Friday, April 4, 2014

"ကိုယ့်အလှည့်"

"ကိုယ့်အလှည့်"

ရုံးရောက်လို့ ထိုင်မယ်မှမကြံသေးဘူး ဒီနေ့အပြီးပေးရမယ့် အလုပ်တွေ တပုံတပင်က အခန့်သား စောင့်နေတော်မူကြတယ်။
ကြည့်စရာရှိတာ မြန်မြန်ကြည့်ပြီး ထိုးစရာရှိတာ ထိုးထည့်လိုက်တယ် (လက်မှတ်)။
နားအေးပီးရော... သေချာကြီး ဖတ်မနေချင်တော့ဘူး။ 
ခဏနေရင် weekly meeting ကလည်း တက်ရအုံးမယ် ... ဟူး... မောတယ်ကွယ်

ထီကလည်း မပေါက်နိုင်သေးဘူး
အလုပ်မလုပ်ဘဲ ထိုင်စားလို့ ရအောင် ဒေါ်လာ သန်း ၆၀ လောက်ချမ်းသာတဲ့ အဖွားကြီးတစ်ယောက်လောက် ယူထားမှလားမသိ။
အင်း...  တော်နေကြာ အဖွားကြီးက သွားမရှိတော့တဲ့ သွားဖုံးကြီးနဲ့ လူကို လာလာကိုက်နေရင် ဒီက ယားတတ်တယ်ရယ်...
ဒီအကြံ လက်လျှော့တာ ကောင်းမယ်

ဟိုတလောကလည်း ရုံးကားမောင်းတဲ့ ကုလားလေးက ပြောဖူးတယ်
အိန္ဒိယမှာနေတဲ့ သူ့သူငယ်ချင်းတစ်ယောက်လည်း အဲလိုပဲတဲ့
အလုပ်မလုပ်ချင်တော့ ပိုက်ဆံချမ်းသာတဲ့ အဖွားကြီးတစ်ယောက်ကို ဖမ်းယူလိုက်တာ အဲဒီငပျင်းကောင် မင်္ဂလာဦးညတင် သေပါလေရောတဲ့..
ဟ... ဘာလို့ သေရတာလည်းလို့ မေးကြည့်တော့... ...
"Expired Milk တွေ သောက်မိလို့"... တဲ့ ငိ ငိ
ဒီကောင် အလွန်အကျွံတွေ သောက်လိုက်လို့ နေမှာပါ
နေ့ဖို့ညစာ ချန်သောက်ပေါ့... ရပါတယ်။

အဲ...
အလုပ်လုပ်အုံးမှ

တီ တီ တီ
ဟော အလုပ်လုပ်မယ်ဆိုမှ ဖုန်းကလာပြန်ပြီ... ..

"ဟလို..."
"ဦးသန်၎ကို လားရှင်"
"ဟုတ်ပါတယ်ဗျာ"
"သမီးက ရွက်ဝါ ပါ၊ ဦးရဲ့ စာဖတ်ပရိတ်သတ်ပါ"
"အော်... တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ"
"အခု ဦး အားလားဟင်"
"အဲ... အားတယ်လည်း မဟုတ်ပါဘူး၊ ရပါတယ် ပြောစရာရှိတာ ပြောပါ"
"မအားရင်လည်း ရပါတယ် ဦးရယ်၊ သမီးကိစ္စက သိပ်တော့ အရေးမကြီးပါဘူး"

အမယ် ပြောပါဆိုမှ... မူနေပြန်ပြီ၊ စိတ်ကမရှည်တော့ဘူးနော်... အနားမှာရှိရင် ကုန်းကိုက်ပစ်တယ်

"အော်... ပြောပါ၊ ဘာအကူအညီပေးရမလဲ"
"ဟို... ဟိုလေ... ဦးဆီက အကြံဥာဏ်လေးတခု တောင်းချင်လို့"
"အင်း..."
"သမီးမှာ ချစ်သူရှိတယ်ဦးရဲ့"
"ဟုတ်ကဲ့..."
"တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတာပါ ဦးရယ်"

ကတောက်စ်.... အလုပ်ရှုပ်ရတဲ့အထဲ Love Sence တွေ လာပြနေပြန်ပြီ
ခက်တော့တာပဲ

"အဲ... ဆက်ပြောပါ"
"ဒါပေမယ့် ဦးရယ် သမီးတို့အချစ်က ကံမကောင်းဘူးရှင် အဟင့် ဟင့်"
"ဘာလို့လဲ သမီးရယ်၊ မိဘတွေက သဘောမတူလို့လား"
"မိဘတွေကို ဖွင့်တောင်မပြောရသေးပါဘူး ဦးရယ်"
"အော်..."
"ဒါပေမယ့် သိနေတယ်လေ၊ သမီးမိဘတွေက သဘောမတူနိုင်ဘူးဆိုတာ"
"သဘောမတူနိုင်လောက်အောင် ဘာအကြောင်းများ ရှိလို့လဲကွဲ့"
"သမီးနဲ့ သူနဲ့က လူမျိုးမတူဘူးဦးရယ်"
"အော်..."
"ပြီးတော့ သူက အနုပညာသမားလေ"
"အင်း..... ...."
"ဘာသာမတူ လူမျိုးမတူရတဲ့ကြားထဲ အနုပညာသမား သဘင်သည်ဖက်ခွက်စားဆိုပြီး သမီးဘက်က ဘယ်လိုမှ သဘောတူကြမှာ မဟုတ်လို့ သမီး ဘာလုပ်ရမလဲ ဦးရယ် အကြံပေးပါအုံး အီး ဟီး ဟင့် ရွှတ်"
"ကဲ.. မငိုပါနဲ့ သမီးရယ်၊ စိတ်အေးအေးထား၊ ဦး ကူပြီး စဉ်းစားပေးမယ် ဟုတ်လား"
"ဟုတ်... ဟင့်... ရွှတ်... ကဲ့"

အမယ်... ဟုတ် နဲ့ ကဲ့နဲ့ ကြားမှာတောင် ဟင့် ရွှတ်လေးက ပါလိုက်သေး

"ဒါနဲ့ သမီးချစ်သူက ဘာလူမျိုးလဲ၊ အနုပညာသမား သဘင်သည် ဖက်ခွက်စားဆိုတော့ သူက ဘာလုပ်တာလဲ ကွဲ့"
"သူက... သူက ဟင့် ဟင့်"
"အင်း ပြော ပြော သမီး"
"သူက ဂျွန်စောပါ၊ ကိုရီးယားလူမျိုး၊ ရုပ်ရှင်မင်းသားလေး ဦးရဲ့"
"ဘာာာာာ ဟာာာာာာာာ..... "
"ချစ်ရို့စတာနော် ဦး ဟီး ဟီး၊ ပြေးပြီ ဝှစ်... .."

တယ်လေ.... တောက်လုပ်ရှုပ်ရတဲ့ကြားထဲကွာ 
ငါကတော့ အဟုတ်မှတ်လို့ ဖုန်းပြောရင်း ဒီဘက်မှာ မျက်ရေလေးတောင် စို့လို့
ခုတော့...
တေနာမ... ဗိုင်းတာမ... ဂုစ္ဆာမ... မတာမ...

မှတ်ချက်။   ။ ရွက်ဝါ = ရွာဝက်

သန်၎ကို-ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...