Sunday, April 24, 2011

သိန်းစိန်အုပ်စုကို အရှိအတိုင်း လက်ခံကြောင်းပြောတာဟာ စစ်အုပ်စုကို ကန့်ကွက်နေတဲ့ နိုင်ငံတကာအစိုးရတွေကိုတောင် ဝေဝါးသွားစေနိုင်ပါတယ်

[By ဗမာပြည်ဖွား ညီနောင်များ]
ဆောက်လုပ်ရေးလောကမှာတော့ တည်ဆောက်ရေးလို့ ပြောရင် ပျက်စီးယိုယွင်းနေတာကို ပြုပြင်တာ (Main tain)၊ ပျက်စီးနေတာကို ဖျက်ပြီး ပုံစံအဟောင်းအတိုင်း ပြန်ဆောက်တာ (Renovate)၊ တိုးချဲ့ဆောက်လုပ် တာ (Extension) နဲ့ အဆောက်အဦသစ် ဆောက်လုပ်တာ (Building Construction) ဆိုပြီး ပုံသဏ္ဍာန်လေး မျိုးရှိပါတယ်။ ဆောက်လုပ်ရေးလောကရဲ့ စကားလုံးနဲ့ နှိုင်းပြောရရင် ဇာတ်မျောဖြစ်နေတဲ့ နိုင်ငံရေးအခြေအ နေကို ဖာထေး ဖြတ်ဆက်လုပ်တာမျိုးနဲ့ပဲ နေကြမလား၊ နီးစပ်ရာလူတွေနဲ့ပဲ ဖွဲ့စည်းပုံတွေကို ပြင်ကြပြီး လုပ် နည်းလုပ်ဟန်အဟောင်းတွေနဲ့ပဲ ခရီးဆက်နေကြမလား၊ ဒီအဖွဲ့အစည်း ဒီခေါင်းဆောင်ဆိုသူတွေကိုပဲ တိုက်ပွဲ ဝင် ပုံစံသစ် စဉ်းစားခိုင်းမလား၊ ခေါင်းဆောင်ပြောင်း တိုက်ပွဲဝင်နည်းနာပြောင်း ပုံသဏ္ဍာန်သစ်တခု စဉ်းစား မလား၊ ကျနော်တို့ ဒီမိုကရေစီရေးတိုက်ပွဲဝင် အင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ဖိနှိပ်မှုမျိုးစုံကို ဆက်ပြီး ကြံ့ ကြံ့ခံ ရပ်တည်နိုင်ဖို့နဲ့ ပြည်သူတွေကို စစ်ကျွန်ဘဝက ကယ်တင်ပေးနိုင်ဖို့ရာ လက်ရှိနိုင်ငံရေးအခြေအနေမှာ တခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။


ပြည်တွင်းမှာရော ပြည်ပမှာပါ ဖာထေး ဖြတ်ဆက်နည်းတွေနဲ့ ယောင်ဝါးဝါးလုပ်နေခဲ့တာ (၂၃) နှစ်ကျော်လာခဲ့ ပါပြီ။ အဲဒီအတွက် စစ်အုပ်စုက ထင်ရာစိုင်း ရပ်တည်နိုင်ခဲ့ပြီး ကျနော်တို့ ဒီမိုကရေစီရေးတိုက်ပွဲဝင် အင်အားစု တွေရဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ဆိုတဲ့ အကြီးမားဆုံးခံတပ်ကြီး ပြိုလဲပျက်စီးခဲ့ပါတယ်။ စစ်အုပ်စုရဲ့၂၀၁၀ ရွေး ကောက်ပွဲဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ခံတပ်ကြီးကို ဖျက်ဆီးတိုက်ခိုက်လာ တဲ့ ထိုးစစ်ကြီးတခုဖြစ်ပြီး ခံတပ်ပေါ်ကနေ မဆုတ်တမ်း ဦးဆောင်ရပ်ခံနေရမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကြီးက စစ်အုပ်စု ဖန်တီးမွေးထုတ်လိုက်တဲ့ သိန်းစိန်အုပ်စုကို အသိမှတ်ပြုကြောင်း ကြေညာပြီး ခံ တပ်ပေါ်က ဆင်းပြေးလိုက်တာဟာ လူထုနဲ့ တိုက်ပွဲဝင်အင်အားစုတွေ တောင့်ခံပေးထားတဲ့ ခံတပ်ကြီး ပြိုလဲ ကျသွားစေတာပဲ ဖြစ်ပါတယ်။

(၂၃) နှစ်တာကာလအတွင်းမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ထိန်းသိမ်းကြ၊ NLD ကို ဝန်းရံကြဆိုပြီး ဒီခံတပ် ကြီး မယိုင်မလဲရအောင်ကြိုးပမ်းရင်း အသက်စွန့်သွားကြရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းသာ တမလွန်ကနေ ဒီအခြေအနေတွေကို သိမြင်ခွင့်ရရင် တက်တခေါက်ခေါက်နဲ့ ခံပြင်းဝမ်းနည်း ကြေကွဲနေကြ မှာပါ။

“ရွှေဂုံတိုင်ကြေညာစာတမ်းကို ကိုယ့်ဘာသာ
ပြန်ကျောခိုင်းခဲ့တဲ့အတွက်၊ အာဏာရှင်တွေကို တိုက်ပွဲဝင်ရေးနည်း မသုံးတော့ဘဲ
မျက်နှာချိုသွေး အောက်ကလိုက်ပေါင်းချင်နေတဲ့အတွက် NLD အပေါ် ပြည်သူတွေရဲ့အမြင်ကို
အရှိတရားအတိုင်း ပြောရရင် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းလောက်တောင် ပြည်သူတွေက
တန်ဘိုးမထား စိတ်မဝင်စားကြတော့ပါဘူး။”

သေတဲ့သူတွေသေ၊ ဘဝပျက်သူတွေပျက်၊
ခြေလက်ခန္ဓာ စွန့်သူတွေစွန့်ရ၊ ထောင်ကျသူတွေလည်းကျ ဆိုတဲ့ အခြေအနေမှာ ပြည်တွင်းပြည်ပ
နိုင်ငံရေးအသိုင်းအဝိုင်းကြီးကတော့ နီးစပ်ရာလူတွေနဲ့ တလှည့်စီ ဥက္ကဌတွေ၊
အတွင်းရေးမှူးတွေလုပ်ပြီး လုပ်နည်းလုပ်ဟန်အဟောင်းတွေနဲ့ပဲ နှစ်ပါးသွားနေခဲ့တာ
ရိုးအီအသားကျနေပါပြီ။ လူမပြောင်းမူမပြောင်း ဟောင်းနွမ်းဆွေးမြေ့မှုတွေကို တခါက
ရှိခဲ့ဖူးတဲ့ ဂုဏ်တွေနဲ့ ဖုံးကွယ်ပြီး ခပ်တည်တည် ရပ်တည်နေကြတာလည်း
ပြည်တွင်းပြည်ပအားလုံး ကူးစက်ရောဂါရနေကြပါပြီ။ ပြည်သူတွေနဲ့ မျိုးဆက်သစ် တွေက
ဘယ်သူ၊ ဘယ်အဖွဲ့၊ ဘယ်လမ်းစဉ်ကို ယုံကြည်မျှော်လင့်လိုက်ပါရမလဲ၊
ဝေဝါးလမ်းပျောက်နေကြရတဲ့ အခြေအနေဖြစ်နေတာကို စစ်အုပ်စုက ကောင်းကောင်းအသုံးချပြီး
စစ်အရေခွံချွတ် အာဏာရှင်လက်သစ် ဂိုဏ်းကို အောင်အောင်မြင်မြင်
မွေးထုတ်ခဲ့တာပါပဲ။

