Friday, April 8, 2011

"လွှတ်တော်အကြောင်းသိကောင်းစရာ"

လွှတ်တော်
 
ကန်ဘီယာရှိ သြစတြေးလျ လွှတ်တော်၏ ကိုယ်စားလှယ်များ
ခန်းမလွှတ်တော်ဆိုသည်မှာ တိုင်းပြည် တစ်ခုအတွက် ဥပဒေပြုရေး အာဏာကို ကျင့်သုံးရာ နေရာဌာန ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကျင့်သုံးသည်ဖြစ်စေ၊ မကျင့်သုံးသည်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေ ‎ ပြဌာန်းထားသည့် နိုင်ငံတိုင်းတွင် လွှတ်တော်ကိုဖွဲ့စည်းရမြဲ ဖြစ်သည်။

ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ ယခင်လွှတ်တော် အဆောက်အအုံ(Photo-news-eleven)
Contents
[hide]
  • 1 နောက်ခံ သမိုင်းကြောင်း
  • 2 ဖွဲ့စည်းပုံ
  • 3 အာဏာခွဲဝေမှု
  • 4 လုပ်ငန်းတာဝန်များ
  • 5 သက်တမ်း
  • 6 လွှတ်တော် ဖျက်သိမ်းခြင်း
  • 7 နိုင်ငံအချို့မှ ထင်ရှားသည့် လွှတ်တော်အမည်များ
  • 8 လွှတ်တော် အစ ပုဂံက
    • 8.1 ကိုးကား
[ပြင်ဆင်ရန်] နောက်ခံ သမိုင်းကြောင်း
သမိုင်းမှတ်တမ်းများအရ လွှတ်တော်တို့၏ အစ မှာ ဒီမိုကရေစီ စနစ်နှင့် အတူ မွေးဖွားလာခြင်း ဖြစ်သည်။ အေသင် မြို့ပြနိုင်ငံတွင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးစဉ်က လွှတ်တော် အဖြစ် ရွေးကောက်ခံ နိုင်ငံသား ကိုယ်စားလှယ်များ က တက်ရောက်ပြီး နိုင်ငံ့ ရေးရာများကို ဆွေးနွေး အဖြေရှာသည့် နေရာအဖြစ် သတ်မှတ်သည်။ မူလအစက တည်နေရာ အတည်တကျ မရှိဘဲ မြို့တွင်း ဈေးထိပ်ရှိ မြေကွက်လပ်ကြီးတွင် ဆွေးနွေးကြသည်။ ထို့ကြောင့် ဆွေးနွေးပွဲ (ဖိုရမ်) ဆိုသည့် အသုံးအနှုံးမှာ ဂရိဘာသာ အားဖြင့် မြေကွက်လပ် ဖြစ်သည်။ နောင်တွင် ခေတ်သစ် ကမ္ဘာ၌ ဒီမိုကရေစီ ပြန်လည် ထွန်းကားလာခြင်း နှင့်အတူ တိုင်းပြည်၏ ဥပဒေပြုရေး အာဏာအတွက် ပြည်သူ့ ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းသည့် လွှတ်တော်များ ဖွဲ့စည်းလာခဲ့သည်။ လွှတ်တော်ကို အင်္ဂလိပ်ဘာသာအားဖြင့် ပါလီမန် ဟုခေါ်ပါသည်။


