Sunday, March 27, 2011

မွှေးရနံ့ရဲ့ လျှို့ဝှက်စွမ်းအား

ရေမွှေးဟာ ကမ္ဘာပေါ်မှာ ခေတ်အစားဆုံး ဖက်ရှင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ရေမွှေးမနှစ်သက်သူ လူနည်းစုသာရှိခဲ့ပြီး အများစုကတော့ အမွှေးရနံ့ကိုကြိုက်သူတွေချည်းပါပဲ။ ရေမွှေးမသုံးတဲ့ အမျိုးသမီးမှာ အနာဂတ်ဆိုတာမရှိဘူးလို့ ကမ္ဘာကျော်ရေမွှေးကုမ္ပဏီက ရေမွှေး ပညာရှင်တစ်ဦးကပြောခဲ့ဖူးပါတယ်။ ဟိုးရှေးယခင် ဘုရင်တွေခေတ်ကတည်းက ... အမွှေးရနံ့တွေက ကမ္ဘာနဲ့တစ်ဝှမ်း နည်းပေါင်းစုံ နဲ့ ဖော်စပ်သုံးလာကြပါတယ်။ အဲဒီတုန်းကတော့ အမျိုးသားသုံး၊ အမျိုးသမီးသုံးရယ်လို့ မခွဲထားပါဘူး။ ဒီနောက်ပိုင်းမှာ အမျိုးသားသုံး သီးသန့်၊ အမျိုးသမီးသုံးရယ်လို့ မခွဲထားပါဘူး။ ဒီနောက်ပိုင်းမှာ အမျိုးသားသုံးသီးသန့်၊ အမျိုးသမီးသုံးသီးသန့်ခွဲပြီး ရနံ့တွေဖော် ထုတ်လာပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးမှာ အမျိုးသားရော၊ အမျိုးသမီးရော အတူသုံးလို့ရတဲ့ ရေမွှေးထွက်လာပါတယ်။ သင့်ချစ်သူ နဲ့ ရေမွှေးတစ်ပုလင်း အတူသုံးပြီး ရနံ့ဆင်တူသင်းပျံ့နေရတာ နှစ်ကိုယ့်တစ်စိတ်ဆိုတဲ့အသိနဲ့ ကြည်နူးရမှာသေချာတယ်ဆိုတဲ့ ကြော်ငြာအမိုက်စားနဲ့ပေါ့။

ဒါပေမယ့်လည်း ကျွန်တော်ကတော့ သီးသန့်ခွဲထားတဲ့ ရနံ့လေးတွေ ပိုကြိုက်ပါတယ်။ ရေမွှေးရနံ့ကိုရလိုက်ရင်ပဲ အဆင့်ရှိတဲ့အနံ့လေး ဆိုတာ တန်းသိနိုင်ပါတယ်။ နောက်ပြီး ရေမွှေးရဲ့ရနံ့မှာ သုံးသူရဲ့ စိတ်ဓာတ်နဲ့ ခံစားချက်ကို ဖော်ပြတယ်လို့လည်းဆိုထားတော့ ပါ တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ရေမွှေး crazy ဖြစ်တဲ့သူဆိုတော့လေ။ ရေမွှေးတစ်မျိုးတည်းကို စွဲမြဲသုံးတဲ့သူရှိသလို အမျိုးမျိုး ကိုပြောင်း သုံးတဲ့သူလည်းရှိပါတယ်။ ပြောင်း၊ နာမည်ပြောင်းသွားပေမယ့် တချို့က အနံ့ဆင်တာကိုပဲ ရွေးသွားတတ်ပါတယ်။ တချို့က တော့ အနံ့အမျိုးမျိုးကို တစ်ရက်တစ်မျိုးဆွတ် ကြတာပါ။ ဒါတွေဟာ သူတို့ရဲ့စိတ်ဓာတ်နဲ့ ခံစားချက်ဘယ်လိုပြောင်းလဲလဲဆိုတာ ပြတာ ပါပဲ။ တစ်ခါတလေ ဘယ်လောက်နာမည်ကြီး တဲ့ ရေမွှေးဖြစ်ဖြစ် ကိုယ်က ခံစားလို့မရတာမျိုးရှိပါတယ်။ ဥပမာ - ကျွန်တော်ဆို CK one ရေမွှေးကို ဘယ်လိုမှ ခံစားလို့မရပါဘူး။ ဒါပေမယ့် CK ကပဲထုတ်တဲ့ CK be ဆိုတဲ့အနက်ရောင်ပုလင်းလေးနဲ့ရေမွှေးကျတော့ ကြိုက်မိ ပြန်ရော။ ဒါ သူ့အထဲက ပါဝင်တဲ့ရနံ့ ကွာခြားသွားလို့ပါပဲ။

