Monday, March 28, 2011

"ဝိုင်းစုခိုင်သိန်း နှင့် နိုင်ငံရေး ".

http://www.facebook.com/note.php?note_id=188052871239204
[By Myo Chit Myanma]

ခုတလော ဝိုင်းစုခိုင်သိန်း စကပ်တိုတို ( အဲ မှားလို့ ) စကပ်မပါဘဲ နဲ့ အပေါ်က လိပ်ပြာလိုခြုံထားတဲ့ ဇာပုဝါပါး လိုလို ဘာလိုလို ဘာမှန်း မသိတဲ့ ဒီဇိုင်းနဲ့ သီချင်းဆိုနေတဲ့ ပုံတွေ အင်တာနက်မှာ ပြန့်နှန့်နေပါတယ်။
အရင်းအမြစ်ကိုကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်းဘဲ အားကြိုးမာန်တက် ဖြန့်ဖြူးနေကြတာ နိုင်ငံရေးသမားလို့ အမည်ခံထားသူတွေ ကိုယ်တိုင်ဘဲ ဖြစ်နေပါတယ်။
နိုင်ငံရေး Site တစ်ခု နဲ့ ဒီလိုပုံတွေနဲ့ ဘယ်လို ပါတ်သက်ပါသလဲ ခင်ဗျာ...
ဝိုင်းစု ကလဲ ဝတ်တာ စားတာ မှာ ပုရိသ အာရုံဝင်စားမှု ရချင်တဲ့ စိတ်က လိုတာထက် နဲနဲ ပိုနေပါတယ်။
ကျွန်တော့် ညီမလေး အရင်းသာဆိုရင် ခုလောက်သာဆို ပက်ပက်စက်စက် အဆဲခံရလို့ စိတ်ကောက်နေလောက်ပါပြီ။
ကျွန်တော် သူနဲ့ ဒီ ကြားထဲ စကားပြောဖြစ်ခဲ့ရင် လဲ တကယ် လေးလေးနက်နက် ပြောလိုက်ပါ့မယ်။
ဒါပေမယ့် ဒီစာရေးတာက ဝိုင်းစုအတွက် မဟုတ်ပါဘူး။

ကျွန်တော် သတိထားမိလာတာက ဒီ နိုင်ငံရေးသမားဆိုသူတွေမှာ ကမ္ဘာကြီးမလဲ ပျက်မလိုဖြစ်နေ ငလျင်တွေလဲ လှုပ်နေ မြန်မာ့ နိုင်ငံရေး ဆိုတာကလဲ မြောင်းထဲရောက်နေတဲ့ အခြေအနေမျိုးမှာ ဘာကိစ္စ ဝိုင်းစုခိုင်သိန်း ပေါင်ကြားထဲ သူတို့ခေါင်းတွေ ( ဦးဏှောက်တွေ ) ရောက်နေသေးတာလဲ ဆိုတာပါဘဲ။
ဟိုး ပဝေသဏီက " အာရုဏ်ဦးမှာ " ဆိုတဲ့ ကားကိစ္စလဲ အစိုးရတောင် သတိမရတော့ပါဘူး။
ဒီတော့ကာ ဖြစ်နိုင်တာက နှစ်မျိုးဘဲ ရှိပါတယ်။ ။

