Thursday, March 31, 2011

သမားတော်ဆရာလေး မဟာမွတ်၏ ကိုယ်ရေးရာဇဝင်အကျဉ်းနှင့် တိုင်းရင်းမြန်မာဆေး သမိုင်းဖြတ်သန်းမှု ဘဝတကွေ့မှတ်တမ်း

by Lu Bo on Thursday, March 31, 2011 at 5:49pm
 
အမည်                     - မဟာမွတ်
မွေးသက္ကရာဇ်             - ၁၉၅၇ ခုနှစ်
မိဘအမည်                - ဦးရာဇတ်၊ ဒေါ်ဟာဘီဇာ
မွေးချင်းမောင်နှမ         - ၁ဝယောက် (အကြီးဆုံး)
ကိုးကွယ်သည့်ဘာသာ   - အစ္စလာမ်
မွေးဖွားရာဒေသ          - ထုံးကြီးကျေးရွာ၊ ကဝမြို့နယ်၊ ပဲခူးတိုင်း၊ မြန်မာနိုင်ငံ။

ငယ်စဉ်ဘဝ အားငယ်ရ ပညာရှာရာ အနည်းငယ်မျှ 
          မိဘညီအကို မောင်နှမများနှင့် အတူတကွနေထိုင်ရန် အခွင့်မသာ အဖိုးအဖွားနှင့်သာကြီးပြင်းခဲ့ရပြီး အသက်(၉)နှစ်သားအရွယ်တွင် အဖွား၏မျိုးနွယ်ဒေသဖြစ်သော ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရစဉ် အခြေခံမူလတန်းပညာ (၃)တန်းအရောက် ကျောင်းဆက်မတက်တော့ဘဲ မွန်ပြည်နယ် ကျိုက်မရောမြို့မှ လူအများယုံကြည်ကိုးစားရာ ဆရာကြီး “မာပေါ်ရှား”၏နောက် တကောက် ကောက်လိုက်ပါရင်း လောကီပညာရပ်များကို အသက်(၁၄)နှစ်အချိန်မှစတင်၍ သင်ယူတက်မြောက်ခဲ့ပါ သည်။

          ၁၉၇၉ ခုနှစ်တွင် ကြာအင်းဆိပ်ကြီးမှ ကျိုက်ဒုံသို့ ကုန်ရောင်းကုန်ဝယ်ပြုလုပ်ရင်း ၁၉၈ဝ ခုနှစ်တွင် မိခင် ဖခင်ရင်းတမျှ ချစ်ခင်ရသည့်ကျိုက်ဒုံ ဖကလော့နီကျေးရွာ ဆရာဦးခင်ညို၏ဇနီး ဒေါ်တာရာဝီတို့မှ မွေးစားသားအဖြစ် အသိအမှတ်ပြုသည့်အတွက် ကျေးဇူးကြီးမား မိဘများပမာ ဦးထိပ်ထားမိပါသည်။

