Friday, April 22, 2011

"ဒီမိုကရေစီနဲ့ အစ္စလာမ်မစ်ကမ္ဘာ"

[By Ye Thurein Min ]

၁၉၉ဝနှစ်ကာလတွေမှာ ဒီမိုက ရေစီလှိုင်း တစ်ကမ္ဘာလုံးကို ရိုက်ခတ် တော့ အာဏာပိုင်မင်းတွေ အုပ်ချုပ် နေတဲ့ အစ္စလာမ်မစ် ကမ္ဘာကြီးက မလှုပ်မရှား ငြိမ်သက်နေခဲ့ ပါတယ်။ဒါကြောင့် ကမ္ဘာ့ပညာကျော်တွေက အံ့အားသင့်ခဲ့ကြပြီး အဲဒီဒေသကြီးက ခြွင်းချက် အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က စတင်ခဲ့ပြီး အခုထိလည်း ဖြစ်ပေါ်နေဆဲဖြစ်တဲ့ အာရပ်ကမ္ဘာတစ်လွှား ပြောင်းလဲမှုတွေက အစ္စလာမ်မစ် ကမ္ဘာလည်း ခြွင်းချက်မဟုတ်ဘူး ဆိုတာကို ဖော်ပြလိုက်သလို လမ်း ပေါ်နိုင်ငံရေးခေတ်ကုန်ပြီဆိုတဲ့ ထင် ကြေးတွေကိုပါ ပြက်ရယ်ပြုလိုက် သလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုဆိုလို့ အခုအာရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေ တဲ့အပြောင်းအလဲ တွေဟာ ချက်ချင်း ပဒေသာ ပင်ပေါက်မယ်၊ အကောင်း တွေချည်းဖြစ်လာမယ်၊ အကုန် ကောင်းမွန်သွားမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့လွတ် လပ်ခွင့်ဆိုတာ ဘယ်လိုဒေသမျိုးမှာ မဆို၊ ဘယ်လူမျိုးမှာ မဆြို>ွခင်းချက် မရှိဘူး။ ဘယ်သူနဲ့တော့မအပ်စပ် ဘူး၊ ဘယ်ဒေသမှာတော့ မဖြစ်နိုင် ဘူးဆိုတာမရှိတဲ့ လောကဝှမ်းလုံး ဆိုင်ရာတရား ဖြစ်နေလို့ပါပဲ။ ဒီ အခြေခံသဘောကို အမေရိကန်နိုင်ငံ ရေးသိပ္ပံပညာရှင် လာရီဒိုင်းမွန်းက သူ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာထုတ်ဝေတဲ့ The Sprit Of Democracy စာအုပ် ထဲမှာထုတ်ဖော်ဆွေးနွေးထားပါတယ်။ လာရီဒိုင်းမွန်းက အစ္စလာမ်မစ်ဟာ ဒီမိုကရေစီ တန်ဖိုးတွေအတွက် အဟန့်အတား ဖြစ်မဖြစ်ကို အဓိကထား ဆွေးနွေးတင်ပြထားပါတယ်။

