"အားလုံးအတွက် ပညာရေး (၂)".
[By Kyi Win]
ဘ၀ရှေ့ခရီးကို ယုံကြည်မှု ပြည့်ပြည့်၀၀ အာမခံချက်ကောင်းကောင်း (security) ဆက်လက် လုပ်ဆောင်သွားရာမှာ ဘာတွေရွေးလို့ ဘာတွေပယ်မယ်၊ ဘာတွေ ဦးစားပေးရမယ် ဆိုတဲ့ အရေးကြီး ပြဿနာပုစ္ဆာတွေ ဖြေရှင်းစရာတွေ ရှိပါတယ်။ဒီလို ဖြစ်နေတဲ့ အခြေအနေတွေကို ပြတ်သား ကြည်လင်စွာ သရုပ်ဖော်ပြလိုက်တဲ့ (opinion survey) ကွင်းဆင်းလေ့လာချက်ရဲ့အစီရင်ခံ စာတစ်ခု မကြာသေးခင်က ထွက်လာတယ်။ စိတ်ဝင်စားဖွယ်လဲကောင်း၊ လူတွေ (society)ရဲ့ အနာဂတ်ရဲ့ ရှေ့ပြေးပုံရိပ်တွေကို ရေးရေးမြင်လာအောင် လုပ်ပေးလိုက်တဲ့ ကားချပ်တစ်ခုလို့ ခေါ်နိုင်မယ် ထင်ပါတယ်။
ကွင်းဆင်းသုတေသနမှာပါတဲ့ တိုင်းပြည်တွေကတော့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်ပြည်တို့ ဖြစ်တယ်။ အစူးစမ်းခံသူတွေကတော့ အဲဒီတိုင်းပြည်တွေက ငွေကြေးတတ်နိုင်သူ လူတန်းစား အသက်(၂၅)နှင့်(၅၀)ကြား လူပေါင်း (၂၄၀၀)တို့ ဖြစ်တယ်။ အသက်အာမခံ ကုမ္ပဏီတစ်ခု လုပ်တာဖြစ်ပြီး ဒီလူတွေဟာ ယခု 'ဘ၀' ဖြစ်ရပ်တွေထဲက အရေးကြီးတဲ့ အပိုင်းတွေဖြစ်တဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်စဉ်(career) မိသားစုပိုင်းဆိုင်ရာခံယူချက်( family)နဲ့၊ ကျန်းမာရေးနဲ့ အငြိမ်းစားယူခြင်းအကြောင်းတွေ ဖြစ်တယ်။ ထူးခြားစွာ တွေ့ရတာကတော့ ဒီမိဘအရွယ် ဖြစ်နိုင်တဲ့ အုပ်စုမှာ သားသမီးတွေရဲ့ ပညာရေးကို အထူး အသားပေးပြီး စဉ်းစားကြပါတယ်။ စစ်တမ်းယူထားတဲ့ ငါးရာမျှသော မလေးရှား ပြည်သူတွေထဲက ကလေးရှိသူများနဲ့ ကလေးယူမယ်လို့ စိတ်ကူးနေသူတွေ အတွက်ဆို ကလေးတွေရဲ့ ပညာရေးဟာ ဦးစားပေး အခံရဆုံးအပိုင်း ဖြစ်တယ်။ ၇၀ ရာခိုင်နှုန်းကဆိုတာ ပညာရေးသာလျှင် သူတို့ကလေးတွေရဲ့ နောင်ရေးအောင်မြင်မှုကို ပေးမှာပါလို့ ဆိုတယ်။ ၅၀ ရာခိုင်နှုန်းကျော်ကျော်က သူတို့ အခုစုဆောင်းထားတဲ့ ငွေတွေဟာ နောင်လာမဲ့ (၅) နှစ်အတွက် ကျန်းမာရေးစရိတ်အတွက် လုံလောက်မှုရှိမယ် ထင်ပေမယ့် ဒါ့ထက်ကျော်လျှင်တော့ ကျန်းမာရေးစရိတ်တွေ တက်လာမှာမို့ စုထားတဲ့ငွေနဲ့ မလောက်မှာ သေချာတယ်လို့ အထင်ရှိကြတယ်။ ၇၄% က သူတို့ရဲ့ လက်ရှိ အလုပ်အကိုင်ဟာ နောက်အငြိမ်းစားယူတဲ့ ဘ၀ရဲ့ သာယာမှုနဲ့ အာမခံချက်ပေးမယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ လက်ရှိကာလမှာတော့ နောင် အငြိမ်းစားယူမယ့် ကာလအတွက် ရည်ရွယ်ပြီး ပြုစုရတာမို့ ခြိုးခြံပြီး လျော့မနေပါဘူးလို့ ဆိုတယ်။ အခုလက်ရှိ (lifestyle) နေနိုင်ရေးကို