Friday, April 11, 2014

Internet

Internet

အင်တာနက်နဲ့ ပတ်သက်လို့ ကျနော့် ဖြတ်သန်းလာတဲ့ အတွေ့အကြုံကို ခုမှစသုံးမဲ့ လူငယ်တွေအတွက် ပြောပြချင်ပါတယ် ..ဒါကြောင့် Internet ဆိုပြီး ခေါင်းစဉ်တစ်ခုတပ်လိုက်တာပါ. သူ့ရဲ့ အဓိပ္ပါယ်ကတော့ International နဲ့ net ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ .. international ဆိုတာက နိုင်ငံတကာနှင့်သက်ဆိုင်သော ဟု အဓိပ္ပါယ်ရပြီး net ဆိုတာက ကွန်ရက် ဆိုပြီး အဓိပ္ပါယ်ဆောင်ပါတယ် .. ဒီနှစ်ခု ပေါင်းစပ်ပြီး  နိုင်ငံတကာကွန်ရက် ဆိုပြီး သတ်မှတ်ချက်ပါ… အစကတော့ ကျနော်လည်း သိပ်မသိဘူးဗျ ဒီအဓိပ္ပါယ်ကို နောက်မှ ပြန်တွေးကြည့်မှ ဒါကိုပြောတာကိုး ဆိုပြီး သိလိုက်တာ … .. ဟုတ်ပြီ အင်တာနက်ကိုနားလည်ပြီဆိုရင် ပြီးပြီပေါ့ ခေါင်းစဉ်က ကိုက Internet အတွက်ပဲလေ … ။ :P

နောက် ကျနော်တို့ တွေးမိတာပေါ့ အင်တာနက်က ဘယ်လိုကြီးလဲပေါ့ .. ကောင်းကင်ကနေ လာတာလား ဘယ်ကနေ ဒီ Google ဆိုဒ်တွေ ရောက်လာတာလဲ တွေးကြည့်မိဘူးတယ် ဒါပေမဲ့ အတွင်းကျကျ မသိခဲ့ဘူး အမှန်မှာတော့ အင်တာနက်ဆိုတာက နိုင်ငံတကာမှာ ရှိတဲ့ ကွန်ပြူတာတွေကို network cable (ဆက်သွယ်ကြိုး) တွေနဲ့ ချိန်ဆက်ပေးတဲ့ ကွန်ရက် ကြီး ဖြစ်ပါတယ် . ။

သူတို့ဆီမှာ information (သတင်းအချက်အလက်) တွေများလို့ ကိုယ်ကနေ ယူသုံးနေရတဲ့ သဘောပါ ။ အကယ်၍ ကိုယ့်ဆီမှာ သတင်းအချက်အလက်တွေများပြီး တကမ္ဘာလုံးကို ဖြန့်မယ်ဆိုရင်ရော မရဘူးတဲ့လား ဆိုရင် ရပါတယ် .(လိုအပ်ချက်လေးတွေထပ်ဖြည့်ရင်ပေါ့) ။ ဒါအင်တာနက် ရဲ့သဘောပါ ..။

ခုခေတ် စဉ်းစားတတ်တဲ့ လူငယ်တွေ တွေးလာတဲ့ အချက်တစ်ချက်ကတော့ “အင်တာနက်ကို ကောင်းစွာ အကျိုးပြုဖို့ ဘယ်လိုအသုံးချမလဲ” ဆိုတဲ့ အတွေးပါ .. သူတို့လည်း သိသလိုလိုနဲ့ ဝေဝေဝါးဝါးပါပဲ..။ အမှန်တော့ အင်တာနက် ဆိုတာက အကျိုးများစေဖို့ တဘက်နဲ့ တဘက် ပညာတွေ အတွေ့အကြုံတွေ ဖလှယ်တဲ့ သဘောပါ . နောက် လူမှု ကွန်ရက်မှာ လွယ်ကူစွာ ဆွေးနွေးနိုင်ဖို့ Gmail , Gtalk တို့လို ဆက်သွယ်ရေးတွေ ပေါ်ပေါက်လာတာပါ…။

အင်တာနက်ကို အကျိုးရှိစေဖို့ဆိုတာမှာ တစ်ခုပြောချင်ပါတယ် .။ “အကျိုးရှိတာကိုလိုချင်ရင် အကျိုးမရှိစေတဲ့ အလုပ်ကို မလုပ်နဲ့” ဆိုတာပါပဲ…။ ဟုတ်တယ်လေ. ကိုယ်လုပ်နေတဲ့ ဟာက အကျိုးယုတ်တဲ့ အလုပ်ဆိုရင် ဘယ်အကျိုးရှိတာ ဖြစ်လာမလဲ ဒါ စဉ်းစားစရာပါ။ ခုခေတ်အများစုကတော့ .. Gtalk Chatting မှာ အချိန်ကုန်နေတာများပါတယ် (ကျနော်ရောပါပဲ :P )။ ဘာလို့ အဲ့ဒီမှာ အချိန်ကုန်လဲဆိုရင် အဲ့ဒီကလည်း ကုန်ချင်စရာပါ အပြင်မှာ မတွေ့ဝံ့တဲ့သူတွေကို ချတ်တင်မှာ တွေ့ဝံ့တယ်လေ ပြောဝံ့တယ် ။ အဲ့ဒီသဘောကြောင့် Chatting(အလာပ သလာပ ပြောခြင်း) ကို လူတိုင်းလိုလို စိတ်ဝင်စားနေကြတာပါ ။