၂ဝဝ၁ စက်တင်ဘာ ၁၁ ရက် နေ့နောက်ပိုင်းမှာ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းကို အကျယ်အပြန့် ပြောနေခဲ့ကြပေမယ့်လည်း အာဖရို ဘာ ရိုမီတာစစ်တမ်းပါ အထောက်ထားတွေက မူဆလင်ဘာသာဝင် တွေဟာမူဆလင်ဘာသာဝင်မဟုတ် ကြသူတွေလိုပဲ ဒီမိုကရေစီကို လိုလားလက်ခံကြ တယ်ဆိုတာကို ညွှန်ပြနေပါတယ်။ မူဆလင်ဘာသာ ဝင်တွေ ထုနဲ့ထည်နဲ့ရှိကြတဲ့ အာဖရိ ကလေးနိုင်ငံ(မာလီ၊နိုင်ဂျီးရီးယား၊ တန်ဇန်းနီးယားနဲ့ယူဂန္ဓာ) တို့မှာ မူဆလင်ဘာသာဝင်လူများစုကြီးဟာ မူဆလင်ဘာသာဝင် မဟုတ်ကြသူ တွေလိုပဲ ဒီမိုကရေစီကို လိုလား လက်ခံကြတာကိုတွေ့မြင်ရပါတယ်၊ အာဖရိကန်မူဆလင်တွေကြား ဒီမို ကရေစီကို လိုလားလက်ခံရာမှာ တွန့်ဆုတ်နေမှုမှန်သမျှဟာ  ဘာ သာအယူဝါဒအစွဲတွေကြောင့်ထက် အခြေခံပညာ ရေးနဲ့တခြားခေတ်မီ ရေး အကြောင်းအချက်တွေ ချွတ် ယွင်းနေတာကြောင့်က အများကြီး ပိုပါတယ်။

ဒီနေ့အထိ အာရပ်ကမ္ဘာက စစ်တမ်းတွေမှာ ဖော်ပြနေတာက အစ္စလာမ်မစ် တိမ်းညွတ်မှုတွေ၊ အယူအစွဲတွေဟာ များသောအား ဖြင့် ဒီမိုကရေစီဆိုင်ရာအမြင်တွေ၊ သဘောထားတွေအပေါ် လွှမ်းမိုး သက်ရောက်မှုဟာအလွန်ကန့်သတ် ထားတဲ့အတိုင်းအတာပဲရှိတယ်ဆိုတဲ့ မှန်းဆချက်တွေကို ရရှိလာစေခဲ့ပါ တယ်။ အထူးသဖြင့် မီချီဂန် တက္ကသိုလ် ပါမောက္ခမာ့ခ်တက်စ် လာက လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ဘာသာတရား သက်ဝင်ယုံကြည်မှု အတိုင်းအတာဟာ ဘယ်တိုင်း ပြည်မှာမဆို ဒီမိုကရေစီအပေါ် လိုလားလက်ခံမှုနဲ့ ဆက်စပ်နေပုံ မရဘူးလို့ တွေ့ရှိခဲ့ပါတယ်။ ကိန်း ဂဏန်း စာရင်းဇယားအထောက် အထားတွေကို လေ့လာတွက်ချက် ပြီးနောက်မှာ သူက အစ္စလာမ်အယူ ဝါဒဟာ ဒီမိုကရေစီနဲ့ သဟဇာတ မဖြစ်ဘူးဆိုတာ မဟုတ်ဘူး။ ဒီမိုက ရေစီကို အထောက်အပံ့ဖြစ်စေတဲ့ အရာတွေ ပေါ်ထွန်းမှုကို အတား အဆီးဖြစ်စေတယ်ဆိုတာ မဟုတ် ဘူးလို့ ကောက်ချက်ချခဲ့ပါတယ်။

အလားတူပုံစံကို ဗဟိုအာရှမှာ လုပ်ဆောင်ခဲ့ပါတယ်။ကာဇတ်စတန် နဲ့ ကာဂျစ္စတန်တို့မှာ ဒီမိုကရေစီကို လိုလားလက်ခံမှုနဲ့ပတ်သက်ပြီး ဘာ သာရေးအုပ်စုတွေကြား ထဲ ကွဲပြားမှု မရှိသလောက်ပဲလို့ အမေရိကန်နိုင်ငံ ရေးသိပ္ပံပညာရှင် ရစ်ချတ်ရို့စ်က ပြောပါတယ်။ ရစ်ချတ်ရို့စ်ဆိုတာ ကွန်မြူနစ်ခေတ်လွန်ကမ္ဘာမှာ တန်ဖိုး တွေနဲ့ သဘောထားတွေကို အကျယ် ပြန့်ဆုံးစစ်တမ်းတွေကို ကောက်ယူ နေသူပဲဖြစ်ပါတယ်။ သူက ”ဘာ သာတရား ကိုင်းရှိုင်းမှုအရှိဆုံး မူဆလင်တွေဟာ ဘာသာတရားကို စောင့်ထိန်းလိုက်နာမှု မရှိကြသူ တွေလိုပဲ လုံးဝနီးပါး ဒီမိုကရက်တွေ ပါ”လို့ဆိုပါတယ်။ တိုင်းပြည်အသီး သီးမှာ ဘာသာရေးအုပ်စုတွေ (မူဆ လင်နဲ့ အော်သိုဒေါက်စ်၊ ဘာသာ တရားကိုင်းရှိုင်းသူတွေနဲ့၊ သိပ် မကိုင်းရှိုင်းသူတွေ)ကော ဘာသာ ရေးမဟုတ်တဲ့အုပ်စုတွေပါ  ဒီမိုက ရေစီဟာ တခြားအစိုးရပုံစံ တစ်မျိုးမျိုးထက် ပိုမိုသာလွန် ကောင်းမွန်တယ် လို့ လက်ခံယုံကြည်ကြပါတယ်။
အစ္စလာမ်နဲ့ ဒီမိုကရေစီတို့နဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုများ တိုး တိုက်မိခြင်း စစ်တမ်းရဲ့စနစ်အကျဆုံး စမ်းသပ်မှုကို ပစ်ပါနောရစ်နဲ့ ရော် နယ်အင်ဂလီဟာတ်တို့က လုပ် ဆောင်ခဲ့ကြပါတယ်။ အဲဒီလို လုပ် ဆောင်ရာမှာသူတို့က ကမ္ဘာ့တန်ဖိုး များ စစ်တမ်းက စုစည်းပေးထားတဲ့ ခရစ်ယာန်ဘာသာ လွှမ်းမိုးတဲ့ အနောက်တိုင်းက နိုင်ငံ ၂၂ နိုင်ငံနဲ့ မူဆလင်ဘာသာလွှမ်းမိုးတဲ့ ၉ နိုင်ငံ တို့က အများပြည်သူ့သဘောထား အချက်အလက်တွေကို အသုံးပြုခဲ့ ပါတယ်။ သူတို့ရဲ့တွေ့ရှိချက်တွေဟာ အံ့အားသင့်စရာ ကောင်းပါတယ်။ မေးခွန်းအမျိုးအစားအများအပြားအရ နိုင်ငံ တွေရဲ့အုပ်စုနှစ်စု(ဆင်မြူရယ် ဟန်တင်တန်ရဲ့စကားနဲ့ ပြောရရင် ယဉ်ကျေးမှု အုပ်စုကြီးနှစ်စု)တို့ဟာ ဒီမိုကရက်တစ်အိုင်ဒီယာတွေအပေါ် လိုလားလက်ခံမှုပျမ်းမျှအဆင့်မှာ (၈၆ ရာခိုင်နှုန်း)၊ ဒီမိုကရက်တစ် လုပ်ငန်းဆောင်ရွက်မှုကို သဘော တူမှု(၆၈ ရာခိုင်နှုန်း)နဲ့ ဆုံးဖြတ် ချက်ချမှတ်ရာမှာ ဒီမိုကရေစီမဟုတ် တဲ့ပုံစံတွေကို လက်မခံမှု(၆၁ ရာခိုင် နှုန်း)နဲ့ တစ်ထပ်တည်းနီးပါးတူညီနေပါတယ်။ အဲဒီနိုင်ငံရေးဒိုင်မေးရှင်း အသီးသီးမှာ နိုင်ငံအုပ်စုနှစ်စုဟာ အနည်းဆုံး တခြားယဉ်ကျေးမှုအုပ်စု