Monday, March 28, 2011

" ယုံကြည်မှု တည်ဆောက်ခြင်း ခိုင်မာစေမှု အချက်(၄)ချက် ".


စီးပွားရေးလုပ်ငန်းဘဝမှာ ဘာစိတ်ပိုင်း ဆိုင်ရာ ဖြတ်လမ်းတွေမရှိပါ။ အခြေခံအနေနဲ့ လူသုံးမျိုးရှိတယ်။ မအောင်မြင်တဲ့သူ၊ ယာယီ အားဖြင့်အောင်မြင်တဲ့သူတွေနဲ့ အောင်မြင်မှု ရရှိလာပြီး ဆက်လက်အောင်မြင်မှုရရှိသူတွေ ဖြစ်တယ်၊ ခြားနားချက်ကတော့ အကျင့်စာရိတ္တ ဖြစ်တယ် Jon Huntsman ၊ ဥက္ကဋ္ဌ၊ Huntsman Chemical (၁) တော်တည့်ဖြောင့်မတ်မှန်ကန်မှု လူတွေက ယုံကြည်မှုတည်ဆောက်ရာ မှာ ပထမဦးဆုံး စဉ်းစားတဲ့အချက်ဖြစ်ပါတယ်။ Integrity ရဲ့အခြေခံကျတဲ့ ဆိုလိုချက်က ရိုး သားမှုဖြစ်ပေမယ့် အမှန်အားဖြင့် ဒါထက်မက ပိုမိုပါဝင်ပါတယ်။ ပေါင်းစည်းနိုင်စေမှု (Integratedness) ၊ ပြောတဲ့အတိုင်း လုပ်ဆောင်နိုင် မှု (Working The Talk) ၊ လုပ်ငန်းအဖွဲ့အစည်း တွေအတွင်းအပြင် နှစ်ခုစလုံးအလိုက်သင့်ဖြစ်စေ မှု (Congruence) ၊ တန်ဖိုးတွေယုံကြည်မှုတွေ နဲ့အညီ သတ္တိရှိစွာ လုပ်ဆောင်နိုင်စေမှုတွေရဲ့ အပေါင်းအစည်းက Integrity ဖြစ်ပါတယ်။ လူတွေငှားရမ်းပြီး လုပ်ငန်းတွေ ဆောင် ရွက်ရာမှာ ကျွန်တော်က အချက်သုံးချက်ကို ရှာပါတယ်။ ပထမတစ်ခုက တော်တည့်ဖြောင့် မတ်မှန်ကန်မှု (Integrity) ဖြစ်ပြီး ဒုတိယက ဥာဏ်ရည်စွမ်းအားထက်မြက်မှုနဲ့ တတိယအချက်က မြင့်မားတဲ့စွမ်းရည်အဆင့်ဖြစ်ပါတယ်။ သို့ပေမယ့် အကယ်၍ ပထမဦးဆုံးအချက်မရှိရင် တော့ အခြားနှစ်မျိုးက သင့်ကိုသတ်ပါလိမ့် မယ်။ Warren Buffett ၊ စီအီးအို၊ Berkshire Hathaway ကို အဓိပ္ပာယ်ဖွင့်ဆိုရာ မှာ အများစုက Honesty လို့ခေါ်တဲ့ ရိုးသား မှုလို့ပဲ သိထားကြပေမယ့် ရိုးသားမှုမှာ အမှန် ကို ပြောဆိုခြင်းသာမက မှန်ကန်တဲ့လုပ်ဆောင် မှုပါ ကျန်ရစ်စေမှာဖြစ်တယ်။ 

အမှန်ကိုပြောဖို့ဖြစ်နိုင်ပေမယ့် မှားယွင်းတဲ့လုပ်ဆောင်ချက်ထား ခဲ့ရင် ဒါကို ရိုးသားမှုလို့မခေါ်နိုင်တော့ပါ။ အသေးအဖွဲကိစ္စရပ်တွေမှာတောင်မှ သတိ မရှိကြရင် အရေးကြီးတဲ့ကိစ္စရပ်တွေမှာ ယုံ ကြည်ရတော့မှာ မဟုတ်ဘူး လို့ ဆိုတယ်။

Integrity မှာ အမှန်အတိုင်းပြောပြီး မှန် ကန်တဲ့ လုပ်ဆောင်ချက် ကျန်ရစ်စေတဲ့ ရိုး သားမှု Honesty အပြင် ရည်မှန်းချက်နဲ့ အမူ အကျင့်အကြား ကွာဟချက်မရှိတဲ့ လုပ်ငန်းအ ဖွဲ့အစည်း အတွင်းနဲ့အပြင်မှာ တစ်သားတည်း ဖြစ်စေတဲ့ Congruence ဆိုတာလည်း ပါဝင် တယ်။ Congruence ဖြစ်မှုက သူတို့ရဲ့ အနက် ရှိုင်းဆုံးတန်ဖိုးတွေနဲ့ ယုံကြည်မှုအတိုင်း အလိုက် သင့်လုပ်ဆောင်တတ်ကြတာဖြစ်တယ်။ ပြောတဲ့ အတိုင်း လုပ်ဆောင်တတ်ကြတယ်။ ပြင်ပတွန်း အားဖိအားကြောင့်မဟုတ်လဲ ကိုယ်ပိုင်အသိနဲ့ လုပ်ဆောင်တာဖြစ်တယ်။Congruence ဖြစ် စေတာကြောင့် အများရဲ့ယုံကြည်နိုင်မှုနဲ့ အ အပြန်အလှန် ယုံကြည်မှုရရှိနိုင်စေတာဖြစ်တယ်။ Congruence ဖြစ်မှုနဲ့ပတ်သက်ပြီး ကြီးမား တဲ့ ဥပမာတစ်ခုပေးပါဆိုရင် မဟတ္တမဂန္ဓီကို ပြရမှာဖြစ်တယ်။ သူ့ဘဝတစ်လျှောက် အချိန် တစ်ချိန်မှာ သူက အင်္ဂလန်နိုင်ငံ House of Commons ရှေ့မှာစကားပြောဖို့ ဖိတ်ကြားခံရ တယ်။ မှတ်စုမှတ်ရာမပါဘဲ နှစ်နာရီကြာပြော လိုက်တာ ပရိသတ်တွေရဲ့လက်ခုပ်ဩဘာပေး တာကို လှိုက်လှိုက်လှဲလှဲ ရရှိလိုက်တယ်။ သူ့ရဲ့မိန့်ခွန်းအပြီးမှာ သတင်းထောက်တွေက သူ့ရဲ့ အတွင်းရေးမှူးထံပါးချဉ်းကပ်ပြီး