ရေမွှေးရဲ့ ရနံ့မှာ သူ့အပေါ် ရွေးချယ်လိုက်သူရဲ့ ဘာလိုချင်လဲ၊ ဘာဖြစ်ချင်လဲဆိုတဲ့ ခံစားချက်လေးတွေ ရောမွှေထားတယ်လို့ဆိုပါ တယ်။ ရေမွှေးတွေကို အကြမ်းဖျဉ်းပြဆိုရရင် Romantice ဖြစ်တဲ့ (ကိုယ့်ချစ်ခြင်းမေတ္တာတရားကို ပြဆိုသူလား)၊ တည်ငြိမ်အေးချမ်း သူလား၊ ယောက်ျားပီသပြီး တစ်ဖက်သားစွဲမက် အချစ်ပွားစရာလား၊ တက်တက်ကြွကြွ ပျော်ပျော်မြူးမြူး အပူအပင်မရှိနေသူလား ဒါမှမဟုတ် ဆန့်ကျင်ဘက်တွေ ရူးမူးသွားအောင် ညှို့ငှင်အားပြင်းထန်သူလား စသဖြင့် သင်ရွေးချယ်တဲ့ရနံ့က သင့်စတိုင်လ်နဲ့ ကိုက် တယ်၊ မှန်ကန်တယ်ဆို သင်ဘာဖြစ်ချင်လဲ၊ ဘာဆိုလိုချင်သလဲ အားလုံးဖြစ်လာမယ်လို့ ပြောပါတယ်။

ရေမွှေးနံ့ (သို့) မွှေးရနံ့တစ်ခုခုက သင့်စိတ်ဖိစီးမှု ပူပန်သောကကို လွတ်မြောက်အောင် ကယ်တင်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ရနံ့ကုထုံးတွေ၊ Spa တွေပေါ်လာတာပေါ့။ ရေမွှေးရယ်မဟုတ်ဘဲ အခန်းထဲဖြန်းတဲ့ Air Fresher, Shampoo, Soap, Conditioner စသဖြင့်တွေကလည်း ဒီလိုပါပဲ။ စိတ်ဖိစီးမှုအပြင် လွမ်းမောစရာတွေလည်း ပြန်မြင်ယောင်စေတယ်တဲ့လေ။ 'ဆပ်ပြာ မွှေးရနံ့လေးကတောင် ကွဲသွားတဲ့ချစ်သူရဲ့ပါးလေးကို ပြန်တွေးစေတတ်တယ်' ဆိုတဲ့ ရေမွှေးဆိုရင်တော့ တွေးစရာတွေ အများ ကြီးပါ ပဲလို့လည်းဆိုပါတယ်။ အမျိုးသားတွေရဲ့ ရနံ့အတွက် အမျိုးသားတွေသုံးတဲ့ ရေမွှေး၊ ဘော်ဒီစပရေး၊ ချိုင်းချွေးနံ့ပျောက်ဆေး တောင့်၊ Roll On အပြင် မုတ်ဆိတ်ရိတ်ရင်သုံးတဲ့ ဆပ်ပြာအမြှုပ်၊ ပြီးတော့ After Shave ဆေးရည်၊ ဆံပင်သုံးတဲ့ Cream, Lotion, Gel နဲ့ Spray တွေလည်း အများကြီးရှိပါတယ်။ အမျိုးအစားအမျိုးမျိုး၊ ရနံ့အမျိုးမျိုးပါ။ အမျိုးသားသုံးတွေထက် ရနံ့တွေပိုအမယ်စုံပါတယ်။ ခေါင်းကနေ ခြေဖျားအထိ အကုန်ရနံ့ပါတဲ့ပစ္စည်းတွေချည်းပါပဲ။ ကုန်ကုန်ပြောရရင် အမျိုးသမီးအင်္ဂါ သန့်စင်ဆေးရည်မှာတောင် ပန်းရနံ့လေးတွေပါ သေးပါတယ်။ လက်သည်းဖျက်ဆေးရည်တချို့မှာလည်း သံပရာနံ့၊ လိမ္မော်နံ့၊ ပန်းနံ့၊ စတော်ဘယ်ရီနံ့ စသဖြင့်ပါနေပါတယ်။ အမျိုးသမီးတွေကလည်း ကိုယ်နှစ်သက်တဲ့ရနံ့လေး ရွေးဝယ်ကြတာပါပဲ။

