Wednesday, March 30, 2011

ကြွေလွင့်သွားသော စံပယ်ဖြူတစ်ပွင့်...

ဘာအံ တက္ကသိုလ်ရဲ့  တက္ကသိုလ်ဖွင့်စ ရက်လေးတစ်ရက်မှာ ကိုယ်သွားရမဲ့ လက်တွေ့ ခန်းက ဘယ်နေရာမှန်းကို မသိတဲ့ အူတူတူ အတတ ရုပ်လေးထွက်နေတဲ့ ကောင်မလေးတစ်ယောက်က ဘေးဘီကို ငေးမောရှာဖွေနေမိသည်..။ တစ်ယောက်ယောက်ကို လှမ်းမေးရအောင်လဲ အားလုံးက သူ့ အဖွဲ့ လေးနဲ့ သူ စကားဖောင်ဖွဲ့ နေကြတဲ့ ရွယ်တူတွေကြား တစ်ယောက်ထဲ မဝံ့ မရဲ အားငယ်စွာနှင့် မေးဖို့ ရန် မရဲဝံ့လှတာကြောင့် လျှောက်နေတဲ့ ခြေလှမ်းအတိုင်းသာ လျှောက်နေမိ၏...ဘေးဘီဝဲယာ ငေးကြည့်နေရင်းပဲ ကံ့ကော်ပင်အောက်က ထိုင်ခုံမှာ တစ်ယောက်ထဲ ထိုင်နေသူတယ်ယောက်ကို တွေ့ မိတာကြောင့် ဝမ်းသာအားရနှင့် ထိုသူကိုပဲ မေးမြန်းရန် ဆုံးဖြတ်လိုက်ပြီး ပါဝါတစ်ထောင်ကျော်လုလုနီးပါးဖြစ်နေတဲ့ ကိုယ့်ရဲ့  ပုလင်းဖင်လောက် ထူထဲနေသော မျက်မှန်ကို ပင့်တင်ရင်း သူမရှိရာသို့  ခြေလှမ်းကို ပြင်ဆင်လိုက်၏..။
 
           ထိုသို့  သွားနေရင်းမှ သူမကို အကဲခတ်ကြည့်ရင်း “အင်း...တော်တော်လှတာပဲ” ဟု ရင်ထဲတွင် တီးတိုးမှတ်ချက်ချလိုက်မိသည်..။ မိန်းကလေးချင်းပင် ငေးယူရလောက်အောင် လှပနေသော ဖြူဝင်းကြည်စင်နေသည့် အသားအရေနှင့် အမည်ဖော်ပြလို့ မရသည့် ညှို့ အားတစ်မျိုးကို ပိုင်ဆိုင်ထားသည့် သူမသည် ကျောင်းဝင်းတစ်ခုလုံးတွင် သူမတစ်ယောက်ထဲ ရှိသည့်အလား အေးအေးလူလူပင် ရှိနေသည်..။ ဝတ်စားထားသည်မှာလဲ ခေတ်ကိုမလွန်စေပဲ ခေတ်နှင့်အမှီ ရိုးရိုးစင်းစင်းနှင့် လှပသော ဝတ်စုံလေးနှင့်..။ သူမ၏ ကျောပြင်ကို ဖုံးအုပ်နေသော နက်မှောင်နေသည့် ဆံသားများမှာလဲ ပိုးသားလို တောက်ပြောင်နေပါသည်..။ ကိုယ့်ကိုကိုယ်ပြန်ငုံ့ြ ကည့်လိုက်တော့ သူမရဲ့  ရှည်လားလှတဲ့ ဆံပင်ကို ဒီအတိုင်းတစ်ပတ်လျှိုထုံးလျှက် အပေါ်အောက်အရောင်မတူ အဆင်မတူသော အပေါ်ပွင့် အောက်ပွင့် လိုက်ဖက်မှုမရှိသည့်ထမီနှင့်အကျီ င်္ ကို အချိုးမကျစွာ ဝတ်ထား မိခဲ့ကြောင်း သတိပြုလိုက်မိသည်..။ 
         လှမ်းလာသောခြေလှမ်းများကို သူမအနီးသို့ ရောက်သည်နှင့် ရပ်လိုက်ပြီး..
       “ဟို...ဘော့တနီလက်တွေ့ ခန်းက ဘယ်မှာလဲ သိလားဟင်း..”