လှိမ့်နေအောင် ခံနေရတာက စစ်အုပ်စုရဲ့
ညှင်းပန်းနှိပ်စက်မှုမျိုးစုံအောက်ရောက်နေတဲ့ ထောင်ထဲက ရဲဘော် ရဲဘက်တွေနဲ့
ပြည်သူတွေပဲဖြစ်ပါတယ်။ ကျဆုံးခဲ့ပြီးသူတွေ၊ စွန့်လွှတ်ပေးဆပ်နေကြရသူတွေနဲ့ ဖိနှိပ်ခံ
ပြည် သူတွေအတွက် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ပြောရပါတော့မယ်။ ပွဲဆူဖို့မဟုတ်ပါဘူး။
အရှိတရားကို လက် ခံပိုင်းခြားပြီး
နည်းလမ်းရှာနိုင်ဖို့သာဖြစ်ပါတယ်။

ဖာထေးဖြတ်ဆက်နည်းကလည်းမစွံ၊
လုပ်နည်းလုပ်ဟန်အဟောင်းတွေကိုပဲ ပုံသဏ္ဍာန်အမျိုးမျိုးပြောင်း လည် ပတ်တာလည်း
အလုပ်မဖြစ်ဆိုတော့ရာ ဒီအဖွဲ့အစည်း ဒီခေါင်းဆောင်တွေကိုပဲ
တိုက်ပွဲဝင်နည်းနာပြောင်းဖို့ အ ကြံပြုပြီး ခရီးဆက်မလား စဉ်းစားကြည့်ပါသေးတယ်။
ဘယ်လိုမှ အကြံပြုလို့ရမှာမဟုတ် လုံးဝမဖြစ်နိုင်ဘူးလို့ တွေးမိတဲ့အချိန်မှာ
အရာအားလုံး အသစ်ကပြန်စဖို့ စဉ်းစားတာ အကောင်းဆုံးလို့
တွေးမိပါတယ်။

ဘာကြောင့် ဒီအဖွဲ့အစည်း ဒီခေါင်းဆောင်တွေနဲ့
မဖြစ်နိုင်ဘူးလဲဆိုတာက စပြောပါမယ်။ ဒီအဖွဲ့အစည်းဆိုတာ က NLD ပါ။
ဒီခေါင်းဆောင်တွေဆိုတာက ပြည်တွင်းမှာဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ခေါင်းဆောင်
တွေ၊ ပြည်ပမှာဆို လက်ရှိ ခေါင်းဆောင်နေရာယူထားသူတွေပါ၊ ဒီနေရာမှာ ကျနော်
နောက်တကြိမ် ထပ်ပြော ချင်ပါတယ်။ အစွဲတွေနဲ့ ခံငြင်းတာမျိုးမလုပ်ကြဘဲ
ကျဆုံးခဲ့ပြီးသူတွေ၊ စွန့်လွှတ်ပေးဆပ်နေကြရသူတွေနဲ့ ဖိ နှိပ်ခံပြည်သူတွေအတွက်ပဲ
ခံစားပြီး လက်တွေ့ကျကျ ရှုမြင်ပေးကြဖို့ပါ။

