Friday, April 8, 2011

Facebook ဘယ်ကနေ ငွေရသလဲ (သို့မဟုတ်) Facebook မှာ ဘယ်လိုကြော်ငြာမလဲ ၊

Facebook ဘယ်ကနေ ငွေရသလဲ (သို့မဟုတ်) Facebook မှာ ဘယ်လိုကြော်ငြာမလဲ အဲဒီမေးခွန်းကို အင်တာနက်အသုံးပြုတဲ့သူတစ်ယောက်ကို မေးလိုက်ရင် ဟာ ဒါများဗျာ ကြော်ငြာကနေ ရတာ နေမှာပေါ့လို့ ဖြေမယ်ထင်ပါတယ်။ ဟုတ်ပြီ။ ကြော်ငြာကနေရတယ်ဆိုရင် Facebook ကနေ ကြော်ငြာတာ ဘာတွေများ တွေ့ဖူးသလဲလို့ စာရေးသူ ပြန်မေးချင်ပါတယ်။ စာရေးသူကိုယ်တိုင် Facebook ကြော်ငြာတွေကို မတွေ့ဖူးပါဘူး။ အဲဒါကြောင့် Facebook ကြီး ဘယ်ကနေများ ငွေတွေရပါလိမ့်ဆိုပြီး တွေးရင်း တွေးရင်းနဲ့ ခေါင်းခြောက်ခဲ့ရပါတယ်။ နောက်ဆုံးမှ အဖြေကို သိခဲ့ရပါတယ်။
ဒီလိုပါ။ Facebook မှာ စာရေးသူတို့ ဓာတ်ပုံတွေ၊ Status တွေ Share လုပ်ကြတယ် မဟုတ်လား။ စာရေးသူတို့ တင်လိုက်တဲ့ Status ထဲမှာ ပါတဲ့ Keywords တွေကိုကြည့်ပြီးတော့ ဒါမှမဟုတ် Comments တွေကို ကြည့်ပြီးတော့ Facebook က Wall ရဲ့ ညာဘက်မှာ အဲဒီ Keywords တွေနဲ့ သက်ဆိုင်တဲ့ ကြော်ငြာထိုးပါတယ်။ ဒါပေမဲ့ Facebook သုံးတဲ့ မြန်မာပြည်သူ ပြည်သားများက တင်လိုက်ရင် မြန်မာလိုပဲ ရေးပြီး တင်ကြတာများတော့ Facebook ကြီးခမျာ ဘာကြော်ငြာမှ ထိုးခွင့်မရဘူး ဖြစ်တော့တာပါပဲ။ Facebook ကတော့ တွေးချင်တွေးနေပါလိမ့်မယ်။ မြန်မာပြည်သူ ပြည်သားတွေ Facebook သုံးခွင့်ပေးတာ ငါတို့ရှုံးတယ်ဟလို့ပေါ့။

ပုံမှာပြထားတာကတော့ Google Images ကို အသုံးပြုပြီး ရှာတွေ့ထားတဲ့ Facebook ရဲ့ ကြော်ငြာထိုးပုံလေးပါ။ ညာဘက်မှာ ကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။ User က တင်ထားတဲ့ Status နဲ့ သက်ဆိုင်တဲ့ ကြော်ငြာတွေပေါ့။