ဂန္ဓီအနေနဲ့ ပရိသတ်ကို အချိန်ကြာကြာ မှတ်စုမှတ်ရာမပါ ရှိဘဲ ပြောဆိုနိုင်မှုနဲ့ပတ်သက်ပြီး မေးမြန်းကြ ရာမှာ အတွင်းရေးမှူးဖြစ်သူ Mahader Desai က- ဂန္ဓီတွေးတာ၊ ခံစားတာ၊ ပြောတာ၊ လုပ်ဆောင်တာတွေအားလုံးက အတူတူဖြစ် တယ်။ ဒါကြောင့် မှတ်စုမှတ်ရာ မလိုတာပါ လို့ ပြန်လည် တုံပြန်ပြောဆိုခဲ့တယ်။ ဂန္ဓီက သူကိုယ်တိုင် ကိုယ်ပိုင်အသိနဲ့လိုက် ဖက်ညီအောင်လုပ်ဆောင်တတ်ရုံမကဘဲ သူရပ် တည်ရတဲ့ နည်းလမ်းတွေအတိုင်း လိုက်ဖက်ညီ လုပ်ဆောင်တာဖြစ်တယ်လို့ဆိုတယ်။ ဒါကို မဟတ္တမဂန္ဓီက- ကျွန်တော်ရဲ့ဘဝက ခွဲထုတ်မရနိုင်တဲ့အ ရာတစ်ခုဖြစ်ပြီး ကျွန်တော့်ရဲ့ လုပ်ဆောင်ချက် တွေအားလုံးက တစ်ဦးချင်းစီကို ပျံ့နှံ့ရောက်ရှိ စေတာဖြစ်တယ်။ ကျွန်တော့်ဘဝက ကျွန်တော့် ရဲ့သတင်းစာသားဖြစ်ပါတယ် လို့ ဆိုတယ်။ သူက အိန္ဒိယနိုင်ငံမှာ ဘာနေရာ၊ ဘာခေါင်း ဆောင်မှုရာထူးမှ ရယူခြင်းမရှိဘဲ အိန္ဒိယနိုင်ငံ နဲ့ ကမ္ဘာကြီးကို အပြုသဘောဆောင် အံ့ဖွယ် ရလဒ်တွေကို ထုတ်ပေးနိုင်ခဲ့တယ်။ Integrity မှာ နောက်ထပ်ပါဝင်တဲ့အချက်တစ်ချက် က အောက်ကိုနှိမ့်ချတတ်မှု Humility ဖြစ်တယ်။

ကောင်းခြင်းကနေ တော်ခြင်းသို့ (Good to Great) မှာ ကောင်းတဲ့ကုမ္ပဏီတွေကနေ တော်တဲ့ကုမ္ပဏီတွေအဖြစ် ပြောင်းလဲမှုကို သုတေသနပြုရာမှာ Jim Collins အနေနဲ့ သူတို့ ရဲ့ သာမန်ထက်ထူးကဲတဲ့ အောင်မြင်မှုကို လေ့ လာတွေ့ရှိခဲ့တယ်လို့ ဆိုတယ်။ Jim Collins ရှု မြင်သလို၊ ကောင်းတဲ့ကုမ္ပဏီတွေကနေ တော် တဲ့ကုမ္ပဏီတွေအဖြစ် ပြောင်းလဲမှုမှာ ကုမ္ပဏီ တွေအားလုံးရဲ့ အဆင့် (၅) ခေါင်းဆောင်မှုတွေ ကို တွေ့ရှိရတယ်လို့ ဆိုတယ်။ နှိမ့်ချတတ်သူက မှန်နေတာထက် ဘာ တွေက မှန်သလဲဆိုတာ၊ စိတ်ကူးတွေရှိနေတာ ထက် ကောင်းတဲ့စိတ်ကူးတွေအပေါ်မှာ လုပ် ဆောင်နေတာ၊ ယိုယွင်းနေတဲ့နေရာကို ကာ ကွယ်တာထက် အမှန်တရားသစ်ကို ရှာဖွေ တာ၊အတ္တများမှုထက် အသင်းအဖွဲ့တည်ဆောက် လုပ်ဆောင်တာ၊ လုပ်ဆောင်ချက်အတွက် အ သိအမှတ်ပြု ခံတာထက် လုပ်ဆောင်ချက်တွေ ကို အသိအမှတ်ပြုပေးတာတွေနဲ့ပိုမိုပတ်သက် တာဖြစ်တယ်။ နှိမ့်ချတတ်သူက အားပျော့တာ၊ မိမိအ ကျိုးကိုသာကြည့်တတ်တာမျိုး မဟုတ်ဘဲ မူဝါဒ နည်းလမ်းတွေကို အသိအမှတ်ပြုပြီး ကိုယ်ကျိုး စီးပွားရှေ့မှာထားတာ၊ သတ်မှတ်နည်းလမ်းအ တိုင်း ခိုင်ခိုင်မာမာရပ်တည်တာဖြစ်တယ်။ ဆန့် ကျင်ဘက်တွေ မည်သို့ပင်ရှိနေစေ အမှန်ဘက် ကနေတာဖြစ်တယ်။စိတ်ကြီးဝင်မှုနဲ့ မာန်တက်မှုတွေက နှိမ့် ချမှုရဲ့ဆန့်ကျင်ဖက်တွေဖြစ်တယ်။ နောက်တစ် ခှုညအနါမငအပ မှာပါတဲ့ အရာက ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရပေမယ့် မှန်တဲ့အတိုင်း လုပ်ဆောင် ဖို့ သတ္တိရှိတာဖြစ်တယ်။ သင့်ရဲ့တော်တည့်ဖြောင့်မတ်မှန်ကန်မှု ဘယ် လိုတိုးပွားစေမလဲ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့အနေနဲ့ လက်ရှိမှာရှိနေတဲ့ တော်တည့်ဖြောင့်မတ်မှန် ကန်မှုအဆင့်ကို စဉ်းစားဖို့လိုအပ်တယ်။ အောက် ဖော်ပြပါ မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်တဲ့မေး ခွန်းတွေအပေါ်မှာ အခြေခံနိုင်တယ်။ (၁) အခြားသူတွေနဲ့ ဆက်ဆံဆောင်ရွက် မှုတွေအားလုံးမှာ ကျွန်တော်တို့က ရိုးသားဖို့ ကြိုးစားမှုရှိပါသလား။ (၂) ပြောတဲ့အတိုင်း လုပ်ဆောင်ပါသ လား။ (၃) ကျွန်တော်ရဲ့တန်ဖိုးတွေအပေါ်မှာ ရှင်းလင်းမှုရှိပါသလား၊ သူတို့အတွက် ရပ်တည် ရာမှာ သက်သာချောင်ချိမှုရှိတယ်လို့ ခံစားရ ပါသလား။ (၄) အခြေအနေတွေကို ပြန်လည်စဉ်း စားဖို့၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့တန်ဖိုးတွေကို ပြန်လည်ဒီဇိုင်းပုံဖော်စေနိုင်တယ်ဆိုတာတောင်မှ ဖြစ်နိုင်ဖွယ်ရာ သင်ယူမှုအမှန်တရား သစ်တွေ ကို သင်ယူဖို့ပွင့်လင်းမှု ရှိပါသလား။ (၅) မိမိကိုယ်မိမိ ကတိကဝတ်ထားရှိမှု တွေ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ပါသလား။ တော်တည့်ဖြောင့်မတ်မှန်ကန်စေမှု မြင့်မားစေ တဲ့အချက်သုံးချက်က- ၁။ သင်ကိုယ်တိုင် ကတိကဝတ်တွေ ထားရှိလုပ်ဆောင်ပါ။ ၂။ တစ်စုံတစ်ရာအတွက် ရပ်တည်ပါ။ ၃။ ရိုးသားပွင့်လင်းမှုရှိပါဆိုတာတွေ ဖြစ် ပါတယ်။ တစ်စုံတစ်ရာအပေါ်မှာ ယုံကြည်ပေမယ့် အဲဒီယုံကြည်မှုအတိုင်း နေထိုင်မှုမပြုတာက ရိုး သားမှုမရှိတာ ဖြစ်တယ်လို့ မဟတ္တမဂန္ဓီကဆို တယ်။
စိတ်ဆန္ဒပြင်းပြမှု ဥပဒေအရ လူတစ်ဦးက အခြားလူတစ်ဦး ရဲ့ အခွင့်အရေးကို ကျူးကျော်စော်ကားသမှု ပြုလုပ်တဲ့အခါ အဲဒီလူ အပြစ်ရှိစေတယ်၊ ကိုယ် ကျင့်တရားအရကတော့ အခုလို လုပ်ဆောင်မှု ကို စိတ်နဲ့ပြစ်မှားရုံမျှနဲ့ အပြစ်ဖြစ်စေတယ် (အမ်မင်နျူရယ်ကန့်) စိတ်က လူတစ်ဦးခင်းမှာ ကောင်းတာ လုပ်ချင်တာလည်း စိတ်ဖြစ်သလို၊ မကောင်း တာလုပ်ချင်တာလည်း ဒီစိတ်ပဲဖြစ်တယ်။ အခု ရေးသားမယ့် စိတ်ဆန္ဒပြင်းပြမှုက ယုံကြည်မှု ခိုင်မာစေမှုကို အထောက်အကူပြုနိုင်စေမယ့် စိတ်ဆန္ဒပြင်းပြမှုဖြစ်တယ်။ စိတ်ဆန္ဒပြင်းပြမှုကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ အလုပ်တစ်ခုအောင်မြင် ပြီးမြောက်စေဖို့စီမံချက်ချဆောင်ရွက်တာ ဒါ မှမဟုတ် ရည်ရွယ်ချက် ရည်မှန်းချက်ထားရှိ ဆောင်ရွက်တာဖြစ်တယ်။ စိတ်ဆန္ဒပြင်းပြမှုကို ပြီးပြည့်စုံစေဖို့ အချက် သုံးချက်ပါရှိစေရမှာဖြစ် တယ်။ (က) စိတ်ဆန္ဒ (ခ) အစီအစဉ်ဆွဲမှုနဲ့ (ဂ) အမူအကျင့် တွေဖြစ်တယ်။ အကြီး မားဆုံး ယုံကြည်မှုဖြစ်စေတဲ့ စိတ်ဆန္ဒက စိတ် ပါလက်ပါ ဂရုစိုက်မှုဖြစ်တယ်။ လူတွေကို ဂရု စိုက်တာ၊ ရည်ရွယ်ချက် ရည်မှန်းချက်တွေကို ဂရုစိုက်တာ၊ သင်လုပ်ဆောင်ရတဲ့ လုပ်ငန်းအ ရည်အသွေးကို ဂရုစိုက်တာ၊ အသင်းအဖွဲ့တစ် ခုလုံးကို ဂရုစိုက်တာဖြစ်တယ်။ လူတွေနဲ့ အဖွဲ့အစည်းတွေမှာ ယုံကြည်မှု ဖြစ်ထွန်းစေတာက လူတွေရဲ့ ဂရုစိုက်မှုတွေက နေ ယုံကြည်မှုဖြစ်ထွန်းလာစေတာဖြစ်တယ်။ ဂရုစိုက်မှုတွေကနေ ပိုမိုကောင်းမွန်တဲ့ လုပ် ဆောင်မှုတွေ ဖြစ်ထွန်းပေါ်ပေါက်လာစေတတ် တယ်။ လူတွေအနေနဲ့ တစ်စုံတစ်ယောက်က နေ သိတာနဲ့ ဂရုစိုက်တယ်ဆိုတာကို သိလိုကြ တာဖြစ်တယ် (ဒင်းနစ်ဝီလက်စ်ထရိမ်း) ဂရုစိုက်တယ်ဆိုရာမှာ စည်းကမ်းသတ် မှတ်ချက်တွေမရှိဘဲ မေတ္တာဓာတ်နဲ့ ဂရုစိုက် မှုဖြစ်တယ်။ တစ်စုံတစ်ခုအတိုင်းအတာထက် ပိုမိုသာလွန်တဲ့ ဂရုစိုက်မှုကနေ အများရဲ့ယုံကြည် မှုနဲ့ အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်စေ တာဖြစ်တယ်။