အလေးထားတယ်ဆိုတဲ့ သဘောပဲ။ အရေးကြီးဆုံးသော တွေ့ရှိချက်ကတော့ ၃၀% သော မလေးရှားတို့ဟာ ကလေးမယူဖို့ ဆုံးဖြတ်ထားတယ်တဲ့။ အကြောင်းကတော့ ကလေးတွေ ကျွေးမွေး စောင့်ရှောက်ရတဲ့စရိတ် ကြီးတာရယ်၊ ယခုဘ၀နဲ့ နောင်ရှေ့ရေး မရေရာ မသေချာတာတွေ ရှိလွန်းနေတာရယ်၊ ကိုယ်ရဲ့အလုပ်(career)ကို ဂရုစိုက် အလေးပေးချင်တဲ့ အကြောင်းကို ဦးစားပေးချင်တာရယ်နဲ့ အခု ကိုယ့်ဘ၀နေမှုဟန်ပန်(lifestyle) ကို ဆက်လက် ထိန်းသိမ်းသွားချင်တာတွေ ဖြစ်တယ်လို့ ဆိုတယ်။ ဒါကိုတော့ အလျော့မပေးချင်ဘူးဆိုတဲ့ အကြောင်းတွေပါ ပါတယ်။
ကလေးတွေရဲ့ ပညာရေးစရိတ်ကလည်း ကြီးလိုက်တာ သင်စရာတွေကများ၊ မတက်မဖြစ် သင်တန်းတွေကလည်းများ၊ တစ်နေ့တစ်ခြား တိုးနေတဲ့ အသိပညာတွေ ဖြည့်ဆည်းဖို့ကလည်း လိုသေးတယ်။ ဘွဲ့လွန်သင်တန်း
တက်ပြီးတာတောင် ပညာသင်ကာလက မပြီးဆုံးသေးပါဘူး။ ပညာရေးဟာ ဘယ်အရွယ်ကစသလဲ။ ကလေးတွေဟာ ကျွန်မအမြင်တော့ (၄)နှစ်အရွယ်ဆို လုံးလုံးလျား စနေပါပြီ။
ဒါပေမယ့်လည်း အာရှရှိ မိဘတွေကတော့ ကလေးတွေရဲ့ ပညာရေးကို သူတို့ရဲ့ဘ၀မှာ ဦးထိပ်ထားကြပါတယ်။ အထက်က ကွင်းဆင်းလေ့လာရေးမှာဆို ပါဝင်တဲ့ မလေးလူမျိုး (၃၀၀)ထဲက ဒီလို သဘောထားကြပါတယ်။ ၇၀% က ပညာရေးသာလျှင် သူတို့သား၊ သမီးတွေနောင်ရေး အောင်မြင်ရာ အောင်မြင်ကြောင်းအတွက် အဓိကအကြောင်း ဖြစ်တယ်လို့ ခံယူကြတယ်။ ဒါ့ကြောင့် ကလေးတွေ ပညာရေးအတွက် ဘယ်လိုပေးဆပ်မှုမျိုးမဆို လုပ်မှာပဲလို့ သန္နိဋ္ဌာန်ချထားတယ်။ မြန်မာမှာလည်း ရေမြေရပ်ခြားသွားပြီး အလုပ်လုပ်ကြသူ မြန်မာမိဘများရဲ့ အရေးကြီးတဲ့ ရည်မှန်းချက်ပန်းတိုင်ကလည်း ကလေးတွေရဲ့ ပညာရေး တိုးတက်ရာတိုးတက်ကြောင်းပဲ။
ပညာကို အမြတ်တနိုးထားရမယ်၊ ပညာသာလျှင် လူတစ်ဦးရဲ့ တိုးတက်မှု၊ အနာဂတ်နဲ့ ဘ၀အောင်မြင်မှုမျိုးစုံကို ပေးမယ်ဆိုတာ ခေတ်အခါခါက သိပြီးသား၊ သံမှိုစွဲပြီးသား ခံယူချက်ပါ။ အခုအခါမှာတော့ သိစရာပညာ (knowledge) တွေက နေ့စဉ်နဲ့အမျှ ဆိုသလို တိုးပွားနေတော့ ကျောင်းသားဘ၀က လွန်မြောက်ပြီး လုပ်ငန်းခွင်မှာပါ စဉ်ဆက်မပြတ် ဆည်းပူးသင်ယူရမှာ ဖြစ်တယ်။ မိဘဖြစ်နိုင်မယ့် အရွယ် လူငယ်အုပ်စုအတွက် ပိုလာတဲ့ ပညာရေး တာဝန်ကတော့ သူတို့ရဲ့ ရင်သွေးငယ်တွေရဲ့ ပညာရေးပဲ။ ဒီပညာရေးနယ်ပယ်ဟာ ဘယ်လောက်ပဲ ကျယ်ဝန်းလာပါစေ၊ မိဘတွေအတွက် ကလေးတွေရဲ့ ပညာရေးအတွက်ဆို ဘာမဆို ပေးဆပ်နိုင်ပါတယ်လို့ ခံယူထားတာ။အနစ်နာခံဖို့ကတော့ အဆင်သင့်ပဲ။
