Tuesday, March 29, 2011

"လူတော်များကို ငတ်မွတ်ခြင်း".

လွင်အံ့

လူတွေကို အတန်းအစားခွဲခြားမယ်ဆိုရင် ရွှေလိုလူ၊ ငွေလိုလူနဲ့ ကြေးနီလိုလူတွေရယ်လို့ ပိုင်းခြားနိုင်တဲ့အကြောင်း ဒဿနဆရာကြီး ပလေတိုက မိန့်ဆိုဖူးသည်။ အီတာလျံဘောဂ ဗေဒပညာရှင် ဗီလ်ဖရီနိုပါရီတိုကမူ တိုးတက် ဖြစ်ထွန်းမှုအများစု၏ အကြောင်းရင်းခံမှာ အ နည်းငယ်မျှသာ မရှိမဖြစ်လူတချို့ကြောင့်ဟု ငြင်းခုံအဆိုပြုခဲ့ဖူးသည်။ ဒီလိုအယူအဆများက ယနေ့ခေတ်လူအများစုကြီးကြားမှာ ပျံ့နှံ့နေ သည် ထိုကဲ့သို့ခါင်းဆောင်သူလူတန်းစား သို့ တည်းမဟုတ် အနည်းငယ်မျှသော မရှိမဖြစ် လူများအား နိုင်ငံရေးသမားများက အန္တာရာယ် ကောင်စာရင်းသွင်းကြသည်။
ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်မူ ပို၍သိ သာသည် ကမ္ဘာပေါ်မှ အကောင်းတကာ့အ ကောင်းဆုံး ကုမ္ပဏီများသည် သူတို့ရရှိထားသော မရှိမဖြစ်လူအနည်းငယ်(The Vital Fews)ကို လွတ်ထွက်မသွားစေဖို့ ထိန်းထားသည်။ နောက်ထပ်တွေ့အောင်လည်း ထပ်ရှာကြသည်။ ထိုကဲ့သို့ လူမျိုးရလျှင် လစာရိက္ခာအထောက် အပံ့ မြိုးမြိုးမြက်မြက်ကလေးပေးထားပြီး၊ အပို ဆောင်းလေ့ကျင့်မှုများ၊ စွမ်းအင်ရှိသောအကြီး တန်းအရာရှိများဖြင့် ပျိုးထောင်ယူသည်၊ ပြီး တော့ အစွမ်းပြမှရမည့် တာဝန်များကို ပေး သည်။ မည်သို့ဆိုစေ စီးပွားရေးလုပ်ငန်းလော ကထဲမှာ ထိုသို့သော မရှိမဖြစ် လူအ နည်းငယ်သို့မဟုတ် ပါရမီပါလာသူ များကိုပို၍ စွဲလမ်းတောင့်တ လာခဲ့ကြသည်။

