Thursday, April 17, 2014

"""လူငယ်နှင့် စိတ်ဖိစီးမှုပြဿနာ """


‘ကျန်းမာခြင်းသည်လာဘ်တစ်ပါး’ လို့မြတ်စွာဘုရားက ပောာကြားခဲ့သလို ကျန်းမာခြင်းပာာ သက်ရှိ သတ္တဝါတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ ကျန်းမာမှသာ ကိုယ့်လုပ်ငန်းဆောင် တာတွေကို ဆောင်ရွက်နိုင်ပါတယ်။

ကျန်းမာရေးက အသက်အရွယ်အလိုက် မပိုင်းခြား ထားပါဘူး။ လူတိုင်း၊ အရွယ်တိုင်း စောင့်ထိန်းရမှာပါ။ ကျန်းမာရေးမှာလည်း ရုပ်ခန္ဓာကိုယ်ရော။ စိတ်ရောကျန်းမာမှ ကျန်းမာတယ်ဆိုနိုင်မှာပါ။
စိတ်ဖိစီးမှုပာာ မည့်သည်အသက်အရွယ် အပိုင်းအခြားမဆို ရှိနိုင်ပါတယ်။ အထူးသဖြင့် လူငယ်တွေမှာ ပိုရှိနိုင်ပါတယ်။ လူငယ်တွေက စိတ်အားထက်သန်တယ်။ ကြိုးစားလိုစိတ်ရှိတယ်။ စိတ်ထိခိုက်လွယ်တယ်။ ပေါက်ကွဲလွယ် တတ်တယ်။ ပြိုင်ဆိုင်လိုစိတ်ရှိတယ်။
စိတ်ဖိစီးမှု (Stress)က လူငယ်တိုင်းမှာ ရှိပါတယ်။ ခံယူချက်နဲ့ ၄င်းအပေါ် တုံ့ပြန်မှုမှာသာ အနည်းအများ ကွာခြားပါတယ်။ `လောကမှာ အပြိုင်အဆိုင်ရှိမှတိုးတက်မယ်’ ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ‘တန်ဆေးလွန်ဘေး’ ဆိုသလို အလွန်အကျွံ ဖြစ်လာရင်တော့ ဖိအားတစ်ခုက ကိုယ့်အပေါ်မှာ သက်ရောက်လာပါတယ်။
ကျောင်းသားပာာ ကျောင်းစာမေးပွဲအတွက် ပူပန်နေရသလို တက္ကသိုလ်ကျောင်းသားပာာလည်း တစ်နှစ်တစ်တန်း မှန်မှန်အောင်ရေး ပူပန်ရပါတယ်။ အလုပ်ခွင်ထဲမှာလည်း အလုပ်ကိစ္စ အဆင်ပြေဖို့  အတွက် တစ်ဖန်ပူပန်ရ ပြန်ပါတယ်။ ဒါ့အပြင် ဘေးပတ်ဝန်းကျင်ကလည်း တွန်းအားတွေ ပေးလာပြန်ပါတယ်။ ပတ်ဝန်းကျင်နဲ့ အဆင်မပြေမှု၊ လူမှုဆက်ဆံရေး၊ စီးပွားရေး၊ ဘာသာရေး စသည့်တို့မှာ အဆင်မပြေမှုတွေပာာ စိတ်ဖိစီးမှုကို ဖြစ်စေတယ်။ စိတ်ဖိစီးမှုရှိခြင်းပာာ လူကိုကောင်းကျိုးမပေးပါဘူး။ ဆိုးကျိုးတွေပေးနိုင်ပါတယ်။ စိတ်ဖိစီးမှု (Stress)ကြောင့် ကိုယ်လက် မအီမသာ ဖြစ်မယ်၊ ခေါင်းမူး၊ ခေါင်းကိုက်မယ်။ ပျို့အန်မယ်၊ အစာအိမ်ယောင်မယ်၊ အစရှိတာတွေ ဖြစ်နိုင်ပါတယ်။ တစ်ဖန် စိတ်ခံစားမှုဘက် ကြည့်မယ်ဆိုရင်လည်း စိတ်အားငယ်လာမယ်၊ စိတ်ဓါတ်ကျလာမယ်၊ ခဏခဏ ဒေါသထွက်လာမယ်၊ နောက် အိပ်ချိန်၊ အစားအစာချိန် မမှန်ဖြစ်လာမယ်၊ အစရှိတဲ့ လက္ခဏာများ ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့် လူငယ်တွေအဖို့ စိတ်ဖိစီးမှုဒဏ်ကို ဘယ်လိုဖြေဖျောက်မလဲဆိုတာ အလွန်တရာမှ အရေးကြီးပါတယ်။ တစ်ချို့လူငယ်တွေပာာ စိတ်အပန်းဖြေဖို့ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ကွမ်း၊ အခြားသောအရာများကို သုံးစွဲလာတတ်ကြပါတယ်။ ထို့နောက် လိင်အပျော်အပါး မူးယစ်ဆေးဝါးနှင့် အခြားသောဆေးများ စွဲလာကြပါတယ်။ တချို့ကလည်း စိတ်ဖိစီးမှုများပြီး မိမိကိစ္စကို တာဝန်ယူ မဖြေရှင်းနိုင်တဲ့အတွက် စိတ်ကျရောဂါရ (Depression)ရလာပြီး နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်မှု (Suicide) ပါ ဖြစ်သွားတတ်ပါတယ်။ လူငယ်တွေ လမ်းမှားမရောက်အောင် စိတ်ဖိစီးမှုကို ဘယ်လိုလျော့ချမလဲ။ ဒါပာာ အလွန်အရေးပါပါတယ်။ ပထမဆုံး ပြောချင်တာကတော့ (၂၄) နာရီမှာ မိမိကိုယ်ပိုင်အချိန် ထားသင့်တယ်။ အားလပ်ချိန်မှာလည်း မိမိဝါသနာပါရာ အလုပ်တွေကို လုပ်ဆောင်သင့်တယ်။ အိပ်ရေးဝဝအိပ်ပါ၊ အစာစားချိန်ပုံမှန်ထားပါ။
နောက်တစ်ချက်ကတော့ တစ်ယောက်တည်းဖြစ်မနေဖို့ ပါပဲ။ တစ်ယောက်တည်း ရှိနေရင် အထီးကျန်ပြီး တွေးမိတွေးရာ တွေးတတ်ပါတယ်။ မိမိစိတ်ဖိစီးမှုလျော့ပါးအောင် ယုံကြည်ရမည့်သူတစ်ယောက်ကို ခံစားချက် မျှဝေပါ။ အကြံဥာဏ်တောင်းပါ။
မိမိ လုံးဝမဖြေရှင်းနိုင်တဲ့ ကိစ္စအားတစ်ယောက်တည်း ကြိတ်မဖြေရှင်းပါနဲ့ ။ တစ်နေ့တာ ကိုယ်လက်လှုပ်ရှားမူ ပုံမှန်လုပ်ပါ။အားလပ်ရက်များတွင် သူငယ်ချင်းများနဲ့တွေ့ပြီး စကားလက်ဆုံ ပြောပါ။ အတွေ့အကြုံများ မျှဝေပါ။
လူငယ်များ စိတ်ဖိစီးမှုလျော့အောင် ကြိုးစားနိုင်ကြပါစေ။

ဘုန်းမြတ်

"ခေတ်လူများ၏မှတ်စု" လူငယ်စာပေဂျာနယ်၊
အတွဲ(၂)၊ အမှတ်(၁၀)။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...