Monday, March 28, 2011

ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားအားလုံးသိသင့်လိုက်နာသင့်သောအချက်များ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအမျိုးအစား(၁)။ ။ တရားမ၀င်အလုပ်လုပ်ကိုင်နေသောမြန်မာအလုပ်သမားများအနေဖြင့်ယခု ၁၈-၃-၂၀၁၁ မှ ၂၅-၆-၂၀၁၁ ခုနှစ်အတွင်းသတိထားပြီးနေထိုင်ကြပါရန်..ထိုင်းရဲတပ်ဖွဲ.၊ ထိုင်း လူဝင်မှု.ကြီးကြပ်ရေး အဖွဲ.များမှ ဖမ်းဆီးအရေးယူမည့်သတင်းများ ခိုင်လုံစွာရရှိထားပါတယ်...ဒါကြောင့် တရားမ၀င်အလုပ်သမားများအနေနဲ.အလုပ်ခွင်အတွင်းမှာ အထူးသတိပြုစေချင်ပါတယ်...အပြင်သွားခြင်း၊ဈေးသွားခြင်း၊အလှူ မင်္ဂလာ များသွားရောက်ခြင်းများသတိပြုရန်...မိမိနှင့်မသိသော ထိုင်းလူမျိုးများအားနီးစပ်စွာမနေထိုင်ရန်..သတိပေးအပ်ပါတယ်။


(မြန်မာအလုပ်သမားများအနေနဲ. ပါတ်ဝန်းကျင်အားအမြဲသတိပြုပြီး အလုပ်သမားရေးရာကူညီဆောင်ရွက်ရေးအဖွဲ.များနှင့် ဆက်သွယ်ပြီးသိရှိထားရမည့်အချက်များအားလေ့လာထားသင့်ပါတယ်)

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား(၂)။ ။
ယာယီအလုပ်သမားကဒ်(ပန်းရောင်ဘတ်) ကိုင်ဆောင်သူများအနေနှင့်မိမိဧ။်စာရွက်စာတမ်းများအား အလုပ်ခွင်အတွင်းနှင့်မိမိနေထိုင်ရာမြို.နယ်များအတွင်းသွားလာတိုင်းယူဆောင်သွားပါရန်။မိမိအလုပ်ရှင်ဖုန်းနံပါတ်အားမှတ်သားထားရန်ထိုင်းရဲမှစစ်ဆေးမေးမြန်းပါကစာရွက်စာတမ်းများအားထုတ်ပြပြီးမိမိအလုပ်ရှင်ထံသို.ဆက်သွယ်အကြောင်းကြားရန်။စာရွက်စာတမ်းများအားကော်ပီ(၂)စုံခန်.ကူးထားပြီးမိမိအခန်းတွင်(၁)စုံမိမိတွင်(၁)စုံဆောင်ထားရန်။မိမိနေထိုင်ရာနယ်မြေမှအခြားနယ်မြေများသို.သွားလာလိုပါက နယ်မြေခံထိုင်းလူဝင်မှု.ကြီးကြပ်ရေးရဲစခန်း(တာမော)သို.တရားဝင်အကြောင်းကြားပြီးခွင့်ပြုချက်ရမှသာသွားရောက်ရန်(အလုပ်ရှင်မှဆောင်ရွက်ပေးရမည်)။

မိမိလုပ်ထားသောစာရွက်စာတမ်းများသည်မိမိလက်ရှိအလုပ်ရှင်ဧ။်နာမည်ဖြစ်ရမည်။နာမည်မတူပါကထိုင်းအလုပ်သမားရှာဖွေရေးရုံး(ကျတ်ဟာငန်း)သို.အလုပ်ရှင်နှင့်အတူသွားရောက်ပြီးအလုပ်ရှင်အမည်ပြောင်းရမည်။ကုန်ကျငွေမှာခန်.မှန်ခြေ(၁၅၀၀)ဘတ်ခန့်ရှိသည်။

မိမိကိုင်သောစာရွက်စာတမ်းများပျောက်ဆုံးပါအမြန်ဆုံးရဲစခန်းသို.အကြောင်းကြားပြီးအလုပ်သမားရုံးတွင်စာရွက်စာတမ်းများပြန်ရရှိရေးဆောင်ရွက်ရန်။(အလုပ်ရှင်နှင့်အတူ)

အထက်ဖော်ပြပါအကြောင်းအရာများအားမလိုက်နာမဆောင်ရွက်ပါကထိုင်းရဲများဧ။်အရေးယူခြင်းကိုခံရနိုင်ပါသည်။

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား(၃)။ ။ယာယီမြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေနှင့်စာအုပ်အစစ်အားကိုင်ဆောင်ရန်။ (၃) တစ်ကြိမ်ထိုင်းလူဝင်မှု.ကြီးကြပ်ရေးရဲစခန်းတွင်မှတ်ပုံတင်ရန်(ရက်ကျော်ပါကဒဏ်ငွေ ၅၀၀၀ ဘတ်ခန့်)။တရားဝင်အလုပ်သမားကဒ်လုပ်ဆောင်ပါရန်(အစိမ်းရောင်ကဒ်) ။ခရီးသွားလာရာတွင်အလုပ်ရှင်အားတရားဝင်အသိပေးပြီးစာရွက်စာတမ်းစုံလင်အောင်ယူဆောင်သွားပါရန်(ပါတ်စပို.၊တရားဝင်အလုပ်သမားကဒ်၊ထော်လော် ၃၈/၁ စာရွက်) ။မိမိကိုင်ဆောင်သောစာရွက်စာတမ်းများအားပျောက်ပျက်အောင်ထိမ်းသိမ်းရန်။ပျောက်ဆုံးပျက်ဆီးသွားပါကအမြန်ဆုံးနားလည်သူနှင့်ဆက်သွယ်ပြီးဆောင်ရွက်ရန်။

မြန်မာပြည်သို.ပြန်လိုသူများအနေဖြင့် ထိုင်းလူဝင်မှု.ကြီးကြပ်ရေးရဲစခန်းသို.အလုပ်ရှင်နှင့်အတူသွားရောက်ပြီးပြည်ထွက်ခွင့်တံဆိပ်တုံး ထုရန်(ခန်မှန်းခြေ ၁၁၀၀ ဘတ်ခန်.)။ မြန်မာပြည်မှထိုင်းနိုင်ငံအတွင်း ပြန်ဝင်ရောက်လျှင်လည်း မြန်မာလူဝင်မှု.ကြီးကြပ်ရေးနှင့်ထိုင်းလူဝင်မှု.ကြီးကြပ်ရေးမှတရားဝင်တံဆိပ်တုံးထုပြီးမှသာ ထိုင်းနိုင်ငံသို.၀င်ရောက်ရန်။

မြန်မာမိတ်ဆွေများအနေဖြင့် အထက်ဖော်ပြပါအကြောင်းအရာများအား လိုက်နာဆောင်ရွက်ခြင်းဖြင့် အေးချမ်းစွာအလုပ်လုပ်ကိုင်နိုင်ပါစေလို.ဆုတောင်းပေးပါတယ်။ မရှင်းလင်းသည့်အချက်အလက်များအား ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဖုန်း-၀၈၃၅၉၂၈၄၉၇
ကိုဝေမင်း (မြန်မာနိုင်ငံသားစီစစ်ခြင်းနှင့် ကူညီဆောင်ရွက်ရေးစင်တာ)
ထပ်ပို.မြို.
ဖန်ငါးခရိုင်
နောက်ကိုလဲ အလုပ်သမားရေးရာသိသင့်သည်များကိုတင်ပြပေးသွားပါမယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...