ကျွန်တော်ကတော့ ရေမွှေးဝယ်တာကို မနှမြောပါဘူး။ ဈေးကြီးတဲ့ Brand ဆိုလည်း ပုလင်းအကြီးဆုံးဝယ်လိုက်တာက ပုလင်းအငယ် ထက် ပိုတန်ပါတယ်။ နောက်ပြီး အကြာကြီးသုံးရတာဆိုတော့ ရက်နဲ့တွက်လိုက်ရင် တန်ဖိုးကအရမ်းတန်သွားပါတယ်။ ဒါကြောင့် ခြစ်ခြုတ်ပိုက်ဆံစုပြီး ၀ယ်ရတာပါပဲ။ ဒါပေမယ့် မတတ်နိုင်တဲ့ ညီ ညီမတွေအတွက်တော့ Brand ပဲသုံးမယ်ဆိုရင် အိတ်ဆောင်ပုလင်း လေးတွေ၊ Perfume City, Best တို့ ပွင့်ဖြူစတိုးတို့လို အလှကုန်ဆိုင်ကြီးတွေမှာရပါတယ်။ မြေနီကုန်းက မခင်အေးဆိုင်မှာလည်း ရမယ်ထင်ပါတယ်။ Perfume City မှာကတော့ အသေချာဆုံးပါပဲ။ ရနံ့အကောင်းစားက ကိုယ့်တန်ဖိုးကို မြှင့်တင်ပေးပါတယ်။ ပြီးတော့ ရေမွှေးကို သွေးခုန်တဲံ့သွေးကြောလေးတွေပေါ် ဆွတ်ဖြန်းပေးရင် သွေးခုန်နှုန်းနဲ့အမျှ မိမိကိုယ်အပူချိန်နဲ့ထွက်လာတဲ့ ကိုယ်သင်းနံ့နဲ့ ရောတဲ့ ရေမွှေးနံ့က ပိုဆွဲဆောင်မှုရှိပါတယ်။

ကဲ...ဒါဆို ရွေးထားတဲ့ ရေမွှေးရနံ့လေးတွေနဲ့ သက်ဆိုင်တဲ့ စရိုက်လက္ခဏာလေးတွေ ရေးပြချင်ပါသေးတယ်။

To Feel Energized
ပင်ပန်းနွမ်းနယ်နေချိန်မှာ စွမ်းအင်ကို ဖြည့်ဆည်းချင်ရင် ဥပမာ - အလုပ်တွေပိနေတဲ့ညီ ညီမလေးတွေ၊ ကျောင်းစာတွေဖိစီးနေတဲ့ ညီ ညီမတွေ၊ စိတ်ပင်ပန်းတတ်သူလေးတွေက Citrus အနံ့ပါတဲ့ ရေမွှေးမျိုးကို သုံးသင့်ပါတယ်။ သံပရာနံ့၊ လိမ္မော်နံ့ပါတဲ့ ရေမွှေးမျိုးပေါ့၊ နိုင်ငံခြားမှာတော့ Summer ရေမွှေးတွေအနေနဲ့ ရောင်းပါတယ်။

အပူဒဏ်တွေနဲ့ ချွေးတွေထွက်ပြီး ငြီးစီစီခေါင်းနောက်နေခြင်းတွေ သက်သာစေပါတယ်။ ဒီရေမွှေးမျိုး ကြိုက်တတ်တဲ့သူတွေကတော့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနေလိုသူလေးတွေပါပဲ။ အသီးသီးက နာမည်မျိုးစုံနဲ့ ထုတ်ကြပေမယ့် ကျွန်တော်လက်လှမ်းမီ သလောက် ရေးပြရရင်...