ကျနော်တို့အင်အားစုတွေအနေနဲ့ NLD
ကို ဝန်းရံကြဆိုတဲ့မူကို ပြည်တွင်းပြည်ပ ကိုင်စွဲခဲ့ကြတယ်။ ဒါကလည်း ၁၉၉၀
ရွေးကောက်ပွဲမှာ လူထုက သတ်မှတ်ပေးခဲ့တာပါပဲ။ နှစ် (၂၀) ကျော်အချိန်ကာလမှာ
တပ်ဦးပါတီဖြစ် တဲ့ NLD ရဲ့ စွမ်းဆောင်နိုင်မှုက ဘယ်လောက်ပဲရှိခဲ့လဲ။ ပြည်သူတွေရဲ့
ယုံကြည်မှုကရော ၁၉၉၀ ကာလကလို ရှိသေးရဲ့လား။ မျိုးဆက်သစ်တွေရဲ့ အမြင်ကရော NLD အပေါ်
ဘယ်လိုရှိလဲ။ ရွှေဂုံတိုင်ကြေညာစာတမ်းကို ကိုယ့်ဘာသာ ပြန်ကျောခိုင်းခဲ့တဲ့အတွက်၊
အာဏာရှင်တွေကို တိုက်ပွဲဝင်ရေးနည်းမသုံးတော့ဘဲ မျက်နှာချို သွေး
အောက်ကလိုက်ပေါင်းချင်နေတဲ့အတွက် NLD အပေါ် ပြည်သူတွေရဲ့အမြင်ကို အရှိတရားအတိုင်း
ပြော ရရင် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းလောက်တောင် ပြည်သူတွေက တန်ဘိုးမထား
စိတ်မဝင်စားကြ တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်မြတ်နိုးမှု ပြည်သူတွေရင်ထဲ
အထိုက်အလျောက်ရှိနေသေးလို့ သာ ယိုင်နွဲ့နွဲ့ ရပ်တည်နိုင်နေတာဖြစ်ပါတယ်။ လူထုအပေါ်
ဆွဲဆောင်နိုင်မှုမရှိဘဲ၊ လူထုရဲ့သိမ်ငယ်နေမှုကို ဖေး မအားပေးမလုပ်နိုင်ဘဲ NLD ကို
တပ်ဦးနေရာမှာ ဆက်ထားရေး မထားရေး ဆုံးဖြတ်ကြသင့်ပါပြီ။


ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးပြောရင် မိတ်ဆွေရင်းချင်း၊
ရဲဘော်ရဲဘက်ချင်း စိတ်အခန့်မသင့်စရာ တွေ ဖြစ်လာနိုင်တာ သိပေမယ့် ဒီမိုကရေစီကို
တန်ဖိုးထားပြီး ကိုယ့်အမြင်ကိုယ် ရဲရဲပြောရပါလိမ့်မယ်။ ဒေါ်စု ဟာ ကိုမင်းကိုနိုင်
အပါအဝင် ဗကသကျောင်းသားတွေ၊ သုံးရောင်ခြယ်ကျောင်းသားတွေ၊ NLD လူငယ်တွေနဲ့
တသားတည်းရှိနေတဲ့ ၈၈/၈၉ ကာလတွေမှာသာ ရဲရင့်တက်ကြွခဲ့ပြီး နောက်ပိုင်းမှာ
နိုဘယ်ဆုကြောင့်လား၊ ၉၀ ရွေးကောက်ပွဲကြောင့်လား၊ တိုက်ပွဲအရှိန်ကို
လျှော့ချခဲ့တာတွေ့ရပါတယ်။

ခင်ညွန့်နဲ့အတူ စစ်တပ်လုပ်နေတဲ့
နိုင်ငံတော်တည်ဆောက်ရေးဆိုတာတွေ လျှောက်လိုက်ကြည့်တာမျိုး လုပ် တာတွေရှိခဲ့တဲ့အပြင်
တပ်မတော်သားတွေကို ရှေ့တန်းလိုက်အားပေးတာမျိုးတောင် လုပ်ချင်တာပါလို့ ပြောခဲ့
တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒေါ်စုက ခင်ညွှန့်နဲ့ ရယ်ရယ်ပြုံးပြုံး သွားလာနေချိန်မှာ
ကျနော်တို့ရဲဘော်တွေက စစ် ကြောရေးခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ခင်ညွန့်တပည့်တွေရဲ့
နှိပ်စက်မှုမျိုးစုံခံနေခဲ့ရပါတယ်။ တပ်မတော် သားတွေကို ရှေ့တန်းတောင်
လိုက်အားပေးချင်ပါတယ်လို့ ပြောချိန်မှာ ရှေ့တန်းမှာ တိုက်နေတာက ကျနော်
တို့အင်အားစုတွေနဲ့ ဖြစ်ပါတယ်။ ထားတော့ ...။