       “အင်း..ဟိုရှေ့ က ၃ထပ်ဆောင်အောက်ဆုံးထပ်က အစွန်ဆုံးအခန်းလေး ” 
   လို့ သူမကအေးအေးလူလူပင် ပြန်ဖြေခဲ့သည်...။
         “ကျေးဇူးနော်”
လို့ ပြောပြီး ထိုနေရာသို့ သွားရန် ခြေလှမ်းပြင်လိုက်သော သူမရဲ့  နောက်ကျောဆီမှ 
       “ဟိတ်.နေအုံးလေ..စောသေးတာပဲ..။နောက်မှ တူတူသွားကြတာပေါ့..” ဆိုတဲ့စကားသံကြောင့်
           “နင်လဲ ဘော့တနီ ကပဲလား” လို့  ဝမ်းသာအားရ မေးလိုက်မိ၏..။
        “အေး ဟုတ်တယ်..ငါ့နာမည် စံပယ်ဖြူ..နင့်နာမည်ကရော”
        “မေသဇင်”
        “ဟယ်..ငါတို့ နာမည်တွေက ပန်းနာမည်တွေကြီးပဲနော်” ဆိုမှ သူမလဲ သတိထားမိသွားပြီး ..
      “အေး..ဟုတ်တယ်ဟဲ့” 
လို့ သူမရဲ့  စကားကို ထောက်ခံမိလိုက်သည်..။ ထိုခဏမှာပင် သူမသည် စံပယ်ဖြူအား အလွန်ပင် ခင်တွယ်စိတ် ဝင်သွားခဲ့သည်...။သူမ ပထမဆုံးကျောင်းတက်ရသောနေ့ မှာ ပထမဆုံးတွေ့ ခဲ့ရတဲ့ သူငယ်ချင်း..။
..................@@@@@@@@@@@@@@@@@........................
 
ပုံမှန်အားဖြင့် သူမသည်အခြားသူများနှင့် ရောနှောလေ့ မရှိပဲ ဖတ်စရာ စာအုပ်တစ်အုပ်ဖြစ်သာ ငြိမ်သက်နေလေ့ရှိသည်..။ သူမကိုလဲ စံပယ်မှ လွဲ၍ အခြားသူများသိပ်ပြီးခေါ်ပြောလေ့မရှိ..။ စံပယ်က သူမကိုတော့ ဖေးမလေ့ရှိသည်.. စကားသိပ်ပြောလေ့မရှိသော သူမအား အနှောင့်ယှက်မပေးပဲ သူမလိုအပ်ချိန်မှာတော့ စံပယ်က ကူညီရန်အသင့်..။အမှန်တော့ သူမတစ်ယောက်ထဲကို မဟုတ်ပါ..စပယ်က မည်သူ့ ကိုမဆို ကူညီရန်ဝန်လေးလှသူမဟုတ်ပဲ အားကြိုးမာန်တက် ကူညီလေ့ရှိသည်..။ထို့ ပြင် စံပယ်၏ အလှဂုဏ်သတင်းကလဲ အတော်လေးပင် ကျော်ကြားလှသည်..။ ဘာအံတက္ကသိုလ် တစ်ခုလုံးပင် မဆိုထားနှင့် နည်းပညာကောလိပ်၊ကွန်ပြူတာ ကောလိပ်များသို့ ပင် ပျံ့ နှံ့ ၍ စံပယ်ကို လာရောက် ရှုစား ပိုးပန်းသူက အများသား..။ ဒါပေမဲ့ စံပယ်သည် အမြဲတမ်း ယဉ်ကျေးချိုသာစွာပင် ငြင်းဆိုခဲ့သည်..။ စံပယ်ရဲ့ အပြောအဆိုယဉ်ကျေးချိုသာမှုကိုလဲ သူမ သတိပြုမိသည်..။
    ထို့ နောက်တွင်တော့ အားလုံး မျှော်မှန်းထားသည့်အတိုင်း ဘော့တနီကွင်းဘွဲ့ ကို စံပယ်ပိုင်ဆိုင်ခဲ့သည်..။
      ရွာမှနေပြီးကျောင်းလာတက်ရသော သူမက ဘားအံမြို့ ရှိ အဘွားအိမ်တွင်နေထိုင်ခဲ့သည်..။မြဝတီနှင့်ဘာအံ ကုန်ကူးသည့် အဘွားက အိမ်မှာအမြဲမရှိ၍ သူမရဲ့ အဒေါ်ကျောင်းဆရာမ အပျိုကြီးဒေါ်သဇင်ထွန်းနှင့် နေထိုင်သည်..။ အပျိုကြီးဆိုပေမဲ့ အဒေါ်သည် ပစိပစပ်မများ..သူမတို့ နှင့်ရွယ်တူအတိုင်းပေါင်း၍ အဖွဲ့ ကျလေ့ရှိသည်..။