( ၁ ) ဒီ နိုင်ငံရေး သမား အမည်ခံထားသူတွေဟာ သူတို့ မြေးအရွယ်လေးဘဲ ဖြစ်ပါစေ
သူတို့ မကျေနပ်ဘူးဆိုရင် သူတို့ အသက်အရွယ်ကိုမှ မထောက်ဘဲ ကလေးတွေနဲ့ အပြိုင် ဂန်ဒူးအိုကြီးတွေလို အငြိုးအတေးကြီးတယ် ဆိုသာ သိသာလွန်းပါတယ်။
မဟုတ်ရင် တော့
( ၂ ) ဒီလောက် နိုင်ငံ့အရေး ချောက်ထဲကျပြီး တိုင်းပြည်လဲ ပျက်မတတ်ဖြစ်နေ ကမ္ဘာကြီးလဲ ပျက်မတတ်ဖြစ်နေဆိုတဲ့ အချိန်မျိုးမှာတောင် ကိုယ်အတင်းအဓ္ဓမ ခံယူထားတဲ့ နိုင်ငံရေးသမားဆိုတဲ့ ဆိုင်းဘုတ်တု ကြီး ကြောင့် အလှူငွေ ထောက်ပံ့နေတဲ့ သူတွေကိုမှ အားမနာ ငါတို့ကတော့ အားနေရင် အင်တာနက်မှာ ဒါမျိုးလေးတွေ အချိန်ပြည့် လိုက်ရှာနေတဲ့ ဏှာဘူးကြီးတွေဘဲ လို့ သိသိသာသာဝန်ခံလိုက်တာပါဘဲ။
ကဲ အဲ့ဒီတော့ ...
ပြည်တွင်းက နိုင်ငံ့အရေး ပြည်သူ့အရေး အနစ်နာခံ ဆောင်ရွက်နေတဲ့ လူငယ် ညီလေးညီမလေးတို့..
အကျဉ်းချခံနေရတဲ့ အကိုကြီး ကိုသူရတို့ ကိုမင်းကိုနိုင်တို့..
လူမှုရေးတွေနဲ့ ပေးဆပ်နေတဲ့ ဦးမောင် မကြီး မဖြူဖြူသင်း အန်တီသန်းမြင့်အောင် တို့.. ရေ
ကျွန်တော် တို့မှာတော့ နေပြည်တော်က ကျားကြီးတွေကြောက်နေရလို့ ပြည်ပက ရှင်ကြီးတွေကို အားကိုးမိပါတယ်
ရှင်ကြီး ခေါ် ဏှာဘူး ကြီးတွေက ဝိုင်းစုခိုင်သိန်း ပေါင်ကြားထဲက ခေါင်းပြန်မမော့နိုင်သေးဘူးဗျာ..
အဲ့လိုတွေးမိရင်း ( ကိုယ့်အလုပ် ကိုယ်ဆက်လုပ်... မာယာလောက .. ) ဆိုတဲ့ ဦးသစ်မင်း ရေးထားတဲ့ ဦးကျော်သီချင်းလေး ညည်းလိုက်မိတယ်။ ။
ထာဝရမေတ္တာဖြင့်
မျိုးချစ်မြန်မာ
____________________________________________________________
မှတ်ချက်။ ။ ကျွန်တော့် အသုံးအနှုံး မှားယွင်းရိုင်းပျသွားခဲ့ရင် မည်သူ့ကိုမျှ မည်သည့်အကြောင်းနဲ့မျှ တောင်းပန်ဖို့ အစီအစဉ်မရှိပါဘူး။ ။
တိုက်ဆိုင်မှု ရှိခဲ့ပါက ရည်ရွယ်ပါတယ်။
____________________________________________________________

ဝိုင်းစု...
သမီး ရဲ့ Dessigner နဲ့ သမီးဘေးက အကြံပေးသူတွေ နင့်ကို သားသမီးလို မောင်နှမလို သဘောထားပြီး အမှန်အတိုင်း ပြောပြဖို့လိုနေပြီ ညီမလေး။
ငါသာ နင့်နေရာမှာ ဆိုရင် Costume Designer ကိုအရင်ဆုံး အလုပ်ဖြုတ်ပြီ။
ငါ အဖိုးကြီးတော့ မဟုတ်ဘူး ဒါပေမယ့် Free Style နဲ့ Appropriateness ဆိုတာ နဲ့ ကြားထဲမှာ အဲ့လောက်ကြီး ကွာဟသွားဖို့ မသင့်ဘူးလို့တော့ ယုံကြည်တယ်။
သမီး နင့်ပုံတွေ နင် သေချာပြန်ကြည့်လိုက်ပါ... ပြီးရင် ငါပြောတာ ကို သေချာ နားထောင်...
အကုန်မြင်ပြီးသွားရင် ထပ်မြင်ချင်စရာမရှိတော့ဘူး ဆိုတဲ့ သဘောတရားကို နင် နားလည်ထားရမယ်...
လူတွေကို ဘယ်တော့မှ အကုန်မပေးရဘူး မပြရဘူး...
မိန်းကလေးတွေတိုင်း ဝှက်ဖဲဆိုတာ ရှိရတယ် လျှို့ဝှက်ထားတာ ဖုံးဖိကာကွယ်ထားတာတွေ များလေ လူတွေ သိချင်လေ စိတ်ဝင်စားလေဘဲ။
ဒါကြောင့် ဟိုးရှေးရှေး ထဲက ချိတ်ထမသိမ်း နဲ့ ရင်ဖုံး ဝတ်ခဲ့တဲ့ မြန်မာမတွေက နှစ်လုံးပြူးနေအောင် ဖေါ်ထားတဲ့ အနောက်တိုင်းသူတွေ ထက် ယောက်ျားတွေ ပိုစိတ်ဝင်စားခံခဲ့ရတာ နင် နားလည်သင့်တယ်။
နင်လဲ ကလေးမဟုတ်တော့ဘူး ညီမလေး...
နင့်ကောင်လေး နဲ့ အကိုတွေ မောင်တွေ တောင်ကြည့်ရတာ ရှက်နေမယ့် အနေအထားမျိုး နင်မလုပ်ရဘူး နားလည်လား။
အေး ငါ့ကို စိတ်ဆိုးချင်လဲ ဆိုးပါ..
နင်တစ်နေ့ နားလည်လာမှာပါ..
ထာဝရမေတ္တာဖြင့်
ကိုသားကြီး
မူရင်း - http://myochitmyanmar.org/publishing/2008-08-28-20-52-32/7206-q-------q

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...