Friday, April 4, 2014

Myanmar Youth Media Club 03 Apr 2014

MYMC - MYMHOT



Posted: 03 Apr 2014 07:01 PM PDT
How Snakes Fly

မြွေတွေမှာ အတောင်ပံ မပါတာ လူတိုင်း သိပါတယ်။ ဒါပေမယ့် မြွေမျိုးစိတ် အချို့ဟာ ပျံသန်းနိုင်တဲ့ အစွမ်းရှိ ကြပါတယ်။ ဘယ်လိုလုပ်ပျံသန်း ကြသလဲ ဆိုတာကို ဒီဆောင်းပါးမှာ တင်ပြထား ပါတယ်။
တောင်အာရှနဲ့ အရှေ့တောင် အာရှက မြွေမျိုးစိတ် သုံးမျိုးဟာ လေထဲမှာ ပျံသန်း နိုင်စွမ်း ရှိကြပါတယ်။ တကယ်တမ်း တိတိကျကျ ပြောရ ရင်တော့ လေဟုန်စီး တယ်လို့ ဆိုရမှာပါ။
ဒီလို လေဟုန်စီး တယ်ဆိုတာဟာ သစ်ပင်နေ သတ္တ၀ါတွေ အတွက် အစာ အတွက်ပဲ ဖြစ်ဖြစ်၊ မိတ် ဖက် အတွက်ပဲ ဖြစ်ဖြစ် သစ်ပင် တစ်ပင်ကနေ တစ်ပင် ကူးရာမှာ အလွန် အသုံးဝင်တဲ့ အစွမ်း ဖြစ်ပါတယ်။ မြွေအပြင် ရှဥ့်၊ ဖားလို တိရစ္ဆာန်တွေ ဟာလည်း သူတို့ရဲ့ သန်စွမ်းတဲ့ ခြေလက် တွေကို အသုံးချ အားပြုပြီး လေဟုန်စီး တာကို ပြုကြပါတယ်။ ဒီနေရာမှာ မြွေတွေဟာ အားကောင်း တဲ့ ခြေလက်တွေ မရှိတာကြောင့် ဘယ်လိုလုပ် လေဟုန်စီး နိုင်ကြသလဲ ဆိုတာ စဉ်းစားစရာပါ။



မြွေတွေဟာ သစ်ပင်ကနေ စစချင်း ၆၀ ဒီဂရီ လားရာ ဘက်ကို ချိန်ပြီး လေဟုန်စီး ပါတယ်။ ပုံမှန်အားဖြင့် လေဟုန်စီးတဲ့ နေရာမှာ စတဲ့ အ မှတ်ကနေ ဒီဂရီ များရာကို ထွက်ရင် လေဟုန်စီး နိုင်တဲ့ အချိန်နည်းပါးပြီး ကမ္ဘာ့ဆွဲအား ကြောင့် တန်းလန်း ပြုတ်ကြ တတ်ပါတယ်။ ဒါပေမယ့် ဒီမြွေ တွေကတော့ သာမန်နည်း ဥပဒေကို ဆန့်ကျင်ပြီး မီတာ ၃၀ အထိ လေဟုန်စီး နိုင်တဲ့အပြင် အဆုံးသတ် ခါနီးမှာ မြေပြင်ကနေ ၃၀ ဒီ ဂရီကို ထပ်အား ပြုကာ လေဟုန်စီး ကြပါတယ်။ ဒီနေရာမှာ စဉ်းစား စရာက ဒီမြွေတွေဟာ ဘယ်က စွမ်းအင်ကို အသုံးချပြီး လေဟုန်စီးကြ သလဲ ဆိုတာပါပဲ။ အဖြေ ကတော့ သစ်ပင်ကနေ စတင် လေဟုန်စီး တော့မယ်ဆိုရင် သူတို့ရဲ့ သန်မာတဲ့ ခန္ဒာကိုယ်ကို ကွေးနိုင်သမျှ ကွေး အောင် လုပ်ရာမှာ သူတို့ ခန္ဒာကိုယ် ကွေးထားရာက ခန္ဒာကိုယ်ထဲက အရည်တွေဟာ ရေပူးဖောင်းကို ညစ်ထား သလိုမျိုး ဖြစ်သွားပြီး စတင် လေဟုန်စီးလိုက် တဲ့ အခါမှာ အံ့မခန်းတဲ့ စွမ်းအင်ကို ပေးပါတယ်။ ပြီးရင် လေထဲမှာလဲ ကြာကြာ လေဟုန်စီး နိုင်အောင် ခန္ဒာကိုယ်ကို ကွေး ကောက် ထားပါသေးတယ်။ ဒါတွေကတော့ သူတို့တွေ သုံးတဲ့ လေဟုန် စီးတဲ့ နည်းပညာပါပဲ။

How Snakes Fly

လေထဲမှာ ပျံသန်း နိုင်ကြ ပါတယ် ဆိုတဲ့ လေဟုန်စီးတဲ့ မြွေတွေ အကြောင်း ဒီဆောင်းပါးမှာ တင်ဆက် ပေးခဲ့ပြီး နောင်ဆောင်းပါး တွေမှာလဲ ဘယ်လို ထူးဆန်းတဲ့ အကြောင်းအရာတွေ တင်ဆက် ပေးဦးမလဲ ဆိုတာ ကိုတော့ ဆက်လက် စောင့်မျှော် ကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။

Images from photobucket, nationalgeographic, wired, iflscience. Source: iflscience.com


Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...