      စာသင်နှစ်တစ်ဝက်ကျိုးလာချိန်တွင် စံပယ်ရဲ့ ကောင်းမှုကြောင့်ပဲ စံပယ်သူငယ်ချင်းတစ်ချို့ နှင့် သူမ သူငယ်ချင်းဖြစ်လာခဲ့သည်..။ပြီး စာတွေအတူတူစုဖတ်မည်လို့  စိတ်ကူးလိုက်ကြသည်နှင့် ရှင်းလင်း၍ လူမရှိသည့် သူမအဘွားအိမ်တွင်သာ နေရာရွေး၍ စုံမိကြသည်..။ဒီလိုနှင့် သူမမှာ စံပယ်အပါအဝင်အခြားသူငယ်ချင်း ၈ ယောက်ကို ပိုင်ဆိုင်လာခဲ့သည်..။အချက်အပြုတ်ဝါသနာ ပါသော သူမနှင့်အဒေါ် သဇင်ထွန်းကြောင့် သူငယ်ချင်းများက သူမတို့ အိမ်တွင် စားအိမ်သောက်အိမ်ဖြစ်လာကြသည်..။အဘွားမရှိသောာနေ့ မျိုးတွင်ပါ..။အဘွားရှိသောနေ့ မျိုးတွင်တော့ အားလုံး ငြိမ်နေတတ်ကြသည်..။ဒီလိုမှ မငြိမ်သက်လျှင် အဘွားက အဒေါ်ကို
                               “သဇင်.နင်ကလေးမဟုတ်ဘာမဟုတ် ကလေးတွေ ကြားမှာ တရုန်းရုန်း ”
ဘာညာဆိုပြီး မပြီးဆုံးနိုင်သော တောက်တွန်းမှုများနှင့်ဆူတတ်သောကြောင့် အဘွားအိမ်မှာရှိသောနေ့ များတွင် အားလုံးမလှုပ်၇ှားပဲ ငြိမ်သက်နေလိုက်သည်..။ဒီနေ့ လဲ အဘွားအိမ်မှာမရှိ၍ အိမ်မှာ မုန့် ဟင်းခါး ချက်စားရန် စီစဉ်ထားသော အဒေါ်က နင့်သူငယ်ချင်းတွေကို အိမ်ခေါ်လိုက်ဆိုတာကြောင့် သူငယ်ချင်းများကို မုန့် ဟင်ခါးစားရန်ခေါ်လိုက်မိ၏..။သူတို့ အားလုံးရောက်လာချိန်တွင် ခေါင်းလျှော်ထား၍ မခြောက်သေးသော ဆံပင်များကို ခါတိုင်းထုံးနေကြ တပတ်လျှို ထုံးမထားပဲ ဒီအတိုင်းကျောပြင်မှာချထား၍ အားလုံးသော သူငယ်ချင်းများမှာ အံ့သြခြင်းများစွာနှင့်....
             “မေ..နင့်ဆံပင်တွေ...”
ကျော်ထိုက်မှာ စကားဆက်၍မပြောနိုင်ပဲ လက်ညှိုးထိုး၍သာ မေ့ကို ပြူး၍ ကြည့်နေလေသည်..။
အဲ့တော့ မေက စကားထောက်ပေး၍..
             “အင်း ဘာဖြစ်လို့ လဲ ..ငါ့ဆံပင်..”
အဲ့ဒီတော့မှ သူက ဆက်၍....
              “အဲ့ဒီလောက်တောင် ရှည်တယ်...”
ဆိုပြီး ခပ်တိုးတိုးထွက်လာသည်..။ကျန်သောသူများမှာလဲ မျက်လုံးအပြူးသားနှင့်...။ ဟုတ်သားပဲ.. မေ ဆံပင်ဖားလျားချတာ သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး....။သူမက အမြဲတမ်းတပတ်လျှိုသာ ထုံးထားလေ့၇ှိသည်..။ဒါကြောင့်သူမရဲ့  တခေါက်ခွက်ကို ကျော်လွန်၍ ခြေသလုံးသား တဝက်ကိုတောင် ဖုံးအုပ်လုနီးနီးဆံပင်ရှည်များကို အံ့ အားသင့်သွားကြတာ..။
         ဖြူနှင်းက ဆက်၍
                    “နင့်ဆံပင် အဲ့ဒီလောက်တောင်ရှည်တာ စာသင်နှစ်တစ်နှစ်တောင်ကုန်တော့မယ် ငါတို့ ခုမှ သိတယ်မေရယ်..နင်ဘာလို့  ဆံပင်ကို ဒီအတိုင်းအမြဲတမ်းထုံးထားတာလဲ..အမြဲတမ်းထုံးထားတော့ ဘယ်သူမှ မတွေ့ ဖူးပေါ့..”