တကယ် ပညာလိုချင်သူများအဖို့ အကျိုးရှိစေဖို့ နေရာတွေတော်တော်များများရှိပါတယ် ..။ တချို့က မသိကြသေးတာပါ .. လက်တကမ်းမှာ ရှိနေတာကိုမသိကြတာပါ..။ တချို့ ညီငယ် ညီမငယ်တွေဆိုရင် သူတို့ တစ်ခုခု လိုချင်ရင် ကျနော့်ဆီ လှမ်းပြီး အကူအညီတောင်းပါတယ် ဘယ်လိုပုံစံ ဘယ်သဘောမျိုးပေါ့ … ပြောပြတယ် ကျနော်လည်း ရှာပေးလိုက်ပါတယ် ။ ရှာပေးတယ်ဆိုတာမှာ ကို့ကွန်ပျူတာထဲရှိတာ ရှာပေးရတာမဟုတ်ဘူး သူတို့လည်း သုံးနေတဲ့ အင်တာနက် မှာပဲ ရှာပေးရတာပါ ….။ သူတို့ရှာတာမတွေ့ဘူးလို့လည်း ပြောကြတယ် ကိုယ်ရှာပေးတဲ့ အရာကြတော့ သူတို့မှာ အသုံးဝင်တယ်ဆိုပြီး ကျေးဇူးတင်တဲ့ စကားဆိုကြတယ် ။ ဒီနေရာမှာ လူတစ်ယောက်က ကိုယ့်ကို ကျေးဇူးစကားဆိုခြင်းကို မည်သူမနှစ်သက်ပဲ နေမည်လဲနော်.. ကျနော်နှစ်သက်ပါတယ် ။ ဒါပေမဲ့ ရေရှည်မှာ သူတို့ ကိုယ်အားကို ကိုးချင်တဲ့ စိတ် နည်းသွားမှာစိုးလို့ ဒီပို့စ်ကို ရေးမိတာပါ ။

Search Engine (ရှာဖွေပေးတဲ့ စက်) လို့ခေါ်တဲ့ Google ဆိုက် ဟာ တော်တော် အသုံးဝင်ပါတယ် အသုံးလည်းများပါတယ် ။ ကျနော်တို့ သူ့ကို တော်တော်ကျေးဇူးတင်သင့်ပါတယ် ။ သူက တော်တော်လုပ်ဆောင်ပေးပါတယ် .။ ပြဿနာမှန်သမျှ သတင်း အချက်အလက်မှန်သမျှ သူ အကုန် ဖော်ပြပေးပါတယ် ။ လူငယ်တွေက သူ့ကို ဓါတ်ပုံတွေ ရှာရာလောက်မှာသာ အသုံးဝင်ကြတယ်ထင်နေတာ အမှန်မှာ သူက စွယ်စုံဗျာ.. ဘာရှာရှာ သူ စာရင်းထဲမှာ ရှိတဲ့ဟာ အကုန် ထုတ်ပြတယ် ။

ကိုယ်လိုချင်တဲ့ စကားလုံး အနည်းငယ်ကို Search box (ရှာဖွေရေး ကွက်လပ်) မှာ ရိုက်ထည့်လိုက်ရင် ကိုယ်လိုချင်တဲ့  စကားလုံးနဲ့ သက်ဆိုင်တဲ့ ဆိုဒ်တွေကို သူ အစီအရီချပေးပါလိမ့်မယ် … အကောင်းဆုံး ၊ အတူညီဆုံးလို့ ထင်တဲ့ အရာကို သူက အစမှာ ဖော်ပြပေးပါတယ် ။ ပြောချင်တာကတော့ www.google.com ကို သေချာ သုံးစေချင်ပါတယ် ။

နည်းပညာနဲ့ ပတ်သက်ပြီး သိချင်တဲ့ သူများကိုတော့ ဆိုဒ်အနည်းငယ်ကို ညွှန်းလိုက်ပါမယ် .. ကျနော် ဝင်ဖတ်နေကြမို့ပါ …။ ကျနော်တို့ နည်းပညာကို မြန်မာလို လေ့လာရတာနဲ့ တခြား ဘာသာစကားနဲ့ လေ့လာရတာမှာ ကိုယ့် မိခင်ဘာသာနဲ့ လေ့လာရတာ၊ အတွေ့အကြုံယူရတာက ပိုပြီး ထိရောက် မြန်ဆန်တယ်လို့ ယူဆမိပါတယ် ..။ ဒီတော့ မြန်မာလို ဆိုဒ်တွေကိုပဲ အရင် လေ့လာပါ… ။