လူထုခေါင်းဆောင်လို့
ဖြစ်နေသူတယောက်မှာ အကြောင်းပြချက်တခုခုနဲ့ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်တွေ ရှိနေ
လို့ လို့ နားလည်ပေးပြီး ခံစားချက်ကို မြိုသိပ်ပေးလို့ရတယ်ထားပါတော့။
ကိုယ့်ဆုံးဖြတ်ချက်က လွဲရင် တခြား သူဆုံးဖြတ်ချက်ကို တန်ဘိုးမထားတဲ့
ထင်ရာတဇွတ်ထိုးလုပ်တတ်တဲ့ ဉာဉ် ဒေါ်စုမှာ ရှိနေတာ NLD ထဲက လူ တွေလည်း
အများစုအသိပါပဲ။ ပြည်သူတွေရဲ့ ဘဝပေါင်းများစွာအရေးကို ငါတကောလုပ် တတ်သူတွေလက် ထဲကို
ဘယ်လိုစိတ်ချယုံကြည်မှုတွေနဲ့ အပ်နိုင်ပါတော့မလဲ။ ဒီပဲယင်းမှာ
လုံခြုံရေးစိတ်မချရလို့ ဆက်မသွား သင့်ဘူးလို့ တားနေကြတဲ့ကြားက ဒေါ်စု
ဆုံးဖြတ်ချက်တခုတည်းနဲ့ အချိန်မတော် ခရီးဆက်ကြလို့ စစ်ခွေး ကိုက်ခံခဲ့ကြတယ်။
တိုက်ပွဲထဲမှာ မဟုတ်ဘဲ အသတ်ခံခဲ့ကြရတယ်။

အဲဒီ မတရားအနိုင်ကျင့်
စော်ကားသတ်ဖြတ်ခံရတဲ့ လူသတ်ပွဲကနေ ထိန်းသိမ်းခံရပြီး ပြန်လွတ်လာလာချင်း ဒေါ်စု
လုပ်သင့်တာဘာလဲ။ ဒီပဲယင်းဖြစ်စဉ်ရဲ့မတရားမှုကို ကမ္ဘာသိ ပြန်ပြော၊ ကျဆုံးခဲ့ရသူတွေရဲ့
မိသားစု တွေကို အားပေးစကားပြော မလုပ်သင့်ဘူးလား။ အခု ဒေါ်စု ပြန်လွတ်တာ ငါးလရှိပြီ။
ဒီပဲယင်းကိစ္စ ဘာမှမ ဟတာ ဘာကြောင့်လဲ။ ဒီပဲယင်းကိစ္စကို ပြန်ဟတာနဲ့ ပြတ်ပြတ်သားသား
တိုက်ပွဲဝင်ရတော့မှာမို့ ပြန်ထိန်း သိမ်းခံရမှာ စိုးရိမ်ပြီး
တိုက်ပွဲရှောင်တဲ့အနေနဲ့ ကျဆုံးခဲ့သူတွေကို မသိကျိုးကျွံပြုထားတာများလား၊ ဒါက ကျ
နော့်ရင်ထဲ မကြေလည်တဲ့ ပုဂ္ဂလိကအမြင်တွေပါ။