                    “သူများတွေ့ အောင် ငါထားတာမှ မဟုတ်တာ..ငါ့ဟာငါ ကြိုက်လို့ ထားတာ..”
မေက ထုံးစံအတိုင်းအားနာရကောင်းမှန်းမသိ စကားကို တုတ်ထိုးအိုးပေါက် ပြန်ပြောလိုက်သည်..။သူမက အမြဲတမ်းစကားပြောမချိုသာတာ သူငယ်ချင်းများသိပြီးသာ..။ဒါကလဲ သူမရဲ့  ပေါင်းသင်းဆက်ဆံရေးညံ့ ဖျင်းမှုပင် ဖြစ်သည်..။
..............................................@@@@@@@@@@@@@@@@@.......................................
 
                    ယခုမှ  ပထမနှစ်ပင် ၇ှိသေးသောလဲ တစ်ခါတရံ သူမတို့ က ကျောင်းပြီးသော တစ်နေ့ တွင် ငါတို့ ဘာလုပ်ကြမလဲ ဆိုပြီးတွေးတောလေ့ရှိသည်..။ဝေဖြိုးနှင့် မြတ်ကိုက အိမ်မှာ စီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်ထား၍
  “ငါတို့ ကတော့ အိမ်က အလုပ်ပဲ ပြန်လုပ်ကြမယ်”ဆိုပြီး အနာဂတ်ကို လှမ်းမြင်နေသောလေသံနှင့်စကားပြောလေ့ရှိသည်..။ကျော်ထိုက်ကလဲ ..
                       “ငါက သင်္ဘောလိုက်မှာ” ဟု အားတက်သရော ပြောလေ့၇ှိသည်..။
သူရကလဲ အားကျမခံ
                       “ငါက ကျောင်းပြီးရင် ငါ့အမျိုးတွေ ရှိတဲ့ ဂျပန်ကို လိုက်သွားမှာ”
သြော်..သူတို့  ယောင်္ကျားလေးတွေက ဟုတ်လို့  ကျောင်းပြီးတာနှင့် အလုပ်ကိုယ်စီ ..အမြဲတမ်းရွှတ်နောက်နောက်နေတတ်သော နှင်းဖြူကတော့ 
“ငါကတော့ ကျောင်းပြီးရင် ယောကျာင်္းယူပြီး ယောကျာင်္းလုပ်စာ ထိုင်စားမှာ”
ဆိုပြီးဝင်ဖောက်တော့ ယောင်္ကျားလေးများက
                        “ဒါကြောင့် နင့်ကို ငါတို့ အဖွဲ့ ထဲက တစ်ယောက်မှ မယူရဲတာ” ဆိုကာ ပြန်လည်နောက်ပြောင်ကြသည်...။
စံပယ်ကတော့
                      “ငါ တက္ကသိုလ်မှာ ဆရာမ လုပ်ချင်တယ်..။မေ လဲလုပ်ပါလား ငါတို့  ဂုဏ်ထူးတန်းဝင်အောင်ကြိုးမယ်လေ..နင် စာသင်ပြကောင်းတာပဲဟာ..ဝါသနာပါတယ်မဟုတ်လား..ငါတို့  ဂုဏ်ထူးတန်းရအောင်တူတူ ကြိုးစားကြတာပေါ့..”
အမြဲတမ်း လက်ချာ ပြေးတတ်သော ယောင်္ကျားလေး ၄ယောက်ကို စံပယ်၊ မြတ်နိုးနှင့် သူမကအမြဲတမ်းစာပြန်လည်သင်ကြားပေးရတာကို ရည်၇ွယ်၍ စံပယ်ဆိုလိုမှန်းသူမ သဘောပေါက်လိုက်မိသည်..။
                 “ငါ ဒီဇိုင်နာ ဖြစ်ချင်တယ်..”