John Varvatos ရဲ့ Artisan ရေမွှေးကတော့ Orange Citrus နဲ့ floral ရနံ့နှစ်မျိုးကိုပေါင်းစပ်ထားတဲ့ ထူးခြားသောရေမွှေး တစ်မျိုးပဲဖြစ်ပါတယ်။ နွေရာသီ date ထွက်လို့ ဆွတ်ထားရင် တစ်ဖက်သားသတိပြုမိစရာရနံ့လေးပါ။ သူနဲ့ အလားတူရေမွှေးကတော့ CK ရဲ့ CK One ရေမွှေးလေးပါ။

Dolce & Gabbana – Pour Homme ရေမွှေးကတော့ လတ်ဆတ်တဲ့ လန်းရွှင်တဲ့ ခံစားမှုမျိုးပေးစွမ်းနိုင်တဲ့ အရာလေးပါပဲ။ ပထမဦးဆုံး အကြိမ် တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံချိန်မှာ ဆွတ်ဖြန်းသွားရင် ကောင်းမွန်တာပေါ့နော် ဟုတ်ဖူးလား။ သူနဲ့ အလားတူ ရေမွှေးကတော့ Jo Malone’s Sweet Lime & Cedar ရေမွှေးလေးပါ။

တခြား ရေမွှေးတွေကလည်း အလားတူ နွေဦးရာသီလို လန်းဆန်းလတ်ဆတ်စေတဲ့ အစွမ်းကိုယ်စီရှိကြပါတယ်။

သူတို့ကတော့  Eau de Citrus Molinard for men, Burberry Summer for Men 2011 , Cool Water Freeze Me by Davidoff စတဲ့ရေမွှေးတွေပဲပေါ့။

အမျိုးသမီးတွေအတွက် ပြောရရင်တော့ Tommy Girl (Summer cologen) က Grape Fruit အနံ့ပါ။ Escada Sexy Graffity ကတော့ Pink grape fruit သုံးထားပါတယ်။

Shampoo တွေထဲမှာတော့ Origins Ginger up နဲ့ L'oreal ရဲ့ Freshvive shampoo တို့ဖြစ်ပါတယ်။
Charle ရေမွှေးထဲမှာတော့ Silver နဲ့ အ၀ါလေးတွေပါ။

အလုပ်ဖိစီးမှုတွေရှိတဲ့ ချစ်သူရှိရင်တော့ သူ့အတွက် ကိုယ့်ကိုယ်ပေါ်ဆွတ်ဖြန်းထားပေးလိုက်ပါ။ သူ ဘယ်လိုညစ်လာလာ ကိုယ့်နား ရောက်တာနဲ့ ဒီရနံ့လေးကြောင့်လန်းသွားတော့ ကိုယ့်ကိုပိုစွဲလန်းတာပေါ့။ အမြဲတွေ့ချင်နေမှာပေါ့နော်။

To Feel Sexy
ဆန့်ကျင်ဘက်တွေရဲ့ စိတ်တွေကို မရိုးမရွဖြစ်အောင် နှိုးဆွပေးမယ့် ဆွဲဆောင်မှုပြင်းပြင်းမွှေးရနံ့တွေကတော့ အရေပြားပေါ် ပက်ဖြန်း ပေးရမယ့် ရေမွှေးတွေပါ။ နံ့သာနံ့၊ ၀ါးနံ့၊ ပယင်း၊ ကတိုးတွေ ရောမွှေထားတဲ့ရေမွှေးမျိုးပါ။ လက်ကောက်ဝတ်အတွင်း၊ လည်တိုင် ဘေးတစ်ဖက်တစ်ချက်၊ ရင်ညွန့်စတဲ့နေရာတွေမှာ ဖျန်းပေးရမှာပါ။ သွေးခုန်တိုင်း ကိုယ့်ငွေ့နဲ့ရောထွက်လာတဲ့ရနံ့က တစ်ဖက်သား အသက်ရှူမှားစေမှာဖြစ်ပါတယ်။ ရေမွှေးအလာဂျီရှိရင်တော့  မတတ်နိုင်ဘူး အင်္ကျီပေါ်မှာပဲ ဖျန်းပေတော့ပေါ့။ အမျိုးမျိုးရှိပါတယ်။