သူ့လူတွေကို ဂရုစိုက်မှုမရှိတဲ့ နည်းပြ၊ ဒါမှမဟုတ် စီအီးအိုထက် ပိုမိုဆိုးရွားမှုက ဂရု စိုက်ဟန်ဆောင်သူတွေဖြစ်တယ်။ လူတွေက အယောင်ဆောင်မှုတစ်ခုကို အချိန်တိုင်းထောက် ပြတတ်ကြတာဖြစ်တယ်။ သူ့ရဲ့ဂရုစိုက်မှုမရှိတာ ကို သူတို့သိရှိရာကနေ သူ့ရဲ့လုပ်ဆောင်ချက် က သူတို့ရဲ့ ဥာဏ်ရည်စွမ်းအားကို စော်ကားသ လို ဖြစ်စေတယ်။ (ဂျင်မီဂျွန်ဆင်) ဒုတိယအချက်က အလုပ်လုပ်ရာမှာ အ စီအစဉ် စနစ်တကျ ရေးဆွဲလုပ်ဆောင်တတ်မှု ဖြစ်တယ်။ အလုပ်လုပ်ရာမှာ စိတ်ဆန္ဒပြင်းပြ စွာ လုပ်ဆောင်တတ်မှုကနေ အစီအစဉ်စနစ် တကျ ရေးဆွဲလုပ်ဆောင်တတ်မှု ပေါ်ပေါက် လာစေတာဖြစ်တယ်။ လုပ်ငန်းစနစ်တကျ လုပ် ဆောင်မှုကနေ အကြီးမားဆုံး ယုံကြည်မှုတည် ဆောက်နိုင်စေပြီး အကြီးမားဆုံးယုံကြည်မှုတည် ဆောက်နိုင်တာကနေ အပြန်အလှန် ကျေးဇူး ဖြစ်ထွန်းစေတာဖြစ်တယ်။ လုပ်ငန်းတွေမှာ နှစ် ဦးနှစ်ဖက် အကျိုးရှိစေတဲ့ စနစ်တကျအစီအစဉ် ရေးဆွဲလုပ်ဆောင်မှုတွေရဲ့ဆန့်ကျင်ဘက်က အကျိုးဖြစ်ထွန်းစေမယ့် အစီအစဉ်ရေးဆွဲလုပ် ဆောင်မှုဖြစ်တယ်။ မိမိသာလျှင် အောင်မြင်မှု ရရှိလိုတဲ့ အတ္တစိတ်ဖြစ်တယ်။ စနစ်တကျအစီ အစဉ်ရေးဆွဲဆောင်ရွက်မှုတွေက အများအကျိုး ကို ဦးတည်စေရမှာဖြစ်တယ်။ တတိယအချက်က အမူအကျင့်ဖြစ်တယ်၊ အမူအကျင့်ကလည်း စိတ်ဆန္ဒပြင်းပြမှုနဲ့ လုပ် ငန်းတွေမှာ စနစ်တကျ အစီအစဉ်ရေးဆွဲလုပ် ဆောင်မှုတွေက ပေါ်ထွန်းလာတဲ့ရလဒ်ဖြစ်တယ်။ အများရဲ့ယုံကြည်မှုအကောင်းဆုံး ရရှိနိုင်စေမှု နဲ့ လုပ်ငန်းတွေမှာ အပြန်လှန်ယုံကြည်မှုဖြစ် စေခြင်းက အများအကျိုးကို အကောင်းဆုံး ဆောင်ရွက်နိုင်စေတဲ့ အမူအကျင့်ကို ဖြစ်ထွန်း ပေါ်ပေါက်စေတာဖြစ်တယ်။ သုတေသနပြုချက် တွေအရ- - စီမံခန့်ခွဲမှုအပိုင်းက သူတို့ရဲ့ ကျွမ်းကျင် မှုတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဂရုတစိုက်ရှိမှု က ဝန်ထမ်းတွေရဲ့ ၂၉ ရာခိုင်နှုန်းကသာ ယုံ ကြည်ကြတာဖြစ်တယ်။ - စီမံခန့်ခွဲမှုအပိုင်းကနေ သူတို့ကို လုံး လုံးလျားလျား ဂရုစိုက်တယ်လို့ လုံးဝဥဿုံယုံ ကြည်သူက ၄၂ ရာခိုင်နှုန်းသာရှိတယ်လို့ ဆို တယ်။
အဲဒီကနေ လုပ်ငန်းအဖွဲ့အစည်းတွေမှာ ယုံကြည်မှုအရ အလုပ်လုပ်တာကြောင့် လုပ် ငန်းတွေ အရှိန်အဟုန်ကောင်းမွန်လာစေပြီး ကုန် ကျစရိတ်တွေ လျော့နည်းကျဆင်းလာစေမှုကို ဖြစ်ပေါ်စေတာက ဘာတွေလဲ။ အဖြေကတော့ အပြန်အလှန် အကျိုးရှိနိုင်စေဖို့အတွက် ဂရုစိုက် တဲ့စိတ်တွေနဲ့ လုပ်ငန်းတွေကို စနစ်တကျအစီ အစဉ်ရေးဆွဲလုပ်ဆောင်မှုက လုပ်ငန်းအဖွဲ့အ စည်းအတွင်း စီးဆင်းစေတဲ့ အမူအကျင့်ပဲဖြစ်ပါ တယ်။ ကျွန်တော်ထင်တယ်၊ ကောင်းတဲ့ကုမ္ပဏီ တိုင်းက သူတို့ရဲ့ဝန်ထမ်းတွေနဲ့ အမှန်တကယ် ဆက်နွယ်မှု ကောင်းမွန်တဲ့ အားတွေရရှိကြတာ ဖြစ်တယ်၊ ကောင်းတာတွေလုပ်ဆောင်ရင် ကုမ္ပဏီ မှာ ကောင်းမွန်တဲ့အကျိုးဆက်တွေ ရရှိလာစေ တာဖြစ်တယ် (ဆမ်ဝါလ်တန်-Wal-Mart တည်ထောင်သူ) အမှန်အားဖြင့် စိတ်ဆန္ဒပြင်းပြမှုက နှလုံး သားနဲ့ စပ်ဆိုင်တာဖြစ်တယ်။ လုပ်ငန်းအဖွဲ့အ စည်းတွေမှာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အတိုင်း လုပ်ဆောင်မှုမရှိရင် ကျွန်တော်တို့ကြ သူတို့ကို မယုံကြည်နိုင်ကြတာ ဖြစ်တယ်။ လုပ် ငန်းတွေမှာ ယုံကြည်မှုစံနှုန်းတွေအတိုင်း ဆောင်ရွက်တတ်သူတွေကို လုပ်ငန်းတွေလွှဲအပ် ဆောင်ရွက်စေတာဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းအဖွဲ့အစည်းတွေမှာ စိတ်ဆန္ဒပြင်းပြစွာနဲ့ အများရဲ့ယုံကြည်မှုတည် ဆောက်နိုင်စေဖို့ အရေးကြီးတာဖြစ်တယ်။ (၃) စွမ်းဆောင်နိုင်စေမှုများ စွမ်းဆောင်နိုင်မှုရှိသူတွေက ကျွန်တော် တို့ကို စိတ်ဓာတ်ကြွစေတယ် (SAMAVEDA-Sacred Hindu Text) စွမ်းဆောင်နိုင်မှုတွေမှာ ပင်ကိုယ်စွမ်းရည် တွေ (Talents) ၊ ကျွမ်းကျင်မှုတွေ (Skills)၊ အသိပညာ (Knowledge)၊ စွမ်းရည်များ (Capacities) နဲ့ အရည်အချင်း (Abilities) ပါဝင် ပြီး ကျွန်တော်တို့မှာရှိတဲ့ အဲဒီစွမ်းဆောင်နိုင်မှု တွေကနေ ကျွန်တော်တို့ကို အကောင်းဆုံးလုပ် ဆောင်နိုင်စေတာဖြစ်တယ်။ သစ်ပင်ဥပမာ စကားနဲ့ဆိုရရင် စွမ်းဆောင်နိုင်စေမှုက အသီး တွေ၊ ဒါမှမဟုတ် ရလဒ်တွေထုတ်ပေးတဲ့အကိုင်း အခက်တွေဖြစ်တယ်။