ရောဂါဖြစ်စဉ် မွေးမိခင် တွေ့ရအောင်ပင် ဖန်လေသလား
          မွေးစားအဖေ၊အမေဆိုပေမယ့် မွေးဖွားတဲ့အဖေ၊အမေလိုပဲ သံယောဇဉ်ထားတာ မေ့မရနိုင်စရာပါ။ တနေ့မှာ အဖျားအနာရောဂါတခု စွဲကပ်လို့ သတိမေ့လျော့သွားသည်အထိ ခံစားခဲ့ရပါသည်။ မွေးစားအဖေ၊ အမေဒေါ်တာရာဝီတို့ဟာ စိုးရိမ်ပူပန်စိတ်တွေနဲ့ ကျွန်တော့်အပေါ်မှာ သားအရင်းနဲ့မခြား ပြုစုစောင့်ရှောက်ပါ သည်။ နီးစပ်ရာဆေးမှူးတယောက်ကို ခေါ်ယူဆေးကုသပေးချိန်မှာတော့ ကျွန်တော့်ဘဝဟာ တဒင်္ဂ မိုးမှောင်ကျခဲ့ရပါသည်။
          တကြိမ်တွင် (၁ဝ)စီစီနှစ်ကြိမ် ကျွန်တော့်ခန္ဓာကိုယ်ထဲသို့ ဆေးမှူး၏သွင်းပေးသည့်ဆေးဟာ (အောက်စီတက်ထရာ ဆိုင်ကလင်း)လို့ သိရပါသည်။ အနာနှင့်ဆေး တခြားစီဖြစ်သွားတဲ့အတွက်လို့ ဆိုရမှာ လား၊ ဒါမှမဟုတ် ဆေး၏ပြင်းထန်မှုအရှိန်ကြောင့်လို့ ဆိုရမှာလား၊ မဝေခွဲတက်တော့ပါ။ အဖျားရောဂါ သက် သာသွားသော်လည်း ကျွန်တော့်ဘဝဟာ လူအတဦးပမာ စကားလုံးဝမပြောနိုင်တော့ပဲ ကျိုက်ဒုံ ဖကလော့နီ ကျေးရွာမှ ရွာသူရွာသားမိတ်ဆွေများနှင့် စကားပြောဆိုတဲ့အခါ လက်ဟန်ခြေဟန် အနေအထားမှတ်သား မိတဲ့စာတွေနဲ့ ရေးပြမှာသာ တဖက်သားကို နားလည်စေခဲ့ရပါတယ်။
          ဒါပေမယ့် ကျွန်တော့်ရဲ့အသိဉာဏ်အာရုံတွေဟာ လုံးဝမထိခိုက်တဲ့အတွက် ဇွဲမလျှော့ပဲ ဝလီဆေးရုံ သို့သွားရောက်ပြီး အချိန်ကြာကြာဆေးကုသမှု ခံယူခဲ့ဖူးပါသေးသည်။ သို့သော်လည်း ဝလီဆေးရုံမှ ဒေါက်တာဇင်းနှင့် လက်ထောက်ဆရာ၊ ဆရာမများ၏ စမ်းသပ်တွေ့ရှိချက်အရ အသံအိုးပျက်ဆီးသွားသည့် အတွက် ဒီတသက် စကားလုံးဝပြောလို့မရနိုင်တဲ့သူ ဖြစ်သွားပြီးလို့သိရတဲ့ အချိန်မှာတော့……..
          မွေးစားအဖေ အမေဖြစ်တဲ့ ဆရာဦးခင်ညို ဒေါ်တာရာဝီတို့ကို ဂါရဝပြုလိုက်ပါတယ်။
          ကျိုက်ဒုံ၊ ဖကလော့နီရွာလူထု၏ နားလည်ပေးမှု ဆက်သွယ်ကူညီပေးမှုတွေကြောင့် မိခင်ရင်းရှိရာ စန္ခလဘူရီမြို့ ထိုင်းနိုင်ငံသို့သာ ထွက်ခွာခဲ့ရပါတော့သည်။

အသံပြန်ထွက် ဆေးတလက် မိခင်ကျေးဇူးအတွက်
          ကျွန်တော့်၏မွေးဖွားရာ ဇာတိဒေသသည် မြန်မာတိုင်းရင်းဆေးသမားတော်များ ပေါ်ထွန်းခဲ့သလို ကျွန်တော့်မိခင်သည်လည်း ရှေးဟောင်းပစ္စည်းများ၊ ရှေးဟောင်းစာပေ၊ ဆေးကျမ်းများကို အမြတ်တနိုး တန်ဖိုးထား သိမ်းဆည်းတက်သော အလေ့အထအထုံဝါသနာ ပါခဲ့သည်ဟုဆိုရပါမည်။ မိခင်၏ကူညီပေးမှု ဆေးကျမ်းတခု၏ အထောက်အထား လမ်းညွှန်မှုအတိုင်းဆေးတမျိုးကို ဖော်စပ်သုံးစွဲခဲ့ရာ တနှစ်ခွဲအကြာမှာ တော့ ကျွန်တော့်ဘဝဟာ အသံပြန်ထွက်ကောင်းမွန်လာပြီး လူကောင်းပကတိဖြစ်လာခဲ့တာ ယခုအချိန်ထိ ပါပဲ။ မိခင်၏ကျေးဇူးသည်ကား အလွန်ကြီးမားလှပါပေ၏။

