Sunday, March 27, 2011

"မတူညီမှုများနှင့် ကခုန်ခြင်း".

[By Alex Aung Lin]


မတူညီမှုများ ဆိုတာကို စဉ်းစားမိတယ်။

လောကကြီးမှာ မတူညီမှုတွေက အများကြီးပါပဲ။

တူညီတယ်ဆိုတာ အတော်လေးကို ရှားပါးတယ်လို့ ထင်တယ်။ ရှိရော ရှိလို့လား။

ထားပါတော့ လူသားတွေရဲ့  မတူညီမှုတွေကို စဉ်းစားကြည့်ရအောင်။

ပထမဆုံး မတူညီမှုက ယောက်ျား မိန်းမ။

အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်။

ယောက်ျားတွေနဲ့ မိန်းမတွေ ဘာမှကို မဆိုင်လောက်အောင် မတူညီကြဘူး။

ဒါပေမယ့် အဲဒီ မတူညီမှုကနေပဲ အဲဒီနှစ်ဦးက ဘာလို့ အတူနေထိုင်ဖို့ကို စဉ်းစားကြပါသလဲပေါ့။

ဒါဆို လူသားတွေက မတူညီမှုကို ကြိုက်နှစ်သက်ကြပါသလား။

လူသားတွေ မတူညီမှုတွေနဲ့ ဟောဒီလောကကြီးမှာ ရှင်သန်နေကြတယ်။

ရက်လနှစ်တွေကို မတူညီမှုတွေနဲ့ ဖြတ်သန်းကြတယ်။

မတူညီမှုတွေထဲမှာ ရှင်သန်နေတဲ့ ဟောဒီလူသားတွေ မတူညီမှုတွေကိုရော သတိပြုမိကြပါရဲ့ လား။

မတူညီမှုတွေကို အပြစ်တင်နေသေးတဲ့ သနားစရာ လူသားလေးတွေ လည်း ရှိနေသေးပေမယ့်
သေချာတာကတော့ မတူညီမှုတွေကို တူညီအောင် ဘယ်လိုမှ မလုပ်နိုင်တာပါပဲ။

မတူညီမှုတွေထဲမှာ ဘယ်လိုရှင်သန်နေထိုင်ကြမလဲ။

ဒါက မေးခွန်းတစ်ခု ဖြစ်လာတာပေါ့။

မတူညီမှု။

လူသားတွေက အလွယ်လိုက်ချင်ကြတာ သဘာဝပါပဲ။

တူညီတဲ့ ပုံစံပေါ်မှာ တူညီတဲ့ လုပ်ဟန်တွေနဲ့ အတူတကွ ရှင်သန်ဖို့ကို မျှော်လင့်ကြမလားတော့ မသိဘူး။

ဒါပေမယ့် တူညီမှုတွေ ပဲ ဖြစ်နေ ရှိနေရင် လောကကြီးက ပျင်းစရာကြီးပဲ နေမှာပေါ့။

မတူညီမှုတွေ ရှိနေလို့သာ လောကကြီးက ပျော်စရာကောင်းနေတာပါ။

ဒါပေမယ့်လည်း တစ်ချို့ သော သူတွေကတော့ တူညီမှု ရည်မှန်းချက်တွေ လုပ်ဆောင်နေကြပါတယ်။

မတူညီမှုတွေကို နှစ်သက်အောင်ဘယ်လိုလုပ်မလဲ။

တစ်ချို့ ကတော့ ပြောကြတယ်။

နားလည်မှုတွေလိုအပ်ပါတယ်ပေါ့။

သေချာပါတယ်။

ဒါပေမယ့် နားလည်မှုဆိုတာ တကယ်တော့ အခြေခံ လိုအပ်ချက်တစ်ခုပါ။

လူတွေမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ လိုအပ်ပါတယ်။

ဒါပေမယ့် လူတိုင်းက လူတိုင်းကို နားလည်မပေးနိုင်ပါဘူး။

ကိုယ့်ရဲ့  အတွေ့ အကြုံ့  ပေါ်ကို လိုက်ပြီး နားလည်ပေးနိုင်မှု စွမ်းအား ကွာခြားသွားပါတယ်။

ကိုယ်ချင်းစာမှု လည်း တူတူပါပဲ။

ဒီနှစ်ခုကို အသေအချာ အသုံးချနိုင်ပြီဆိုရင် မတူညီမှုတွေကို နှစ်ခြိုက်လာမှာပါ။

မတူညီမှုတွေ သာမရှိခဲ့ရင် ဒီလောကကြီးက ပျင်းစရာကြီး ဖြစ်နေမှာပါ။

ဒါကြောင့် မတူညီမှုတွေနဲ့ ပျော်ပျော်ပါးပါး ကခုန်လိုက်ကြရအောင်လား။

သူငယ်ချင်းများ မတူညီမှုတွေနဲ့ ပျော်ရွှင်နိုင်ပါစေ။

Posted: October 2, 2010
by KaungMyatTun(KaungGyi)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...