စွမ်းဆောင်နိုင်စေမှုတွေ က ပုဂ္ဂိုလ်ရေးရာနဲ့ အဖွဲ့အစည်းဆိုင်ရာနှစ်မျိုး စလုံးအတွက် ယုံကြည်မှုကို ဖန်တီးပေးနိုင်တဲ့ အရေးပါတဲ့ အချက်ဖြစ်တယ်။ အထူးသဖြင့် လူတွေက လတ်တလော လုပ်ရမယ့်လုပ်ငန်း တွေအတွက် အကောင်အထည်ဖော်လုပ်ဆောင် ဖို့လိုအပ်တဲ့အခါ ကျွန်တော်တို့ရဲ့ စွမ်းဆောင်နိုင် စေမှုတွေက အခြားသူတွေရဲ့ ယုံကြည်မှုကို ပို မိုမြင့်မားစေတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ စွမ်း ဆောင်နိုင်မှုတွေက ကျွန်တော်တို့လုပ်ဆောင် ဖို့လိုအပ်တဲ့ အရာတွေမှာ လုပ်ဆောင်နိုင်တယ် ဆိုတဲ့ မိမိကိုယ်မိမိ ယုံကြည်မှုကိုလည်း မြင့်မား စေတာ ဖြစ်တယ်။ စွမ်းဆောင်နိုင်မှုရှိသူတွေက ယုံကြည်မှုရဲ့ အဓိကအချက်သုံးချက်ရှိပြီး စွမ်းဆောင်နိုင်မှုမရှိ ရင် ယုံကြည်မှုရဲ့ အကျိုးအမြတ်တွေကို ခံစားရ မှာ မဟုတ်ဘူးလို့ဆိုတယ်။ ဒါက Peter Principle လို့ခေါ်တဲ့ စွမ်းဆောင်ရည်မရှိသူလို့ ရာထူး မြင့်မြင့် နေရာကို တိုးမြှင့်ပေးလိုက်သလိုမျိုး ဖြစ်သွားစေတာဖြစ်တယ်။ လုပ်ငန်းအဖွဲ့အစည်း တွေအပါအဝင် ဘယ်လိုအဖွဲ့အစည်းတွေမှာဖြစ် စေ အရည်အချင်းမရှိသူကို ခေါင်းဆောင်တင် လိုက်တဲ့အခါ ခေါင်းဆောင်ရဲ့စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် လုပ်ဆောင်ချက်တွေ မကောင်း လွဲချော်တဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဦးရည်မှန်း ချက်ကို အောင်မြင်စွာ ရုပ်လုံးဖော်ဆောင်နိုင် မှုမရှိတာကြောင့် လုပ်ငန်းအဖွဲ့အစည်းတွေမှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်တယ်။ နိုင်ငံတွေမှာလည်း အလားတူပဲ၊ စွမ်း ဆောင်ရည်မရှိသူကို ခေါင်းဆောင်အတင်မှား တာကြောင့် နိုင်ငံတိုးတက်မှုမရှိစေတဲ့အတွက် ကမ္ဘာ့အလယ် မျက်နှာငယ်ရတော့တာဖြစ်တယ်။ စွမ်းဆောင်ရည်မရှိဆိုတာက ကိုယ်ကျိုးရှာစွမ်း ဆောင်မှုကောင်းတာကို မဆိုလိုဘဲ အများအ ကျိုးအတွက် ကိုယ်ကျိုးငဲ့ပြီး ဆောင်ရွက်နိုင်တဲ့ စွမ်းဆောင်ရည်ဖြစ်တယ်။ စွမ်းဆောင်နိုင်စေမှု တွေရဲ့ ဒိုင်မင်းရှင်းကို TASKS လို့ခေါ်တဲ့ အတို ကောက်စကားလုံးတွေနဲ့ မှတ်မိလွယ်အောင် ဖော်ပြနိုင်တယ်။ T=Talents ပင်ကိုယ်စွမ်းရည်များ A=Attitudes သဘောထားများ S=Skills ကျွမ်းကျင်မှုများ K=Knowledge အသိပညာများ S=Styles စတိုင်များ (က) ပင်ကိုယ်စွမ်းရည်များ ပင်ကိုယ်စွမ်းရည်တွေက ကျွန်တော်တို့ရဲ့ သဘာဝလက်ဆောင်တွေနဲ့ အားသာချက်တွေ ဖြစ်တယ်။ မှန်ကန်တဲ့ ပျော်ရွှင်မှုမှာ တစ်ဦးတစ် ယောက်ရဲ့ စွမ်းအားနဲ့ ပင်ကိုယ်စွမ်းရည်ကို အ ပြည့်အဝ အသုံးချမှုတွေ ပါဝင်တယ် (ဂျွန်ဂါ့ဒ်နာ)
