Sunday, April 6, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၄)

သစ်ထူးလွင်


Posted: 06 Apr 2014 06:32 AM PDT
ပြင်သစ်နိုင်ငံ Lorochelle မြို့ကြီး ဘယ့်နှာကြောင့် ပျက်စီးတော်မူခဲ့ပါဘိ သနည်း။ ခြဆိုသော အင်းဆက်ပိုးမွှား တိရစ္ဆာန်တွေက အဆောက်အအုံတွေကို ဖျက်ဆီး ပစ်လိုက်လို့ ပါတဲ့ဗျာရဲ့။ ပြည်ထောင်စု မြန်မာနိုင်ငံမှနိုင်ငံ့ ၀န်ထမ်း အတော်များများ ဘယ့်နှာကြောင့် ပျက်စီးတော် မူနေကြပါသနည်း။ လစာ မလောက်ငှသည်ကို အကြောင်းပြု၍ လာဘ်ပေးလာဘ်ယူ ပြုလုပ်တော်မူကြသဖြင့်  (သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော   အုပ်ချုပ်ပုံကိုြ
Posted: 06 Apr 2014 06:29 AM PDT
ယနေ့မျက်မှောက်ပြုနေရသော မြန်မာနိုင်ငံ၏ “ဒီမိုကရေစီ”ခရီးမှာ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်းဦးထောင်လျက်ရှိသည် မှာ ခရီး၏အစမှာပင်ကြုံတွေ့နေရပါပြီ။ ကသောင်းကနင်းဖြစ်နေသော “အခြေခံဥပဒေ”ပြင်ဆင်ရေးမှာ လမ်းခုလတ် ၌ပင် တုံ့ဆိုင်းနေပါသည်။ မျှော်မှန်းရာပန်းတိုင်ကား အရိပ် အရောင်မျှပင် မမြင်သေး။ စမ်းတ၀ါးဝါး နှင့် ကူးခတ်လူးလွန့်နေရဆဲ။ သို့နှင့် ရွေး ကောက်ပွဲသာနီးကပ်လာသည်။ အစိုးရအဖွဲ့မှာ ခပ်ကွင်းပြင်လို့ ကောင်းတုန်း။
Posted: 06 Apr 2014 03:20 AM PDT
ရန်ကုန်(မဇ္ဈိမ)။ ။ မှော်ဘီမြို့နယ်တွင် မီးရထားလမ်းပေါ် အိပ်နေသူတစ်ဦး ရထားကြိတ်မိသဖြင့် ခြေလက်များ ပြတ်ခဲ့ပြီး အဆိုပါ အမျိုးသားကို မီးရထားဥပဒေဖြင့် အရေးယူရန် ဧပြီ ၅ ရက်တွင် အမှုဖွင့်ထားသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ရထားကြိတ်မှုမှာ ဧပြီ ၄ ရက် ည ၁၀ နာရီဝန်းကျင်က ဖူးကြီး၊ ဝါးနက်ချောင်း ရထားလမ်း မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)အကြားတွင် ရထားသံလမ်းပေါ် အိပ်နေခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မှ
Posted: 06 Apr 2014 03:17 AM PDT
ကွာလာလမ်ပူ၊ ဧပြီ ၆ ပျောက်ဆုံးနေဆဲဖြစ်သော မလေးရှားလေကြောင်းမှ ခရီးစဉ်အမှတ်MH370 သည် မလေးရှားနိုင်ငံ၏ စစ်ဖက်ဆိုင်ရာရေဒါပေါ်မှ ပျောက်ဆုံးသွားခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံလေပိုင်နက်အတွင်း ပျံသန်းခဲ့သေးကြောင်း မလေးရှားမှ အမည်မဖော်သော အကြီးတန်းအရာရှိတစ်ဦးက ယနေ့ပြောကြားကြောင်း CNN သတင်းတစ်ရပ်အရသိရသည်။ အဆိုပါ ဘိုးအင်း ၇၇၇ လေယာဉ်သည် ရေဒါကို တမင်တကာပင် ရှောင်ကွင်းပျံသန်းခဲ့ပုံရကြောင်း
Posted: 06 Apr 2014 03:09 AM PDT
ရန်ကုန်− ရေလိုအပ်ချက်မြင့်မား နေသော လှိုင်သာယာမြို့နယ်တွင် ရေကန်လေးကန်တူးခြင်းနှင့် စက် ရေတွင်းတူးခြင်းအချို့ကို ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ထဲမှ ပြုလုပ်ခဲ့သော်လည်း ယင်းမြို့နယ်ရှိ ရပ်ကွက်များ၌ ရေပြဿနာ ခက်ခဲနေသေးကြောင်းရပ်ကွက်သူ၊ ရပ်ကွက်သားများ ကပြောကြားသည်။ ရန်ပုံငွေကျပ်သိန်း ၁,၀၀၀ ကို ကျောင်းခြံ စည်းရိုးပြင်ခြင်း၊ ကျောင်းအိမ်သာ ပြုပြင်ခြင်း၊ ကျောင်းထိုင်ခုံ အချို့ပြုပြင်ခြင်းနှင့်