လက်လှမ်းမီသလောက် Brand တွေကတော့....
Yves Saint Laurent L’Homme ကတော့  ထင်းရှူးသား၊ ဂျင်းဖြူ၊ ငရုတ်ကောင်းဖြူ၊ စသဖြင့် အလားတူပစ္စည်းတွေရဲ့ ရနံ့ မျိုးတွေ ပေါင်းစပ်ပါဝင်ပါတယ်။ အရေးတကြီးတက်ရောက်ရမယ့် ညစာစားပွဲလိုမျိုး ကိုယ့်ကို ဂရုတစိုက် သတိထားမိစေလိုတဲ့အခါမျိုး များမှာ ဆွတ်ဖျန်းပေးရင်ကောင်းပါ တယ်။ သူနဲ့ အလားတူ ရေမွှေးကတော့ Armani Code ရေမွှေးလေးပါ။

Burberry -  The Beat ကတော့ ကလပ်တွေသွားရင်၊ ကပွဲကြမ်းပြင်တွေမှာ ကခုန်တဲ့အခါမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ ဘား တွေသွားထိုင်တဲ့အခါမျိုးမှာ ဆွတ်ဖြန်းသွားဖို့သင့်တဲ့ ရေမွှေးမျိုးပေါ့။ သူနဲ့ အလားတူ ရေမွှေးကတော့ Gucci - Pour Homme ရေမွှေးလေးပါ။

တခြား ရေမွှေးတွေကလည်း အလားတူ ပူနွေးရှိန်းမြတဲ့၊ သွေးခုန်နှုန်းကိုမြန်စေတဲ့၊ တစ်ဖက်သားကို ဂရုပြုလာစေတဲ့ အစွမ်းကိုယ်စီ ရှိကြပါတယ်။

သူတို့ကတော့  Escentric 02 by Escentric Molecules , Fuel for Life Homme by Diesel, Kenneth Cole Black Perfume for Men, Hugo XY by Hugo Boss, Gucci Rush for Men Gucci for men and Very Sexy For Him 2 Cologne by Victoria's Secret For Men  စတဲ့ရေမွှေးတွေပဲပေါ့။

အမျိုးသမီးတွေအတွက်ပြောရရင်တော့ Giorgio Beverly Hills ရဲ့  So you မှာတော့ Maplewood နဲ့  tolu balsm ပါဝင်ပါတယ်။
Calvin Klein ရဲ့  Truth lush Eaude toilette မှာတော့ Bamboo sapling, white amber and Musk ပါပါတယ်။ နောက်တစ်ခုကတော့ Victoria Secrect ရဲ့  Amber romance ပါ။

To Feel Romantic
အချစ်ဆိုတာ နုညံ့ငြင်သာရမယ်လို့ ယူဆထားပါတယ်။ ချစ်ခြင်းအပြည့်နှင့် နှစ်ဦးသား စကားဆိုကြရင် ရနံ့ပြင်းပြင်းတွေနဲ့ဆို ဘယ် အဆင်ပြေမလဲနော်။ နုနုညံ့ညံ့ အေးအေးသက်သာနေတတ်သူတွေ Romatic အရမ်းဖြစ်စေချင်တဲ့အခါမျိုးတွေမှာတော့ ပန်းရနံ့လေး တွေနဲ့ အလားတူ ရေမွှေးမျိုး သုံးရပါမယ်။ ရနံ့လေးရတာနဲ့ ကိုယ့်ကို နုနုညံ့ညံ့ပန်းပွင့်လေးလို တယုတယ ဂရုစိုက်လာကြမှာ မဟုတ် လား။ ဒီရနံ့မျိုးတွေကတော့ .....

Calvin Klein Eternity for Men - ကတော့ ကိုယ့်ချစ်သူကောင်မလေးနဲ့ အေးအေးသက်သာ စကားဆိုလို့ရမယ့် ညချမ်း မျိုးမှာ ဆွတ် သွားရင်တော့ အတော်အဆင်ပြေမှာပေါ့နော်။ Freesia, mandarin, sage and White Lily ပန်းလိုမျိုး ရနံ့လေးတွေ ပေါင်းစပ်ပါဝင်ပါ တယ်။ သူနဲ့ အလားတူ ရေမွှေးကတော့ Ralph Lauren Romance for Men ရေမွှေးလေးပါ။

Molecule 01 by Escentric Molecules  ကတော့ Woody Floral Musk fragrance အမျိုးအစားဖြစ်ပြီး အမျိုးသားရော အမျိုးသမီး ရောသုံးလို့အဆင်ပြေစေပါတယ်။ ရနံ့သင်းသင်းနဲ့စွဲမက်ဖွယ်ရနံ့မျိုးပေါ့။ သူ့ရနံ့ကိုရရင် ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ် တယ်ဆိုတဲ့ဖီလင်မျိုး ခံစားရမှာပါပဲ။ သူနဲ့အလားတူ ရေမွှေးကတော့ Private Blend: Tobacco Vanille by Tom Ford ဖြစ်ပါတယ်။

