Sunday, March 27, 2011

ဖောင်ဒေးရှင်းတည်ထောင်လိုသော ပရဟိတသမားများ အလေးထားစဉ်းစားရမည့်အချက်များ

ဘီလ်ဂိတ်၊ ဝါရင်ဘက်ဖက် ကဲ့သို့ ကြွယ်ဝသော ပရဟိတသမားများသည် ၄င်းတို့ ငွေကြေးထည့်ဝင်သယ်ပိုးပေးခဲ့သော ပရဟိတလုပ်ငန်းများမှ မလိုလားအပ်သောရလဒ်များ ပေါ်ပေါက်လာမည်ကို နှစ်သက်ကြမည် မဟုတ်ချေ။သို့သော် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော အဖွဲ့အစည်းများအတွက် ချက်လက်မှတ်များရေးပေးရုံနှင့် ပရဟိတသမားများ မျှော်လင့်နေသည့် ကြီးကျယ်သောအပြောင်းအလဲများ ပေါ်ပေါက်လာမည်မဟုတ်ချေ။

အချမ်းသာဆုံးပုဂ္ဂိုလ်များနှင့် အကြီးဆုံး ဖောင်ဒေးရှင်းများ၌ပင် ဆင်းရဲမွဲတေမှုကို အဆုံး သတ်ရန်၊ ရာသီဥတုပြောင်းလဲခြင်းကို ပြုပြင်ရန် နှင့် ကင်ဆာရောဂါကုသရန် လုံလောက်သော ငွေကြေးမရှိကြပါ။ ပညာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဆေးသုတေသန ကဲ့သို့ ရှုပ်ထွေးသော ကိစ္စရပ်များအတွက် သုံးစွဲရမည့် ငွေကြေးပမာဏ ကို တွက်ချက်ကြည့်ပါက ၄င်းတို့ပိုင်ဆိုင်သော ငွေအရင်းအမြစ်များသည် မပြောပလောက် သောအဆင့်သာရှိသည်။ ထို့ကြောင့် ရင်းနှီး မြှုပ်နှံလိုက်သော တစ်ဒေါ်လာအတွက် ဒေါ်လာ ပေါင်းများစွာ တန်ဖိုးရှိသည့် အကျိုးသက် ရောက်မှုများရရှိလာစေမည့် ချဉ်းကပ်ပုံချဉ်းကပ်နည်း တစ်ခုလိုအပ်ပါသည်။ အတိုချုပ်ပြောရပါက ရင်းနှီးမြှုပ်နှံမှုပုံစံ (investment Model) ကို ပရဟိတသမားများ လက်ခံကျင့်သုံးရန် လိုအပ်သည်။

ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန် ပရဟိတသမားများသည် အခြေခံကျသော နယ်ပယ် နှစ်ရပ်ကို နားလည်ထားရန်လိုအပ်သည်။ ၄င်းနယ်ပယ်နှစ်ရပ်မှာ ပြောင်းလဲပုံနည်းစနစ်များနှင့် ပရဟိတသမားများ ပါဝင်ပတ်သက်သော အခန်းကဏ္ဍ၊ ၄င်းတို့ရင်းမြစ်များ၊ ၄င်းတို့ လုပ်ဆောင်သော ဆက်ဆံရေးများမှတစ်ဆင့် ယင်းကဲ့သို့ လုပ်ဆောင်မှုများကို ထောက်ပံ့ပေး ပုံတို့ဖြစ်သည်။

ပြောင်းလဲပုံနည်းစနစ်များကို ဆုံးဖြတ်ခြင်း
ယင်းသို့လုပ်ဆောင်နိုင်ရန် အောက်ပါအချက် (၄)ချက်ကို အလေးထားရန် လိုအပ်ပါသည်။