ပထမဆုံးဆိုဒ်တစ်ခုကိုပြောပြချင်ပါတယ် သူကတော့ ဆိုဒ်သက်တမ်း ကြာပါပြီ ကျနော် အင်တာနက် ဆိုတာကို မသိခင်ကတည်းက သူရှိနေတာပါ .(ကျနော့်ထက် သူအသက်ကြီးတယ်လို့ ဆိုချင်တယ်ဗျာ :P)။ သူကတော့ www.mysteryzillion.org ဆိုတဲ့ ဆိုဒ်ပါ .. သူ့ထဲမှာ Register ဝင်ပြီးမှလည်း ဖတ်လို့ရသလို မဝင်ပဲနဲ့လည်း ဖတ်လို့ရပါတယ် ။ ဆွေးနွေးတဲ့ အထဲပါရင်တော့ Register(စာရင်း ဝင် ) လုပ်လိုက်ပါ ။ သူ့ထဲမှာ ဆွေးနွေးချက်ကတော့ နည်းပညာနဲ့ ပတ်သက်တာ အကုန်ပါပဲ .. ။ ဗိုင်းရပ်(Virus) ပြဿနာ ၊ ဆော့ဝဲ( software) ပြဿနာ၊ အင်တာနက် ကွန်နက်ရှင်(Internet connection) ပြဿနာ ၊ ဟတ်ဝဲ(Hardware) ပြဿနာ၊ အခြား အခြားသော အကြောင်းအရာများကို သူတို့ ခေါင်းစဉ်အလိုက် လက်ခံဆွေးနွေးကြပါတယ် ။ ခုမှစလေ့လာသူများရော .. အတော်အတန်လေ့လာပြီးသူများရော … ဆရာအဆင့် ပညာရှင်များပါ အဲ့ဒီဆိုဒ်ကြီးမှာ ရှိပါတယ် ..။အဲ့ဆိုဒ်ကတော့ နည်းပညာကိုလေ့လာဖို့မှာ  အားလုံးနဲ့ လက်လှမ်းမှီစေတဲ့ ဆိုဒ်ပါ.။

နောက် တစ်ဆိုဒ်ကတော့ နည်းနည်း ဆရာကျ တဲ့ ဆိုဒ်ပါ အဲ့ဒီဆိုဒ်မှာ programmer ,web developer ,Game developer, တခြား အဆင့်မြင့်ပညာရှင်များ တော်တော်များများရှိပါတယ် ။ ဘာလို့ ဆရာကျတယ်လို့ ပြောရတာလဲ ဆိုရင် သူဆီကို သွားဖတ်ရာမှာ တချို့ ပို့စ်တွေကို ကျနော်ကိုယ်တိုင် နားမလည်ပါဘူး ။ ဒါကြောင့် ကျနော်မသိတာဆိုရင် ဆရာကျ တယ်လို့ သုံးလိုက်တာပါ ။ အဲ့ဆိုဒ်ကလည်း ကောင်းပါတယ် နည်းပညာမှ စိတ်ဝင်စားတဲ့သူဆိုရင် ဝင်ဖတ်ပါ သူများပြောထားတာတွေကို လေ့လာပါ ။ ဒါဆိုရင် အကျိုးရှိပါမယ် ။အဲ့ဒီဆိုဒ် လိပ်စာကတော့ www.myanmaritpros.com ပါ …။

နောက် တစ်ခု ထပ်ပြောချင်ပါသေးတယ် .. အဲ့ဆိုဒ်ကတော့  တကယ်ကြိုးစားချင်တဲ့ လူငယ်တွေအတွက် တော်တော်အားတက်စရာပါ .. ဘာလို့လဲဆိုရင် အဲ့ဒီမှာ တကယ် တော်တဲ့ သူတွေရဲ့ ရင်ဖွင့်သံပေါင်း မြောက်များစွာကို အင်တာဗျူးများအနေနဲ့ ဖတ်ရပါလိမ့်မယ် ။ သူတို့က သူတို့ရဲ့ အတွေ့အကြုံတွေကိုတွေကို ချပြရင်း လူငယ်တွေအတွက် ဘယ်လမ်းဟာ ကောင်းသလဲ ဆိုးသလဲ ဆိုတာ ညွှန်ပြထားပါတယ် ။ အဓိက ကတော့ စာများများဖတ်လေ သိလေပါပဲ ။ ဘယ်နေရာ ဘယ်စာပဲဖြစ်ဖြစ်ပေါ့ဗျာ အကျိုးရှိမယ်ထင်တာ ရွေးဖတ်ရင်း တိုးတက်လာကြတာပါ …။ စာပေဟာ တကယ်အကျိုးများပါတယ် ။ အဲ့ဒီဆိုဒ်မှာ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ နည်းပညာအကြောင်းကိုလည်း ဖော်ပြပေးပါတယ် လူငယ်တွေကိုလည်း တွဲခေါ် ပေးပါတယ် .။ ဝင်ရောက်ဖတ်ရှုချင်တယ်ဆိုရင် တော့ www.myanmartutorials.com ပါ။ အဲ့ဒါတွေကတော့ နည်းပညာ လေ့လာချင်တဲ့ လူငယ်တွေအတွက် ဖတ်သင့်တဲ့ ဆိုဒ်တွေပါ …။