ပင်ကိုယ်စွမ်းရည်တွေက ကျွန်တော်တို့ ဆီကို သဘာဝအလျောက် ရလာတဲ့အရာတွေ ဖြစ်တယ်။ လူတစ်ဦးချင်းစီမှာ မတူညီတဲ့ ပင် ကိုယ်စွမ်းရည်တွေ ပိုင်ဆိုင်ကြတာဖြစ်တယ်။ တစ်ဦးမှာ ရှိနေတဲ့ ပင်ကိုယ်စွမ်းရည်ကလည်း နောက်တစ်ယောက်မှာ ရှိချင်မှရှိတာဖြစ်တယ်။ လူတစ်ဦးချင်းမှာ ရှိရမယ့် စွမ်းဆောင်နိုင်မှုတွေ မှာ TASKS ကို ပိုင်ဆိုင်ထားသူက စွမ်းဆောင် ည်အကောင်းဆုံးအဖြစ် လူ့ဘဝမှာ ရှေ့တန်း နေရာ ရရှိနိုင်ကြမှာ ဖြစ်တယ်။ (ခ) သဘောထားများ သဘောထားတွေလို့ဆိုရာမှာ အလုပ်နဲ့ ပတ်သက်တဲ့ သဘောထား၊ ဘဝနဲ့ပတ်သက် တဲ့ သဘောထား၊ သင်ယူမှုတွေနဲ့ပတ်သက်တဲ့ သဘောထား၊ ဖြန့်ဝေလုပ်ဆောင်ပေးရမယ့် မိမိ ကိုယ်တိုင်၊ မိမိရဲ့စွမ်းဆောင်နိုင်စေမှုတွေနဲ့ မိမိ အခွင့်အလမ်းတွေနဲ့ ပတ်သက်တဲ့ သဘောထား တွေကနေ မိမိရပ်တည်လုပ်ဆောင်နိုင်မှုတွေအ ရ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေဖန်တီးဖြစ်ပေါ် စေတာဖြစ်တယ်။ မှန်ကန်တဲ့ သဘောထားရပ်တည်မှုတွေ ကနေ မှန်ကန်ကောင်းမွန်တဲ့ ရလဒ်တွေပေါ် ထွန်းလာစေတာဖြစ်တယ်။ သဘောထားမမှန် ရင်တော့ မမှန်ကန်တဲ့ရလဒ်တွေ ဖြစ်ထွန်းပေါ် ပေါက်လာစေမှာ ဖြစ်တယ်။ (ဂ) ကျွမ်းကျင်မှုများ မိမိမှာ လက်တလောအနေနဲ့ ဘာကျွမ်း ကျင်မှုတွေရှိနေပါသဲ၊ လက်ရှိ မိမိမှာ မရှိသေး တဲ့ ဘာကျွမ်းကျင်မှုမျိုးက မိမိအနာဂတ်မှာ လိုအပ်မှာလဲ၊ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုတွေ ဆက်တိုက်တိုးတက်မြင့်မားလာစေဖို့ ဘယ် လောက်အတိုင်းအတာအထိ ပါဝင်ဆောင်ရွက် နိုင်မှာလဲဆိုတဲ့ မေးခွန်းတွေက လူတစ်ဦးချင်း မှာ လိုအပ်နေတဲ့ ကျွမ်းကျင်မှုတွေကို အချိန်နဲ့ အမျှ ဖြည့်ဆည်းနေဖို့ လိုအပ်တယ်ဆိုတာကို ဖော်ညွှန်းနေတာဖြစ်တယ်။ အလုပ်လုပ်ရာမှာ ဂျပန်လို Kaizan လို့ ခေါ်တဲ့ ဆက်တိုက်တိုးတက်အောင် စဉ်ဆက် မပြတ် လုပ်ဆောင်မှုတွေကနေ ကျွမ်းကျင်မှု တွေ မြင့်မားလာစေရမှာဖြစ်တယ်။ အလုပ်တစ် ခုကို ထပ်ကာတလဲလဲ စဉ်ဆက်မပြတ် လုပ်ေ ဆောင်မှုတွေကနေ ကျွမ်းကျင်မှုတွေ ရရှိလာ နိုင်စေတာဖြစ်တယ်။ (ဃ) အသိပညာ မိမိရဲ့ သီးသန့်နယ်ပယ်တစ်ခုမှာ လက်ရှိ ကျွမ်းကျင်မှုအဆင့်က ဘာလဲ၊ လက်ရှိအခြေအ နေအမှာ ဆက်လက်ရပ်တည်နိုင်ဖို့ မိမိဘာ တွေလုပ်နေတာလဲ၊ မိမိဆက်လက်လိုက်စားလို တဲ့ အခြားအသိပညာနယ်ပယ်တွေက ဘာတွေ လဲဆိုတာတွေက အသိပညာတွေကို အစဉ်အ မြဲရှိနေသိနေအောင် လုပ်ဆောင်ကြရမယ်ဆိုတာ ဖြစ်တယ်။ ကျွန်တော် အခုအထိ သင်ယူနေဆဲပါ။ ဒါက ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အ ရေးကြီးတဲ့ အမှတ်အသားတစ်ခုပါ။ သင်မသိ သေးတာအားလုံးကို သိနိုင်ဖို့က ဘယ်တော့မှ ဆုံးခန်းတိုင်မှာ မဟုတ်ပါ (အင်နီမာလ်ကာတီ) ဒီစကားညွှန်းက XEROX ရဲ့ ဥက္ကဋ္ဌနဲ့ စီ အီးအိုထုတ် ဖော်ညွှန်းဆိုတဲ့ စကာညွှန်းပါ။ အ သိပညာမှာ ရင်းနှီးမြှုပ်နှံတာက ဘယ်သောအ ခါမှာမှ ခရီးဆုံးဆိုတာမရှိသလို၊ ဒီကနေ့လို ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေးခေတ်မှာ အသိပညာတွေ တိုးမြှင့်လုပ်ဆောင်ဖို့က အရေးကြီးလာတယ်။ (င) စတိုင်များ စတိုင်ဆိုတာကတော့ အခြားသူတွေနဲ့ ဆက်ဆံရာမှာ အဆင်ပြေချော့မွေ့စေမှု၊ ဒါမှမ ဟုတ် ပြဿနာဖြစ်စေတဲ့ချဉ်းကပ်မှုပုံစံဖြစ်တယ်။ ခေါင်းဆောင်တွေက များစွာသောစတိုင် ပုံစံတွေနဲ့ မတူကွဲပြားခြားနားတဲ့ အရည်အ သွေးပုံစံတွေနဲ့ လာကြတာဖြစ်တယ်။ တည်ငြိမ် တဲ့ခေါင်းဆောင်တွေရှိသလို၊ လှုပ်လှုပ်ရှားရှား ဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်တွေလည်း ရှိတယ်။ အချို့ခေါင်းဆောင်တွေကို စကားပြော ပုံကိုကြည့်ပြီး အားသာချက်ကို တွေ့နိုင်တယ်။ အချို့ကတော့ ဆုံးဖြတ်မှုပုံစံမှာကြည့်ပြီး သူ့အ ရည်အချင်းကို မှန်းဆနိုင်တယ်၊ အချို့ကတော့ သတ္တိရှိမှုနဲ့ ခေါင်းဆောင်မှုပုံစံကို ဖော်ထုတ် ကြတယ် (ဂျွန်ဂါ့ဒ်နာ)