အမြတ်အစွန်းမယူသော အဖွဲ့အစည်းများ တည်ထောင်ခြင်း
အစိုးရများမတတ်စွမ်းနိုင်သည့်ကိစ္စရပ်များတွင် အကူအညီလိုအပ်နေသော လူပုဂ္ဂိုလ် များအား ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် အမြတ်အစွန်းမယူသည့် အဖွဲ့အစည်းများ (nonprofit organizations) များကို လိုအပ်ပါသည်။ မည်သည့်အချိန်နှင့် မည်ကဲ့သို့လုပ်ဆောင်ရန် ကိုမူ ပရဟိတသမားများ သိထားသင့်သည်။ ဥပမာ စီလီကွန်တောင်ကြား အခြေစိုက် ဒရေပါရစ်ချတ်စ် ဖောင်ဒေးရှင်းကိုကြည့်ပါ။ ၄င်းဖောင်ဒေးရှင်းသည် ပညာရေးနှင့် ဖွံ့ဖြိုးမှုအပါအဝင် နယ်ပယ်တော်တော်များများမှ အလားအလာရှိသော လူမှုရေးလုပ်ဆောင်သူများကို ရှာဖွေပြီး ထောက်ပံ့ပေးသည်။ အဖွဲ့ အစည်းဆိုင်ရာလုပ်ဆောင်မှုများ၌ ထူးချွန်ပြောင် မြောက်ခဲ့သောအဖွဲ့အစည်းများ (ထူးချွန်ပြောင်မြောက်သော အဆင့်မြင့်ခေါင်းဆောင်မှုကို ဖွံ့ဖြိုးစေခြင်း၊ အတွေ့ကြုံရင့် ခိုင်မာသော ဘုတ်အဖွဲ့ရှိခြင်း၊ အဖွဲ့အစည်းတွင်းရှိ အလားအလာရှိ သူများကို ပျိုးထောင်ခြင်း၊ အချိန်စီမံခန့်ခွဲခြင်း နှင့် အရင်းအမြစ်များကို စနစ်တကျခွဲဝေသုံးစွဲခြင်း)ကို ထောက်ပံ့ပေးသည်။

ပြည်သူများနှင့် အစိုးရများ၏လားရာကို ပုံဖော်ခြင်း
ပြည်သူများ၏ ယုံကြည်မှုနှင့် နှုန်းစံများ ကို ပုံဖော်ခြင်းဖြင့် အချို့သောပြဿနာများကို အကောင်းဆုံးဖြေရှင်းနိုင်သည်။ ဥပမာဆေးလိပ် သောက်ခြင်း၏ ဆိုးကျိုးများကို ထုတ်ဖော်ပြ သည့် လူထုပညာပေးအစီအစဉ်များ၊ အချို့သော ပြဿနာများ၌ အစိုးရ၏မူဝါဒများကို တိုးတက် ကောင်းမွန်လာအောင် ကူညီခြင်းတို့ဖြစ်သည်။ ဥပမာတန်ဖိုးနည်းအိမ်ရာများ ဖန်တီးပေးခြင်း။ ယင်းကဲ့သို့ပြဿနာများကို ဖြေရှင်းပေးလိုသော အမြတ်အစွန်းမယူသည့် အဖွဲ့အစည်းများသည် အစိုးရများ၊ မူဝါဒချမှတ်ခြင်းနှင့် လူမှုမီဒီယာ နယ်ပယ်များ၌ ကျွမ်းကျင်နှံ့စပ်သော ပရဟိတ သမားအလှူရှင်များကို လိုအပ်သည်။ဥပမာပေးရလျှင် ပရဟိတသမား ဂျော့ဂ်ျ ဆောရိုတည်ထောင်သော ပွင့်လင်း လူ့အဖွဲ့ အစည်းဖောင်ဒေးရှင်း (Osf) ကို ကြည့်ပါ။ မကြာသေးမီက စီးပွားရေးအကျပ်အတည်း၌ အမေရိကရှိ အခြေခံလူတန်းစားအထိ နာမည် ကို ဆောရိုက သိရှိခဲ့သည်။ ထို့ကြောင့် ဆင်းရဲ မွဲတေမှုပပျောက်ရေးအထူးရန်ပုံငွေကို ဖန်တီး ခဲ့ပြီး အစားအစာနှင့် နေစရာ စသော အခြေခံ လိုအပ်ချက်များ လိုအပ်နေသော လူများအား စီးပွားရေးအရ အကူအညီများထောက်ပံ့ပေးခဲ့ သည်။Osf ၏ ဝန်ထမ်းများနှင့် အကြံပေးများ ကလည်း ၄င်းတို့၏ကျွမ်းကျင်မှုနှင့် ဆက်ဆံရေး ကို အသုံးချကာ အစိုးရအေဂျင်စီများနှင့် ဆက်သွယ်ပြီး ပြည်နယ်အစိုးရများထံမှ ဒေါ်လာငွေ ရပေါက်ရလမ်းကို ရှာဖွေခဲ့သည်။ ၄င်း၏ အကျိုး ဆက်ကြောင့် ချို့တဲ့သောမိသားစုများအတွက် နောက်ထပ်ဒေါ်လာ သန်း ၁၄၀ ကို ရရှိခဲ့သည်။