၅၀၀၀ ကျပ် (၂၀၀၉) စက်တင်ဘာ၂၅ ရက်နေ့ ၊ဆင်ဖြူတော် နှင့် လွှတ်တော်အဆောက်အဦး

[ပြင်ဆင်ရန်] ဖွဲ့စည်းပုံ

ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည်ဖြစ်စေ၊သမ္မတစနစ်ကျင့်သုံးသည်ဖြစ်စေ နိုင်ငံ အတော်များများတွင် လွှတ်တော် နှစ်ရပ် ထားရှိကြသည်။
လူဦးရေ အချိုးအစား အလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်များမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်ကို အောက်လွှတ်တော် ဟုခေါ်ကာ နယ်မြေဒေသ၊ ပြည်နယ် အလိုက် ရွေးကောက်ခံရသည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်ကို အထက်လွှတ်တော် ဟုခေါ်ကြသည်။ အထက်လွှတ်တော်၊ အောက်လွှတ်တော် ဟူသည့် အသုံးအနှုံးများမှာ သတ်ဆိုင်ရာ နိုင်ငံများမှ ပြဌာန်းသည့် အမည်မဟုတ်ပဲ လူအများ နားလည်စေရန် အလွယ်တကူ ခေါ်သည့် အသုံးအနှုံးများသာဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု ၏ အထက် လွှတ်တော် ကို "ဆီးနိတ်" ဟုခေါ်ပြီး "အောက်လွှတ်တော်"ကို "ဟောက်စ် အော့ဖ် ရီပရီဆန်းတတစ်" (သို့မဟုတ်) "ဟောက်စ်" ဟုခေါ်ကြကာ လွှတ်တော် နှစ်ရပ်ပေါင်းကို "ကွန်ဂရတ်" ဟုခေါ်သည်။ မြန်မာနိုင်ငံ အတွက် အသစ် ပြဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အောက်လွှတ်တော်ကို "ပြည်သူ့လွှတ်တော်" ဟုလည်းကောင်း၊ အထက်လွှတ်တော်ကို "အမျိုးသား လွှတ်တော်" ဟုလည်းကောင်း၊ လွှတ်တော်နှစ်ရပ်ပေါင်းကို "ပြည်ထောင်စု လွှတ်တော်"ဟု သတ်မှတ်သည်။
သို့သော် လူဦးရေ နည်းပါးပြီး နယ်မြေဧရိယာ ကျဉ်းမြောင်းသည့် နိုင်ငံများနှင့် တစ်ပါတီစနစ် ကျင့်သုံးသည့် နိုင်ငံများတွင်မူ လူဦးရေ အချိုးအစား အလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်များမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော် တစ်ရပ်တည်းသာ ရှိတတ်ကြသည်။ (ဥပမာအားဖြင့် ထိုင်ဝမ်) မြန်မာနိုင်ငံ တွင်လည်း ၁၉၈၈ မတိုင်မှီ မ.ဆ.လ ပါတီမှ အုပ်ချုပ်စဉ် ကာလက ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော် တစ်ရပ်သာ ရှိခဲ့သည်။

[ပြင်ဆင်ရန်] အာဏာခွဲဝေမှု
လွှတ်တော် နှစ်ရပ်အတွက် အာဏာများ ခွဲဝေပေးပုံ၊ လုပ်ငန်းတာဝန် နှင့် သက်တမ်း မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းနှင့် အများ ကွဲပြားသဖြင့် ပုံသေပြော၍မရနိုင်ပေ။ ထိုသို့ဖြစ်ရသည်မှာ သက်ဆိုင် နိုင်ငံတို့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ များအရ အာဏာ ခွဲဝေ ပေးထားခြင်းကြောင့် ဖြစ်သည်။ သို့သော် နိုင်ငံအများစုတွင်မူ ပြည်သူတို့နှင့် ပိုနီးစပ်ခြင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ် ပိုများခြင်း တို့ကြောင့် အောက်လွှတ်တော်မှာ အာဏာ ပိုကြီးလေ့ရှိသည်။
ဥပမာအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ဗြိတိန် နှင့်ဂျပန်နိုင်ငံတို့၏ အောက်လွှတ်တော်များသည် ၀န်ကြီးချုပ်ရွေးကောက်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည်အထိ အာဏာရှိသည်ကို တွေ့ရသည်။
[ပြင်ဆင်ရန်] လုပ်ငန်းတာဝန်များ
လွှတ်တော်များ၏ လုပ်ငန်းတာဝန်များမှာ ယေဘူယျအားဖြင့် ဥပဒေများကို ပြဌာန်းခြင်း၊ လုပ်ငန်း ကော်မတီများ ဖွဲ့စည်းပြီး သတ်ဆိုင်ရာ ကော်မတီ အလိုက် ထိန်းသိမ်းရေး၊ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း (ဥပမာအားဖြင့် လွှတ်တော်၏ နိုင်ငံခြားရေး ကော်မတီ၊ ကာကွယ်ရေး ကော်မတီ၊ စီးပွားရေး ကော်မတီ)၊ အစိုးရ ၀န်ကြီးဌာနများ နှင့် စီးပွားရေး လုပ်ငန်းများ၏ အားနည်းချက် နှင့် အကျင့်ပျက်မှုများကို စစ်ဆေး ဖော်ထုတ် တားဆီးခြင်းတို့ တွင် တူညီမှုရှိကြပါသည်။
ထို့ပြင်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဌာန်းထားသေးလျှင် လွှတ်တော်သည် သမ္မတ၊ ၀န်ကြီးချုပ် များကို ရွေးကောက်ပေးရန် တာဝန်ရှိသည်။ ထို သမ္မတ၊၀န်ကြီးချုပ် တို့က တင်သွင်းလာသည့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို စိစစ်ကာ အဆုံးအဖြတ် မဲပေးကာ ထောက်ခံခြင်း၊ ကန့်ကွက်ပယ်ချခြင်း တို့ကို ပြုလုပ် ပေးရသည်။
ပါလီမန် ဒီမိုကရေ စနစ်ကျင့်သုံးသည့် နိုင်ငံများ၏ လွှတ်တော်တွင် သက်ဆိုင်ရာ အစိုးရများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မကျေနပ်လျှင် တာဝန်ရှိသည့် ၀န်ကြီးချုပ် ၊၀န်ကြီးများကို လွှတ်တော်အတွင်းခေါ်ယူစစ်ဆေး မေးမြန်းနိုင်သည့် အခွင့်အာဏာရှိပေသည်။ သို့သော် သမ္မတစနစ်တွင်မူ အာဏာကြီးသည့် သမ္မတ၏အုပ်ချုပ်ရေးအခွင့်အရေးကို လွှတ်တော်နှင့် ကန့်သတ်ပိုင်းခြားထားသဖြင့် ထိုအခွင့်အာဏာမျိုးကို တော်ရုံနှင့် ပေးအပ်လေ့မရှိပေ။