အဓိကကျတာက အဲဒါတွေ မဟုတ်ပါဘူး၊
နိုင်ငံရေးကိုအခြေခံတဲ့ အမြင်ပါ။ ဒေါ်စုနဲ့ NLD ခေါင်းဆောင်တွေရဲ့ စစ်အုပ်စုအပေါ်
မြင်တဲ့အမြင်ပါ။ ကျောင်းသားတွေ ပြည်သူတွေနဲ့ ရဟန်းသံဃာပါမချန် သတ်ဖြတ်ပြီး အာ
ဏာဆုပ်ကိုင်ထားသူတွေအပေါ် ရန်ငါစည်းမပြတ်တဲ့ကိစ္စက အဆိုးဆုံးပါ။ စစ်အုပ်စုက
ကျနော်တို့ရဲ့ရန်သူသာ ဖြစ်ပါတယ်။ အတိုက်အခံမဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ ရက်စက်မှု၊
ယုတ်မာမှု၊ အနိုင်ကျင့်မှုတွေက မျက်ဝါးထင် ထင်ပါ။ သူတို့ဘက်က အာဏာနဲ့ပတ်သက်ရင်
အရမ်းပြတ်သားပါတယ်။ ကလေးသူငယ်၊ မိန်းမ၊ ကိုယ်ဝန် ဆောင်၊ ရောဂါသည် ဘာမှမချန်ပါဘူး။
ဆိုးဆိုးရွားရွားကိုနှိပ်ကွပ်ခဲ့တာပါ။ ရန်သူလို့ သတ်မှတ်ခြင်း မသတ်မှတ်
ခြင်းအပေါ်ကနေ တိုက်ပွဲဝင်ဖို့ နည်းနာပုံစံတွေ ကွဲပြားသွားပါတယ်။

စစ်အုပ်စုက
တွေ့ဆုံဆွေးနွေးလာလေမလားလို့ ဘာတိုက်ပွဲဖော်ဆောင်မှုမှမရှိဘဲ
ရပ်စောင့်နေတာမျိုးကြောင့် နှစ်တွေလည်း တစစကြာခဲ့ပါပြီ။ ဒေါ်စုက သူ့ကိုယ်သူ
သဘောထားနေတာက NLD ခေါင်းဆောင်အဆင့်မှာပဲ ဖြစ်နေပြီး လူထုခေါင်းဆောင်အနေနဲ့
လုပ်သင့်တာ မလုပ်တာ၊ ပြောသင့်တာ မပြောတာတွေက ပြဿနာပါ။ လူထုခေါင်းဆောင်က
စစ်အုပ်စုအပေါ် ကိုယ့်သဘောထားကိုယ်ပြောတာထက် အများပြည်သူကိုယ်စားပြုပြီး အများက
ဆုံးဖြတ်တဲ့အတိုင်း ပြောရမှာပါ။ ဒီမိုကရေစီရေးတိုက်ပွဲဝင်အင်အားစုတွေက သန်းရွှေက
မွေးထုတ် တဲ့ သိန်းစိန်နဲ့ ယူနီဖောင်းချွတ်တစုကို အစိုးရလို့
အသိမှတ်မပြုပါဘူးဆိုရင် သူကလည်း မပြုဘူးပဲ ပြောပေးရ မှာပါ။ ခုတော့
ပြည်တွင်းပြည်ပတိုက်ပွဲဝင်အင်အားစုတွေနဲ့ ညှိနှိုင်းမှုမလုပ်ဘဲ ကိုယ့်သဘောနဲ့ကိုယ်
ကိုယ့်အ ဖွဲ့အစည်းဆုံးဖြတ်ချက်သက်သက်နဲ့ သိန်းစိန်အုပ်စုကို အရှိအတိုင်း
လက်ခံကြောင်းပြောတာဟာ စစ်အုပ်စုကို ကန့်ကွက်နေတဲ့ နိုင်ငံတကာအစိုးရတွေကိုတောင်
ဝေဝါးသွားစေနိုင်ပါတယ်။