ကြားခံအဖွဲ့အစည်းများ တည်ထောင်ခြင်း
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိ သော ရေရှည်ခံစိုက်ပျိုးရေးနှင့် အစိမ်းရောင် စွမ်းအင်ကိစ္စများကဲ့သို့ ကိစ္စရပ်များတွင် စားသုံး သူများ၊ အစိုးရများ၊ လက်လီသမားများနှင့် ဖြန့်ချိထောက်ပံ့သူများ စသည်ဖြင့် လူနှင့် အဖွဲ့ အစည်းများစွာ ပါဝင်တတ်ကြသည်။ ယင်းကဲ့ သို့ နယ်ပယ်များစွာ၌ ပြောင်းလဲမှုဖြစ်ပေါ်လို ပါက အချိန်ကြာလာသည်နှင့်အမျှ အစဉ်ပြောင်း လဲနေသော ဖောင်ဒေးရှင်းအရာရှိများသည် အချိန်နှင့် ယင်းကဲ့သို့ထွေပြားသောကိစ္စရပ် အားလုံးအတွက် ကျွမ်းကျင်မှုရှိနိုင်မည်မဟုတ် ချေ။ ထို့ကြောင့် ကြားခံအဖွဲ့များကို ထောက်ပံ့ ပေးရန်(သို့မဟုတ်)တည်ထောင်ရန် လိုအပ် သည်။ဥပမာပေးရလျှင် အထက်တန်းလွန်ပညာ ရေးနှင့် ပတ်သက်ပြီး ဂျိမ်းစ်အာဗင်းဖောင်ဒေး ရှင်း၏ ချဉ်းကပ်ပုံကိုကြည့်ပါ။ ကယ်လ်လီဖိုးနီး ယား၌ ကျောင်းသား သုံးပုံ တစ်ပုံမှာ အထက် တန်းကျောင်းမပြီးဘဲ ကျောင်းထွက်ကြပြီး အခြားအထက်တန်းပြီးဆုံးသူများကလည်း ကောလိပ်နှင့် လုပ်ငန်းခွင်အတွက် အဆင်သင့် မဖြစ်ဘဲ ရှိနေခဲ့သည်။ သေချာစွာ သုတေသန ပြုလေ့လာပြီးနောက် ဖောင်ဒေးရှင်းသည် ဆက်နွယ်သင်ယူမှုချဉ်းကပ်ပုံ (Linked Learning Approach) ဟုခေါ်သော ဖြေရှင်းချက် တစ်ခုကို ရလာခဲ့သည်။ ၄င်းနည်းလမ်းသည် ဇီဝဆေးပညာနှင့် အင်ဂျင်နီယာပညာရပ်များ ကဲ့သို့ လုပ်ငန်းခွင်ဆိုင်ရာအကြောင်းအရာများနှင့် ပတ်သက်သည့် သင်ရိုးညွှန်းတမ်းကို ဖော်ဆောင် နိုင်ရန် ရည်ရွယ်ပြီး ကျောင်းသားများအားလည်း ပုဂ္ဂလိကပိုင်၊ ဆိုင်ရာအဓိပ္ပာယ်ရှိသောကဏ္ဍ များတွင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန် ထောက်ပံ့ ပေးသည်။ ထို့အပြင် ၂၀ဝ၆ ခုနှစ်၌ Connect Ed ဟုခေါ်သော ကောလိပ်နှင့် လုပ်ငန်းခွင်အတွက် ကယ်လ်လီဖိုးနီးယားစင်တာကို တည် ထောင်ခဲ့သည်။Connect Ed သည် ကယ်လ်လီဖိုး နီးယားခရိုင် ၁၀ခုရှိ ကျောင်းများ၌ လေ့ကျင့် သင်ကြားပေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်း တို့ကိုပြုလုပ်ခြင်း၊ မူဝါဒဖော်ဆောင်သူများကို အကြံပေးခြင်းနှင့် စာအုပ်များ၊ ဝက်ဘ်ဆိုက်များ၊ ဗီဒီယိုများမှတစ်ဆင့် ၄င်းတို့၏လုပ်ဆောင်မှုများ ကို သိရှိစေခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ကာလကြာ လာသည်နှင့်အမျှ ပညာရေးဆိုင်ရာရလဒ် ကောင်းများဖော်ဆောင်လိုသော အဖွဲ့အစည်း ပေါင်း ၆၀ ကျော်နှင့် Connect Ed သည် ညွှန့် ပေါင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။