ကဲ အဲဒီလို ကြော်ငြာတွေ ဘယ်လိုထည့်မလဲဆိုတာကိုတော့ လုပ်ငန်းရှင်တွေ စိတ်ဝင်စားမယ်နဲ့ တူပါတယ်။ Facebook မှာ ကြော်ငြာခြင်းဟာ တခြားနေရာမှာ ကြော်ငြာတာနဲ့ မတူပါဘူး။ သူက ကိုယ် ပစ်မှတ်ထားချင်တဲ့ သူတွေအားလုံးဆီကိုပဲ ရောက်ပါတယ်။ ဥပမာ အမျိုးသမီးအလှကုန်ကြော်ငြာဟာ အမျိုးသားတွေဆီ မရောက်ပါဘူး။ ပြီးတော့ ကြော်ငြာခ ပေးရတဲ့ပုံစံကလည်း User က ကိုယ့်ကြော်ငြာကို နှိပ်လိုက်မှ ပေးရတဲ့ CPC ပုံစံပါ။ နောက်ပြီး တစ်ရက်ကို ကြော်ငြာအတွက် ငွေဘယ်လောက်သုံးမယ်ဆိုပြီးတော့
လည်း သတ်မှတ်ထားနိုင်ပါတယ်။ ကိုယ့် ကြော်ငြာရဲ့ Budget ကို စိတ်ကြိုက်ဖန်တီးနိုင်ပြီး အဲဒီ Budget ကို Facebook က ကိုယ် Target ထားတဲ့ Customer တွေဆီမှာ ပြသပေးမှာပါ။
အောက်မှာပြထားတဲ့ပုံကတော့ Facebook မှာ ကြော်ငြာထည့်ဖို့အတွက် ပထမဆုံး Budget ဖန်တီးတဲ့အခါ Facebook က တောင်းခဲ့တဲ့ အချက်အလက်တွေပါ။

လိုအပ်တဲ့အချက်အလက်တွေ ဖြည့်ပေးလိုက်တဲ့အခါ အောက်မှာနမူနာပြထားသလို Budget တစ်ခု ရလာပါတယ်။

အခုပုံကတော့ Targeting ပါ။ ကိုယ်က ဘယ်နိုင်ငံကလူတွေကို အဓိကထားပြီး ကြော်ငြာချင်တာလဲ၊ ဘယ် အသက်အရွယ်၊ ကျားမ၊ ဘယ်လိုဟာတွေ စိတ်ဝင်စားတဲ့သူတွေ စသည်တို့ကို ဖြည့်စွက်ပေးနိုင်ပါတယ်။  အဲဒီအချက်အလက်တွေ ဖြည့်ပေးလိုက်တာနဲ့ ကိုယ့် ကြော်ငြာက လူသန်းပေါင်း ဘယ်လောက်ဆီ ရောက်သွားနိုင်တယ် ဆိုတာကို Facebook က estimate တွက်ပေးပါလိမ့်ဦးမယ်။

နောက်ဆုံးမှာတော့ ကြော်ငြာအတွက် တစ်ရက်ကို ငွေဘယ်လောက်သုံးမလဲ၊ Customer က ကိုယ့်ကြော်ငြာကို နှိပ်လိုက်ရင် ကိုယ်က Facebook ကို ငွေဘယ်လောက်ပေးရမလဲ စတာတွေကို Facebook က တွက်ချက်ပေးပါလိမ့်ဦးမယ်။

ကဲ Facebook မှာ ကြော်ငြာကြည့်ကြပါစို့လား။ စိတ်မကောင်းစရာတစ်ခုကတော့ Targeting မှာ မြန်မာပြည်ရဲ့ Customer တွေကို ကြော်ငြာခွင့် မရှိတာပါပဲ။