အခုခေတ် အခုကာလက (knowledge-based society) ပညာကို အခြေခံတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အလွန်လိုပါတယ်။ ဒီလိုအခြေမျိုး မဟုတ်လျှင်တော့ တိုင်းပြည်ဟာ ဘယ်လိုမှ တိုးတက်မှု မရှိတဲ့အပြင် အခုလို
အပြိုင်အဆိုင်ခေတ်မှာ ပြုတ်ကျကျန်ခဲ့ဖို့ သေချာပါတယ်။ LDC (Least Developing of Country) ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည် ဒီအထဲမှာ မြန်မာ ပါတယ်)လို့ ခေါ်ခေါ်မခေါ်ခေါ် အောက်ဆုံးမှာရှိတော့မှာ ဧကန်ပါပဲ။ (knowledge-based society) ဖြစ်ဖို့ အရေး လူမှုအဖွဲ့အစည်းထဲရှိသူ အားလုံး အလွှာတိုင်းက လူတိုင်းလူတိုင်းတို့ဟာ (literate) စာတတ်ပေတတ် ဖြစ်ရပါမယ်။ ဘွဲ့ရဘွဲ့လွန်ရှိဖို့ပြောတာ မဟုတ်ဘူး။ တတ်ဖို့သိဖို့ ပြောတာ၊ အားလုံးဆိုရာမှာ အိမ်ရှင်မတွေလည်း ပါပါမယ်။ ဥပမာ (welder) ဂဟေဆက်လုပ်သား ဆိုပါတော့။ သူ့လုပ်ငန်းဆိုင်ရာ အသက်ဝမ်းကြောင်းအတွက် ကျွမ်းကျင်မှုဆိုင်ရာတို့မှာ ပညာတတ် (ရှိ) ရပါမယ်။
တစ်နည်းဆိုသော် သက်ဆိုင်ရာမှာ (scientific literacy) ရှိရပါမယ်။ မြင်ဘူးကြမယ် ထင်ပါတယ်။ "၀ါယာရိန်း" "ဒူးဇစ်" "ဘိုးရင်း" "ကလပ်" "ပါဝါ၀င်းဒိုး" ဒါတွေဟာ မြန်မာကားပြင်ဆရာ (မက်ကဲနစ်)တွေ ပါးစပ်ဖျားရှိ အင်္ဂလိပ်စကား ဝေါဟာရတွေပါ။ အားလုံးသာ ပညာတတ်တွေဆိုရင် ပညာတတ်ဆိုရာမှာ အင်္ဂလိပ်စာတတ်ရုံတင် မကသေးပဲ သိပ္ပံပညာအခြေခံဖြင့် (ရူပဗေဒ၊ ဓာတုဗေဒ)နဲ့ ကိုယ့်အလုပ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ရည်ရည်လည်လည် တတ်သိလျှင် ဘယ်လောက် အဆင့်မြင့်သွားမလဲ။ အဓိပ္ပါယ်ရှိလိုက်မလဲ။ အလုပ် တွင်ကျယ်လိုက်မလဲ။ ဒါမျိုးကို ဆိုလိုတာပါ။ ဖြစ်စေချင်တာပါ။
လောလောဆယ်မှာ ကျင့်သုံးနေတဲ့ ပညာသင်ကြားရေး၊ ယခုခေတ် ပညာသင်ကြားရေး မြင်ကွင်းကို တစ်ထောင့်ကြည့်ရမယ်ဆိုရင်-
၁။ နှုတ်တိုက် အာဂုံဆောင်တာကို အလွန်အမင်းသုံးနေတဲ့ စနစ်ထဲ နစ်မြုပ်သွားသူများက အများစု ဖြစ်တယ်။ အချို့သော လူထုအစိတ် အပိုင်းရဲ့ သားသမီးတွေက (၄) တန်းက ထွက်ရတယ်။ အချို့ အထက်တန်း အဆင့်မြင့်အထိ ရောက်တယ်။ သင်ကြားစနစ်က ချို့တဲ့ချွတ်ယွင်းတဲ့ အထက်ပါ နှုတ်တိုက်စနစ် များတာမို့ ဘ၀နဲ့ နေ့စဉ်နေထိုင်နိုင်ရေးမှာလို (reasoning) ကျိုးကြောင်းဆီလျော်တွေးခြင်း၊ (thinking) စဉ်စားခြင်း၊ (problem solving) ပြသနာတွေ ဖြေရှင်းနိုင်ခြင်းနဲ့ (decision making) အဆုံးအဖြတ် ပေးတတ်ခြင်းတို့မှာ အလေ့အထ သိပ်မရလိုက်ဘူး။ သင်ကြားတဲ့ မာတိကာမှာတောင် စာမေးပွဲအတွက် တစ်ပွဲတိုး ကျက်မှတ်တာမို့ မခိုင်လုံဘူး။ ဒါ လူတိုင်းအသိပါ။ အဝေးသင်မှ ဘွဲ့ရသူတွေထဲက ဘွဲ့သာရသွားတယ် သူ တို့ဘာမှ မသိလိုက်ပါဘူးလို့ ၀န်ခံသူတွေ အများကြီးပါ။ အချို့သော အမျိုးသမီးကလေးများ (၄)တန်းက ထွက်ရတယ်။ ဒါလည်းမကောင်းပါဘူး။