နောက်ရှိသေးတယ်ဗျာ အင်တာနက်မှာ ဘာတွေမြန်းမသိဘူး ကိုယ်လည်း ခံရဖုးတယ် သူတို့ ပြောတိုင်းလိုက်လုပ်ဖူးတယ်. ဘယ်လိုတွေမျိုးလဲ ဆိုရင် ဒီအောက်က မက်ဆေ့ပုံစံမျိုးတွေ လိုက်ဖြန့်ကြပါတယ်။ တချို့ကလည်း သေချာမသိဘူး သူများ ဖြန့်လို့သာ လိုက်ဖြန့်ပေးရတာ တကယ်လား အမှန်လားဆိုတာ မသိ ပဲ ပို့ချလိုက်တာပဲ .. အဲ့မှာ မလိုအပ်ပဲ အချိန်တွေကုန်သွားကြပါတယ် သူများလည်း စိတ်ရှုပ်ချင်ရှုပ်မယ် ဒါမျိုးဖြစ်တတ်ပါတယ် ..။ မက်ဆေ့တိုင်းကို မဆိုလိုပါဘူး . ဒါပေမဲ့ ရောက်လာတဲ့ မက်ဆေ့ကိုတော့ စစ်ဆေးစေချင်တယ် ပြီးမှ တကယ်အမှန်ဆိုရင် တခြားတစ်ယောက်ကို ထပ်ပို့ပေးပေါ့ .. ။ ခက်တာက မြန်မာလူမျိုးတွေက စေတနာမှာ တော်တော် ပေါသီးတယ်ဗျာ .. ။ ဘာဟဲ ဆို မလုပ်လိုက်နဲ့ ဖြန့်ပြီးသား :P ။ အဲ့လိုတွေကြောင့် ပြောချင်တာက စဉ်းစားဆင်ခြင်ပါ.. ။ ဥပမာ မက်ဆေ့ မျိုးကတော့ ဒီအောက်က စာမျိုးတွေကိုပါ ….။

ဒီသတင်းဟာယနေ့မနက်တွင်
Microsoftနှင့်Nortonတို့မှပေးပို့လိုက်သောသတင်းဖြစ်ပါသည်။
ကျေးဇူးပြုပြီး ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ သင်တို့ဆီသို့Power Point
Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့်
ချက်ချင်းdeleteလုပ်ပစ်ပါ။ သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏computer secreen တွင်
It is too late now, your life is no longer beautiful ဆိုသည့်စာပေါ်လာပါလိမ့်မယ်။
ထိုအခါသင်၏PCမှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏ အမည်၊ e-mail
နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က
စတင်ခဲ့သော virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကို
အမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။ သည်မေးလ်ကိုချက်ချင်ုးလက်ဆင့်ကမ်းပေးကြပါ။

 

အဲ့လို မက်ဆေ့မျိုးပါ .. ။ ဒါမျိုးကို တကယ်ဟုတ်မဟုတ် စစ်ချင်ရင် အပေါ်မှာ ပြောသွားသလိုပဲ Google search ကိုသာ သုံးကြည့်ပါ .. စောနက မက်ဆေ့မှာပါတဲ့ Power Poing presentation, life is beautiful ဆိုတဲ့ဟာကို ကော်ပီယူပြီး search box မှာ ထည့်  ပြီးရင် Search ကိုနှိပ်ပြီး ရှာလိုက်ရင် သူနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ချပြပါလိမ့်မ် အဲ့ထဲက လင်ကို ထပ်ဝင်ကြည့်လိုက်ရင် တကယ်လား ၊ ကောလ ဟလ လား ဆိုတာ သိသာပါလိမ့်မယ်  Hoax Salayer ဆိုတဲ့ ဆိုဒ်မှာလည်း ဘယ်အရာတွေက သတင်းအမှားတွေပါ ၊ သက်သက်သတင်းလွှင်တာပါ ဆိုပြီး ဖော်ပြပေးထားပါတယ် .. ဝင်ဖတ်ကြည့်ပေါ့ဗျာ ..။ ဒါတွေကတော့ လတ်တလော စိတ်ကူးထဲ ပေါ်လာတဲ့ ပြောချင်တဲ့ အကြောင်းအရာတွေပါ …။ ကိုယ်ကလည်းတတ်လို့ ပြောခြင်းမဟုတ်ပါဘူး ။ ကျနော်ပြောတာတွေထဲမှာလည်း လိုအပ်တာတွေရှိပါတယ် ဒီတော့ ဒီပို့စ်မှာ လိုတာယူ မလိုတာ ချန်ထားပေါ့ဗျာ …။

အင်တာနက်ကို အကျိုးရှိအောင် သုံးဖို့ နည်းလမ်းကတော့ .. အစမှာ ပြောခဲ့သလိုပါပဲ ။ ကိုယ့် စဉ်းစားဥာဏ်နဲ့ ကိုယ်အသိနဲ့   အကျိုးမရှိဘူးထင်တာကို မလုပ်နဲ့ လို့ ပဲ ပြောချင်ပါတယ် ။

အားလုံးပဲ အင်တာနက်သုံးပြီး တိုးတက်ကြပါစေဗျာ …။ မြန်မာပြည်သားများ တိုးတက်ကြပါစေ……………..။