ရိုးအီ၍ပင် နေ ခဲ့ပါပြီ။စီးပွား ရေးပြန်လည် နာလန်ထူလာသည်နှင့် ကုမ္ပဏီများစွာတို့သည် ထိုသို့သော လူတော်(ဝါ)ပါရမီသည်အဖြစ် တက်ရိပ်ရှိသူများကို မရမကရှာဖွေပျိုးထောင် လာပြီး၊ ပြိုင်ဘက်ကုမ္ပဏီများမှ လူတော်များ ကို ကိုယ့်အိတ်ထဲဖိတ်အောင်လုပ်ကြကြောင်း ဒီလွိုက်တီအပါအဝင် အခြားသောအတိုင်ပင်ခံ အကြံပေးအဖွဲ့ကြီးများက သတိပြုမိလာသည်။ အခွင့်သာသည်နှင့် ဦးနှောက်စွမ်းအားရှင်များ ဖြင့် ပြိုင်ဘက်များကို ကျော်တက်နိုင်ရန် ကြံ ဖန်လာကြသည်။ သို့သော် မည်သည့်လုပ်ငန်း မျိုးက ထိုကိုလူတော်၊မလူတော်များကို ပိုရလို သဖြင့် လုံးပန်းကြသည်ဟူသော အတိုင်းအတာ ကမူ မတူညီကြချေ။ ပုဂ္ဂလိကစတော့ရှယ်ယာ လုပ်ငန်းကြီးများ၊ နည်းပညာမြင့်ကုမ္ပဏီကြီးများ၊ က အတော်တကာ့အတော်ဆုံး ဦးနှောက်ပိုင်ရှင် များကို ရလိုကြသည်။ ဖွံ့ဖြိုးထွန်းသစ်စဈေး ကွက်များမှ လုပ်ငန်းကုမ္ပဏီများကမူ လူတော် များကို သူ့နည်းသူ့ဟန်ဖြင့် ဖွေရှာကြသည်။ တော်ရမည်၊ငယ်လေကောင်းလေဖြစ်သည်။ အလျင်အမြန်ပြောင်းလဲနေသော ရေမြေဝန်း ကျင်နှင့် ဖွံ့ဖြိုးမှုတို့အား အမိအရဆုပ်ကိုင်ဆောင် ရွက်နိုင်မည့် သူမျိုးကို လိုချင်ကြသည်။
ဂျင်နရယ်အီလက်ထရစ်(GE)ကုမ္ပဏီမှာ လူသားရင်းမြစ်ဌာနအား ၁၄နှစ်ကြာ ဦးဆောင် ခဲ့သူ ရမ်ကော်နာတီအား သိသူရှားပေလိမ့်မည်၊ ပြီးခဲ့သော ဆယ်စုနှစ်တစ်စုစာမက သူတို့သည် ကမ္ဘာ့ထိပ်သီးအလုပ်ရှင်များ လူတော်ခန့်အပ်ရေး အကြံဥာဏ်များပေးဖူးခဲ့သည်။ ထို့ပြင် ကုမ္ပဏီ လုပ်ငန်းကြီးက လူတော်များကို မည်သို့စုဆောင်း ရယူကြပုံ၊ ထိန်းသိမ်းကိုင်တွယ်ကြပုံများနှင့်ပတ် သက်ပြီး The Talent Master ဟူသည့်စာအုပ် အား ရေးသားပြုစုခဲ့သည်။ လူတော်များကို မွေးမြူစေခိုင်းသူ ဆရာသခင်အလုပ်ရှင်များဟူ ၍ အဓိပ္ပာယ်ရပေမည်။
ထို လူငယ်မွေးအလုပ်ရှင်များသည် သူတို့ ၏ပါးနပ်စွာ လုပ်ဆောင်နိုင်မှုကို ဂုဏ်ယူနေကြ သည်။ ဂျင်နရယ်အီလက်ထရစ်က ဝန်ထမ်းများ ကို အုပ်စုသုံးစုခွဲသည်။ ဟိန္ဒူစတန်ယူနီလဲဗာ ကုမ္ပဏီကမူ မွေးရာပါခေါင်းဆောင်နိုင်မှုရှိသူ ဝန်ထမ်းများ၏စာရင်းကို သီးခြားပြုစုထားသည်။ ထိုသူများအား စင်တော်ကောက်များအဖြစ် သတ်မှတ်ထားသည်။ လူတော်မွေးအလုပ်ရှင် များအားလုံးက အတိုင်းအတာရှိမှုနှင့် ကွဲပြား နိုင်ခြင်း(Measurement & Differentiation) တို့ ကို အရေးအကြီးဆုံး အရာများအဖြစ် သဘော တူညီကြပုံရသည်။ အကောင်းဆုံးသော ကုမ္ပဏီများသည် သူတို့၏ဝန်ထမ်းများအား တစ်မျိုးမဟုတ်တစ်မျိုး သုံးသပ်မှုများပြုလုပ်ရန် ဝေဖန်ဝေငုမှုများပြုလုပ်နေရန် အမြဲတမ်းတိုက် တွန်းနေသည်။ လူတော်များ၏ ပုဂ္ဂလဘဝအရည် အသွေးများမြင့်မားလာစေရန် တစ်ကိုယ်ရည် ဘဝ၊ မိသားစုဘဝနှင့် အလုပ်ခွင်ဘဝဟူသော သုံးဘက်သုံးတန်မှ တိုးတက်မှုများကို ဖော်ဆောင် ပေးသည်။ 

