မကျေသည့် အကြွေး
နှစ်ဖက် မကြေအေးသရွေ့
မဆပ်သေးသမျှ အကြွေးဆိုတာ
ကျေရိုးထုံးစံ မရှိပါဘူ့း့ 
ပစ္စက္ခအကြွေး မကျေခဲ့ရင်
သံသရာကြွေးအဖြစ် တင်ကျန်မြဲ။
သမိုင်းထင်ထင်
ကြွေးတင်မှုတွေအထဲ
ဆဲဗင်းဇူလိုင် အရေးအခင်း
ဦးသန့် အရေးအခင်း
မှိုင်းရာပြည့် အရေးအခင်း
ရှစ်လေးလုံး အရေးအခင်း
မေရွေးကောက်ပွဲ
ဒီပဲယင်း အရေးအခင့်း့ 
ကြွေးတင်သူကပဲ
ကြွေးရှင်ကို အပြစ်တင်ကာ
ကြွေးရှင်ကို အမြဲရန်ရှာ
ကယ်တင်ရှင်ပမာ
သူတော်စင်ပမာ
ပုံရိပ်တွေ အကြိမ်ကြိမ်လွှဲ ။
ဘီလူးသဘက်မျက်နှာ
မင်းသားရဲ့မျက်နှာ
ကွဲလွဲတာ အားလုံးအသိ
သန်း ၆၀ ပါ၏
နိုင်ငံတကာပါ၏
ကလေးများပါ၏။
မဆပ်သေးသမျှ
အကြွေးဆိုတာ
သံသရာအထိ တင်ကျန်မြဲ။ ။
၂၈ ၊ ၀၅ ၊ ၀၆
0 comments:
Post a Comment