တခါက (၃)
နန်းတော်တွင်းမှာရှိတဲ့ ဥယျာဉ်အတွင်းသို့ လှည့်လည်နေသောဘုရင်ကြီးက
အေးချမ်းစွာ သီချင်းလေးငြီးပြီး ဥယျာဉ်အလုပ် လုပ်နေတဲ့ ဥယျာဉ်မှူးကြီးကိုတွေ့ တော့ ခေါ်လိုက်ပြီး
" အသင်ဥယျာဉ်မှူးကြီးအသင်ဟာ ဘာလို့ ဒီလောက်တောင် စိတ်အေးချမ်းသာစွာ အလုပ်ကိုလုပ်နိုင်သနည်း " ဆိုတော့ ဥယျာဉ်မှူးကြီးကလည်း
" ကျွန်တော်မျိုးမှာ လုံးလောက်စွာစားသောက်ဖို့  ၀င်ငွေနှင့်
မိုးနှင့်လေ လုံခြုံစွာနေနိုင်တဲ့ အိမ်တစ်လုံးရှိနေပါပြီ။
အရှင့်အမှုထမ်းအနေဖြင့် ကျွန်တော်မျိုးမှာကျေနပ်နေနိုင်ပါပြီ အရှင် "
လို့ ပြောလိုက်တော့ ဘုရင်ကြီးက နားမလည်နိုင်တော့
အတိုင်ပင်ခံအမတ်ကိုမေးတော့ အတိုင်ပင်ခံအမတ်ကြီးက
" ဒီအမှုထမ်းဟာ ကိုးဆယ့်ကိုး အဖွဲ့ ဝင်မဖြစ်သေးလို့ ပါဘုရား " ဆိုတော့
ဘုရင်ကြီးက နားမလည်ဟန်ဖြင့် ကိုးဆယ့်ကိုဒအဖွဲ့ ဝင်ဆိုတာကို
ထပ်မေးလိုက်တော့ အမတ်ကြီးက
“ အရှင်မင်းကြီး ကျွန်တော်မျိုး ရွှေဒင်္ဂါးပြား ကိုးဆယ်ကိုးပြားကို ထုတ်ပိုးပြီး အမှုထမ်းရဲ့ အိမ်ရှေ့တံခါးဝမှာ သွားထားပြီးရင် အရှင်မင်းကြီး သိလာပါလိမ့်မယ် ” လို့ လျှောက်လိုက်ပါတယ်။
နောက်နေ့ မနက်ရောက်တော့ ဥယျာဉ်မှူးကြီးကရွှေထုပ်ကိုလည်းမြင်ရော
ချက်ချင်းအိမ်ထဲယူပြီး ရွှေဒင်္ဂါးတွေကို ရေတွက်လိုက်တယ်။
ဒီတော့ ၉၉ပြားပဲပါတဲ့ ရွှေဒင်္ဂါးထုပ်ကို မယုံနိုင်ဖြစ်ပြီး
" ဘယ်သူမှ ရွှေထုပ်ထဲမှာ ၉၉ပြားပဲထည့်ပြီးပေးမှာမဟုတ်ဘူး။
ပြား ၁၀၀တော့ပါမှာပဲ။ "
ဒီတော့ကျန်တဲ့ ၁ပြားကို ရွှေထုပ်စတွေ့ တဲ့နေရာနဲ့ 
ကျန်နေရာအနှံ့ ကိုလိုက်ရှာတော့လည်းမတွေ့ ဘူး။
နောက်ဆုံးဘယ်လိုမှ ရှာမတွေ့ တဲ့ အဆုံး လိုတဲ့ရွှေဒင်္ဂါးတစ်ပြားကို
ငါ့လုပ်အားဖြင့် မရ ရအောင်ရှာဖွေတော့မြည်ဟု ဆုံးဖြတ်လိုက်ပြီး
၎င်းနေ့ မှစကာ အလုပ်ကိုအရင်ကလို အေးချမ်းစွာမလုပ်နိုင်တော့ပဲ
ပင်းပန်းဆင်းရဲခံပြီး ရွှေဒင်္ဂါး ၁၀၀ပြည့်ဖို့ ၁ပြားအတွက်
လောဘနောက်ကိုလိုက်ပါတော့တယ်။
ဒီနောကပ်ပိုင်း ဥယျာဉ်အတွင်းမှာ အလုပ်ကိုပုံမှန်ထက်ပိုပြီးလုပ်လာတဲ့
ဥယျာဉ်မှူးကြီးကို ဘုရင်ကတွေ့ တော့ အလွန်အမင်းအံ့သြသွားတယ်။
ဒါကိုမြင်တဲ့ ဘုရင့်ဘေးမှာပါလာတဲ့ အမတ်ကြီးကလည်း။
" အရှင်မင်းကြီး ဒီဥယျာဉ်မှူးကြီးကလည်း ယခုကစပြီး
ကိုးဆယ့်ကိုး အဖွဲ့ ဝင်ဖြစ်သွားပါပြီ ဘုရားးးးး "
ZK
www.kanaung.net

0 comments:
Post a Comment