[ပြင်ဆင်ရန်] သက်တမ်း
လွှတ်တော်တစ်ရပ်၏ သက်တမ်းမှာ လွှတ်တော်ပေါ်တွင် သတ်မှတ်ခြင်းမျိုး မဟုတ်ပဲ လွှတ်တော်အမတ်များ၏ သက်တမ်းသာ ဖြစ်သည် ဟုဆိုနိုင်သည်။ နိုင်ငံအများစုတွင် လွှတ်တော်၏ သက်တမ်းမှာ ၄ နှစ်ဖြစ်ပြီး ထိုထက်လည်း ပို၍ရှိတတ်သည်။ လွှတ်တော်အမတ် တစ်ဦးအနေဖြင့် အကြိမ် အရေအတွက် အကန့်အသက်မရှိ ပြည်သူတို့ လက်ခံ ယုံကြည် နေသ၍ ရွေးကောက်ခံနိုင်သည်။
[ပြင်ဆင်ရန်] လွှတ်တော် ဖျက်သိမ်းခြင်း
လွှတ်တော်သည် သမ္မတ(သို့) ၀န်ကြီးချုပ် ကတင်သွင်းလာသည့် ဥပဒေကြမ်းကို မဲပေးကာ ၃ ကြိမ်တိုင်တိုင် ပယ်ချနိုင်သည်။ ထို့ကြောင့် လွှတ်တော်သည် သမ္မတ (သို့) ၀န်ကြီးချုပ် များနှင့် မသင့်မြတ်သော အခြေအနေ ရောက်လာလျှင် သမ္မတ (သို့) ၀န်ကြီးချုပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင်ပေးအပ်ထားသည့် အခွင့်အာဏာ အရ လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော် အသစ် ပြန်လည် ဖွဲ့စည်းရန် အတွက် လွှတ်တော် ရွေးကောက်ပွဲများကို ကျင်းပရသည်။
ထို့ပြင် အာဏာရအစိုးရအနေဖြင့် မိမိတို့ပါတီ နိုင်ငံရေးအရ အသာရနိုင်မည်(သို့မဟုတ်)အသာမရသဖြင့် အသာရနိုင်ရန် အတွက်လည်း ရွေးကောက်ပွဲကို ရှေ့တိုးကျင်းပလိုလျှင် လွှတ်တော်ကို အချိန်စောကာဖျက်သိမ်းပြီး ရွေးကောက်ပွဲကို ကျင်းပလေ့ရှိပါသည်။

[ပြင်ဆင်ရန်] နိုင်ငံအချို့မှ ထင်ရှားသည့် လွှတ်တော်အမည်များ
  • အမေရိကန်ပြည်ထောင်စု-ကွန်ဂရတ်
  • ရှုရှား-ဒူးမား
  • ဂျပန်-ဒိုင်းယက်
  • အင်္ဂလန်၊ဂရိတ်ဗြိတိန်၊ယူနိုက်တက်ကင်းဒမ်း-ပါလီမန်
တို့ဖြစ်ကြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...