Myanmar Youth Media Club 08 Apr 2014
MYMC - MYMHOT |
Posted: 08 Apr 2014 05:14 AM PDT
MYMC မှာအရောင်စွန်း တာကို ခံနိုင်တဲ့ အင်္ကျီတွေ အကြောင်း တင်ဆက်ခဲ့ တာကို မှတ်မိဦး မှာပါ။ အခု ဆောင်းပါးမှာ တော့ အရောင်စွန်း တာကို ကာကွယ်ပေး နိုင်တဲ့ Jeans တွေအကြောင်း တင်ပြထား ပါတယ်။
နာမည်ကျော်
Jeans တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Joe's Jeans ဟာ "Play Dirty, Stay
Spotless" ဆိုတဲ့ နာမည် ပေးထားတဲ့ အဖြူရောင် Jeans တွေ တီထွင်ခဲ့ ပါတယ်။
ပုံမှန်အားဖြင့် အဖြူရောင် အ၀တ်အစား တွေက ၀တ်သူကို စိတ်ကျေနပ် စေပေမယ့်
တစ်စုံတစ်ခုကြောင့် အ ရောင်စွန်း မှာကို လုံးဝ သတိထား နေရတာ ကတော့ အမှန်ပါ။
အခု Joe's Jeans က ထုတ်လုပ်လိုက်တဲ့ အဖြူရောင် Jeans တွေက ကော်ဖီ၊ ဆီ၊
ဆိုဒါနောက် အနီရောင် ၀ိုင်လို အရောင်စွန်း စေတဲ့ အရည်တွေ ဖိတ်ကျလို့
အရောင်စွန်း တာကနေ လုံးဝ ကာကွယ် ပေးပါမယ်တဲ့။
ဒီ Joe's Jeans ရဲ့ အဖြူရောင် Jeans နဲ့ ပတ်သက်လို့ အပြောနဲ့ ညီ၊ မညီ စမ်းသပ်မှု တွေလည်း ပြုလုပ်ခဲ့ ပါသေးတယ်။ ၁၆ အောင်စ ရှိတဲ့ ကော်ဖီနက်ကို Jeans ရဲ့ ဘယ်ညာ နှစ်ဖက်လုံးကို လောင်းချလိုက် တဲ့အခါမှာ ကော်ဖီတွေဟာ Jeans အပေါ်မှာ တင်ကျန် မနေတဲ့ အပြင် ဘာမှ မဖြစ်တဲ့ အတိုင်း ခြောက်ခြောက် သွေ့သွေ့ပဲ ရှိနေပါတယ်။ အံ့မခန်း စွမ်းတဲ့ Jeans ရဲ့ အစွမ်းတွေ သိပြီး နောက်မှာ သူနဲ့ ပတ်သက်လို့ သတိထား ရမယ့် အချက်လေး တွေလည်း ပြောပြချင် ပါသေးတယ်။ အကယ်၍ အရောင်ပါတဲ့ အရည် တစ်မျိုးမျိုးကြောင့် အရောင် စွန်းခဲ့ရင် အ လွန်ဆုံး အခြောက် လျှော်လိုက်ရုံနဲ့ ပျောက်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်အရာမှ အမြဲ တည်ရှိ မနေတဲ့ နည်းတူ ဒီ Jeans ရဲ့အစွမ်း တွေဟာ လည်းသာမန် ဆပ်ပြာနဲ့ လျှော်ပြီး ပုံမှန် အခြောက်ခံ ပုံတွေ အသုံးပြုတဲ့ အိမ်လျှော် လျှော်ခြင်း အခါ ၂၀ လောက် အထိသာ တည်ရှိနိုင်မှာ ဖြစ် ပါတယ်။ နောက်တစ်ခု သတိထား ရမှာက အရောင်ပါတဲ့ အရာဝတ္ထု တွေဖြစ်တဲ့ နှုတ်ခမ်းနီ၊ မိတ်ကပ်၊ လက်သည်း ဆိုးဆေးနဲ့ အိမ်သုတ်ဆေး လိုဟာမျိုး ကိုတော့ Jeans က အရောင် မစွန်းအောင် စွမ်းဆောင် နိုင်မှာ မဟုတ်ပါဘူး။ ဈေးကွက် ထဲမှာ ဒေါ်လာ ၁၄၅ နှုန်းနဲ့ Jean shorts တွေရနိုင်ပြီး ရုံးနား ခန်းနား အဆင့်မီ Jeans တွေကိုတော့ ဒေါ်လာ ၁၈၉ နှုန်းနဲ့ ရနိုင် ပါတယ်တဲ့။

အရောင်စွန်း တာကို ကာကွယ်ပေး နိုင်တဲ့ Joe's Jeans ရဲ့ Play Dirty Jeans တွေအကြောင်း ဖတ်ရှုပြီး ကျေနပ်နိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ နောက်နောင် များမှာလည်း စိတ်ဝင်စား ဖွယ်အရာများ အကြောင်းကို တင်ဆက် ပေးဦးမှာမို့ ဆက်လက် ဖတ်ရှု ကြပါဦးလို့ တိုက်တွန်း ရင်း နိဂုံးချုပ် အပ်ပါတယ်။
Images from dailymail.co.uk. Source: dailymail.co.uk

0 comments:
Post a Comment