အဲဒီတော့ ဖောက်ထွက်ရမယ်ဆိုတဲ့ ဦးဝင်းတင်စကားနဲ့
ပြောရရင် ဒေါ်စုမှ ဒေါ်စုလို့ သမားရိုးကျသွားနေလို့ မ ရတော့ပါဘူး။ လစ်ဗျားတို့
တူနီးရှားတို့လို လူထုအုံကြွမှုတွေဖြစ်လာဖို့က စေ့စပ်ဆွေးနွေးမယ်ဆိုတဲ့ လူရှိနေလို့
မရပါဘူး။ လူထုဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြီး အသေခံတိုက်ပွဲဝင်နိုင်မှ
လူထုဆုံးဖြတ်ချက်ကို လေး စားလိုက်နာမှ လူထုခေါင်းဆောင်ဖြစ်သင့်ပြီး လူထုကလည်း
ယုံယုံကြည်ကြည် လိုက်ပါလာမှ ကျနော်တို့ နိုင်
မှာပါ။

ပြည်ပခေါင်းဆောင်တွေလည်း ဒီလိုပါပဲ။ စင်ပြိုင်အစိုးရအဖွဲ့ဝင်တွေလို
နာမည်အကြီးကြီးခံထားပြီး တနေ့တ ကြိမ်တောင် နိုင်ငံရေးစကားမပြောဖြစ်တဲ့သူတွေ၊
ကိုယ့်အဖွဲ့အစည်းရှိရာ တလနေလို့ တခေါက်ရောက်မလာ တဲ့ ခေါင်းဆောင်ဆိုသူတွေ
အများကြီးပါပဲ။ တိုက်ပွဲဝင်ရေးနည်းနာသစ် စဉ်းစားဖို့ နေနေသာသာ တိုက်ပွဲနဲ့
ကင်းကွာပြီး စားဝတ်နေရေးအဓိကလုပ်နေသူ အများစုဆိုတာ သိကြမှာပါ။
အဲဒီလိုခေါင်းဆောင်တွေနဲ့ပဲ ဒီ တိုင်းဆက်သွားနေလို့ကတော့ ကျနော်တို့ခေတ်မဟုတ်ဘူး၊
ကျနော်တို့ မြေးမြစ်တွေခေတ် ရောက်တာတောင် စစ်ကျွန်ဘဝက
လွတ်မှာမဟုတ်ပါဘူး။

ပြည်တွင်းမှာ ကိုမင်းကိုနိုင်တို့လို
ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင်တွေ၊ ကိုဇာဂနာတို့လို ရဲဝံ့ပြတ်သားသူ တွေ၊
ကိုကျော်သူလို လူထုကို လက်တွေ့ကျကျ ဦးဆောင်အကူအညီပေးနေသူတွေထဲက
ခေါင်းဆောင်ရွေးပြီး ပြည်ပမှာလည်း တကယ်နိုင်ငံရေးအလုပ်ကို ထဲထဲဝင်ဝင်
ကိုယ်ကျိုးစွန့်လုပ်မယ့်သူတွေကိုပဲ ခေါင်းဆောင်ဖြစ် စေသင့်ပါတယ်။ အရေးကြီးတာက
တိုက်ပွဲဝင်ရေးနည်းနာတွေနဲ့ ဘာကို ခံတပ်လုပ်ရပ်ခံမလဲ ညှိနှိုင်းအဖြေရှာ ကြဖို့ပါပဲ။


နည်းဟောင်းတွေကို လေ့လာကြည့်ရင် လက်နက်ကိုင်တော်လှန်ရေးသက်သက် နည်းနာကလည်း
ကျော ထောက်နောက်ခံပြု ရပ်တည်နေရတဲ့ နိုင်ငံတွေက (ဥပမာ - ထိုင်း/တရုတ်) တီးတဲ့
တီးလုံးအတိုင်းပဲ လိုက်က နေကြရပါတယ်။ လက်နက်၊ ရိက္ခာ၊ ဆေးဝါးအထောက်အပံ့တွေ
ချို့တဲ့လာတဲ့အချိန်မှာ ထိုးစစ်ဆင်နိုင်ဖို့ထက် နယ်မြေလက်မလွှတ်ရရေးဘဲ
ရည်မှန်းချက်ထားပြီး ရေရှည်အတွက် ခံစစ်ပြင် ရပ်တည်နေခဲ့ကြရတာဖြစ်လို့
လက်နက်ကိုင်တော်လှန်ရေးကနေ အောင်ပွဲခံနိုင်တဲ့အခြေအနေ
ရောက်မလာခဲ့ပါဘူး။