ရှာဖွေတွေ့ရှိ တိုင်းရင်းဆေးသတ္တိ
          ဆေး၏အာနိသင်ကို လက်တွေ့သိမြင်ခံစားရသော အချိန်မှာမိခင်နဲ့ကျွန်တော်သည် မြန်မာ့တိုင်းရင်း ဆေးများကို ကြိုးစားရှာဖွေလိုက်စားလာခဲ့ရာ တနေ့မှာ ဆရာဟူစိန် ညီ၏မိတ်ဆွေဖြစ်သူ အီဗရာဟင်မှ အကြံတခုပေးခဲ့ပါသည်။
          “မိတ်ဆွေတို့ ဆက်ကြိုးစာပါ။ အကယ်၍ကြိုးစားရင်းနဲ့ ယခုခေတ်ကြောက်စရာ အကောင်းဆုံး ဖြစ်တဲ့ ကုရာနတ္ထိဆေးမရှိဆိုတဲ့ (HIV/AIDS) ခေတ်သစ်ရောဂါဆန်းကိုသာ ကုသပျောက်ကင်းခဲ့ပါက မိတ်ဆွေသည် လိုတရမှန်းတိုင်းအောင် လူ့အကျိုးဆောင် လူသားအကျိုးပြုလုပ်ငန်းတွင် အအောင်မြင်ဆုံး လူတစ်ယောက် ဖြစ်ပါလိမ့်မည်” လို့ ဆိုခဲ့ပါသည်။
          ထိုစကားကို ကြားပြီးသောအချိန်မှာတော့ ကုရာနတ္ထိဆေးမရှိ ဆိုသောစကားသည် လူသားအကျိုး ပြုစကားမဟုတ်သလို လူတို့၏စိတ်ခွန်အားကို ကျဆင်းစေသော စကားသာဖြစ်သည်။ ဒါကြောင့် အနာရှိ လျှင် ဆေးရှိရမည်ဆိုသည့် စကားကိုသာ တနေ့တွင်ဖြစ်ပေါ်စေရမည်ဟူသော သန္နိဌာန်ဖြင့် ဆေးဖက်ဝင် နွယ်၊ မြက်၊ သစ်ပင်များအကြောင်းကို တစတစတိုးပွားရှာဖွေ လေ့လာခဲ့ပါသည်။
          ၁၉၉၅ ခုနှစ်၊ တနေ့တွင် မအုန်းမြင့် အသက်(၂ဝ)နှစ်သည် ခန္ဓာကိုယ်ပေါ်တွင် အလွန်ရွံစရာ ကောင်းလောက်အောင် အရည်များ၊ ပြည်များ တစိမ့်စိမ့်ယိုစီးပြီး ယားယံစွာခံစားနေရသော ဝေဒနာနဲ့အတူ အသနားခံသောမျက်နှာဖြင့် ကျွန်တော့်ထံသို့ ရောက်ရှိလာခဲ့ပါသည်။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို မေးမြန်းစုံစမ်းကြည့်ရာတွင် မအုန်းမြင့်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အရာရှိတဦး၏အိမ်တွင် မွေးမြူ ထားသော ခွေး (၆)ကောင်အား အစာကျွေးခြင်း၊ ရေချိုးပေးခြင်း အစရှိသောအလုပ်ကို လုပ်ကိုင်ရာမှ ဖြစ်ပေါ်ခဲ့ရသော ရောဂါဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
          ဖော်ပြပါ မအုန်းမြင့် အသက်(၂ဝ)နှစ်သည် ကျွန်တော်၏ ဖော်စပ်ထားသောဆေးကို စားသုံးပြီး သည်နှင့် ရက်(၅ဝ)အတွင်း လုံးဝပျောက်ကင်းသက်သာသွားသည်ကို လက်တွေ့သိရှိရသည့်အတွက်၎င်း၊ တဆက်တည်းမှာပဲ တကိုယ်လုံးအမွှေးကျွတ်၍ အနာများအထပ်ထပ်ပေါက်နေသော ခွေးတကောင်အား မိမိ အိမ်အရောက်ခေါ်လာပြီး ဆေးကိုအစာနှင့် ရောနှောကျွေးခြင်း ခန္ဓာကိုယ်ပေါ်တွင် ဆေးများလိမ်းပေးခြင်း ဖြင့် ရက်ပေါင်း (၆ဝ)အတွင်း ခွေးတကောင်ကိုပါ စမ်းသပ်ပျောက်ကင်းသည်ကို တွေ့ရှိရ၍၄င်း၊ အနာရှိလျှင် ဆေးရှိရမည်ဆိုသည့်စကား မှန်လာပြီးလားဟု ဝမ်းသာပီတိဖြစ်ခဲ့မိသည်မှာ ကျွန်တော်ရှာဖွေတွေ့ရှိခဲ့ရသော တိုင်းရင်းဆေး အစွမ်းသတ္တိကြောင့်ပင် ဖြစ်ပါသည်။

