Friday, March 25, 2011

၁၀ နှစ်လောက် ငယ်ရွယ်နုပျိုသွားစေမည့် အလေ့အထများ

by Su Myat Won on Friday, March 25, 2011 at 2:28am
၁။ အလေးမခြင်း
အလေးမတာဟာ သက်လတ်ပိုင်း အရွယ်ရှိသူတွေကို ခန္ဓာကိုယ် ထိန်းသိမ်းပေးပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်နဲ့ နှစ်နှစ်ကြာ အလေးမ အားကစားလုပ်တဲ့ အမျိုးသမီးတွေမှာ ခန္ဓာကိုယ်အဆီဟာ ၃.၇ ရာခိုင်နှုန်း လျော့ကျသွားကြောင်း၊ အထူးသဖြင့် ဝမ်းဗိုက်နဲ့ခါး တစ်ဝိုက်က အဆီတွေ အဓိကလျော့ကျသွားကြောင်း အမေရိကန်ဂျာနယ်ရဲ့ လေ့လာမှုအရသိရပါတယ်။

၂။ ဗီတာမင်ဒီ မှီဝဲခြင်း
ဗီတာမင်ဒီဟာ ရောဂါနဲ့ သေးဆုံးနိုင်တဲ့ အန္တရာယ်ကို လျော့ပါးစေကြောင်း Internal Medicine ရဲ့ လေ့လာမှုအရ သိရပါတယ်။ တစ်နေ့ ဗီတာမင်ဒီ ၅၂၈ IU ကို ငါးနှစ်ကြာ မှီဝဲခဲ့သူတွေဟာ ကင်ဆာ၊
နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါတွေနဲ့ သေဆုံးတဲ့ အန္တရာယ် ၇
ရာခိုင်နှုန်းနည်းပါးကြောင်း၊ ဒါဟာ ဗီတာမင်ဒီ ရဲ့ Active form ဖြစ်တဲ့ Calcitriol
ဟော်မုန်းဟာ ကင်ဆာဆဲလ် သေဆုံးမှုကို အားပေးတာ ကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။

၃။ ပန်းသီးဖျော်ရည်သောက်ခြင်း

အသက်ကြီးချိန်မှာ အယ်လ်ဇိုင်းမားရောဂါ အန္တရာယ်ကင်းဝေးဖို့ ပန်းသီးဖျော်ရည် သောက်ပါ။ လေ့လာမှုအရ တစ်နေ့မှာ ပန်းသီးဖျော်ရည် နှစ်ခွက်ကို တစ်လကြာသောက်သုံးတဲ့ ကြွက်တွေမှာ ဦးနှောက်ဆဲလ် ထိခိုက်စေတဲ့ Beta Amyloid လျော့နည်းကြောင်းတွေ့ရပါတယ်။ Beta Amyloid ဟာ အယ်လ်ဇိုင်းမား လူနာတွေမှာ ပမာဏ မြင့်မားစွာ တွေ့ရတတ်ပါတယ်။

၎။ ပီကေဝါးခြင်း

သကြားမပါတဲ့ ပီကေဝါးတာဟာ စိတ်ဖိစီးမှု လျော့နည်းစေပြီး စွမ်းဆောင်အား ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုရှိနေချိန် ပီကေဝါးတာဟာ မဝါးသူတွေထက် စိတ်ဖိစီးမှု ဟော်မုန်း ၁၆ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။ ပီကေဝါးတာဟာ စူးစိုက်အားနဲ့ မှတ်ဉာဏ်ကို ပိုကောင်းစေပါတယ်။ ဒါဟာ ပီကေဝါးခြင်းဟာ မေးရိုးနဲ့ဦးနှောက်ဆီ သွေးစီးဆင်းမှု အားကောင်းတာကြောင့် ဖြစ်ပါတယ်။

၅။ လမ်းလျှောက်ခြင်း

သက်ကြီးပိုင်း အရွယ်လောက်မှစပြီး လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ရင်တောင် နှလုံးကျန်းမာရေး ကောင်းနေစေပါတယ်။ အသက်ကြီးသူတွေရဲ့ သွေးကြောဟာ ငယ်သူတွေထက် ပိုကျဉ်းမြောင်းကာ သွေးတိုးရောဂါနဲ့ နှလုံးရောဂါထခြင်း အန္တရာယ် ပိုမြင့်မားပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်ရုံနဲ့ နှလုံးသွေးကြောကျန်းမာရေးကို သိသိသာသာ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...