မေ့ ရဲ့  မဆိုင်မတွ ပြန်လည်ဖြေကြားချင်နောက်မှာ သူငယ်ချင်းမျာ၏ခွက်ထိုးခွက်လန် ရယ်သံများက ကပ်၍ လိုက်လာပါတော့သည်..။အမြဲတမ်းအားမနာတမ်းပြောတတ်သည့်မြတ်ကိုနှင့် ကျော်ထိုက်မှာ သူမကို ရယ်မောလို့ မဆုံး..။ကျော်ထိုက်ဆိုလျှင်...
                 “မေ..နင့်ပုံလဲ နင်ပြန်ကြည့်အုံး..မျက်နှာမှာတောင် သနပ်ခါးက လိမ်းတစ်ချက် မလိမ်းတချက်..ဆံပင်က ပုံမပြောင်းတစ်ပတ်လျှို ၊ဝတ်လိုက်တဲ့ အဝတ်အစားက ဘာတွေမှန်းမသိတဲ့ အပေါ်အောက်အရောင်မတူ အပွင့်မတူတဲ့ အကျီ င်္ထမီ..ဒီပုံစံနဲ့ များ နင်က ဒီဇိုင်နာလုပ်ဦးမယ်..နင့်ကိုနင်ပဲ အရင် ပြင်လိုက်အုံး..”
ဆိုပြီး မညာမတာကို ပြောဆိုလိုက်သေးသည်..။
             “ငါဖြစ်ချင်တာကို  ငါပြောတာပါ” လို့ သူမဆိုတော့ စံပယ်ကလဲ..
               “အေးလေ..နင်တို့ ကလဲ သူဖြစ်ချင်တာကို သူပြောတာဝိုင်းရယ်နေစရာလား..နင်တိုရောနင်တို့ ပြောတာတွေ ခုဖြစ်နေပြီးလို့ လား”
ဆိုပြီး မေ့ ဘက်နေ၍ ကာကွယ်ပေးခဲ့သည်..။ထို နေ့ က စ၍ ဒီဇိုင်နာမကြီး ဟု နောက်ပြောင်ခေါ်ဆိုလေ့၇ှိသည်..။တနေ့ မှာတော့ မေ စိတ်ကူးရ၍သူမ ဝတ်နေကျလို အပွင့်များမဟုတ်ပဲ အဖြူခံပေါ် ဗေဒါဖောက် အပွင့်နုတ်နုတ်ပါသော အစကို စံပယ်အတွက်ဂါဝန်အဖြစ် လက်ဆောင် ချုပ်ပေးခဲ့ပါသည်..။ထိုဂါဝန်လေးကို အတွေ့ မှာတော့ အားလုံးက မျက်လုံးအပြူးသာနှင့်..
                      “ဒါ နင်ကိုယ်တိုင်ချုပ်တာလား” ဆိုပြီး နှင်းဖြူက မေးလာပါသည်...။
                        “အင်း”
 လို့ သူမကတစ်လုံးတည်းပြန်ဖြေတော့..
                 “နင် စက်လဲ ချုပ်တတ်တာပဲလား”တဲ့...
ဒါပေမဲ့ ထိုနေ့ မှစ၍ သူမ၏ ဒီဇိုင်နာလုပ်မည်ဆိုသော စိတ်ကူကို မည်သူမှ မရယ်မောတော့ပါ..။
..............................@@@@@@@@@@@@@@@@@...................................
 
ဒီလိုနှင့် စာသင်နှစ်တစ်နှစ်ကို အပြီးသတ်ရန် စာမေးပွဲ ဆိုသော ကာလ တစ်ခုကို သူမတို့ ဖြတ်သန်းခဲ့ရပြီး..။ထိုကာလမှာတော့ မည်သူမှ မအား၍ သူမတို့ မတွေဆုံနိုင်ခဲ့ကြပါ..။စာမေးပွဲ နောက်ဆုံးနေ့ တွင်တော့ ထုံးစံအတိုင်း သူမတို့ အိမ်တွင် လာရောက်စုဆုံကြပါသည်..။အဲ့ဒီမှာ ကျော်ထိုက်က စလာပါသည်..။
           “မကြာဘူး သင်္ကြန်ရောက်တော့မယ်  နင်တို့ တွေ မပြန်ကြနဲ့ ”
တဲ့..။အားလုံးက ဘာအံမြို့ ပေါ်မှ မဟုတ်၍စာမေးပွဲပြီး အိမ်ပြန်ရန်ပြင်ဆင်နေသော သူမတို့ အား စည်းရုံးရေးဝင်ပါတော့သည်..။မေက
            “ငါ တခါမှ သင်္ကြန်မလည်ဖူးဘူး.. မလည်တော့ဘူး.နင်တို့ ပဲ သွားကြတော့ ”
လို့ မဆိုင်မတွ ပင်ပြန်ပြောလိုက်သည်..။ စံပယ်ကလဲ..