 
ဘာနေ
အင်တာနက်နဲ့ ပတ်သက်လို့ ကျနော့် ဖြတ်သန်းလာတဲ့ အတွေ့အကြုံကို ခုမှစသုံးမဲ့ လူငယ်တွေ အတွက် ပြောပြချင်ပါတယ် .. ဒါကြောင့် Internet ဆိုပြီး ခေါင်းစဉ်တစ်ခုတပ်လိုက်တာပါ. သူ့ရဲ့ အဓိပ္ပါယ် ကတော့ International နဲ့ net ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ .. international ဆိုတာက နိုင်ငံတကာနှင့် သက်ဆိုင်သော ဟု အဓိပ္ပါယ်ရပြီး net ဆိုတာက ကွန်ရက် ဆိုပြီး အဓိပ္ပါယ်ဆောင်ပါတယ် ..
ဒီနှစ်ခု ပေါင်းစပ်ပြီး နိုင်ငံတကာကွန်ရက် ဆိုပြီး သတ်မှတ်ချက်ပါ… အစကတော့ ကျနော်လည်း သိပ်မသိဘူးဗျ ဒီအဓိပ္ပါယ်ကို နောက်မှ ပြန်တွေးကြည့်မှ ဒါကိုပြောတာကိုး ဆိုပြီး သိလိုက်တာ … .. ဟုတ်ပြီ အင်တာနက်ကိုနားလည်ပြီဆိုရင် ပြီးပြီပေါ့ ခေါင်းစဉ်က ကိုက Internet အတွက်ပဲလေ … ။
နောက် ကျနော်တို့ တွေးမိတာပေါ့ အင်တာနက်က ဘယ်လိုကြီးလဲပေါ့ .. ကောင်းကင်ကနေ လာတာလား ဘယ်ကနေ ဒီ Google ဆိုဒ်တွေ ရောက်လာတာလဲ တွေးကြည့်မိဘူးတယ် ဒါပေမဲ့ အတွင်းကျကျ မသိခဲ့ဘူး အမှန်မှာတော့ အင်တာနက်ဆိုတာက နိုင်ငံတကာမှာ ရှိတဲ့ ကွန်ပြူတာတွေကို network cable (ဆက်သွယ်ကြိုး) တွေနဲ့ ချိန်ဆက်ပေးတဲ့ ကွန်ရက် ကြီး ဖြစ်ပါတယ် . ။
သူတို့ဆီမှာ information (သတင်းအချက်အလက်) တွေများလို့ ကိုယ်ကနေ ယူသုံးနေရတဲ့ သဘောပါ ။ အကယ်၍ ကိုယ့်ဆီမှာ သတင်းအချက်အလက်တွေများပြီး တကမ္ဘာလုံးကို ဖြန့်မယ်ဆိုရင်ရော မရဘူးတဲ့လား ဆိုရင် ရပါတယ် .(လိုအပ်ချက်လေးတွေထပ်ဖြည့်ရင်ပေါ့) ။ ဒါအင်တာနက် ရဲ့သဘောပါ ..။
ခုခေတ် စဉ်းစားတတ်တဲ့ လူငယ်တွေ တွေးလာတဲ့ အချက်တစ်ချက်ကတော့ “အင်တာနက်ကို ကောင်းစွာ အကျိုးပြုဖို့ ဘယ်လိုအသုံးချမလဲ” ဆိုတဲ့ အတွေးပါ .. သူတို့လည်း သိသလိုလိုနဲ့ ဝေဝေဝါးဝါးပါပဲ..။ အမှန်တော့ အင်တာနက် ဆိုတာက အကျိုးများစေဖို့ တဘက်နဲ့ တဘက် ပညာတွေ အတွေ့အကြုံတွေ ဖလှယ်တဲ့ သဘောပါ . နောက် လူမှု ကွန်ရက်မှာ လွယ်ကူစွာ ဆွေးနွေးနိုင်ဖို့ Gmail , Gtalk တို့လို ဆက်သွယ်ရေးတွေ ပေါ်ပေါက်လာတာပါ…။
အင်တာနက်ကို အကျိုးရှိစေဖို့ဆိုတာမှာ တစ်ခုပြောချင်ပါတယ် .။ “အကျိုးရှိတာကိုလိုချင်ရင် အကျိုးမရှိစေတဲ့ အလုပ်ကို မလုပ်နဲ့” ဆိုတာပါပဲ…။ ဟုတ်တယ်လေ. ကိုယ်လုပ်နေတဲ့ ဟာက အကျိုးယုတ်တဲ့ အလုပ်ဆိုရင် ဘယ်အကျိုးရှိတာ ဖြစ်လာမလဲ ဒါ စဉ်းစားစရာပါ။ ခုခေတ်အများစုကတော့ .. Gtalk Chatting မှာ အချိန်ကုန်နေတာများပါတယ် (ကျနော်ရောပါပဲ )။ ဘာလို့ အဲ့ဒီမှာ အချိန်ကုန်လဲဆိုရင် အဲ့ဒီကလည်း ကုန်ချင်စရာပါ အပြင်မှာ မတွေ့ဝံ့တဲ့သူတွေကို ချတ်တင်မှာ တွေ့ဝံ့တယ်လေ ပြောဝံ့တယ် ။ အဲ့ဒီသဘောကြောင့် Chatting(အလာပ သလာပ ပြောခြင်း) ကို လူတိုင်းလိုလို စိတ်ဝင်စားနေကြတာပါ ။
