Friday, April 11, 2014

အမျိုးသားတွေအနေနဲ့‬ အမျိုးသမီးတွေကို မပြောသင့်တဲ့ စကားများ

#အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို မပြောသင့်တဲ့ စကားများ

      #အမှတ်မထင်ပဲဖြစ်ဖြစ်၊ သိသိသာသာပဲဖြစ်ဖြစ် ပြောချင်လွန်းလို့ ပြောလိုက်တဲ့ အမျိုးသားတွေရဲ့ စကားတွေထဲမှာ အမျိုးသမီးတွေအတွက် မခံသိမခံသာဖြစ်စေတဲ့ စကားတွေ ပါဝင်နေတတ်ပါတယ်။ ယောင်္ကျား၊ မိန်းမ ခွဲခြားဆက်ဆံတဲ့ စကားမျိုးတွေ၊ နှိမ့်ချပြောဆိုတာမျိုးတွေဟာ ခုလို ခေတ်ကြီးထဲမှာ မရှိသင့်တော့တာမို့ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေအပေါ် မပြောသင့်တဲ့ စကားတွေက ဘာတွေဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။မိန်းမတွေက သိပ်ခံစားလွယ်လွန်းကြတယ်။ (ယောင်္ကျားတွေထဲမှာလည်း နုဖတ်ပြီး ခံစားတတ်လွန်းသူတွေ အများကြီးပါပဲ။

ခံစားလွယ်တာ၊ ခံစားတတ်တာဆိုရင် မိန်းမတွေပဲလို့ တရားသေ သတ်မှတ်လို့ မရဘူးလေ။) ၂။မိန်းကလေးဆိုတော့ ဘယ်လိုလုပ် ကားမောင်းတတ်ပါ့မလဲ။ (ဒါကလည်း အမျိုးသမီးတွေကို နှိမ့်ချလိုက်တာပါပဲ။ ကားမောင်းတတ်တဲ့ အမျိုးသမီးတွေ ယနေ့ခေတ်မှာ ပုံအောနေတာပါပဲ။ အမျိုးသမီးဖြစ်တာနဲ့ ကားမမောင်းတတ်တော့ဘူးလား။)

၃။မိန်းမတွေက နောက်ဆုံးတော့ ချမ်းသာတဲ့သူတွေနောက်ပဲ ပါသွားတာပါပဲ။ (မိန်းမတွေ ငွေမက်တယ်လို့ ပြောချင်တယ်ဆိုရင် ယောင်္ကျားတွေဆိုရင်ရောလို့ ပြန်မေးခွန်းထုတ်ရမှာပါ။ သိမ်းကြုံးပြီး ပြောနေလို့တော့ ဘယ်ဖြစ်မလဲနော်။)

 ၄။မိန်းမတွေက ဘာဖြစ်လို့ အဲ့ဒီလို ကလေကချေတွေဆို ကြိုက်ကြမှန်း မသိဘူး။ (မိန်းမသားတွေဟာ အကောင်းအဆိုးတောင် မခွဲနိုင်တော့ဘူးလို့ ပြောချင်တာလား။စဉ်းစားစရာပါ။)

၅။အလုပ်ထွက်ပြီး ယောင်္ကျားယူမယ်၊ ပြီးရင် အိမ်မှုကိစ္စလုပ်ဖို့ စဉ်စားထားတယ်မလား။ (အမျိုးသမီးတွေက ယောင်္ကျားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စလုပ်နေရမယ့် ခေတ်မဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့လုပ်ကိုင်နိုင်စွမ်းရည်ကို ပြသရမယ့်အချိန်ပါ။)

၆။မင်းက တစ်ခြားမိန်းမတွေနဲ့ မတူဘူး မိုက်တယ်။ (ဒီစကားဟာ ကိုယ့်ကိုမြှောက်ပင့်ပေးလိုက်ပြီး အမျိုးသမီးထုတစ်ခုလုံးကို နှိမ့်ချလိုက်တဲ့ စကားပါ။)

၇။ဒီအသက်နဲ့ ဒီလောက်ကျန်တယ်ဆိုတော့ မဆိုးပါဘူး။ (ဒီလိုစကားမျိုးဟာ လူတစ်ဖက်သားကို သက်သက်မဲ့ စော်ကားရာရောက်သလို နှမသားချင်း မစာမနာ ဝေဖန်ရာလည်း ရောက်နေပြန်ပါတယ်။)

