Thursday, April 7, 2011

စစ်ပွဲ

by Yannaing Thanpe on Monday, April 4, 2011 at 1:43am

တယောက်ကိုတယောက်တည့်တည့်ချိန်ပစ်ကြ
ဘ၀တွေပေးခဲ့ပြီး
ဘာပြန်ရမှန်းမသိလိုက်ဘူး
သေနတ်ခလုတ်ပေါ်မှာ
ငြိမ်းချမ်းမှုကိုရှာသတဲ့
လွတ်မြောက်မှုကိုရှာသတဲ့
အမှန်တရားကိုရှာသတဲ့။


မချိုးရသေးတဲ့ပြောင်းခင်းကြီးတွေကို ထားပစ်ခဲ့ရ
မြေးမလေးရဲ့ဗလာစာအုပ်ထဲမှာ
အရုပ်တွေကို အနီရောင်ခြယ်ထားရဲ့
မြစ်ထဲမှာ
စစ်ပွဲရဲ့ရေစီးသံ။

အပြန်လမ်းက
တဘက်ကမ်းမှာကျန်ခဲ့ပြီ။ ။

၀၃၊ ဇန်န၀ါရီ၊ ၂၀၁၁

နှင်းခါးမိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...