တကယ် ပညာလိုချင်သူများအဖို့ အကျိုးရှိစေဖို့ နေရာတွေတော်တော်များများရှိပါတယ် ..။ တချို့က မသိကြသေးတာပါ .. လက်တကမ်းမှာ ရှိနေတာကိုမသိကြတာပါ..။ တချို့ ညီငယ် ညီမငယ်တွေဆိုရင် သူတို့ တစ်ခုခု လိုချင်ရင် ကျနော့်ဆီ လှမ်းပြီး အကူအညီတောင်းပါတယ် ဘယ်လိုပုံစံ ဘယ်သဘောမျိုးပေါ့ … ပြောပြတယ် ကျနော်လည်း ရှာပေးလိုက်ပါတယ် ။ ရှာပေးတယ်ဆိုတာမှာ ကို့ကွန်ပျူတာထဲရှိတာ ရှာပေးရတာမဟုတ်ဘူး သူတို့လည်း သုံးနေတဲ့ အင်တာနက် မှာပဲ ရှာပေးရတာပါ ….။ သူတို့ရှာတာမတွေ့ဘူးလို့လည်း ပြောကြတယ် ကိုယ်ရှာပေးတဲ့ အရာကြတော့ သူတို့မှာ အသုံးဝင်တယ်ဆိုပြီး ကျေးဇူးတင်တဲ့ စကားဆိုကြတယ် ။ ဒီနေရာမှာ လူတစ်ယောက်က ကိုယ့်ကို ကျေးဇူးစကားဆိုခြင်းကို မည်သူမနှစ်သက်ပဲ နေမည်လဲနော်.. ကျနော်နှစ်သက်ပါတယ် ။ ဒါပေမဲ့ ရေရှည်မှာ သူတို့ ကိုယ်အားကို ကိုးချင်တဲ့ စိတ် နည်းသွားမှာစိုးလို့ ဒီပို့စ်ကို ရေးမိတာပါ ။
Search Engine (ရှာဖွေပေးတဲ့ စက်) လို့ခေါ်တဲ့ Google ဆိုက် ဟာ တော်တော် အသုံးဝင်ပါတယ် အသုံးလည်းများပါတယ် ။ ကျနော်တို့ သူ့ကို တော်တော်ကျေးဇူးတင်သင့်ပါတယ် ။ သူက တော်တော်လုပ်ဆောင်ပေးပါတယ် .။ ပြဿနာမှန်သမျှ သတင်း အချက်အလက်မှန်သမျှ သူ အကုန် ဖော်ပြပေးပါတယ် ။ လူငယ်တွေက သူ့ကို ဓါတ်ပုံတွေ ရှာရာလောက်မှာသာ အသုံးဝင်ကြတယ်ထင်နေတာ အမှန်မှာ သူက စွယ်စုံဗျာ.. ဘာရှာရှာ သူ စာရင်းထဲမှာ ရှိတဲ့ဟာ အကုန် ထုတ်ပြတယ် ။
ကိုယ်လိုချင်တဲ့ စကားလုံး အနည်းငယ်ကို Search box (ရှာဖွေရေး ကွက်လပ်) မှာ ရိုက်ထည့်လိုက်ရင် ကိုယ်လိုချင်တဲ့ စကားလုံးနဲ့ သက်ဆိုင်တဲ့ ဆိုဒ်တွေကို သူ အစီအရီချပေးပါလိမ့်မယ် … အကောင်းဆုံး ၊ အတူညီဆုံးလို့ ထင်တဲ့ အရာကို သူက အစမှာ ဖော်ပြပေးပါတယ် ။ ပြောချင်တာကတော့ www.google.com ကို သေချာ သုံးစေချင်ပါတယ် ။
နည်းပညာနဲ့ ပတ်သက်ပြီး သိချင်တဲ့ သူများကိုတော့ ဆိုဒ်အနည်းငယ်ကို ညွှန်းလိုက်ပါမယ် .. ကျနော် ဝင်ဖတ်နေကြမို့ပါ …။ ကျနော်တို့ နည်းပညာကို မြန်မာလို လေ့လာရတာနဲ့ တခြား ဘာသာစကားနဲ့ လေ့လာရတာမှာ ကိုယ့် မိခင်ဘာသာနဲ့ လေ့လာရတာ၊ အတွေ့အကြုံယူရတာက ပိုပြီး ထိရောက် မြန်ဆန်တယ်လို့ ယူဆမိပါတယ် ..။ ဒီတော့ မြန်မာလို ဆိုဒ်တွေကိုပဲ အရင် လေ့လာပါ… ။
ပထမဆုံးဆိုဒ်တစ်ခုကိုပြောပြချင်ပါတယ် သူကတော့ ဆိုဒ်သက်တမ်း ကြာပါပြီ ကျနော် အင်တာနက် ဆိုတာကို မသိခင်ကတည်းက သူရှိနေတာပါ .(ကျနော့်ထက် သူအသက်ကြီးတယ်လို့ ဆိုချင်တယ်ဗျာ :P)။ သူကတော့ www.mysteryzillion.org ဆိုတဲ့ ဆိုဒ်ပါ .. သူ့ထဲမှာ Register ဝင်ပြီးမှလည်း ဖတ်လို့ရသလို မဝင်ပဲနဲ့လည်း ဖတ်လို့ရပါတယ် ။ ဆွေးနွေးတဲ့ အထဲပါရင်တော့ Register(စာရင်း ဝင် ) လုပ်လိုက်ပါ ။ သူ့ထဲမှာ ဆွေးနွေးချက်ကတော့ နည်းပညာနဲ့ ပတ်သက်တာ အကုန်ပါပဲ .. ။ ဗိုင်းရပ်(Virus) ပြဿနာ ၊ ဆော့ဝဲ( software) ပြဿနာ၊ အင်တာနက် ကွန်နက်ရှင်(Internet connection) ပြဿနာ ၊ ဟတ်ဝဲ(Hardware) ပြဿနာ၊ အခြား အခြားသော အကြောင်းအရာများကို သူတို့ ခေါင်းစဉ်အလိုက် လက်ခံဆွေးနွေးကြပါတယ် ။ ခုမှစလေ့လာသူများရော .. အတော်အတန်လေ့လာပြီးသူများရော … ဆရာအဆင့် ပညာရှင်များပါ အဲ့ဒီဆိုဒ်ကြီးမှာ ရှိပါတယ် ..။အဲ့ဆိုဒ်ကတော့ နည်းပညာကိုလေ့လာဖို့မှာ အားလုံးနဲ့ လက်လှမ်းမှီစေတဲ့ ဆိုဒ်ပါ.။
နောက် တစ်ဆိုဒ်ကတော့ နည်းနည်း ဆရာကျ တဲ့ ဆိုဒ်ပါ အဲ့ဒီဆိုဒ်မှာ programmer ,web developer ,Game developer, တခြား အဆင့်မြင့်ပညာရှင်များ တော်တော်များများရှိပါတယ် ။ ဘာလို့ ဆရာကျတယ်လို့ ပြောရတာလဲ ဆိုရင် သူဆီကို သွားဖတ်ရာမှာ တချို့ ပို့စ်တွေကို ကျနော်ကိုယ်တိုင် နားမလည်ပါဘူး ။ ဒါကြောင့် ကျနော်မသိတာဆိုရင် ဆရာကျ တယ်လို့ သုံးလိုက်တာပါ ။ အဲ့ဆိုဒ်ကလည်း ကောင်းပါတယ် နည်းပညာမှ စိတ်ဝင်စားတဲ့သူဆိုရင် ဝင်ဖတ်ပါ သူများပြောထားတာတွေကို လေ့လာပါ ။ ဒါဆိုရင် အကျိုးရှိပါမယ် ။အဲ့ဒီဆိုဒ် လိပ်စာကတော့ www.myanmaritpros.com ပါ …။
