Friday, March 25, 2011

ဘာသာရေးအဆုံးအမများ ( ၀ီရကြယ်စင် )

၁။ “ အတ္တဒီပါ ၀ိဟာရထ ၊ အတ္တသရဏာ အနညသရဏ ။ ”
( မဟာပရိနိဗ္ဗာနသုတ် )

: Be an island unto yourselves! Bea a refuge unto yourselves.
Do not depend upon others.

: မိမိကိုယ်ကို ထောက်တည်ရာကျွန်းသဖွယ်ဖြစ်အောင် ပြုလုပ်ပါ ။
မိမိကိုယ်ကို အားကိုးအားထားစရာဖြစ်အောင်လုပ်ပါ ။
တခြားတပါးသောသူကို ကိုးကွယ်အားထားစရာ မဖြစ်ပါစေနဲ့ ။
တခြား ဘယ်သူ့ကိုမှ အားမကိုးပါနဲ့ ။


၂။ “ အတ္တာဟိ အတ္တနေ နာထော ။ တောဟိနော ပရောသိယာ ။
အတ္တနာဝ သုဒန္တေန နာထံ လဘတိ ဒုလ္လဘံ ။ ”

: Oneself is one's saviour, for what other saviour would there be?
With oneself well-controlled, one obtains a saviour difficult to find.

: မိမိသာလျှင် မိမိ၏ ကိုးကွယ်အားထားရာ ဖြစ်၏ ။
သူတစ်ပါးသည် မိမိ၏ကိုးကွယ်အားထားရာ အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း ။
မိမိကိုယ်ကိုသာလျှင် ကောင်းစွာဆုံးမခြင်းအားဖြင့်
ရနိုင်ခဲသော ကိုးကွယ်အားထားရနိုင်၏ ။


၃။ အားငယ်တဲ့သူဟာ ချိုင်းထောက်ကိုရှာတယ် ။
အားမငယ်တတ်တဲ့သူ ၊ လွတ်လပ်မှုကိုချစ်တဲ့သူ ၊
သတ္တိရှိသူဟာ အတောင်ပံကို ရှာတယ် ။

၎။ မယုံသင့်တာကို မယုံတဲ့လူရဲ့ဘ၀ဟာ ရှင်းတယ် ။
မကြောက်သင့်တာကို မကြောက်တဲ့လူရဲ့စိတ်ဟာ ကြည်လင်ပေါ့ပါးတယ် ။
မမျှော်လင့်သင့်တာကို မမျှော်လင့်တဲ့သူဟာ တခြားလုပ်သင့်တာကိုလုပ်နိုင်လို့
သူ့ဘ၀ဟာ ပိုပြီး အဆင်ပြေတယ် ။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရဆရာတော် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...