းတွေတောင်ထမိတယ်.. ၀မ်းသာလွန်းလို့....
      3 hours ago ·
    • Sein Khat Soe ရွှေခိုင်ရော ဘယ်နှရက်လှူလိုက်လဲ အဲနေ့က...
      2 hours ago ·
    • Su Khine ၃ ရက်စာလှူလိုက်တယ် ...
      2 hours ago · · 1 person
    • Zay Yar Kyaw
      ကိုစိမ်းခက်စိုး ရေ သာဓုပါဗျာ...ဒါပေမယ့် ကျနော်မရှင်းတာလေးတခုမေးချင်ပါတယ် ..... ယနေ.ထိ ရေရောင်းရငွေနဲ.ထူထောင်ထားတဲ့ ရံပုံငွေဟာ ၁၀ သိန်းနီးပါးရှိခဲ့ပြီ....ဆိုတာလေးပါ....လွန်ခဲ့တဲ့ ၂ နှစ်ကလှူထားတာဆိုတော့...ဒီလောက်အချိန်အတွင်းမှာ ဒီလောက် ရံပုံေ...See More
      2 hours ago ·
    • Sein Khat Soe
      တစ်ရက် ၆၀၀၀ကျပ်ဆိုတာ ရေတင်ရင် သုံးရတဲ့ ဒီဇယ်ခ။ ဒါကအလှူရှင် ပေါ် တဲ့ နေ့တွေမှာပေါ့။ မပေါ်တဲ့နေ့တွေမှာ လူတွေရေဝယ်သုံးရင် တစ်အိမ်ကို ၉၀-၁၀၀လောက်ကုန်တယ်လို့ပြောတယ်ဆိုတော့။ တစ်အိမ် ၁၀၀ နှုန်းနဲ့ ပျမ်းပျတွက်ရင်တောင် ၁၁၁အိမ် ဆိုတော့ ၁၁၁၀၀ကျပ်လောက်ရတယ...See More
      about an hour ago ·
    • Zay Yar Kyaw ဒါထက် စကားမစပ်....ရေထမ်းနေတာ မိန်းမတွေချည်းပဲ နော်...ပြီးတော့ ...ပြဇာတ်တွေ၊ ဗီဒီယိုတွေ ၊တေးသရုပ်ဖော် တွေ ထဲကလို လုံမတွေ ရေခပ်ဆင်းတာ အိုးလေးတွေနဲ.လဲမဟုတ်ပါလား.... :D ( အိုးလေးမလှူပ်ပါဟေ. .....ရေအိုး လေး မဟုတ်ပါဟေ့ )
      20 minutes ago ·
    • Khitthit Skyib အကိုတို့အလိုလှူတာလေးတွေကြားရတာဝမ်းသာကြည်နူးမိပါတယ်...အကိုတို့ သူငယ်ချင်းတွေအားလုံးတက်ညီလက်ညီရှိကြတာလည်းအားကျတယ်ဗျာ......
      4 minutes ago ·

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...