နောက် တစ်ခု ထပ်ပြောချင်ပါသေးတယ် .. အဲ့ဆိုဒ်ကတော့ တကယ်ကြိုးစားချင်တဲ့ လူငယ်တွေအတွက် တော်တော်အားတက်စရာပါ .. ဘာလို့လဲဆိုရင် အဲ့ဒီမှာ တကယ် တော်တဲ့ သူတွေရဲ့ ရင်ဖွင့်သံပေါင်း မြောက်များစွာကို အင်တာဗျူးများအနေနဲ့ ဖတ်ရပါလိမ့်မယ် ။ သူတို့က သူတို့ရဲ့ အတွေ့အကြုံတွေကိုတွေကို ချပြရင်း လူငယ်တွေအတွက် ဘယ်လမ်းဟာ ကောင်းသလဲ ဆိုးသလဲ ဆိုတာ ညွှန်ပြထားပါတယ် ။ အဓိက ကတော့ စာများများဖတ်လေ သိလေပါပဲ ။ ဘယ်နေရာ ဘယ်စာပဲဖြစ်ဖြစ်ပေါ့ဗျာ အကျိုးရှိမယ်ထင်တာ ရွေးဖတ်ရင်း တိုးတက်လာကြတာပါ …။ စာပေဟာ တကယ်အကျိုးများပါတယ် ။ အဲ့ဒီဆိုဒ်မှာ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ နည်းပညာအကြောင်းကိုလည်း ဖော်ပြပေးပါတယ် လူငယ်တွေကိုလည်း တွဲခေါ် ပေးပါတယ် .။ ဝင်ရောက်ဖတ်ရှုချင်တယ်ဆိုရင် တော့ www.myanmartutorials.com ပါ။ အဲ့ဒါတွေကတော့ နည်းပညာ လေ့လာချင်တဲ့ လူငယ်တွေအတွက် ဖတ်သင့်တဲ့ ဆိုဒ်တွေပါ …။
နောက်ရှိသေးတယ်ဗျာ အင်တာနက်မှာ ဘာတွေမြန်းမသိဘူး ကိုယ်လည်း ခံရဖုးတယ် သူတို့ ပြောတိုင်းလိုက်လုပ်ဖူးတယ်. ဘယ်လိုတွေမျိုးလဲ ဆိုရင် ဒီအောက်က မက်ဆေ့ပုံစံမျိုးတွေ လိုက်ဖြန့်ကြပါတယ်။ တချို့ကလည်း သေချာမသိဘူး သူများ ဖြန့်လို့သာ လိုက်ဖြန့်ပေးရတာ တကယ်လား အမှန်လားဆိုတာ မသိ ပဲ ပို့ချလိုက်တာပဲ .. အဲ့မှာ မလိုအပ်ပဲ အချိန်တွေကုန်သွားကြပါတယ် သူများလည်း စိတ်ရှုပ်ချင်ရှုပ်မယ် ဒါမျိုးဖြစ်တတ်ပါတယ် ..။ မက်ဆေ့တိုင်းကို မဆိုလိုပါဘူး . ဒါပေမဲ့ ရောက်လာတဲ့ မက်ဆေ့ကိုတော့ စစ်ဆေးစေချင်တယ် ပြီးမှ တကယ်အမှန်ဆိုရင် တခြားတစ်ယောက်ကို ထပ်ပို့ပေးပေါ့ .. ။ ခက်တာက မြန်မာလူမျိုးတွေက စေတနာမှာ တော်တော် ပေါသီးတယ်ဗျာ .. ။ ဘာဟဲ ဆို မလုပ်လိုက်နဲ့ ဖြန့်ပြီးသား ။ အဲ့လိုတွေကြောင့် ပြောချင်တာက စဉ်းစားဆင်ခြင်ပါ.. ။ ဥပမာ မက်ဆေ့ မျိုးကတော့ ဒီအောက်က စာမျိုးတွေကိုပါ ….။
ဒီသတင်းဟာယနေ့မနက်တွင်
Microsoftနှင့်Nortonတို့မှပေးပို့လိုက်သောသတင်းဖြစ်ပါသည်။
ကျေးဇူးပြုပြီး ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ သင်တို့ဆီသို့Power Point
Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့်
ချက်ချင်းdeleteလုပ်ပစ်ပါ။ သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏computer secreen တွင်
It is too late now, your life is no longer beautiful ဆိုသည့်စာပေါ်လာပါလိမ့်မယ်။
ထိုအခါသင်၏PCမှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏ အမည်၊ e-mail
နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က
စတင်ခဲ့သော virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကို
အမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။ သည်မေးလ်ကိုချက်ချင်ုးလက်ဆင့်ကမ်းပေးကြပါ။

အဲ့လို မက်ဆေ့မျိုးပါ .. ။ ဒါမျိုးကို တကယ်ဟုတ်မဟုတ် စစ်ချင်ရင် အပေါ်မှာ ပြောသွားသလိုပဲ Google search ကိုသာ သုံးကြည့်ပါ .. စောနက မက်ဆေ့မှာပါတဲ့ Power Poing presentation, life is beautiful ဆိုတဲ့ဟာကို ကော်ပီယူပြီး search box မှာ ထည့် ပြီးရင် Search ကိုနှိပ်ပြီး ရှာလိုက်ရင် သူနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ချပြပါလိမ့်မ် အဲ့ထဲက လင်ကို ထပ်ဝင်ကြည့်လိုက်ရင် တကယ်လား ၊ ကောလ ဟလ လား ဆိုတာ သိသာပါလိမ့်မယ် Hoax Salayer ဆိုတဲ့ ဆိုဒ်မှာလည်း ဘယ်အရာတွေက သတင်းအမှားတွေပါ ၊ သက်သက်သတင်းလွှင်တာပါ ဆိုပြီး ဖော်ပြပေးထားပါတယ် .. ဝင်ဖတ်ကြည့်ပေါ့ဗျာ ..။ ဒါတွေကတော့ လတ်တလော စိတ်ကူးထဲ ပေါ်လာတဲ့ ပြောချင်တဲ့ အကြောင်းအရာတွေပါ …။ ကိုယ်ကလည်းတတ်လို့ ပြောခြင်းမဟုတ်ပါဘူး ။ ကျနော်ပြောတာတွေထဲမှာလည်း လိုအပ်တာတွေရှိပါတယ် ဒီတော့ ဒီပို့စ်မှာ လိုတာယူ မလိုတာ ချန်ထားပေါ့ဗျာ …။
အင်တာနက်ကို အကျိုးရှိအောင် သုံးဖို့ နည်းလမ်းကတော့ .. အစမှာ ပြောခဲ့သလိုပါပဲ ။ ကိုယ့် စဉ်းစားဥာဏ်နဲ့ ကိုယ်အသိနဲ့ အကျိုးမရှိဘူးထင်တာကို မလုပ်နဲ့ လို့ ပဲ ပြောချင်ပါတယ် ။
အားလုံးပဲ အင်တာနက်သုံးပြီး တိုးတက်ကြပါစေဗျာ …။ မြန်မာပြည်သားများ တိုးတက်ကြပါစေ……………..။

ဘာနေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...