လိုလားသောရလဒ်များအတွက် သုတေသန နှင့် ဖွံ့ ဖြိုးမှုဖော်ဆောင်ခြင်း
တစ်ခါတစ်ရံ၌ အဓိကပြဿနာသည် မတူခြားနားသော ဖြေရှင်းချက်များ လိုအပ် ခြင်းဖြစ်သည်။ ဥပမာ ရောဂါတစ်မျိုးကို ကုသ နိုင်သည့် ဆေးဝါးသစ်တစ်မျိုးနှင့် နေရောင်ခြည် စွမ်းအင်ကိုပင် ပိုပြီးထိရောက်စွာ စုစည်းပေး နိုင်သော နည်းပညာသစ် စသည်ဖြင့်ဖြစ်သည်။ ယင်းကိစ္စမျိုးတွင် ပရဟိတလုပ်ငန်းအောင်မြင်မှု ၏ အဓိကအချက်မှာ အတားအဆီးများနှင့် ယှဉ်ပြိုင်မှုများကို ဖြိုဖျက်ရာ၌ ကူညီခြင်းနှင့် သုတေသနမှတစ်ဆင့် ခြားနားကွဲပြားသော ရှာဖွေတွေ့ရှိမှုများ အမြန်ဆုံးနှင့် အထိရောက် ဆုံးရရှိစေရန် ရှင်းလင်းစွာအာရုံစိုက်ထားခြင်း ဖြစ်သည်။

ပြုမူဆောင်ရွက်ချက်များကို သင့်လျော်အောင် ပေါင်းစပ်ဆောင်ရွက်
ပရဟိတသမားများသည် ၄င်းတို့၏ ရည် မှန်းချက်များနှင့် ကိုက်ညီသော နည်းလမ်းများ နှင့် ပတ်သက်ပြီး ရှင်းလင်းစွာဆုံးဖြတ်ပြီးပါက အောက်ပါအချက် (၃)ချက်ကို သင့်လျော် အောင်ပေါင်းစပ်ဆောင်ရွက်တတ်ဖို့လိုအပ်ပေသည်။

သင့်လျော်သော အခန်းကဏ္ဍကိုသတ်မှတ်ခြင်း
လိုလားသောရလဒ်များရရှိလာစေရန် ငွေကြေးအလှူရှင်၏ အရည်အသွေးနှင့် ကိုက်ညီ သော အခန်းကဏ္ဍကို ရွေးချယ်တတ်ရန် လို အပ်သည်။ အရှင်းလင်းဆုံးအခန်းကဏ္ဍကတော့ ထောက်ပံ့ငွေများပေးအပ်ခြင်းဖြစ်သည်။ `၄င်း ထောက်ပံ့ငွေများကို အကျိုးခံစားခွင့်ရသူ (grantees) အများကြီး၌ ဖြန့်ကြဲပြီး ထောက်ပံ့ မလား(သို့မဟုတ်) အနည်းငယ်ကိုသာ အာရုံ စိုက်ထောက်ပံ့မလား´၊ `၄င်းထောက်ပံ့ငွေများ ဖြင့် အဖွဲ့အစည်းသစ်များ တည်ထောင်မလား (သို့မဟုတ်) ရှိရင်းစွဲအဖွဲ့အစည်းများကိုပင် အား ဖြည့်ထောက်ပံ့ပေးမလား´ စသည်ဖြင့် စဉ်းစားဆုံးဖြတ်ရမည်။ ပုဂ္ဂိုလ်ရေးသဘောကျနှစ်ခြိုက် ရုံဖြင့် အထက်ပါမေးခွန်းများကို ဖြေရှင်း၍ မရနိုင်ပါ။ သတိပြုမှတ်သားသင့်သည်က ပရ ဟိတသမားများသည် ၄င်းတို့ကျွမ်းကျင်ပိုင်နိုင် မှုရှိရာ နယ်ပယ်များ၌ ၄င်းတို့ပါဝင်ပတ်သက် ရာ အခန်းကဏ္ဍကို သတ်မှတ်သင့်ခြင်းဖြစ် သည်။ ထို့အပြင် ပရဟိတသမားများသည် ရင်းနှီးမြှုပ်နှံသူများ၊ ကြားခံအဖွဲ့များ၊ အစိုးရ များနှင့် အကျိုးခံစားခွင့်ရသူများ၏ အရည် အသွေးနှင့် အခန်းကဏ္ဍများနှင့် ၄င်းတို့၏ အရည်အသွေးကို ဆက်စပ်နှိုင်းယှဉ်ပြီး ချိန်ဆသင့်သည်။

