Tuesday, March 8, 2011

ဝဋ်ကြွေးရှိသမျှ လည်ပါစေ

(၁)
ငယ်စဉ်ကစရိုက်
ငှက်သိုက် တက်တက်နှိုက်တော့
အဖေက ရိုက်နှက်ရင်း ဆုံးမ
သူတပါးအသိုက်ဖျက်ရင်
ဝဋ်လည်တတ်တယ်သား ... တဲ့ 


အရွယ်လေးရောက်အလာ
သီချင်းတွေခံစားတတ်
တေးသွားနဲ့စာသားတွဲ
 အကြိုက်ဆုံးအထဲ
 မောင့်လပြည့်ဝန်း သီချင်းလည်းပါခဲ့
ဝဋ်မှာအမြဲ ငရဲမှာအပ တဲ့။

(၂)
ဆားရှိရင်လုံလောက်ပါပြီ
အန္တရာယ်နဲ့ဝေးဝေး
တောင်ယာခုတ်ခွင့်လေးရနေရင် ကျေနပ်ပါပြီဆိုတဲ့
သံတောင်တခွင်က
တောင်ပေါ် ဘွဲကရင်တွေလေ့ 

နေပြည်တော်ခေါ် ကြပ်ပြေး ကာကွယ်ရေး
သောက်ရေခပ် Dam ( ရေကာတာ)  လြုံခံရေးအတွက်
သခင့်အလိုကျ အကျိုးဆောင်
စစ်ကíန်ကောင်တွေ နှိပ်စက်ကြလို့ 

တချို့မှာ အပစ်မဲ့စွာ သေခဲ့ရ
တချို့မှာ ဘာမသိညာမသိနဲ့ ဒုက္ခိတသာဖြစ်ခဲ့ရ
တချို့ဆို အချုပ်ခန်းထဲမှာ
အသက်နဲ့ အရှက်ကို ဆုပ်ခွါခံလိုက်ရ
အများစုမှာ
အိုးပစ်၊ အိမ်ပစ်
ခြံပစ်၊ ဇာတိမြေကိုပစ်
ဘ၀တွေတစုံလုံးနစ်
ဒုက္ခသည်အကုန်လုံးဖြစ်။

ဒုက္ခသည်စခန်းတွေနဲ့ ကာရံထားတဲ့ မြန်မာပြည်မှာ
အတိုက်အခံလုပ်ရင်
အနေဆိုး၊ အသေဆိုးတတ့့် 
စစ်အစိုးအြုကိက်
အလိုက်အထိုက်နေတတ်မှ အသက်ရှင်
လူရာဝင်ထင်ပေါ့့် 
အဝေးဆုံးပြေးနိုင်သူများ
တိုင်းတပါးမှာ ကျွန်ဖြစ်သူဖြစ်။

(၃)
သူတပါးအသိုက်ဖျက်လို့
ဝဋ်လည်တတ်တယ် ဆိုခဲ့ပါရင် 
ဝဋ်မှာအမြဲ ဆိုစကား
မှန်ခဲ့ပါရင်
ဝဋ်ကြွေးရှိသမျှ ( အမြန်ဆုံး) လည်ပါစေသား။    ။

လူဗိုလ်
၂၁ ၊ ၅ ၊ ၀၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...