အမျိုးသမီးတွေ ပညာတတ်မှ တိုင်းပြည်အကျိုး ပိုများတာ။ ဒီအုပ်စု၊ ဆင်းရဲတဲ့အုပ်စုက မြန်မာလူထုရဲ့ အများစုဖြစ်တော့ အရေးကြီးပါတယ်။ တစ်တိုင်းပြည်လုံးကို ပညာတတ်အောင် လုပ်ရာမှာ သူတို့သာလျှင် အကြီးဆုံးသော ပစ်မှတ် ဖြစ်ထိုက်တယ်။ ပညာရေးစနစ် တစ်ခုလုံး အထူးသဖြင့် သင်ကြားပုံသင်ယူပုံ နည်းစနစ်နဲ့ စာမေးပွဲစနစ်ကို အထူးဂရုစိုက်ပြီး ပြုပြင်သင့်တာတွေကို ပြုပြင်ရပါမယ်။ ဆရာဆိုတာဘာလဲ ဘယ်လိုလူမျိုးဟာ ဆရာတွေ ဖြစ်သင့်တာလဲ။
သူတို့ရဲ့ အဓိက ဂုဏ်ပုဒ်တွေဟာ ဘာဖြစ်သင့်သလဲ။ ဗမာဝေါဟာရ 'သင်'ဆိုတာဟာ တိကျတဲ့ ဝေါဟာရကို မခေါ်နိုင်ပါဘူး။ teaching နဲ့ learning ကို ခွဲမပြနိုင်ဘူး။ teaching သင်ပေးတာ နဲ့ learning သင်ယူတာ သင်ပေးလို့ တတ်သွားတာလား။ လက်တွေ့မှာ အလွန်မှကွာပါတယ်။ ချောက်ကမ်းပါးကြီး ခြားနေတယ်လို့တောင် ပြောနိုင်ပါတယ်။
ဒီတော့ ဆရာဆိုတာ သူသိထား မှတ်ထား ကျက်ထားတာတွေကို ဆရာမှ ကျောင်းသားသို့ တစ်လမ်းသွားအဖြစ် လုပ်ဆောင်နေကြတာပါ။ ဒါကြောင့်လည်း ကျောင်းသားတွေကို ဒါကို ကျက်မှတ်ပြန်အံထုတ်တတ်ရင် ပြီးတာပဲလို့ ယူဆကြတာဖြစ်မှာ ကျောင်းသားတွေသင်ယူပုံ(learning process) ဟာ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ဒါကို education & psychology တွေက ဖေါ်ပြပြီးတာ ကြာပါပြီ။ လူတွေလည်း သိကြမှပါ။ ဒီတော့ ဆရာဆိုတဲ့သူကို ကျောင်းသားတတ်အောင် 'သင်ယူ' နိုင်အောင် ဆီလျော်တဲ့ နည်းသုံးပြီး ကူညီပေးတဲ့သူ ဖြစ်ရမှာ တစ်နည်းအားဖြင့် ပြောရလျှင် ဆရာတွေဟာ fucilitator တွေဖြစ်ရမှာ ကျောင်းသားတစ်ယောက် တတ်စေချင်တာတွေကို ဆရာက ပဏာမအကြောင်းတွေပြောပြီး သူဖာသာ သူ့နည်းသူ့ဟန်နဲ့ သိသွားတတ်သွားအောင် ကူညီသူတွေ ဖြစ်ရမှာ ကျောင်းသားတွေ များလွန်းတော့ ဒီလို ဘယ်ဖြစ်နိုင်မလဲလို့ ထင်လျှင် သင်ပေး၊ သင်ယူနည်း (leaching learning method) တွေကို ပြောင်းလျှင် ဒီပုံစံဝင်ဖြစ်အောင် လုပ်နိုင်စရာ ရှိပါတယ်။
ကျောင်းသားအနေနဲ့ကလည်း ပညာတတ်ချင်ပေမယ့် ဒီသိချင်တတ်ချင် ဆိုတာကို သိပ်အလေးမထားဘူး။ သင်တန်းတက်ပြီး လက်မှတ်ရဖို့ ပိုအရေးကြီးတယ်။ အလုပ်လျှောက်၊ အခြား လျှောက်တင်ရမယ့် အခါမျိုးမှာ