သင့်လျော်သော လူသားအရင်းအမြစ်များကို စုစည်းခြင်း
ငွေကြေးအလှူရှင်များသည် တစ်ခါတစ်ရံ ၌ ၄င်းတို့ပါဝင်ပတ်သက်လိုသော အခန်းကဏ္ဍ များ၌ အံဝင်ခွင်ကျမရှိသည့်အခါမျိုးလည်းရှိ တတ်သည်။ ယင်းကဲ့သို့အခါများ၌ လိုအပ်သော အရင်းအမြစ်များကို တည်ဆောက်ခြင်း၊ ဝယ်ယူ ခြင်းနှင့် ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ရပေ မည်။ အချို့သော ပရဟိတသမားများသည် ၄င်းတို့ငွေကြေးထောက်ပံ့သော အဖွဲ့အစည်း များ၌ အရည်အသွေးရှိလာအောင် မြေတောင် မြှောက်ပေးခြင်းကို ပြုလုပ်တတ်ကြပြီး၊ အခြား ပရဟိတသမားများကလည်း ၄င်းတို့၏ ထောက် ပံ့နေသော စီမံကိန်းများအတွက် ကျွမ်းကျင် ဝန်ထမ်းငှားရမ်းခြင်းတို့ကို လုပ်ဆောင်တတ် ကြသည်။

သင့်လျော်သောဆက်ဆံရေးများကို ဖော်ဆောင်ခြင်း
ငွေကြေးအလှူရှင်နှင့် အကျိုးခံစားခွင့်ရ သူများကြား ကောင်းမွန်ပြီး အကျိုးရှိသော ဆက်ဆံရေးသည် ပရဟိတလုပ်ငန်းအောင်မြင်မှု၌ မရှိမဖြစ်အရေးပါသည်။ အကျိုးခံစားခွင့် ရသူများ၏ လိုအပ်ချက်ကို အလှူရှင်များက မသိရှိခြင်းကြောင့် ပြဿနာများပေါ်ပေါက်လာ နိုင်သည်။ရည်မှန်းချက်ကြီးသော ပရဟိတသမားများရှိသော လူ့အဖွဲ့အစည်းကို ကံကောင်းသော လူ့အဖွဲ့အစည်းဟု ဆိုနိုင်သည်။ သို့သော် ပရဟိတသမားများသည် အပြောင်းအလဲဖော် ဆောင်နိုင်ရန် ဘာကိုလိုအပ်သည်ကို ၄င်းတို့ အမှန်တကယ်နားလည်ရဲ့လားဆိုတာကို ၄င်းတို့ ကိုယ် ၄င်းတို့ မေးမြန်းရန်လိုအပ်ပြီး၊ နားလည် သည်ဆိုပါက ၄င်းတို့ပါဝင်ပတ်သက်သော အခန်းကဏ္ဍ၊ အရင်းအမြစ်များနှင့် ဆက်ဆံရေး များမှတစ်ဆင့် ယင်းကဲ့သို့ပြောင်းအလဲကို မည်ကဲ့သို့ဖော်ဆောင်မည်ကို ဆက်လက်လုပ် ဆောင်သင့်သည်။ ထိုကဲ့သို့ မဟုတ်ပါက ပရဟိတသမားများသည် အခြားသောအလှူရှင် များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကျိုးခံစားခွင့်ရသူများနှင့် ဆက်သွယ်ပူးပေါင်းခြင်းနှင့် ၄င်း တို့၏ဆုံးဖြတ်ချက်များကို တိုးတက်ကောင်းမွန် အောင်ပြုလုပ်ခြင်းတို့ကို ထိရောက်စွာဆောင် ရွက်နိုင်မည်မဟုတ်ပါ။ အခြားသော ပြင်ပအင်အားစုများက ပရဟိတသမားများကို အောင်မြင်မှုရအောင် လုပ်ပေးနိုင်မည်မဟုတ်ချေ။ ၄င်း တို့၏ အတွေ့အကြုံများမှ လေ့လာသင်ယူခြင်း၊ ၄င်းတို့ကိုယ် ၄င်းတို့ထိန်းချုပ်နိုင်စွမ်းရှိခြင်းနှင့် လိုလားသောရလဒ်များ ပေါ်ထွက်လာစေရန် မဆုတ်မည်ဆောင်ရွက်ခြင်းဖြင့်သာ လူ့အဖွဲ့ အစည်းကောင်းကျိုးကို ဆောင်ရွက်နိုင်မည်ဖြစ် ပါသည်။

(Ref: Harvard Business Review)လင်းဆက်ငြိမ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...