Wednesday, April 13, 2011

ကမ္ဘာအိုကြီးနှင့် ရိုင်းစိုင်းကပ်ပါးကောင်များ




(က)
ရမယ်ဆိုရင်
ကမ္ဘာကြီးကို
ခဏလောက်ပျော့ခိုင်ချင်တယ်
လောက်စာလုံးတဲ့ ရွံ့အရွယ်ပေါ့
ပြီးမှ
လိုတဲ့ပုံပြန်သွင်းမယ်လေ
ခုကမ္ဘာကြီးက အဖုအထစ်တွေများနေပြီ …

(ခ)
နောက်
ကမ္ဘာ့ကပ်ပါးကောင်တွေကိုလည်း
ပုံပြန်ပြောင်းလိုက်မယ်
မျက်စိကြီးကြီး၊ နားကြီးကြီးနဲ့
ခေါင်းက ခုထက်ကြီးရမယ်
ပါးစပ်ပေါက်တော့ ခုထက်ငယ်ရမယ် …
လက်တွရှည်ရှည၊် ခြေရှည်ရှည်နဲ့
အူတွေလည်း ခုထက်ရှည်ရမယ်
အစာအိမ်တော့ ခုထက်သေးမှ ရမယ် …
လိုအပ်ရင် အတောင်ပံတတ်ရမယ်
အလင်းထက်မြန်မြန် ပျံနိုင်အောင်လို့ …

လွန်လွန်းအောင် ချွန်ခက်နေတဲ့
အဆွယ်လိုလိုသွားမျိုးမရှိအောင်တော့
သွားတွေအားလုံး တုန်းထားရမယ်
မြွေဆိပ်လိုပြင်းတဲ့ တံတွေးတွေးတွေနဲ့
ဒုက္ခမပေးနိုင်အောင်လည်း
တံတွေးဂလင်းကို ထုတ်ထားရမယ် …

(ဂ)
ကမ္ဘာကြီး ခုထက်ပို ချောမွေ့အောင်လို့
ကပ်ပါးကောင်တွေ ခုထက်ပို ယဉ်ကျေးအောင်လို့ ။      ။
လူဗိုလ်
၇ ။ ၅ ။ ၉၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...