အထောက်အကူရမယ်ထင်လို့ ဒါကြောင့် ကျောင်းသားတွေ အထူးသဖြင့် ဘွဲ့လွန်ကျောင်းသားတွေက examination oriented system (စာမေးပွဲရဲ့ရလဒ်)ကိုပဲ ခြွင်းချက်မရှိ အလေးပေးနေတော့ အခြားဘ၀ ရင်ဆိုင်ရေးမှာ အရေးကြီးတဲ့ အရည်အချင်းတွေကို လျစ်လျူရှုထားနေတာပဲ ဒီလိုစာတွေ့နဲ့ စာမေးပွဲအမှတ်ကို တရားလွန် အလေးပေးပြီး လက်တွေ့အရည်အသွေး skill အတတ်ပိုင်းဆိုင်ရာတွေကို အလေးမထားတဲ့၊ မမျှတတဲ့ စနစ်ကြောင့် အောင်လာတဲ့ ကလေးတွေဟာ လုပ်ငန်းစဉ်မှာ အသုံးမကျ ဖြစ်နေတာ။ curriculum လို့ ခေါ်တဲ့ သင်ရိုးညွှန်းတန်းထဲက စာချည်းသက်သက် သင်ခန်းစာတွေအပြင် ပြင်ပလှုပ်ရှားမှုနဲ့ ပါဝင်လုပ်ဆောင်ချက်တွေကလည်း ထည့်ပေးရမှာ။ (enrichment program) လူပုံအလယ်နဲ့ကမ္ဘာမှာ ပညာတတ်တစ်ဦးလို့ ခေါ်ဆိုနိုင်ဖို့အရေး နှုတ်တိုက်အာဂုံဆောင်ထားရုံ၊ facts တွေ အံရွတ်နိုင်ရုံနဲ့တော့ မဖြစ်လောက်ပါဘူး။ စိတ်ပိုင်းနဲ့ ခံယူချက်ပိုင်း ဆိုင်ရာမှာ အဆင့်တက်လာရေး (intellectual standing) ဗဟုသုတ ကြွယ်ဝရေး စတာတွေလည်း လိုတာမို့ ဘက်စုံဖွံ့ဖြိုးမှုအတွက် ကျောင်းကနေ တာဝန်ယူဖို့ ကောင်းပါတယ်။
(Eleven Media)
ဘ၀ရှေ့ခရီးကို ယုံကြည်မှု ပြည့်ပြည့်၀၀ အာမခံချက်ကောင်းကောင်း (security) ဆက်လက် လုပ်ဆောင်သွားရာမှာ ဘာတွေရွေးလို့ ဘာတွေပယ်မယ်၊ ဘာတွေ ဦးစားပေးရမယ် ဆိုတဲ့ အရေးကြီး ပြဿနာပုစ္ဆာတွေ ဖြေရှင်းစရာတွေ ရှိပါတယ်။ဒီလို ဖြစ်နေတဲ့ အခြေအနေတွေကို ပြတ်သား ကြည်လင်စွာ သရုပ်ဖော်ပြလိုက်တဲ့ (opinion survey) ကွင်းဆင်းလေ့လာချက်ရဲ့အစီရင်ခံ
ကွင်းဆင်းသုတေသနမှာပါတဲ့ တိုင်းပြည်တွေကတော့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်ပြည်တို့ ဖြစ်တယ်။ အစူးစမ်းခံသူတွေကတော့ အဲဒီတိုင်းပြည်တွေက ငွေကြေးတတ်နိုင်သူ လူတန်းစား အသက်(၂၅)နှင့်(၅၀)ကြား လူပေါင်း (၂၄၀၀)တို့ ဖြစ်တယ်။ အသက်အာမခံ ကုမ္ပဏီတစ်ခု လုပ်တာဖြစ်ပြီး ဒီလူတွေဟာ ယခု 'ဘ၀' ဖြစ်ရပ်တွေထဲက အရေးကြီးတဲ့ အပိုင်းတွေဖြစ်တဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်စဉ်(career) မိသားစုပိုင်းဆိုင်ရာခံယူချက်(
ကလေးတွေရဲ့ ပညာရေးစရိတ်ကလည်း ကြီးလိုက်တာ သင်စရာတွေကများ၊ မတက်မဖြစ် သင်တန်းတွေကလည်းများ၊ တစ်နေ့တစ်ခြား တိုးနေတဲ့ အသိပညာတွေ ဖြည့်ဆည်းဖို့ကလည်း လိုသေးတယ်။ ဘွဲ့လွန်သင်တန်း
တက်ပြီးတာတောင် ပညာသင်ကာလက မပြီးဆုံးသေးပါဘူး။ ပညာရေးဟာ ဘယ်အရွယ်ကစသလဲ။ ကလေးတွေဟာ ကျွန်မအမြင်တော့ (၄)နှစ်အရွယ်ဆို လုံးလုံးလျား စနေပါပြီ။