Good to Great စာအုပ်ကို ရေးသားသူ Jim Collins က အောင်မြင်တဲ့ ကုမ္ပဏီတွေရဲ့ အရေးပါမှုကို ပြောဆိုရာမှာ ဘတ်စ်ကားပေါ် မှာ မူမမှန်တွေရှိမယ်ဆိုတာနဲ့ ဘတ်စ်ကားပေါ် မှာရှိတဲ့ ထိုင်ခုံတွေမှာ သူ့နေရာနဲ့သူ မှန်ကန် သော လူတွေရှိစေရမယ်လို့ဆိုတယ်။ သဘော ကတော့ ကုမ္ပဏီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်း တွေမှာ သူ့လုပ်ငန်းနေရာနဲ့သူ မှန်ကန်စွာသွတ် သွင်းထားရှိလုပ်ဆောင်စေရမှာဖြစ်တယ်ဆိုတာ ဖြစ်တယ်။ ရာထူးကမြင့်နေပြီး လုပ်ဆောင်နိုင် မှုစွမ်းအားနိမ့်နေရင် Peter Principle လို ဖြစ် သွားစေမှာဖြစ်တယ်။ စွမ်းဆောင်နိုင်မှုမရှိသူက ထိပ်ဆုံးနေရာရောက်နေရင် စီးပွားရေးအဖွဲ့အ စည်းတွေမှာ တိုးတက်စေမှုမရှိသလို နိုင်ငံတွေ မှာလည်း စွမ်းဆောင်နိုင်ရာမရှိသူက ခေါင်း ဆောင်နေရာ ရယူထားရင် နိုင်ငံတွေကနောက် ဆုံးနေရာရောက်သွားစေမှာ ဖြစ်တယ်ဆိုတာ မျိုး ဖြစ်တယ်။ ဒါကြောင့် စွမ်းဆောင်နိုင်စေမှု တွေနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေကို အောင်မြင် အောင်ဦးဆောင်ရာမှ- (၁) ရည်မှန်းချက်ထားရှိတဲ့အတိုင်း အောင် မြင်နိုင်စေဖို့ သင့်ရဲ့ခွန်အားတွေနဲ့ ဆောင်ရွက် ပါ။ (၂) သင်ကိုယ်တိုင် စပ်ဆိုင်ဆီ လျှော် အားထားနိုင်စေမှု ထားရှိပါ။ (၃) သင်ဘယ်နေရာကိုသွားနေတာလဲ ဆိုတာ သိပါ။ သင်ဦးဆောင်နေတဲ့ လူတွေက သင်ဘယ် နေရာကို သွားနေတာလဲဆိုတာ သိလိုကြတာ ဖြစ်တယ်။ (ခရစ္စတိုဖာဂယ်လ်မင်- မိုတိုရိုလာဥက္ကဋ္ဌ) (၄) ရလဒ်များ ရရှိနိုင်စေမှု လူတွေရဲ့ လုပ်ဆောင်ချက်တွေသာမရှိ ရင် သင့်အနေနဲ့ မြင့်မားတဲ့ ယုံကြည်မှုရှိစေတဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်စေမှာ မဟုတ် ပါ (ကရစ်ဝိသာရပ်- ပက်ပ်(စီ) ယခင်စီအီးအို) ဘယ်လိုလုပ်ငန်းအဖွဲ့အစည်းတွေမှာမဆို မိ မိတာဝန်ယူလုပ်ဆောင်ရတဲ့ လုပ်ငန်းတွေမှာ သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးနိုင်မှုကလည်း ယုံကြည်မှုတည် ဆောက်ရာမှာ ခိုင်မာစေမှုရှိစေတာဖြစ်တယ်။ အလုပ်တော့လုပ်နေတယ်။ သို့ပေမယ့် ရလဒ် ကောင်းအောင် လုပ်ဆောင်နိုင်မှုမရှိရင် စွမ်း ဆောင်ရည်အားနည်းတာ၊ စိတ်ဆန္ဒပြင်းပြမှုမရှိ တာတွေနဲ့ တော်တည့်မှန်ကန်စေမှုမရှိတာတွေ ကြောင့် ဖြစ်တယ်။ လုပ်ငန်းတွေမှာ ရလဒ် ကောင်းစေမှုနဲ့ ယုံကြည်မှုအကြား ဆက်စပ်မှု တွေက အဓိကအခရာကျစေတာဖြစ်တယ်။ လုပ်ငန်းနေရာတိုင်းမှာ ရလဒ်တွေ တိုးတက် ကောင်းမွန်လာစေဖို့ (က) ရလဒ်တွေအတွက် တာဝန်ယူလုပ်ဆောင် ရမယ် အောင်မြင်မှုရရှိနိုင်စေဖို့က လုပ်ဆောင် ချက်တွေ မဟုတ်ဘူး။ ရလဒ်တွေရရှိဖို့ တာဝန် ယူလုပ်ဆောင်တတ်မှုဖြစ်တယ်။ စာမေးပွဲဖြေ ဖို့ စာကျက်နေတာက လုပ်ဆောင်ချက်ဖြစ် တယ်။ စာမေးပွဲအောင်မြင်တာက ရလဒ်ဖြစ် တယ်။ လုပ်ငန်းအဖွဲ့အစည်းတွေမှာ လူအတော် များများက အလုပ်လုပ်နေကြတယ်၊ သို့ပေမယ့် တာဝန်ယူလုပ်ဆောင်တတ်မှုမရှိတဲ့အတွက် ရလဒ် ကောင်းတွေ မရရှိနိုင်ကြပါ။ ဈေးကွက်ဖော်ဆောင်မှု အရောင်းမှာ ဖောက်သည်နဲ့တွေ့တာက လုပ်ဆောင်ချက်ဖြစ် တယ်။ အရောင်းပြီးမြောက်စေတာက