                   “ဟုတ်တယ်..ငါလဲပဲ ..အမိုးတို့ လဲ ကြိုက်မှာ မဟုတ်ဘူး..”ဟု ဆိုကာ သူမဘက်မှဝင်ရောက်ပြောဆိုလိုက်သည်..။
               “မရဘူး..ငါတို့ တွေ နင်တို့ တွေ အိမ်မှာ လိုက်ပြောပေးမယ်..လည်ကိုလည်ရမယ်.. ငါအိမ်မှာ ငါကားတောင်းမယ်”
လို့  ဝေဖြိုးက ဆိုလိုက်တော့ ကျန်သောသူများက အားတက်သရော....။
                  ဒီလိုနှင့် သင်္ကြန်ရက်တွေအတွင်း ဘယ်နေ့ ဘယ်နေရာသွားမလဲ ဆိုတာ ကြိုတင်တိုင်ပင် ကြကာ စိတ်ဓာတ်တွေ ထက်သန်နေကြသည်..။စာမေးပွဲပြီး အိမ်မပြန်လျှင် အိမ်က စိတ်ပူမည်စိုးသောကြောင့် သင်္ကြန်တွင်းပြန်လာပါ့မယ် ကတိအထပ်ထပ်ပေး၍ သူမတို့ အိမ်ခဏ ပြန်ခဲ့သည်..။အကြိုနေ့ မှာ ပြန်ဆုံကြမယ်ဟု အားလုံးသဘောတူပြီး ထိုနေ့ ကို ပြန်လည်ဆုံစည်းခဲ့ကြသည်..။
သင်္ကြန်တွင်း တခါမှ မလည်ပတ်ခဲ့ဖူးသော သူမအတွက် အတော်လေးကိုပင် ပျော်ရွှင်ခဲ့ပါသည်..။ဝေဖြိုးရဲ့  ဦးလေးက ကားမောင်းကာ နေရာစုံအောင်လိုက်ပို့ ပါသည်..။ ဘားအံ တစ်မြို့ လုံးရေတံခွန် ဆန္ဒဂူမကျန် နေရာစုံသွားယုံပါမက မော်လမြိုင် ကျိုက်ခမီ စက်စဲ သို့ ပါသွားရန်ပြင်ဆင်ခဲ့ပါသည်..။ထို့ ကြောင့် သင်္ကြန်အတက်နေ့ တွင် မော်လမြိုင်သို့ သွားကြ၍ ကျိုက်ခမီတွင် ညအိပ်ခါ နှစ်ဆန်းတစ်ရက်နေ့ မှ ပြန်လာရန် စီစဉ်ကြသည်..။သို့ သော်..............
                     စည်ကားသိုက်မြိုက်လှတဲ့ မော်လမြိုင် ကမ်းနားလမ်းတစ်လျှောက် ရေပက်ခံ ထွက်ရင်း..................
သင်္ကြန်ရေပက်ခံထွက်၍ ကားများကို အမိုးဖွင့်ကာကားထဲတွင် ထိုင်ကြပါသည်..။ရေပက်များလှသော မဏ္ဍပ်များတွက်တော့ ကားဝမ်းဗိုက်ထဲတွင် ရေများဝင်လွန်တာကြောင့် ကားဘောင်ပေါ်မှာ ခဏ တက်ထိုင်ဖြစ်ကြပါသည်..။သင်္ကြန်တစ်တွင်းလုံးဒီလိုပင် ဘောင်ပေါ်ထိုင်လိုက် ကားထွက်လျှင် ဝမ်းဗိုက်ပေါ်ပြန်ဆင်းထိုင်လိုက်နှင့် ၇ှိနေခဲ့ပေမဲ့  ...ထိုနေ့ မှာတော့ ....
အောက်ဆင်းထိုင်ရန် အဆင်သင့်မဖြစ်သေးသော စံပယ်မှာ ရုတ်တရက် စောင့်ထွက်လိုက်သော ကားရဲ့ အရှိန်ကြောင့်လူက မထိန်းနိုင်ဘဲ ပက်လက်လှန်ကာ ကားပေါ်မှ ရုတ်တရက်.....