ဒါပေမယ့်လည်း အာရှရှိ မိဘတွေကတော့ ကလေးတွေရဲ့ ပညာရေးကို သူတို့ရဲ့ဘ၀မှာ ဦးထိပ်ထားကြပါတယ်။ အထက်က ကွင်းဆင်းလေ့လာရေးမှာဆို ပါဝင်တဲ့ မလေးလူမျိုး (၃၀၀)ထဲက ဒီလို သဘောထားကြပါတယ်။ ၇၀% က ပညာရေးသာလျှင် သူတို့သား၊ သမီးတွေနောင်ရေး အောင်မြင်ရာ အောင်မြင်ကြောင်းအတွက် အဓိကအကြောင်း ဖြစ်တယ်လို့ ခံယူကြတယ်။ ဒါ့ကြောင့် ကလေးတွေ ပညာရေးအတွက် ဘယ်လိုပေးဆပ်မှုမျိုးမဆို လုပ်မှာပဲလို့ သန္နိဋ္ဌာန်ချထားတယ်။ မြန်မာမှာလည်း ရေမြေရပ်ခြားသွားပြီး အလုပ်လုပ်ကြသူ မြန်မာမိဘများရဲ့ အရေးကြီးတဲ့ ရည်မှန်းချက်ပန်းတိုင်ကလည်း ကလေးတွေရဲ့ ပညာရေး တိုးတက်ရာတိုးတက်ကြောင်းပဲ။
ပညာကို အမြတ်တနိုးထားရမယ်၊ ပညာသာလျှင် လူတစ်ဦးရဲ့ တိုးတက်မှု၊ အနာဂတ်နဲ့ ဘ၀အောင်မြင်မှုမျိုးစုံကို ပေးမယ်ဆိုတာ ခေတ်အခါခါက သိပြီးသား၊ သံမှိုစွဲပြီးသား ခံယူချက်ပါ။ အခုအခါမှာတော့ သိစရာပညာ (knowledge) တွေက နေ့စဉ်နဲ့အမျှ ဆိုသလို တိုးပွားနေတော့ ကျောင်းသားဘ၀က လွန်မြောက်ပြီး လုပ်ငန်းခွင်မှာပါ စဉ်ဆက်မပြတ် ဆည်းပူးသင်ယူရမှာ ဖြစ်တယ်။ မိဘဖြစ်နိုင်မယ့် အရွယ် လူငယ်အုပ်စုအတွက် ပိုလာတဲ့ ပညာရေး တာဝန်ကတော့ သူတို့ရဲ့ ရင်သွေးငယ်တွေရဲ့ ပညာရေးပဲ။ ဒီပညာရေးနယ်ပယ်ဟာ ဘယ်လောက်ပဲ ကျယ်ဝန်းလာပါစေ၊ မိဘတွေအတွက် ကလေးတွေရဲ့ ပညာရေးအတွက်ဆို ဘာမဆို ပေးဆပ်နိုင်ပါတယ်လို့ ခံယူထားတာ။အနစ်နာခံဖို့ကတော့ အဆင်သင့်ပဲ။
အခုခေတ် အခုကာလက (knowledge-based society) ပညာကို အခြေခံတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အလွန်လိုပါတယ်။ ဒီလိုအခြေမျိုး မဟုတ်လျှင်တော့ တိုင်းပြည်ဟာ ဘယ်လိုမှ တိုးတက်မှု မရှိတဲ့အပြင် အခုလို
အပြိုင်အဆိုင်ခေတ်မှာ ပြုတ်ကျကျန်ခဲ့ဖို့ သေချာပါတယ်။ LDC (Least Developing of Country) ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည် ဒီအထဲမှာ မြန်မာ ပါတယ်)လို့ ခေါ်ခေါ်မခေါ်ခေါ် အောက်ဆုံးမှာရှိတော့မှာ ဧကန်ပါပဲ။ (knowledge-based society) ဖြစ်ဖို့ အရေး လူမှုအဖွဲ့အစည်းထဲရှိသူ အားလုံး အလွှာတိုင်းက လူတိုင်းလူတိုင်းတို့ဟာ (literate) စာတတ်ပေတတ် ဖြစ်ရပါမယ်။ ဘွဲ့ရဘွဲ့လွန်ရှိဖို့ပြောတာ မဟုတ်ဘူး။ တတ်ဖို့သိဖို့ ပြောတာ၊ အားလုံးဆိုရာမှာ အိမ်ရှင်မတွေလည်း ပါပါမယ်။ ဥပမာ (welder) ဂဟေဆက်လုပ်သား ဆိုပါတော့။ သူ့လုပ်ငန်းဆိုင်ရာ အသက်ဝမ်းကြောင်းအတွက် ကျွမ်းကျင်မှုဆိုင်ရာတို့မှာ ပညာတတ် (ရှိ) ရပါမယ်။