ရလဒ် ဖြစ်တယ်။ လုပ်ငန်းနေရာတိုင်းမှာ လုပ်ဆောင် ချက်တွေနဲ့ ရလဒ်တွေကို ခွဲခြားတတ်ဖို့လိုအပ် တယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင် နေပါတယ်လို့ ပြောနေတာက ဘာမှအသုံးမ ဝင်ဘူး၊ လိုအပ်တာတွေရရှိအောင် လုပ်ရာမှာ ကျွန်တော်တို့ အောင်မြင်မှုရရှိခဲ့ပါတယ်ဆိုတာ ကမှ ရလဒ်ကောင်းစေတာဖြစ်တယ် (ဝင်စတန်ချာချီ) (ခ) အောင်မြင်ရမယ်လို့ မျှော်မှန်းချက်ထား ရမယ် ဂရိဒဏ္ဍာရီမှာ ဆိုင်ပရပ်ဘုရင် Pygmaliam က ဆင်စွယ်ကနေ တကယ့်အမျိုးသမီးရုပ်တု တစ်ခုကို ထုဆစ်လိုက်တယ်။ ဘုရင်ကြီးက အဲ ဒီရုပ်ထုကို Galateaလို့ အမည်ပေးလိုက်တယ်။ွေူအေနေ ရုပ်ထုက အင်မတန်ချောမောလှပတဲ့ အတွက် ဘုရင်ကြီးက အင်မတန်ချစ်မြတ်နိုး တယ်။ ရုပ်တုကနေ တကယ့်အစစ်လူအသွင် ဖြစ်စေလိုတဲ့ နက်ရှိုင်းတဲ့ဆန္ဒကို တံခိုးရှင်နတ် ရဲ့ကူညီမှုနဲ့ တကယ့်လူအစစ် အမျိုးသမီးအသွင် ဖြစ်လာပြီး သူတို့အတူတကွ ပျော်ရွှင်စွာပေါင်း သင်းနေထိုင်သွားကြရတယ်လို့ ဆိုတယ်။ ဒါက မျှော်မှန်းချက်ထားရှိမှု စွမ်းအားရဲ့ ရှေးဟောင်းဒဏ္ဍာရီဥပစာစကားဖြစ်လာခဲ့တယ်။ စာရေးသူတို့ မြန်မာစကားမှာလည်း တကယ် ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် ဆို တာရှိတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတာတွေက နေ ကျွန်တော်တို့ကိုယ်တိုင်ထံက ဖြစ်စေ၊အ ခြားသူတွေထံကဖြစ်စေ ရရှိကြတာဖြစ်တယ်။ များများမျှော်မှန်းထားရင် များများရပြီး နည်း နည်းမျှော်မှန်းချက်ထားရင် နည်းနည်းသာရစေ တာဖြစ်တယ်။ ဒါပေမဲ့ စာရေးသူတို့ မြန်မာ စကားမှာ အလိုကြီးအရနည်းဆိုတာလည်းရှိ တယ်။ ဒါကတော့ လောဘနဲ့စပ်ဆိုင်တယ်။ အခု မျှော်မှန်းချက်ကတော့ ကျွန်တော် တို့ရဲ့ ကိုယ်ပိုင်ဘဝတွေမှာ အလုပ်တွေလုပ်တဲ့အခါ အောင်မြင်ရမယ်လို့ မျှော်မှန်းချက်ထားရှိ လုပ် ဆောင်တဲ့အတွက် အောင်မြင်မှုရရှိစေတာမျိုး ဖြစ်တယ်။ အလုပ်လုပ်ရာမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရရှိတဲ့အတွက် မိမိကိုယ်မိမိ ယုံကြည် မှုပိုမိုမြင့်မားလာစေတာဖြစ်ပြီး အဲဒီကနေ ပိုမို အပြုသဘောဆောင်တဲ့ ကိုယ်တိုင်မျှော်မှန်း ချက်တွေကနေ ပိုမိုအောင်မြင်မှုရရှိစေတာ ဖြစ် တယ်။ (ဂ) ခိုင်ခိုင်မာမာ ပြီးမြောက်စေရမယ် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေမှာ ပြိုင်ဆိုင်မှုတွေနဲ့ အစကနဦးမှာ များပြားနေပေ မယ့် အဆုံးမှာ ရေရှည်ခိုင်ခိုင်မာမာ တည်တည် တံ့တံ့နဲ့ အောင်မြင်မှုရရှိကြတာတွေက နည်း နည်းသာရှိတယ်။ လူတွေရဲ့ နေ့စဉ်ဘဝမှာ အစ ကောင်းပေမယ့် အနှောင်းမကောင်းသူတွေများ တယ်။ ရလဒ်တွေဆိုတာက လုပ်ငန်းတစ်ခုအ ဆုံးမှာမှ အဖြေပေါ်တာဖြစ်တယ်။ လူတွေမှာ အလုပ်တစ်ခုကို အဆုံးတိုင်ပြီးမြောက်အောင် လုပ်ဖို့ စိတ်ဓာတ်မြင့်မားမှုတွေ မရှိတတ်ကြ ဘူးလို့ဆိုတယ်။ စိတ်ဓာတ်ပျော့ညံ့သူတွေရဲ့ လုပ် ဆောင်ချက်ဖြစ်တယ်။ ဒါကြောင့် အလုပ်တွေ ကို ခိုင်ခိုင်မာမာပြီးမြောက်အောင် လုပ်ဆောင် စေနိုင်မှုကနေ ယုံကြည်မှုမြင့်မားအောင် တည် ဆောက်ယူနိုင်ကြရမှာဖြစ်တယ်။ အခုဖော်ပြ တဲ့ အကြောင်းအရာတွေက ယုံကြည်မှုကို ခိုင် ခိုင်မာမာ တည်ဆောက်နိုင်စေမှုရဲ့ ပထမလှိုင်း မှာ မိမိကိုယ်မိမိ ယုံကြည်စေမှု၊ ခိုင်မာစေမှု အဓိကအချက်တွေ ဖြစ်တယ်။

ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...