Tuesday, April 8, 2014

တုတ်ထိုးချိုချဉ် အနုပညာရှင်

( ၁ )
တစ်ခုတစ်ရာ l ဈေးသက်သာနှင့်
အော်ကာထိုင်ရောင်း l ဘာအကြောင်းလဲ
အပေါင်းစပ်စု l ပတ်ဝိုင်းပြုပြီး
လက်မှုတုတ်ထိုး l ရုပ်မျိုးမျိုးကို
လေထိုးမဟုတ် l နှုတ်ဖြင့်မှုတ်ကာ

စုပ်ယူမြိုချ l စားလို့ ရသည့်
ချိုမြရသာ l "ကလေးစာ"တဲ့ ။

( ၂ )
ဝိုင်းအုံကလေး l မြိုတံတွေးနှင့်
လျှာလေးတို့ တို့ l မုန့် ကညှို့ သော်
ခေါင်းယို့ လည်ခါ l နှမြောရှာထင့်
တို့ ကာကြည့်ငေး l မစားသေးတဲ့ ။

( ၃ )


ဒီမှာဦးရီးl မုန့် လုပ်နည်းကို
ထိုင်ပြီးမေးစဉ် l ရယ်ပြုံးရွှင်၍
ချိုချဉ်မုန့် နှစ် l ရယ်ဒီဖြစ်ကို
တုတ်ရစ်ပတ်ခွေ l စေးကပ်စေပြီး
နှုတ်လေတေ့မှုတ် l သဏ္ဌာန်ထုတ်တော့
ပြုလုပ်ရောင်းကုန် l အရုပ်စုံတဲ့ ။

( ၄ )
ဒါနဲ့ ဦးရီး l "ပိပီ"ကြီးကို
ဘယ်နည်းနှင့်မြည်lဘယ်ပုံချည်လဲ
"ဝီစီ"သဘော l သူ့ အပြောက
ကိုင်းတော ကျူရိုး l ခုတ်ယူချိုး၍
လက်ညှိုးနှစ်ဆစ်l ပိုင်းဖြတ်ပစ်က
အဆစ်ပြောင်းပြန်lခေါင်းဖင်လှန်ပြီး
တစ်ဖန်စောင်းဖြတ်lလျှာခင်ညှပ်တဲ့ ။

( ၅ )
တပ်မည့်လျှာခင် l "စလူ"ပင်မှ
ခုတ်သင်အရွက် l မှုတ်မည့်ဖက်တွင်
ဓားချက်ခွဲကာ l ညှပ်လိုက်ပါ၍
တုတ်မှာကပ်ပူး l ချိုချဉ်လူးပြီး
ဖူးဖူးမှုတ်လျှင် l "ပွမ်း"သံစဉ်က
နားဆင်မဆုံး l ကြားသူပြုံးတဲ့ ။

( ၆ )
သြော် . . .
လက်မှုပညာ l တတ်မြောက်စွာက
ဥာဏ ပြုလုပ် l မုန့် ချိုရုပ်သည်
အဟုတ်သက်ဝင် l မြင်သူခင်၍
ကြင်သူတပ်မက် l ပဉ္စလက်၏
ထက်မြက်သညာ l လေးစားစွာတည့်
ဒါ . . . . အနုပညာ ။ ။

နေဘုန်းမိုရ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...