ဝမ်းအသာဆုံးနေ့နှင့် စိတ်အချမ်းသာဆုံးနေ့
          မြန်မာမှုနယ်ပယ်တွင် အပျော်ဆုံးနေ့ (၃)နေ့အဖြစ် အိမ်ထောင်ပြုသည့်နေ့၊ ရှင်လိင်ပြန်သည်နေ့၊ ထောင်ကလွတ်သည့်နေ့လို့ ဆိုရိုးစကားရှိခဲ့ပါသည်။ ဤအပျော်ဆုံးနေ့ (၃)နေ့ကို သတ်မှတ်ပေးခဲ့သော ပညာရှိသုခမိန်သာ သက်ရှိထင်ရှားရှိသေးလျှင် လူတို့၏စိတ်၊ ဆန္ဒ၊ ဝီရိယ၊ ဝိမံသဆိုသော အဓိပတိ(၄)ပါး ဖြင့် အောင်မြင်မှုအတွက် ဝမ်းသာပီတိဖြစ်၍ စိတ်ချမ်းသာသော နေ့တနေ့ကိုပါ ပေါင်းထည့်ပြီး ဝမ်းအသာ ဆုံးနေ့ (၄)နေ့အဖြစ် သတ်မှတ်ပေးပါလို့ တောင်းခံလိုစိတ်ဖြစ်မိပါသည်။
          ၁၉၉၈ ခုနှစ် နေ့တနေ့တွင် အမည်မသိသော အဖွားအိုတဦး ကျွန်တော့်ထံသို့ရောက်ရှိလာခဲ့ပါ သည်။ အကြောင်းမှာ ထိုအဖွားအို၏သမီးသည် ခေတ်အလိုက်လူတို့၏ ဖြစ်သင့်ဖြစ်ထိုက်သောစိတ်ကြောင့် အလှဆုံးကို ဝတ်စားဆင်ယင်လိုခြင်း၊ အကောင်းဆုံးကို သုံးဆောင်လိုခြင်း၊ အကောင်းဆုံးဆိုသော နေရာ ဌာနကို ဖန်တီးနေထိုင်လိုခြင်းကြောင့် အလွယ်တကူ ငွေရနိုင်သောလမ်းကို ရွေးချယ်မိသည့်အတွက် (HIV/AIDS) ရောဂါဝေဒနာ ဖြစ်နေသောကြောင့် လာရောက်ရခြင်းဖြစ်ပါသည်။
          ထိုအချိန်က ဝေဒနာရှင်မိန်းကလေး၏ အသက်မှာ(၁၉)နှစ် သာရှိပါသေးသည်။ ကျွန်တော်နှင့် တွေ့ဆုံဆွေးနွေးပြီးသည့်နောက် ကျွန်တော့်၏ ဖော်စပ်ထားပြီးသောဆေးကို သုံးစွဲပြီး၍ ရက်ပေါင်း(၁၂ဝ) ကြာပြီးသည့်နောက် ရောဂါပျောက်ကင်း သက်သာသွားသည့်အတွက် ကျွန်တော့်ဘဝမှာ ဝမ်းအသာဆုံးနေ့ နှင့် စိတ်အချမ်းသာဆုံးနေ့အဖြစ် သတ်မှတ်ခဲ့တာ အပိုအလိုမရှိသော ဝန်ခံဂတိစကား ဖြစ်ပါသည်။