            “စံပယ်........”
အားလုံး၏ အလှန့် တကြားခေါ်လိုက်သံကိုတောင် စံပယ် ကြားနိုင်ခဲ့ရဲ့ လားမသေချာနိုင်ပါ..။ စံပယ်ရဲ့ ခေါင်းနှင့် ကတ္တရာလမ်းမ ထိတွေ့သံက  ကျယ်လောင်စွာတောင် မထွက်နိုင်ပဲ
                “ခွပ်”
ဆိုတဲ့ ခပ်အုပ်အုပ် အသံသာ ထွက်ပေါ်နိုင်လာတော့သည်..။စံပယ်ရဲ့  နက်မှောင်နေတဲ့ဆံနွယ်ကြားက ယိုစိပ်ထွက်လာတဲ့ သွေးစီးချောင်းကြီးက သူမ ဝတ်ထားတဲ့ ဂျာကင် အဂျီ င်္အဖြူရောင်ကို ချင်းချင်းနီစေခဲ့ပြီး..။နွေနေ့ ရဲ့  အပူရှိန်ကြောင့် သွေးတစ်ချို့ က အမြုပ်တွေ ဝေဖြာလို့ ...။ဆေးရုံကို အမြန်သယ်ဆောင်ခဲ့ပေမဲ့ ...ဆရာဝန်က...
           “နေရာမှာတင် ပွဲချင်းဆုံးခဲ့တာတဲ့”
သင်္ကြန်ရက်မှာ သတိလေးတစ်ချက်လွတ်တာနဲ့ စံပယ် ဘဝပေးခဲ့ရပြီး...။ဝမ်းနည်းလို့ မဆုံး.....
.......................................@@@@@@@@@@@@@@@@@@........................................
 
                           “ စံပယ်...ခုဆို ဆယ်စုနှစ်တစ်ခုပြည့်ဖို့  ၃ နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခုပဲ လိုတော့တယ်..။ဒါပေမဲ့  ငါ့မျက်လုံးထဲမှာ မနေ့ ကလိုပဲ မြင်တွေ့ နေရတယ်..။တစ်ချက်လေး လက်လွတ်သွားခဲ့တဲ့ သတိက နင့်ကို ဘဝချင်းပိုင်းခြားလိုက်တယ်နော်..။ ငါလေ... နင်မရှိတဲ့နောက် မြူးကြွနေတဲ့ သင်္ကြန်သီချင်းသံတွေကြားတိုင်း ရင်မှာနာကျင်နေခဲ့တယ်..။တိုးတိတ်စွာ ငိုကြွေးနေမိခဲ့တယ်..။ငါ့အတွက်တော့ နင်နဲ့ လည်ပတ်ခဲ့ဖူးတဲ့ သင်္ကြန်ဟာ ပထမဆုံးနဲ့နောက်ဆုံးသင်္ကြန်လည်ပတ်မှုပါ..။သင်္ကြန်ရက်တွေမှာ လည်ပတ်ဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းတွေ မောင်ငယ်ညီမငယ်တွေအတွက် နင့်အဖြစ်အပျက်ဟာ ငါ့အတွက်တော့ မရိုးနိုင်စရာပြောခဲ့ သတိပေးခဲ့တဲ့ သဏ္ဍန်ရီတစ်ပုဒ်ပါ..။သူတို့ ဆင်ခြင်နိုင်ဖို့  အမြဲတမ်း ငါသတိပေးစေနိုင်ဖို့  နင်က သင်္ကြန်ရောက်တော့မယ်ဆိုတိုင်း ခါတိုင်းထက် ပိုပြီး ငါ့စိတ်နှလုံးကို ဝင်ရောက်ခဲ့တာပါ..။”
               “စံပယ်..ငါလေ..တချိန်က နင်တို့ တွေ နှစ်သက်ခဲ့တဲ့ ငါ့ရဲ့  ခြေသလုံးတစ်ဝက်ကျော်ရှည်ခဲ့တဲ့ ဆံပင်ကလဲ အခြေနေအရပ်ရပ်ကြောင့် ငါ့ရဲ့  ပခုံးထဲမှာ ဝဲပျံနေယုံ ရောက်ခဲ့ ပြီး..။
ငါ့ရဲ့  ပုလင်းဖင်လောက် ထူထဲနေတဲ့ မျက်မှန်နေရာမှာလဲ ကာလာစုံ မျက်ကပ်မှန်တွေ အစားထိုးခဲ့ပြီး...။