အကြမ်းမဖက်ရေးနည်းနာကျတော့ ပိုလို့တောင် ဆိုးပါသေးတယ်။
၂၀၀၇ စက်တင်ဘာလို မေတ္တာပို့ လမ်း လျှောက်တဲ့နည်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့
သံဃာတော်တွေကိုတောင် ရိုက်နှက်ပစ်ခတ်သတ်ဖြတ်ခံရပါတယ်။ စစ်တပ်က ထင်သလို
ခြယ်လှယ်သွားတာပဲခံရပြီး ၈၈၈၈ လို တတိုင်းပြည်လုံး အုံကြွမှုကြီးတောင် အာဏာ
သိမ်းခံရပါတယ်။ အဲဒီတော့ နည်းလမ်းသစ်က ဘာလဲ။ ရှင်းပါတယ်။ ဘယ်နည်းလမ်းမဆို
တိုက်ပွဲဝင်မှုတိုင်း လုပ်သင့်တယ်၊ လုပ်ရမယ်ဆိုတဲ့ နည်းလမ်းစုံသုံးရေးနည်းပါပဲ။
လူထုအုံကြွဖို့၊ လူထုက ရရာလက်နက်နဲ့ ပြန်ခံ ချတတ်ဖို့၊ ရန်သူ့တပ်တွင်းပုန်ကန်မှုတွေ
ဖြစ်လာဖို့၊ နိုင်ငံတကာက အကူအညီတွေရဖို့ ... စသဖြင့် ပုံသေမ ဟုတ်ဘဲ
တိုက်ပွဲဝင်ကြဖို့ပါ။ ၈၈၈၈ ကာလကလို အသက်ကအစ ပဓာနမထားတဲ့ စိတ်ဓာတ်မျိုးနဲ့ တက်ညီ
လက်ညီ တိုက်ပွဲဝင်ကြဖို့ပါ။

လက်တွေ့အခြေအနေရဲ့ အရှိတရားကိုလည်း
ရဲရဲလက်ခံဖို့လိုပါတယ်။ ခုထိတော့ ကျနော်တို့ တဆုတ်ထဲ ဆုတ်နေရပါတယ်။ ၉၀
ရွေးကောက်ပွဲဆိုတဲ့ ခံတပ်ကြီး လဲပြိုသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လည်း
ခံတပ်ပေါ်က ခုန်ချထွက်ပြေးသွားပါပြီ။ ဒေါသထွက် ပေါက်ကွဲနေဖို့မလိုသလို
နာကျင်ကြေကွဲနေဖို့လည်း မလို ပါဘူး။ ဘယ်လိုအသစ်ပြန်တည်ဆောက်ကြမလဲဆိုတာပဲ
အရေးကြီးတာဖြစ်တဲ့အတွက် စိတ်ဓာတ်ခိုင်ခိုင်မာ မာနဲ့ အားတင်းတောင့်ခံကြရပါမယ်။
ပြည်သူ့သဘောထားကို အဓမ္မကျင့် လုပ်ယူထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်း ပုံတိုက်ဖျက်ရေးနဲ့
တဘက်စောင်းနင်းလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ် အသိမှတ်မပြုရေး ခံတပ်သစ်ကို
ဆောက်ကြပြီး တိုက်ပွဲဝင်ရဲမယ့် ခေါင်းဆောင်သစ်တွေနဲ့ လက်တွဲကြရအောင်ပါ။


စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။

တော်လှန်ရေးသစ္စာ ခိုင်မာမှုဖြင့်...

မောင်ချင့်ချိန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...