တချို့တွေကတော့ အချစ်ဆိုတာ ပူနွေး ရှိန်းမြစွာရင်ခုန်စေတာက အမှန်တရားတဲ့ အဲဒီလိုလူမျိုးတွေအတွက်ကတော့ ကိုယ့်ချစ်သူ အနားကပ်လာရင် ရင်ထဲအလိုလို နွေးထွေးရင်ခုန်လာစေမဲ့ရေမွှေးတွေက ပိုအဆင်ပြေစေမယ်ထင်ရဲ့။

Burberry Brit for Men by Burberry ကတော့ ပူနွေးရှိန်းမြပြီး အဆင့်အတန်းရှိတဲ့ ရေမွှေးမျိုးပါပဲ။ ဒီရေမွှေးဆွတ်ထားတဲ့ ကိုယ့် ချစ်သူ အနားကပ်သွားလို့ကတော့ အလိုလို သွေးတွေဆူပြီး ရင်ခုန်သံမြန်လာစေမယ်ထင်ပါရဲ့နော်။ သူနဲ့အလားတူ ရေမွှေးကတော့ The One for Men. by Dolce&Gabbana ဖြစ်ပါတယ်။

Fahrenheit by Dior ကတော့ ငြင်သာတဲ့အနံ့လို့ဆိုနိုင်သလို ပူနွေးရင်ခုန်စေတဲ့ ရနံ့မျိုးလည်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ တချို့တွေကတော့ သိပ်မကြိုက်ကြပါဘူး။ ဒါပေမဲ့ ရေမွှေးဈေးကွက်မှာတော့ အတော်ရောင်းအားမြင့်ပါတယ်။ အလားတူရေမွှေးမျိုး ကတော့ Polo Double Black Ralph Lauren for men ဖြစ်ပါတယ်။

တခြား ရေမွှေးတွေကလည်း ရနံ့ကိုယ်စီနဲ့ တစ်ဖက်သားကို ဆွဲဆောင်နိုင်ကြပါတယ်။ သူတို့ White Musk For Men by The Body Shop , Gucci Pour Homme II Gucci for men, Star Flower Anya`s Garden for women and men, and Jovan Musk for Men by Jovan  and Obsession for Men  by Calvin Klein   စတဲ့ရေမွှေးတွေပဲပေါ့။

To Feel  Manly
အမျိုးသားဆိုတာ သွက်လက်တယ် ထက်မြက်တယ် အမြဲတမ်း active ဖြစ်နေတတ်တဲ့သူတွေ ဖြစ်သလို သန်မာတဲ့စိတ်ဓာတ်ပိုင်ရှင် တွေ ဖြစ်ပါသတဲ့။ ယောက်ျားဆန်တဲ့ ရေမွှေးရနံ့တွေက အမြဲ လန်းဆန်းသလို ခံစားရစေပါတယ်။ ဒီရေမွှေးမျိုးကြိုက်တတ်သူများကတော့ အမြဲတမ်း လှုပ်လှုပ်ရှားရှားသွားလာနေထိုင်ရတာကို ကြိုက်နှစ်သက်ပြီး ပေါ့ပါးလွတ်လပ်တဲ့သဘာဝကိုကြိုက်သူများပါပဲ။

လက်လှမ်းမီသလောက် brand တွေကတော့....
Adidas Pure Energy by Adidas for men ကတော့ သစ်သီးတွေကရတဲ့ အေးမြမှု၊ ပန်းတွေကရတဲ့ မွှေးပျံ့မှု၊ သစ်မွှေး တစ်ချို့က ရတတ်တဲ့ လန်းဆန်းမှုမျိုးတွေပေါင်းစပ်ပါဝင်ပါတယ်။ ဆွတ်ဖြန်းထားရင် ကိုယ့်ခန္ဓာကိုယ်ဟာ အားကစားသမားတစ်ယောက် လို ပေါ့ပါး လွတ်လပ်တဲ့ဖီလင်မျိုး ခံစားရမှာအမှန်ပါ။ အလားတူရေမွှေးမျိုး ကတော့ Gianni Versace Man Eau De Toilette by Versace ဖြစ်ပါတယ်။