ဂျင်နရယ်အီလက်ထရစ်ကုမ္ပဏီသူ ဌေးဂျက်ဖ်အီမက်လ်တ်က သူ့ကုမ္ပဏီမှ ထိပ်ပိုင်း လူ ၆ဝဝခန့်တို့၏ မိသားစုဘဝအခြေအနေနှင့် တစ်ကိုယ်ရည်ဘဝရည်မှန်းချက်များကို သူသိ ထားပါကြောင်း ဂုဏ်ယူပြောဆိုသည်။ ဆေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် နိုဗာတိစ်က ဝန် ထမ်းလူတော်များအား ခေါင်းဆောင်သူစီမံ ကိန်းများကို ရေးဆွဲစေပြီး အထက်အရာရှိများ၊ အဆင့်တူလုပ်ဖော်ကိုင်ဖက်များနှင့် ညှိနှိုင်းစေ သည်။
ထိုကုမ္ပဏီများသည် အလားအလာကောင်း ရှိသော လူတော်များကို သီးသန့်ရွေးထုတ်ပြီး အထူးလေ့ကျင့်သင်တန်းပေးမှုများ ပြုလုပ်သည်။ ထိုသို့ လူတော်စီမံခန့်ခွဲမှုအစီအစဉ်များအတွက် တစ်နှစ်လျှင် ဒေါ်လာသန်းတစ်ထောင်အကုန်ခံ သည်ဟု ဂျင်နရယ်အီလက်ထရစ်ကုမ္ပဏီက ဆို သည်။ နိုဗာတိစ် ကုမ္ပဏီကြီးကမူ လူတော်များ အား အလုပ်ခွင်မှ အနားပေးထားသောလေ့ကျင့် သင်တန်းပေးမှုများပြုလုပ်သည်။ လေ့ကျင့်ရေး သင်ရိုးများက များစွာနှိုးဆွနိုင်အားကြီးကြသည်၊ ထိုအချိန်အတွင်းမှာ လူတော်ဝန်ထမ်းများသည် သူတို့ကုမ္ပဏီကချဲ့ထွင်သောလုပ်ငန်းခွဲများမှာ အနာဂတ်ခေါင်းဆောင်ဖြစ်လာကြမည့်သူများ အဖြစ် အဆက်အသွယ်အတွေ့အထိရသွားကြ သည်။
ထိုသို့ အလုပ်ခွင်ပြင်ပသင်တန်းများထက် အလုပ်ခွင်တွင်သင်တန်းများကလည်း အရေး ကြီးသည်။ ရေကူးတတ်ချင်လျှင် ရေထဲတွန်းချ လိုက် ဟူသည့်ပုံမျိုးဖြင့် ကုမ္ပဏီများသည် လူ တော်များအား တာဝန်ကြီးကြီးပေးလေ့ရှိသည်။ ပိုအတွေ့ရများလာသည်မှာ ပြည်ပလုပ်ငန်းခွဲ တစ်ခုခု၌ ရာထူးပေးလိုက်ခြင်းပင်။ ထိုနည်းက လူငယ်မန်နေဂျာများအား ကုမ္ပဏီတစ်ခုမည်သို့ လက်တွေ့စီမံလည်ပတ်ကြောင်းနာလည်သဘော ပေါက်သွားစေသည်။ ပြဿနာတွေတစ်ပုံကြီး ကို မည်သို့ကျွမ်းကျင်စွာကိုင်တွယ်ရကြောင်း သင်ကြားပေးပြီးသားဖြစ်သွားသည်။ ထို့ပြင် အရှုံးပြနေသောဌာနခွဲတစ်ခု သို့မဟုတ် သီး ခြားကျေးရွာတစ်ရွာဆီပို့ထားပြီး မည်ရွေ့မည်မျှ လုပ်ရည်ကိုင်ရည်ရှိကြောင်း စစ်ဆေးနိုင်သည်။

