ချစ်သူများနေ့
St. Valentine
ကမ္ဘာတွင် ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး မှာရှိသော ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနှင့် အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နှင့် အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါသည်။ သို့သော် St. Valentine ဆိုသည့် ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါသည်။
ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါသည်။ ယနေ့ခေတ် နားလည်ထားကြသော St. Valentine Day သည် ရှေးခေတ် ရောမရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါသည်။
ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက် ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့ အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။
နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။
ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆ အမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြော စကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့ St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
[ပြင်ဆင်ရန်] သမိုင်းကြောင်း
ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြို ဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခြဲ့
လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမျာ
ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။ အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန် မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့် တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။
Great Britain မှာတော့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများ အတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်
Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း…။
0 comments:
Post a Comment