တစ်နည်းဆိုသော် သက်ဆိုင်ရာမှာ (scientific literacy) ရှိရပါမယ်။ မြင်ဘူးကြမယ် ထင်ပါတယ်။ "၀ါယာရိန်း" "ဒူးဇစ်" "ဘိုးရင်း" "ကလပ်" "ပါဝါ၀င်းဒိုး" ဒါတွေဟာ မြန်မာကားပြင်ဆရာ (မက်ကဲနစ်)တွေ ပါးစပ်ဖျားရှိ အင်္ဂလိပ်စကား ဝေါဟာရတွေပါ။ အားလုံးသာ ပညာတတ်တွေဆိုရင် ပညာတတ်ဆိုရာမှာ အင်္ဂလိပ်စာတတ်ရုံတင် မကသေးပဲ သိပ္ပံပညာအခြေခံဖြင့် (ရူပဗေဒ၊ ဓာတုဗေဒ)နဲ့ ကိုယ့်အလုပ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ရည်ရည်လည်လည် တတ်သိလျှင် ဘယ်လောက် အဆင့်မြင့်သွားမလဲ။ အဓိပ္ပါယ်ရှိလိုက်မလဲ။ အလုပ် တွင်ကျယ်လိုက်မလဲ။ ဒါမျိုးကို ဆိုလိုတာပါ။ ဖြစ်စေချင်တာပါ။
လောလောဆယ်မှာ ကျင့်သုံးနေတဲ့ ပညာသင်ကြားရေး၊ ယခုခေတ် ပညာသင်ကြားရေး မြင်ကွင်းကို တစ်ထောင့်ကြည့်ရမယ်ဆိုရင်-
၁။ နှုတ်တိုက် အာဂုံဆောင်တာကို အလွန်အမင်းသုံးနေတဲ့ စနစ်ထဲ နစ်မြုပ်သွားသူများက အများစု ဖြစ်တယ်။ အချို့သော လူထုအစိတ် အပိုင်းရဲ့ သားသမီးတွေက (၄) တန်းက ထွက်ရတယ်။ အချို့ အထက်တန်း အဆင့်မြင့်အထိ ရောက်တယ်။ သင်ကြားစနစ်က ချို့တဲ့ချွတ်ယွင်းတဲ့ အထက်ပါ နှုတ်တိုက်စနစ် များတာမို့ ဘ၀နဲ့ နေ့စဉ်နေထိုင်နိုင်ရေးမှာလို (reasoning) ကျိုးကြောင်းဆီလျော်တွေးခြင်း၊ (thinking) စဉ်စားခြင်း၊ (problem solving) ပြသနာတွေ ဖြေရှင်းနိုင်ခြင်းနဲ့ (decision making) အဆုံးအဖြတ် ပေးတတ်ခြင်းတို့မှာ အလေ့အထ သိပ်မရလိုက်ဘူး။ သင်ကြားတဲ့ မာတိကာမှာတောင် စာမေးပွဲအတွက် တစ်ပွဲတိုး ကျက်မှတ်တာမို့ မခိုင်လုံဘူး။ ဒါ လူတိုင်းအသိပါ။ အဝေးသင်မှ ဘွဲ့ရသူတွေထဲက ဘွဲ့သာရသွားတယ် သူ တို့ဘာမှ မသိလိုက်ပါဘူးလို့ ၀န်ခံသူတွေ အများကြီးပါ။ အချို့သော အမျိုးသမီးကလေးများ (၄)တန်းက ထွက်ရတယ်။ ဒါလည်းမကောင်းပါဘူး။
အမျိုးသမီးတွေ ပညာတတ်မှ တိုင်းပြည်အကျိုး ပိုများတာ။ ဒီအုပ်စု၊ ဆင်းရဲတဲ့အုပ်စုက မြန်မာလူထုရဲ့ အများစုဖြစ်တော့ အရေးကြီးပါတယ်။ တစ်တိုင်းပြည်လုံးကို ပညာတတ်အောင် လုပ်ရာမှာ သူတို့သာလျှင် အကြီးဆုံးသော ပစ်မှတ် ဖြစ်ထိုက်တယ်။ ပညာရေးစနစ် တစ်ခုလုံး အထူးသဖြင့် သင်ကြားပုံသင်ယူပုံ နည်းစနစ်နဲ့ စာမေးပွဲစနစ်ကို အထူးဂရုစိုက်ပြီး ပြုပြင်သင့်တာတွေကို ပြုပြင်ရပါမယ်။ ဆရာဆိုတာဘာလဲ ဘယ်လိုလူမျိုးဟာ ဆရာတွေ ဖြစ်သင့်တာလဲ။
သူတို့ရဲ့ အဓိက ဂုဏ်ပုဒ်တွေဟာ ဘာဖြစ်သင့်သလဲ။ ဗမာဝေါဟာရ 'သင်'ဆိုတာဟာ တိကျတဲ့ ဝေါဟာရကို မခေါ်နိုင်ပါဘူး။ teaching နဲ့ learning ကို ခွဲမပြနိုင်ဘူး။ teaching သင်ပေးတာ နဲ့ learning သင်ယူတာ သင်ပေးလို့ တတ်သွားတာလား။ လက်တွေ့မှာ အလွန်မှကွာပါတယ်။ ချောက်ကမ်းပါးကြီး ခြားနေတယ်လို့တောင် ပြောနိုင်ပါတယ်။