လူတော်ပျိုးထောင်ရေးတွင် အကြီးတန်း မန်နေဂျာများအား ပါဝင်စေရန် အောင်မြင်သောကုမ္ပဏီတိုင်း အသေအချာဆောင်ရွက်ကြ သည်။ နာမည်ကျော် CEO တစ်ဦးဖြစ်သော ဂျက်ဝက်လ်ရှ်နှင့်၊ ဂျင်နရယ်အီလက်ထရစ်ကုမ္ပဏီ ဥက္ကဌဟောင်း အေ-ဂျီလီဖ်လေတို့ကမူ သူတို့၏ အချိန်ထဲမှ ၄ဝရာခိုင်နှုန်းကို ဝန်ထမ်းများအတွက် ပေးအပ်ကုန်ဆုံးစေကြောင်းဆိုကြလေသည်။ အင်တဲလ်ကုမ္ပဏီ ဥက္ကဌဟောင်း အန်ဒီဂရို့ဗ်က နှစ်စဉ်အနည်းဆုံးရက်သတ္တတစ်ပတ်မျှ အလား အလာကောင်းရှိလူတော်များကို ကိုယ်တိုင်လေ့ ကျင့်သင်ကြားပေးသည်။ ဟိန္ဒူစတန်ယူနီလဲ ဗာကုမ္ပဏီမှ နီတင်ပရန်ဂ်ျမီက သူ၏အလားအ လာရှိ လူတော်ဝန်ထမ်းများအား အလုပ်ခွင်လေ့ ကျင့်မှုများရော လုပ်ငန်းပြင်ပလေ့ကျင့်မှုများ ပြုလုပ်ပေးသည်။
အောင်မြင်သောကုမ္ပဏီများသည် လူ တော်ပျိုးထောင်ရေးလုပ်ငန်းအား ကျယ်ပြန့် သော မဟာဗျူဟာများဖြင့် ဆောင်ရွက်ကြ သည်။ ထို့ကြောင့်လည်း အဆိုပါကုမ္ပဏီများ အောင်မြင်မှုရနေခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့်နည်းး ပညာသုံးတိုင်းထွာရေးကိရိယာများ တီထွင် ထုတ်လုပ်သော အဂျီလင့်ကုမ္ပဏီ၏ ဘဏ္ဍာ ရေးအရာရှိချုပ်ဟောင်း အဒ်ရီယန်ဒီလွန်ကမူ ကမ္ဘာကျော်အောင်တော်သည့် ကျွမ်းကျင်သူ များပါသော ကုမ္ပဏီတစ်ခုထက် ခိုင်းသမျှလုပ် သော ကုမ္ပဏီတစ်ခုကိုသာ ထူထောင်ချင်ပါ သည်ဟု ဆိုသည်။ PKG ကုမ္ပဏီကလည်း သူ့မန်နေဂျာများအား ဖန်တီးဥာဏ်ကောင်းမှုကို သာမက သူလိုငါလိုများလည်းဖြစ်စေလိုသည်။ အောက်ခြေထိမ်းမနိုင်လျှင် တစ်ကမ္ဘာလုံးသို့ ဖြန့်ချိထိုးဖောက်မည့်ကုန်စည်တွေကို ဘယ်လို စီမံခန့်ခွဲနိုင်မှာလည်းဟု ယူဆသည်။ အဂျီလန့် နှင့် နိုဗာတိစ်ကုမ္ပဏီများသည် ယင်းတို့ထဲမှ ကျွမ်းကျင်သူများကို အထွေထွေမန်နေဂျာများ အဖြစ်ခန့်ထားခဲ့သည်။ Goodyear တာယာ ကုမ္ပဏီကမူ နှစ်နှစ်အတွင်းမန်နေဂျာ ၂၄ဦးထဲမှ ၂၃ဦးကို ကားထုတ်လုပ်သူများထံရောင်းချရေး မှ ကားစီးသူများထံရောင်းချရေးဆီ ရွှေ့ပြောင်း ခန့်အပ်ခဲ့သည်။
လူတော်တွေကို ချည်းလိုချင်မှုမှာ အနှောင့် နှေးတုံ့ဆိုင်းစေသော အကြောင်းများလည်းရှိ သည်။ လူတွေကို အတန်းအစားခွဲခြားရင်းဖြင့် တကယ့်လူတော်တွေကို မရလိုက်ဘဲ ဆုံးရှုံးခြင်း မျိုးလည်း ရှိသည်သာ။ သင်တန်းတွေပေးရင်း ဖြင့် အပြည့်လွန်ကာ လျှံသွားသဖြင့် လူတွေနှင့် အံဝင်ခွင်ကျမဖြစ်တော့ခြင်းလည်းရှိသည်သာ။ ထိုသို့သော ထင်တစ်လုံးသမားများကိုလည်း လျှော့ပစ်ရသည်။
လူတော်များကို စွဲလမ်းတောင့်တမှုက GE နှင့် PKG လို ကုမ္ပဏီများအတွက် အလုပ်ဖြစ်သည်။ လူတော်များကို စီမံခန့်ခွဲနိုင်သော ကုမ္ပဏီ များအလုပ်ရှင်များလည်း အသေအချာရှိနေပါ သည်။ ထို့ကြောင့် လူတော်မွေးအလုပ်ရှင်များကို လေ့လာကြဖို့သာ ပုဂ္ဂလိကလုပ်ငန်းရှင်များအား တိုက်တွန်းလိုက်ရပါသည်။

လွင်အံ့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...