EVDO စနစ်နှင့် သတိပြုစရာအချက်များ

EVDO စနစ်ဟာ evolution data optimised system ဖြစ်ပြီး wireless broadband မတွက်အသုံးပြုတဲစနှစ်တခုဖြစ်ပြီး အင်တာနက်ချိတ်ဆက်သုံးပြုနိုင်ဖို့ မြန်မာဆက်သွယ်ရေးကချပေးထားတဲ စနစ်တခုဖြစ်ပါတယ်။ဒီစနစ်မှာ အင်ပြည်အားပြည် အသုံးပြုလို့ ရမယ်ဆိုရင် Download 3.1 Mbps အထိရမှာဖြစ်ပြီးUpload speed 1.8 အထိရမှာဖြစ်ပါတယ်။ဒါပေမယ်တဦးချင်သုံးဖိုခွင့် ပြုထားတာကတော Download speed 128 kbps ဖြစ်ပြီး Upload speed ကိုထုတ်ဖော်ပြောကြားချင်းမရှိပါဘူး။56kbps လောက်ယူဆရပါတယ်။
EVDO စနစ်ကိုHandsetတိုင်းလက်ခံဆောင်ရွက်ပေးနိုင်ချင်းမရှိလို့ လူတော်တော်များများ Handset အသစ်တွေဝယ်ယူသုံးစွဲ၇ပါတယ်။
လောလောဆယ်မှာ Huawei ဖုန်းတချို့ နဲ korea handset တွေထဲကမှ wifi စနစ်ကိုထောက်အကူပြုပါတယ်။အဲဒီဟမ်းဆက်တွေထဲကမှ wifi စနစ်အသုံးပြုမယ်ဆိုရင် Huawei c8600 နဲ c8500 နှစ်မျိုးဘဲ သုံးလိုအဆင်ပြေတာကိုတွေရပါတယ်။ C8600 နဲ C8500 ခြားနားချက်ကိုကြည်ရင့် 
                       C8600                                              C8600
CPU                 600 MHz                                           528MHz
OS                   2.1[now up to 2.2]                              2.1
Display             3.5in[480*320]                                  2.8in[320*240]
Price                205000                                              105000
့ဒီဟမ်းဆက်မော်ဒယ် နှစ်ခုလုံးမှာ Wireless tathering software ကိုထည်သွင်းနိုင်တဲအတွက် ဟမ်းဆက်ကို WiFi Hot-Spot အနေနဲထားပြီး laptop,handset အခြား hardware  device များနဲလည်းသုံးနိုင်ပါတယ်။
မိမိဟမ်းဆက်မှနေတခြား device များသို့  WiFi လွင့် ပြီးသုံးမယ်ဆိုရင်ကျွန်တော်တို battery ပြဿနာကိုတွေလာရပါလိမ့် မယ်
သီအိုရီအရ device 5 လုံးလောက်ကိုကောင်းကောင်းနိုင်ပါတယ် ဒါပေမယ် လက်တွေသုံးတဲအခါမှာ တစ်နာရီကျော်လာရင် ဘက်ထရီပြဿနာကိုတွေရပါလိမ့် မယ်  များများချိတ်သုံးမယ်ဆိုရင်ပြောတာပေါ့   ၂ လုံးလောက်ချိတ်သုံးတဲအခါ အဲပြဿနာကိုမတွေရပါဘူး။
နောက်တခုပြောချင်တာက Huawei Handset တွေဘက်ထရီ အစားကြမ်းတဲ ကိစ္စ
huawei တွေဟာ ဘက်ထရီအားပြည့် ပြီလို့ ပြောတဲအချိန်မှာ ဘက်ထရီပါဝါက ၉၂နဲ၉၃ ရာခိုင်နှုန်းကြားမှာရှိပါတယ်အဲဒီအခြေအနေနဲ ဖုန်းပြောရင်အ၀င်အထွက်ပြောရင် ၁၀ ကြိမ်နှုန်း စကားပြောမှု ကြာချိန် ၄၅ မိနစ် နဲတွက်ရင် ဖုန်းကို ၄၅ နာရီဖွင့် ထားလို့ ၇ပါတယ်။

ကျွန်တောကအိပ်ချိန်မှာဖုန်းကိုပိတ်ထားပြီးရင် မနက်ကျမှပြန်ဖွင့် တဲအတွက် ၄၅ နာရီသုံးလို့ ရပါတယ်။ဒါပေမယ်အင်တာနက် ကိုဖွင့် ထားရင် Wifi လွင့် သုံးရင် ဘက်ထရီက ပုံမုန်ထက် ၂၅ ရာခိုင်နှုန်းပိုစားပါတယ် ဒါကြောင့် 1050 mAh ရှိတဲဘက်ထရီဟာ အင်တာနက်အသုံးပြုချိန် ၃နာရီ အပြင်ဖွင့် ထားချိန် ၁၆ နာရီနဲ စကားပြောချိန် ၄၅မိနစ်ကိုသာရပါလိမ်မယ်။ ဒါကြောင့်အားလုံးဝကုန်ထဲအချိန်မှာဆိုရင် ဘက်ထရီကို ၄ နာရီခွဲတိတိသွင်းပေးရပါမယ်။

[By Slip Knot]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...