ငါ့ရဲ့  အပေါ်အောက် မတူညီတဲ့ ကာလာစုံ အပွင့်စုံ ဝတ်စားပုံက အင်တာနေရှင်နယ် ကာလာအဖြစ် မော်ဒန်ပန်ချီဆရာတို့ ရဲ့  မျက်ဝန်းထဲမှာ အချိုးကြနေခဲ့ပြီး...။
ငါဟာ..နာမည်ကျော် ဒီဇိုင်နာကြီး မဖြစ်ခဲ့ပေမဲ့ “ဒါ..မေ့  လက်ရာလေး” လို့  သူငယ်ချင်းတွေ အချင်းချင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောတဲ့ အသံတစ်ချို့  ငါ့နားထဲ လွင့်ပျံလာခဲ့ပြီး...။”
         “ငါ့ရဲ့  အပြောင်းလဲ ကြီး ပြောင်းလဲ သွားပုံကို နင်တွေ့ ရင် နင်အံ့ သြမှာသေချာပါတယ်..။ဒါပေမဲ့ စံပယ်...ငါ့ရဲ့ ခန္ဒာပေါ်က ပြင်ဆင်မှု သာပြောင်းလဲခဲ့တယ်.. ငါ့ရဲ့  စိတ်နှလုံးထဲမှာ နင့်ကို လွမ်းခဲ့တဲ့ လွမ်းဆွတ်မှုက မပြောင်းလဲခဲ့ပါဘူး..။အထူးသဖြစ် ဒီသင်္ကြန်ရောက်တော့မယ်ဆိုတိုင်း ငါနင့်ကို ပိုလွမ်းဆွတ်ခဲ့တယ်...။တခါတလေ ဒီအတိုင်းသိမ်းထားရတဲ့ ဘွဲ့ လက်မှတ်လေးကို ထုတ်ကြည့်မိတိုင်း ငါ့ရဲ့  ကျောင်းတက်စနေ့ မှာ ပထမဆုံးသူငယ်ချင်း ငါ့ကို အရာရာဖေးမပေးခဲ့တဲ့ သူငယ်ချင်းလေးကို ငါ ရင်နှင့်အမျှလွမ်းတယ် စံပယ်..။”
“သူများတွေ ပျော်နေခဲ့တဲ့ သင်္ကြန်မှာ နင့်ကို လွမ်းဆွတ်မှုနဲ့  ငါ တစ်နေ့ မှ မပျော်ရွှင်ခဲ့ပါဘူး..။ငါနင့်အတွက် သင်္ကြန်ရက်တွေမှာ နင့်ကို ရည်စူးပြီး ကုသိုလ်ဒါန လုပ်ခဲ့ပေးတယ်..။ နင် ရမှာပါနော်....။”
“စံပယ် နင်က နဂိုကတည်း ကနေ စိတ်ကောင်းစေတနာကောင်းလေးမို့  နင် ဘဝပြောင်းပေမဲ့ ကောင်းရာ ဘုံဘဝကို ရောက်မှာပါလို့  ငါယုံကြည်ပါတယ်..။ ငါ နင့်အတွက် ဒါနတွေ လုပ်ပေးတိုင်းလဲ နင် ကောင်ရာဘုံဘဝကို ရောက်ပါစေလို့  ငါအမြဲတမ်း ဆုတောင်းပေးခဲ့ပါတယ်..။ဒီနှစ်ကိုလဲ ထပ်ဆုတောင်းပေးမှာပါ..။”
မကြာခင်ကျရောက်လာတော့ မည့် သင်္ကြန်မှာ ငါကတော့ နင့်ကို လွမ်းတဲ့ အလွမ်းနဲ့  ကြေကွဲခြင်းတစ်ချို့ ကို ရင်မှာပိုက်ပြီး ဖြတ်သန်းရအုံးမယ်..။”
         “စံပယ်..နင်လေ.ပိတောက်တွေ ပွင့်တဲ့ တစ်နေ့ မှာ ကြွေသွားခဲ့တယ်နော်..။ပိတောက်တွေကို နေရာဖယ်ပေးခဲ့တာလား..။ငါ့ရင်ထဲမှာတော့ ဖြူစင်တဲ့  စံပယ်ပန်းလေးတစ်ပွင့် အမြဲတမ်း ပွင့်နေခဲ့ပါတယ်..။
                 
*********************မေသဇင်*********************

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...