အများစုထက် အတော်ကိုပိုပြီးဒီမိုက ရက်တစ်ဆန်နေကြပါတယ်။ ဒါပေမဲ့ လည်း လူမှုရေးပြဿနာရပ်တွေနဲ့ ပတ်သက်လာတဲ့အခါမှာ တော့ (ဂျင်ဒါတန်းတူညီမျှမှု၊ လိင်တူ ဆက် ဆံမှု၊ ကိုယ်ဝန်ဖျက်ချမှု၊ ကွာ ရှင်းပြတ်စဲမှုတို့ကို လက်ခံမှုနဲ့ နိုင်ငံ ရေးဦးဆောင်မှုမှာ ဘာသာရေး စံ နှုန်းတွေထားရှိတာကို လက်မခံမှု) အံ့အားသင့်စရာ ကောင်းလောက် အောင် ကွဲလွဲနေကြပါတယ်။ အဲဒီ လို ပြဿနာရပ်တွေအပေါ်မှာ အနောက် လူ့အဖွဲ့အစည်းတွေက မူဆလင် လူ့အဖွဲ့အစည်းတွေထက် အများကြီးပိုသဘောထား ပျော့ ပျောင်းကြပါတယ်။ စံတင်လောက် အောင်၂၅ ရာခိုင်နှုန်းကျော်ကျော် လောက် အသာရပါတယ်။ အဲဒီမှာ ဟန်တင်တန်ဖော်ထုတ်ခဲ့တဲ့ ယဉ် ကျေးမှုအဆောက်အအုံကြီး ကိုးခုထဲ ကတစ်ခုခုရဲ့ လူမှုရေးအရရှေးရိုး အဆန်ဆုံး တန်ဖိုးယိမ်းယိုင်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် နောရစ်နဲ့ အင်ဂလီဟာတ်တို့က ဒီမိုကရေစီအ ပေါ်လိုလားလက်ခံမှုဟာ အစ္စလာမ် မစ်ပြည်သူတွေအကြား (အာဏာပိုင် လူ့အဖွဲ့အစည်းတွေထဲ နေထိုင်နေ ကြတဲ့သူတွေ ကြားထဲမှာတောင်) အံ့အားသင့်စရာ ကောင်းလောက် အောင် ကျယ်ပြန့် နေတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ အနောက်နဲ့ မူဆလင်နိုင်ငံတွေကြား အခြေခံအကျဆုံး ယဉ်ကျေးမှုအရ အကဲအဆတ်ဆုံးမျဉ်းမှာ ဂျင်ဒါတန်း တူညီမျှမှုနဲ့ လိင်လွတ်မြောက်မှုစတဲ့ ပြဿနာရပ်တွေ ပါဝင်ပါတယ်။ အ ပြန်အလှန်အနေနဲ့ အဲဒီပြဿနာရပ် တွေဟာဒီမိုကရေစီရဲ့ အတွင်းသား နက်ရှိုင်းမှုအပေါ် ဆိုးကျိုး သက် ရောက်မှုရှိစေပါတယ်။ ဒါပေမဲ့  အဲဒါတွေဟာ ဒီမိုကရေစီအပေါ် စိတ်အားထက်သန်မှု ဒါမှမဟုတ် အလားအလာတွေနဲ့တော့ သက် ဆိုင်မှု ရှိမနေကြပါဘူး။