သမားတော်ဆရာလေး မဟာမွတ်၏ ထိုင်းနိုင်ငံအတွင်း
ရောဂါကုသပျောက်ကင်းခဲ့သော
ထိုင်းနှင့်မြန်မာနိုင်ငံသား (HIV/AIDS) ဝေဒနာရှင်များစာရင်း

(၁)     ၁-၄-၁၉၉၈ နေ့စွဲဖြင့်
          မကြည်အေး၊ အသက်(၁၉)နှစ်၊ အဖ ဦးဝင်းမောင်
          ရေလဲရွာ၊ ကြာအင်းမြို့နယ် ကရင်ပြည်နယ်။

(၂)     ၂ဝ-၃-၁၉၉၉
          မအေးသွယ်၊ အသက်(၁၉)နှစ်၊ အဖ ဦးတင်ရွှေ၊ အမိ ဒေါ်သီတာ
          ပိန္နဲကုန်းရွာ၊ ကျိုက်မရောမြို့နယ် မွန်ပြည်နယ်။

(၃)     ၁၁-၂-၂ဝဝ၁
          မဘာနု၊ အသက်(၁၈)နှစ်၊ အဖ ဦးအဒွန်
          ကျိုက်မရောမြို့ မွန်ပြည်နယ်။


(၄)     ၉-၁-၂ဝဝ၂
          မဝင်းကြည် အသက်(၂၇)နှစ်၊ အဖ ဦးမောင်အေး
          ကဝမြို့ ပဲခူးတိုင်း။

(၅)     ၈-၉-၂ဝဝ၂
          နိုင်ဒါန် အသက်(၂၁)နှစ်၊ ထိုင်းနိုင်ငံ။

(၆)     ၆-၃-၂ဝဝ၃
          မအေးသီ အသက်(၂၇)နှစ်၊ အဖ ဦးလှငွေ
          ကော့ကရိတ်မြို့ ကရင်ပြည်နယ်။

(၇)     ၃-၂-၂ဝဝ၎
          မခင်ရီ အသက်(၂၄)နှစ်၊ အဖ ဦးဗလိုင်
          ရေးမြို့ မွန်ပြည်နယ်။

(၈)     ၂၃-၄-၂ဝဝ၎
          မသက်ဦး အသက်(၂၆)နှစ်၊ အဖ ဦးလှသန်း
          သထုံမြို့ မွန်ပြည်နယ်။

(၉)     ၆-၁၁-၂ဝဝ၎
          မောင်တင်ဝင်း အသက်(၂၃)နှစ်၊ အဖ ဦးဌေးအောင်
          ကော့သောင်းမြို့ တနင်္သာရီတိုင်း။

(၁ဝ)    ၉-၄-၂ဝဝ၅
          မချိုဝင်း အသက်(၂၆)နှစ်၊ အဖ ဦးချစ်တင်
          ဝင်းပုတ်ရွာ၊ ကျိုက်မရောမြို့နယ် မွန်ပြည်နယ်။

(၁၁)    ၃-၅-၂ဝဝ၆
          မကျော့မေ အသက်(၂၂)နှစ်၊ အဖ ဦးဘရှိန်
          (မွန်အမျိုးသမီး) ဘန်းမိန်ရွာ ထိုင်းနိုင်ငံ။

(၁၂)    ၁၁-၁-၂ဝဝ၇
          မောင်ကျောက် အသက်(၃၉)နှစ်၊ အဖ ဦးဘဆိုင်း
          ထားဝယ်မြို့ တနင်္သာရီတိုင်း။

(၁၃)    ၇-၆-၂ဝဝ၇
          မောင်သန်းတင် အသက်(၁၉)နှစ်၊ အဖ ဦးမောင်သန်း
          ကြာအင်းဆိပ်ကြီးမြို့ ကရင်ပြည်နယ်။

          (မှတ်ချက်) ဖော်ပြပါ ဝေဒနာရှင်များသည် အမှန်တကယ်ရောဂါဝေဒနာများ ပျောက်ကင်း၍ မိသားစုဘဝ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပြီး ကာယကံရှင်များကိုယ်တိုင် ဓါတ်ပုံနှင့်တကွ ထောက်ခံ လက်မှတ်ရေးထိုးဝန်ခံသည့် အထောက်အထားများရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


မဟာမွတ်
  သမားတော်ဆရာလေး




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...