Red Soap by Giorgio Beverly Hills ကတော့ သန်မာတဲ့အမျိုးသားတစ်ယောက်ရဲ့ဖီလင်ကို ရရှိခံစားစေမှာဖြစ်ပါတယ်။ သူက ရှိန်းမြတဲ့ ပူစီနာနံ့၊ လက်ဖက်နံ့ရဲ့ ပူနွေး ရင်ခုန်စေမှု၊ နံ့သာထင်းတွေရဲ့ အနံ့ လို ရနံ့မျိုးတွေပေါင်းစပ်ပါဝင်ပါတယ်။ အလားတူရေမွှေး မျိုး ကတော့ Parfum D'homme Cologne by Kristel Saint Martin ဖြစ်ပါတယ်။

တခြား ရေမွှေးတွေကလည်း ရနံ့ကိုယ်စီနဲ့ ရှင်းသန့် ဆွဲဆောင်နိုင်ကြစေပါတယ်။။ သူတို့ Eternity by Calvin Klein, Hugo by Hugo Boss, Relax by Davidoff စတဲ့ရေမွှေးတွေပဲပေါ့။

မိန်းကလေးတွေအတွက်ကတော့ မိန်းကလေးပီသချင်ရင် ပန်းနံ့ဆန်တဲ့ ရနံ့တွေကို အသုံးပြုတတ်ကြပါတယ်။ ယောက်ျားသိပ်ပီသတဲ့ ယောက်ျားမျိုးတွေက မိန်းမသိပ်ပီသတဲ့အနံ့မျိုးကို ကြိုက်တတ်ပါတယ်။ ဒီရနံ့နဲ့မိန်းကလေးကို မြတ်နိုးမှာ သေချာတာပေါ့။

အဲဒီလို ရေမွှေးမျိုးတွေကတော့ Peony soft musk by Avon , Eau de perfume by Vera Wang and Beyond Paradise by Christian Dior စတဲ့ရေမွှေးတွေပဲဖြစ်ပါတယ်။

To Feel Bliss Out
ပျော်ရွှင်မြူးတူး ကခုန်လိုက်ချင်တဲ့နေ့တွေအတွက်၊ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် အပူအပင်မရှိ နေတတ်သူတွေအတွက် ရေမွှေး ရနံ့တွေကတော့ ပင်လယ်ရနံ့၊ ထင်းရှူးရနံ့၊ အုန်းရည်ရနံ့တို့လို လန်းဆန်းစေတဲ့ရနံ့မျိုး ယဉ်ယဉ်လေးပေါ့။ အားလပ်ရက်တွေလို လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုမျိုးရနိုင်တဲ့ ရနံ့တွေပါ။

လက်လှမ်းမှီသလောက် Brand တွေကတော့
Beach - Norma Kamali for women and men ကတော့ နေပူဆာလှုံရင်း၊ ရေငုပ်ရင်း သဲသောင်ပေါ်မှာ ခုန်ပေါက်ရင်းရရှိတဲ့ ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုမျိုးကို ရရှိစေမယ့် ရနံ့သင်းသင်းနဲ့ ရေမွှေးလေးဖြစ်ပါတယ်။ လူတိုင်းရဲ့ သွက်လက်လှုပ်ရှားမှုကို အရှိန်ပိုမြင့် စေမယ့် လတ်ဆတ်ပေါ့ပါးတဲ့ တစ်ခြားအလားတူ ရေမွှေးက s.Oliver Spring Spirit Man s.Oliver for men ဖြစ်ပါတယ်။


Ocean Dream Men by Giorgio Beverly Hills က mandarin orange, grapefruit and green တွေလိုမျိုးပေါင်းစပ်ပစ္စည်းတွေ ပါဝင်တဲ့ ဒီရေမွှေးကတော့ ပေးထားတဲ့နာမည်နဲ့လိုက်အောင် ရင်ခုန်ပျော်ရွှင်စေမှာပါ။ ပင်လယ်ရေနက်ထဲက အထွက် ရလိုက်ရတဲ့ ရနံ့လို  ပေးထားတဲ့နာမည်နဲ့လိုက်တဲ့ အခြားအလားတူ ရေမွှေးကတော့ Cool Water Deep Sea Scent and Sun by Davidoff ဖြစ်ပါတယ်။