ဒီတော့ ဆရာဆိုတာ သူသိထား မှတ်ထား ကျက်ထားတာတွေကို ဆရာမှ ကျောင်းသားသို့ တစ်လမ်းသွားအဖြစ် လုပ်ဆောင်နေကြတာပါ။ ဒါကြောင့်လည်း ကျောင်းသားတွေကို ဒါကို ကျက်မှတ်ပြန်အံထုတ်တတ်ရင် ပြီးတာပဲလို့ ယူဆကြတာဖြစ်မှာ ကျောင်းသားတွေသင်ယူပုံ(learning process) ဟာ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ဒါကို education & psychology တွေက ဖေါ်ပြပြီးတာ ကြာပါပြီ။ လူတွေလည်း သိကြမှပါ။ ဒီတော့ ဆရာဆိုတဲ့သူကို ကျောင်းသားတတ်အောင် 'သင်ယူ' နိုင်အောင် ဆီလျော်တဲ့ နည်းသုံးပြီး ကူညီပေးတဲ့သူ ဖြစ်ရမှာ တစ်နည်းအားဖြင့် ပြောရလျှင် ဆရာတွေဟာ fucilitator တွေဖြစ်ရမှာ ကျောင်းသားတစ်ယောက် တတ်စေချင်တာတွေကို ဆရာက ပဏာမအကြောင်းတွေပြောပြီး သူဖာသာ သူ့နည်းသူ့ဟန်နဲ့ သိသွားတတ်သွားအောင် ကူညီသူတွေ ဖြစ်ရမှာ ကျောင်းသားတွေ များလွန်းတော့ ဒီလို ဘယ်ဖြစ်နိုင်မလဲလို့ ထင်လျှင် သင်ပေး၊ သင်ယူနည်း (leaching learning method) တွေကို ပြောင်းလျှင် ဒီပုံစံဝင်ဖြစ်အောင် လုပ်နိုင်စရာ ရှိပါတယ်။
ကျောင်းသားအနေနဲ့ကလည်း ပညာတတ်ချင်ပေမယ့် ဒီသိချင်တတ်ချင် ဆိုတာကို သိပ်အလေးမထားဘူး။ သင်တန်းတက်ပြီး လက်မှတ်ရဖို့ ပိုအရေးကြီးတယ်။ အလုပ်လျှောက်၊ အခြား လျှောက်တင်ရမယ့် အခါမျိုးမှာ
အထောက်အကူရမယ်ထင်လို့ ဒါကြောင့် ကျောင်းသားတွေ အထူးသဖြင့် ဘွဲ့လွန်ကျောင်းသားတွေက examination oriented system (စာမေးပွဲရဲ့ရလဒ်)ကိုပဲ ခြွင်းချက်မရှိ အလေးပေးနေတော့ အခြားဘ၀ ရင်ဆိုင်ရေးမှာ အရေးကြီးတဲ့ အရည်အချင်းတွေကို လျစ်လျူရှုထားနေတာပဲ ဒီလိုစာတွေ့နဲ့ စာမေးပွဲအမှတ်ကို တရားလွန် အလေးပေးပြီး လက်တွေ့အရည်အသွေး skill အတတ်ပိုင်းဆိုင်ရာတွေကို အလေးမထားတဲ့၊ မမျှတတဲ့ စနစ်ကြောင့် အောင်လာတဲ့ ကလေးတွေဟာ လုပ်ငန်းစဉ်မှာ အသုံးမကျ ဖြစ်နေတာ။ curriculum လို့ ခေါ်တဲ့ သင်ရိုးညွှန်းတန်းထဲက စာချည်းသက်သက် သင်ခန်းစာတွေအပြင် ပြင်ပလှုပ်ရှားမှုနဲ့ ပါဝင်လုပ်ဆောင်ချက်တွေကလည်း ထည့်ပေးရမှာ။ (enrichment program) လူပုံအလယ်နဲ့ကမ္ဘာမှာ ပညာတတ်တစ်ဦးလို့ ခေါ်ဆိုနိုင်ဖို့အရေး နှုတ်တိုက်အာဂုံဆောင်ထားရုံ၊ facts တွေ အံရွတ်နိုင်ရုံနဲ့တော့ မဖြစ်လောက်ပါဘူး။ စိတ်ပိုင်းနဲ့ ခံယူချက်ပိုင်း ဆိုင်ရာမှာ အဆင့်တက်လာရေး (intellectual standing) ဗဟုသုတ ကြွယ်ဝရေး စတာတွေလည်း လိုတာမို့ ဘက်စုံဖွံ့ဖြိုးမှုအတွက် ကျောင်းကနေ တာဝန်ယူဖို့ ကောင်းပါတယ်။
(Eleven Media)
0 comments:
Post a Comment