Wednesday, April 6, 2011

လူ တသန်းကျော် မြေပြိုမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရ


သစ်တောအကြီးအကျယ်ပြုန်းတီးတာတွေနဲ့ မိုးအကြီးအကျယ်ရွာတာတွေကြောင့် ထိုင်းနိုင်ငံတ၀ှမ်းမှာရှိတဲ့ တောင်ကုန်းဆင် ခြေလျှောတွေမှာနေတဲ့ လူ ၁ သန်းကျော်ဟာ မြေပြိုမယ့်အန္တရာယ်နဲ့ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဓါတ်သတ္ထု ဌာန တနေ့က သတိပေးပြောကြားခဲ့ပါတယ်။



မြောက်ပိုင်းဒေသက အန္တရာယ်အကြီးဆုံးဒေသဖြစ်ပြီး တောင်ကုန်း ဆင်ခြေလျှောတွေနားမှာ ရွာပေါင်း ၃၉၆၅ ရွာကျော် ရှိနေပါတယ်။ တောင်ပိုင်းမှာ ရွာပေါင်း ၁၆၂၈ ရွာ၊ အလယ်ပိုင်း နဲ့အနောက်ပိုင်းမှာ ၃၁၇ ရွာနဲ့ အရှေ့ပိုင်းက ၁၇၉ ရွာ တို့ဟာလည်း တောင်ကုန်းဆင်ခြေလျှောမှာ တည်ရှိနေကြလို့ စိုးရိမ်စရာအကောင်းဆုံးတွေထဲမှာ ပါနေပါတယ်။ နောက် လမှာဆို မိုးတွင်းဝင်ပြီဖြစ်လို့ မြောက်ပိုင်းနဲ့အနောက်ပိုင်း ဒေသတွေဟာ မြေပြိုမယ့်အန္တရာယ် ပိုဆိုးလာမှာဖြစ်ပါတယ်။


ပြောင်းခင်းတွေ နေရာအတော်များများမှာ စိုက်ပျိုးတာကြောင့် အပေါ်ယံမြေဆီလွှာပျက်စီးပြီး ရေစုပ်မယူနိုင်တာနဲ့ မြေ သားတွေပြိုတာ မတားနိုင်တော့လို့ နန်ပြည်နယ်က ၄ ခရိုင်ဖြစ်တဲ့ ပွား၊ ချာလိုအင်ဖရားခီယက်၊ဘိုခလွားနဲ့ ဆန်တိဆုတ် ခရိုင်တို့ဟာ မြေပြိုတဲ့အန္တရာယ်နဲ့ ကြုံခဲ့ရတာဖြစ်တယ်လို့ ကပ်ဘေးတားဆီးရေးဌာနက ပြောရေးဆိုခွင့်ရှိသူ အာဒီ ချာ့တ်ဆူရင်းခမ်က ပြောဆိုပါတယ်။ ဒါ့ပြင် ဒီဒေသတွေမှာ တွေ့ရတဲ့ မြေလွှာအက်ကြောင်းတွေက မြေပြိုတာကို ထပ် လောင်းအားပေးပါတယ်။ မြေပြိုတာတွေတားဖို့ မြေနိမ့်လွင်ပြင်တွေမှာ စိုက်ပျိုးတာတွေ အထူးသဖြင့် ရာဘာနဲ့ ပြောင်း အကြီးအကျယ်စိုက်တာတွေကို ထိန်းချုပ်ဖို့ စီမံချက်တွေ တင်းကြပ်ဖို့ ကပ်ဘေးတားဆီးရေးဌာနကအစိုးရကို တောင်း ဆိုထားတယ်လို့ အာဒီဆက် က ပြောပါတယ်။


“ကြိုးဝိုင်းသစ်တောထဲက ဒါမှမဟုတ် မြေပြိုမယ်အန္တရာယ် ရှိတဲ့ နေရာတွေက မြေနိမ့်၊ ကွင်းပြန့်တွေမှာ ရာဘာတွေ တရားမ၀င်စိုက်ပျိုးနေတာတွေကို ဖယ်ပစ်ရပါမယ်” လို့ သူက ထပ် ပြောပါတယ်။
မြေပြိုမယ့်အန္တရာယ်ရှိတဲ့ဒေသတွေမှာ လုပ်နေတဲ့လုပ်ဆောင်မှုတိုင်းအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက် ရောက်မှုအပေါ် ဆန်းစစ်ချက်တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့အတွက် သူ့အနေနဲ့ သဘာဝသယံဇာတရင်းမြစ်နဲ့ သဘာဝပတ်ဝန်းကျင်မူဝါဒနှင့် စီမံကိန်းရေးဆွဲရေးရုံးကို တောင်းဆိုမှာ ဖြစ်ပါတယ်။ “ကျနော်တို့အနေနဲ့ ဒီမြေပြိုမယ့် အန္တရာယ်ရှိတဲ့ဒေသပတ်ဝန်းကျင်မှာနေတဲ့လူတွေဆီကို မြေပြိုမယ့် ကြိုတင်သတိပေးချက် သတင်းတွေ ကြိုပြီးပို့ရပါ မယ်” လို့ သူက ပြောပါတယ်။ ဒီနေ့အထိ ဒီဌာနမှာ တနိုင်ငံလုံးက ရွာပေါင်း ၁၀၀၀ မှာ လုပ်ကိုင်နေတဲ့ မြေပြိုမယ့် အန္တ ရာယ် ကြိုတင်သတိပေးပြောကြားတဲ့ စေတနာ့ဝန်ထမ်း ၁၄,၈၄၅ ယောက်ရှိပါတယ်။ ဒါပေမဲ့ ဒီဌာနကို အန္တရာယ်ဇုံမှာ နေတဲ့ လူ တသန်းလောက် ရှိတဲ့ ရွာပေါင်း ၅၀၀၀ မှာ စေတနာ့ဝန်ထမ်းတွေ တိုးချဲ့ချထားဖို့ လိုပါတယ်။


ဝန်ကြီးဌာနရဲ့ စစ်တမ်းကောက်ယူမှုတွေကို ကူညီဖို့နဲ့ မြေပြိုတာကိုစောင့်ကြည့်ပေးဖို့အတွက် သစ်တောစိုက်ခင်း ၆၀၃၈ ခင်းမှာ နေ,နေကြတဲ့ ဘုန်းကြီးတွေကို ဆွဲဆောင်စည်းရုံးဖို့ သဘာဝရင်းမြင်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဆူဝစ်ခွန်ခစ် က မှာကြားထားပါတယ်။

ဧပြီ ၆၊ ၂၀၁၁ (The Nation)

http://www.naytthit.net/?p=11749

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...