အဲဒီလို ရေမွှေးမျိုးတွေကတော့ Acqua di Gio by Giorgio Armani , Eternity by Calvin Klein and Eau de Citrus by Molinard စတဲ့ရေမွှေးတွေပဲဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက် Brand ကတော့ Beach by Bobbi brown ပါ။ (ပင်လယ်ကမ်းဘေးအပင်တွေနဲ့ နေလှမ်းထားတဲ့ Drift wood ရနံ့တွေ ပါဝင်တဲ့ရေမွှေးပါ။)

Caron Eau Pure
စူးစူးရှရှ ပြင်းပြင်းထန်ထန် အမွှေးနံ့မျိုးတွေမတုတ်တဲ့၊ ဆွတ်ထားပေမဲ့ သိပ်မသိသာဘဲ တစိမ့်စိမ့်ရင်အေးစေတဲ့ ရနံ့သင်းသင်းလေးတွေ ပေါ့။ ဒီတော့ ဒီရနံ့မျိုးက အေးအေးဆေးဆေးနေတတ်တဲ့၊ ရေမွှေးသိပ်မကြိုက်တတ်တဲ့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်မှာသေချာ ပါတယ်။

လက်လှမ်းမှီသလောက် Brand တွေကတော့
Aqva Pour Homme by  Bvlgari  ကတော့ သခွားသီးတစ်လုံးကို ကိုက်စားလိုက်ရသလို အေးမြတဲ့ခံစားမှုမျိုးကို ရရှိစေမဲ့ ရေမွှေးလေး ဖြစ်ပါတယ်။ သုံးစွဲသူအမျိုးသားတွေကို စွမ်းအင်ပေးတဲ့ ပြန်လည်လန်းဆန်းမှုမျိုးကို ပေးစွမ်းတဲ့ အတွက်ဖြစ်ပါတယ်။ လန်းဆန်းတယ် စူးရှတယ် ပြီးတော့ ရိုးသားတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်စေမယ့် အခြားအလားတူ ရေမွှေးကတော့ Cool Water  by Davidoff ဖြစ်ပါတယ်။ ကျွန်တော့်အသည်းစွဲပေါ့နော်

အမျိုးသမီးတွေအတွက်ကတော့ Club med my ocean ဖြစ်ပါတယ်။ သူက ရေကိုနမ်းတဲ့အခါရတဲ့ ခံစားမှုမျိုး ရရှိစေတာဖြစ်ပါတယ်။

ဒီထဲမှာဖော်ပြထားတဲ့ ရေမွှေးတချို့ကတော့ မြန်မာနိုင်ငံ မရောက်သေးပါဘူး။ နိုင်ငံခြားအလည်သွားရင်းဖြစ်ဖြစ်၊ မိတ်ဆွေတွေကိုလှမ်းမှာ လို့ပဲဖြစ်ဖြစ်ရနိုင်ပါတယ်။ ဒါပေမယ့် အလားတူအနံ့မျိုးတွေတော့ အလှကုန်ဆိုင်တွေမှာ ၀ယ်လို့ရနေပါတယ်။ ဒီတော့ ကိုယ်ဘယ်ရနံ့မျိုး ကိုကြိုက်တတ်သူလဲ။ ကိုယ့်ချစ်သူက ဘယ်လိုစတိုင်လ်လေးလဲ။ ရနံ့ရလိုက်တာနဲ့ ခံစားသိရှိနိုင်ပြီပေါ့နော်။ နောက်ပြီး သူတို့အကြိုက် ချုပ်ကိုင်နိုင်မယ့် ရနံ့ကိုလည်း ရွေးချယ်နိုင်ပြီလေ။

ကဲ...ရေမွှေးရဲ့ ကွယ်ဝှက်ထားတဲ့စွမ်းအင်တွေကို အသုံးချကြပါစို့။

စာကြွင်း၊ ။ ကိုယ်သုံးတဲ့ရေမွှေးရဲ့ ဈေးနှုန်း၊ ပါဝင်ပစ္စည်းတွေအကြောင်း၊ သုံးစွဲသူတွေရဲ့ မျက်ချက် အလားတူရနံ့မျိုးရှိတဲ့ ရေမွှေးအမျိုး အစား စတာတွေကို စူးစမ်းချင်တယ်ဆိုရင်တော့ www.fragrantica.com ဆိုတဲ့ဆိုက်လေးကိုသွားကြည့်ကြနော်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...