Credit: Trend Myanmar
 
အမှတ်မထင်ပဲဖြစ်ဖြစ်‬၊ သိသိသာသာပဲဖြစ်ဖြစ် ပြောချင်လွန်းလို့ ပြောလိုက်တဲ့ အမျိုးသားတွေရဲ့ စကားတွေထဲမှာ အမျိုးသမီးတွေအတွက် မခံသိမခံသာဖြစ်စေတဲ့ စကားတွေ ပါဝင်နေတတ် ပါတယ်။ ယောင်္ကျား၊ မိန်းမ ခွဲခြားဆက်ဆံတဲ့ စကားမျိုးတွေ၊ နှိမ့်ချပြောဆိုတာမျိုးတွေဟာ ခုလို ခေတ်ကြီးထဲမှာ မရှိသင့်တော့တာမို့
အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေအပေါ် မပြောသင့်တဲ့ စကားတွေက ဘာတွေဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁။မိန်းမတွေက သိပ်ခံစားလွယ်လွန်းကြတယ်။ (ယောင်္ကျားတွေထဲမှာလည်း နုဖတ်ပြီး ခံစားတတ်လွန်းသူတွေ အများကြီးပါပဲ။
ခံစားလွယ်တာ၊ ခံစားတတ်တာဆိုရင် မိန်းမတွေပဲလို့ တရားသေ သတ်မှတ်လို့ မရဘူးလေ။) ၂။မိန်းကလေးဆိုတော့ ဘယ်လိုလုပ် ကားမောင်းတတ်ပါ့မလဲ။ (ဒါကလည်း အမျိုးသမီးတွေကို နှိမ့်ချလိုက်တာပါပဲ။ ကားမောင်းတတ်တဲ့ အမျိုးသမီးတွေ ယနေ့ခေတ်မှာ ပုံအောနေတာပါပဲ။ အမျိုးသမီးဖြစ်တာနဲ့ ကားမမောင်းတတ်တော့ဘူးလား။)
၃။မိန်းမတွေက နောက်ဆုံးတော့ ချမ်းသာတဲ့သူတွေနောက်ပဲ ပါသွားတာပါပဲ။ (မိန်းမတွေ ငွေမက်တယ်လို့ ပြောချင်တယ်ဆိုရင် ယောင်္ကျားတွေဆိုရင်ရောလို့ ပြန်မေးခွန်းထုတ်ရမှာပါ။ သိမ်းကြုံးပြီး ပြောနေလို့တော့ ဘယ်ဖြစ်မလဲနော်။)
၎။မိန်းမတွေက ဘာဖြစ်လို့ အဲ့ဒီလို ကလေကချေတွေဆို ကြိုက်ကြမှန်း မသိဘူး။ (မိန်းမသားတွေဟာ အကောင်းအဆိုးတောင် မခွဲနိုင်တော့ဘူးလို့ ပြောချင်တာလား။စဉ်းစားစရာပါ။)
၅။အလုပ်ထွက်ပြီး ယောင်္ကျားယူမယ်၊ ပြီးရင် အိမ်မှုကိစ္စလုပ်ဖို့ စဉ်စားထားတယ်မလား။ (အမျိုးသမီးတွေက ယောင်္ကျားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စလုပ်နေရမယ့် ခေတ်မဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့လုပ်ကိုင်နိုင်စွမ်းရည်ကို ပြသရမယ့်အချိန်ပါ။)
၆။မင်းက တစ်ခြားမိန်းမတွေနဲ့ မတူဘူး မိုက်တယ်။ (ဒီစကားဟာ ကိုယ့်ကိုမြှောက်ပင့်ပေးလိုက်ပြီး အမျိုးသမီးထုတစ်ခုလုံးကို နှိမ့်ချလိုက်တဲ့ စကားပါ။)
၇။ဒီအသက်နဲ့ ဒီလောက်ကျန်တယ်ဆိုတော့ မဆိုးပါဘူး။ (ဒီလိုစကားမျိုးဟာ လူတစ်ဖက်သားကို သက်သက်မဲ့ စော်ကားရာရောက်သလို နှမသားချင်း မစာမနာ ဝေဖန်ရာလည်း ရောက်နေပြန်ပါတယ်။)
Credit: Trend Myanmar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...