ကွန်မြူနစ်ခေတ်လွန် ဖွံ့ဖြိုးဆဲ ကိုးနိုင်ငံအတွင်းက မူဆလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေအကြား (ဒါမှမဟုတ် အိန္ဒိယက မူဆလင်နဲ့ ဟိန္ဒူဘာသာဝင်တွေအကြား) နှိုင်း ယှဉ်ကြည့်တဲ့အခါမှာ အလားတူပုံစံ မျိုးတွေရှိနေတာ တွေ့ရှိခဲ့ရပါတယ်။ လူမှုရေး ပြဿနာရပ်တွေပေါ်မှာ  မူဆလင်ဘာသာဝင်တွေက သဘောထား အလယ် အလတ်နည်းပါးသလို သည်းခံမှုလည်းသိပ်မရှိပါဘူး။ နိုင်ငံ ရေးအရသည်းခံမှု၊ ပါဝင်ဆောင်ရွက်မှု၊ လွတ်လပ်စွာပြောခွင့်ကို လိုလားလက်ခံမှုနဲ့ ဒီမိုကရေစီ မဟုတ်တဲ့ တခြားအရာတစ်ခုခုကို လက်မခံမှု တို့လိုမျိုး ဒီမိုကရေစီဓလေ့နဲ့ ပတ်သက်တဲ့ မေးခွန်းတွေအပေါ်မှာတော့ မူဆလင်ဘာသာဝင်တွေဟာ မူဆလင် ဘာသာဝင် မဟုတ်တဲ့ သူတွေနဲ့ ထူးထူးခြားခြား ကွဲပြား နေလေ့မရှိပါဘူး။  ဒီလိုဆိုပေမယ့်လည်း ဒါဟာ ရှေ့ဖြစ်မယ့်အရာကို အပ်ချမတ်ချ ကြိုတင်ပြောနိုင်စွမ်း တော့မရှိပါဘူး။ ဒါကြောင့်အစ္စလာမ် မစ်ယဉ်ကျေးမှုဟာ ခရစ်ယာန် ဒါမှမဟုတ် တခြားယဉ်ကျေးမှုဓလေ့ တွေထက် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ကို လက်ခံမှုပိုမိုလျော့နည်း တယ်၊ ပိုမိုသာလွန်တယ်လို့ ဆိုဖို့ မဖြစ်နိုင်ပါဘူး။

အာရပ်ကမ္ဘာနဲ့ အီရန်တစ် လျှောက်လုံးမှာကော ဥရောပနဲ့ အမေရိကန်တို့မှာပါ နှစ်ဆယ်ရာစု အစောပိုင်းကတည်းကစလို့ အသိ အမြင် ပြည့်ဝတဲ့အစ္စလာမ်မစ် အတွေးအခေါ်လို့ခေါ်တဲ့ အရာရဲ့ ခုခံမှုတစ်ရပ်ကို ဖီလာလီအန် ဆာရီက မြင်တွေ့နေခဲ့ရပါတယ်။ ဗဟုဝါဒ၊ သည်းခံမှုနဲ့ ပိုင်းခြား ဝေဖန်ဆင်ခြင်မှုတို့ကို အခြေခံ ထားတဲ့ အဲဒီအတွေးအခေါ်ရဲ့ အာရုံခံစား နိုင်စွမ်းဟာ အတိအကျ ဆိုရရင် ဒီမိုကရက်တစ် ဒါမှမဟုတ် ဒီမိုကရေစီနဲ့လုံးဝအံဝင်ခွင်ကျဖြစ် နေပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ရာစုနှစ်တစ်စုလုံး အရေအတွက် တိုး လာနေတဲ့မူဆလင်အတွေးအခေါ်ရှင် တွေနဲ့ အဲဒီအတွေးအခေါ်ဟာ ဘက် ပြိုင်နေခဲ့ရပါတယ်။ အဲဒီမူဆလင် အတွေးအခေါ်ရှင်တွေဟာ ဒီမို ကရေစီနဲ့ စစ်မှန်တဲ့အစ္စလာမ်မစ် မော်ဒယ်တွေကို ဆန့်ကျင်တဲ့ ဘာ သာရေးသြဝါဒတွေကို ဖော်ထုတ် ဖို့ကြိုးစားနေကြသူတွေပါ။ အဲဒီ အစွန်းရောက်ပြီး ဒီမိုကရေစီကို လုံးဝဆန့်ကျင်တဲ့ အစ္စလာမ်မစ်အယူ ဝါဒဟာ အများကြီးပိုမို အစွမ်းထက် မြက်တဲ့(တစ်နည်း စာနာထောက် ထားမှုကင်းမဲ့တဲ့ နိုင်ငံရေးအရ ဖွဲ့စည်းမှုဆိုတဲ့ အကျိုးအမြတ်ကို ရရှိခဲ့ပါတယ်။အဲဒီအချိန်မှာအာရပ် ကမ္ဘာက သဘောထား အလယ်အလတ်ရှိတဲ့ အစ္စလာမ်မစ်တွေဟာ  အစွန်းရောက် ဝါဒီတွေကိုရော လောကီရေး အာဏာပိုင်မင်းတွေကိုပါ ဆန့်ကျင်ရင်ဆိုင်နေခဲ့ရပါ တယ်။နောက်ပိုင်းမှာတော့ စိန်ခေါ်သူတွေအားလုံး(လစ်ဘရယ် အစ္စ လာမ်မစ်တွေနဲ့ သူတို့ရဲ့လောကီရေး ဒီမိုကရက်တွေအပါအဝင်)ကို ခြိမ်း ခြောက်ဖို့ အစ္စလာမ်မစ်ခြိမ်းခြောက် မှုကို အသုံးပြုခဲ့ကြပါတယ်။
အခုအခါမှာ ဖီလာလီ အန်စာ ရီလို အလယ်အလတ်မူဆလင်တွေ ဟာ အစ္စလာမ်မစ်ဘာသာရေး အတွေးအခေါ်နဲ့ ဒီမိုကရက်တစ် လက်တွေ့ကျင်သုံးမှုတို့ကို ညှိယူဖို့ အာဂျင်ဒါတစ်ရပ်ကို ထုတ်ဖော်တင် ပြနေကြပါတယ်။ အန်စာရီက ဘာသာတရား ရိုသေကိုင်းရှိုင်းသူ အများစုကြီးက ဘာသာရေးတရားသေစွဲ ကိုင်မှုကို အထိမ်း အမှတ်အမှန်တရား တန်ဖိုးအဖြစ် လက်ခံထားတာ ကြောင့် ခရစ်ယာန်နဲ့ဂျူးဘာသာ (ရေဝတီဘာသာ)တို့မှာ လုပ်ဆောင် ခဲ့ကြသလို ဘာသာရေးအယူအဆ တွေကို ခေတ်နဲ့ဆီလျော်အောင်မြှင့် တင်ခြင်းဟာ လိုအပ်တယ်လို့ဆိုခဲ့ ပါတယ်။ ဒီဖြစ်စဉ်(တချို့က အစ္စ လာမ်မစ်ပြုပြင်ပြောင်းလဲမှုကြီးအဖြစ် ထောပနာပြုကြပေမယ့် ဖီလာလီ အန်စာရီကတော့ ပိုမိုယေဘုယျဆန်တဲ့ ဆင့်ကဲပြောင်းလဲမှုလို့ ခေါ်ဝေါ်သုံးစွဲတာကို ပိုမိုနှစ်သက်ပါတယ်)မှာ အထွတ်အမြတ်ထားတဲ့ ဝေါဟာရတွေနဲ့ သင်္ကေတတွေရဲ့ တိကျတဲ့ အဓိပ္ပာယ်တွေဟာ မှိန် လျော့လာချိန်မှာ အစ္စလာမ်ဘာသာ ရဲ့ပိုမိုကြီးမားတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ သင်ကြားချက်တွေဟာ ပိုမိုခိုင်မာ လာနေပြီး ဥပဒေစိုးမိုးရေးလိုမျိုး လောကဝှမ်းလုံး ဆိုင်ရာတန်ဖိုးတွေနဲ့ ပေါင်းစပ်လာနေခဲ့ပါတယ်။

ဘုန်းသက်ပိုင်
Ref: The Sprit of Democracy by Larry Diamond

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...