Posted: 06 Apr 2014 02:54 AM PDT
နေပြည်တော်သို့ ပြောင်းရွှေ့လာသည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နေအိမ်လိုင်းခန်း မရရှိသည့် အခက်အခဲများဖြစ်ပေါ် လျှက်ရှိ ပါသည်။ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပြောင်းရွှေ့ရောက်ရှိသည့် တပ်ဖွဲ့ဝင်များအတွက် နေအိမ်လိုင်းခန်းများ လောက်ငမှု မရှိသဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်လျှက်ရှိ နေပါသည်။ အချို့တပ်ဖွဲ့ဝင်များသည်နီးစပ်ရာ ရပ်ကွက်များတွင် နေအိမ်ဌားရမ်း နေထိုင်ရသဖြင့် ရရှိသောလစာများအိမ်ဌား စာရိတ်ပေးရသဖြင့်
Posted: 06 Apr 2014 02:48 AM PDT
မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် စာရင်းကောက်နှင့် စာရင်းစစ်တာဝန်အတွက် ဆရာ/ဆရာမ (၅၀၀)ကျော် တာဝန်ပေးစေခိုင်းခဲ့ပါတယ်။ ထိုဆရာ/ဆရာမများအား (၁၇.၃.၂၀၁၄) မှ (၂၂.၃.၂၀၁၄)နေ့အထိ (၆)ရက်ကြာ စာရင်းကောက် စာရင်း စစ်သင်တန်းများ ပေးခဲ့ပါတယ်။ နိုင်ငံတော်မှ သင်တန်း စရိတ်အဖြစ် သင်တန်းသား တစ်ဦးကို (၆၅၀၀)ကျပ် ထောက်ပံ့ပေးသည်ဟု သိရပါတယ်။ သို့သော် ညောင်ဦး
Posted: 06 Apr 2014 02:31 AM PDT
ရန်ကုန်၊ ဧပြီ ၆ ၅.၄.၂၀၁၄ ရက်နေ့ ၁၉၂၀ အချိန် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ အောင်စင်္ကြာလမ်း၊ မ/၉၆၄(က)တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။ ထိုသို့ သွားရောက် စစ်ဆေးရာ အိမ်ရှင် ဒေါ်ရီစန်း၊(၅၇)နှစ်၊ (ဘ)ဦးကျော်ခင်၏ နေအိမ်အပေါ်ထပ် နောက်ဘက် အိမ်ငှားထားရှိသော အခန်းအတွင်းရှိ လျှပ်စစ်မီး ပလပ်ပေါက်နှင့် ဆက်သွယ်ထားသည့် မီးပလပ်ခေါင်းတွင်
Posted: 06 Apr 2014 02:25 AM PDT
ရန်ကုန်၊ ဧပြီ ၅ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒခြောက်ချက်ကို ပြန်လည် ညှိနှိုင်းရန် လိုအပ်ကြောင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။ ဧပြီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ပြုလုပ်သော
Posted: 06 Apr 2014 02:23 AM PDT
တောင်ငူ၊ ဧပြီ ၅ ရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းများတွင် လယ်မြေများအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တစ်ဧက ငွေကျပ် ၃၅၀,၀၀၀ နှုန်းဖြင့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ နစ်နာကြေး ပေးအပ်ခဲ့သောလည်း ဖြူးမြို့နယ်ရှိ လယ်သမားများနှင့် တောင်ငူမြို့နယ် အတွင်းရှိ လယ်သမားအချို့ နစ်နာကြေးငွေ လက်မခံခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက
Posted: 06 Apr 2014 02:21 AM PDT
မြ၀တီမြို့ ကျောက်ခက်ရွာကို ရောက်လာတဲ့ သမီးကလေးကျေးရွာက ဒုက္ခသည်တွေအတွက် ဒီကေဘီအေက နေအိမ်တွေ ဆောက်လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။ သမီးကလေးကျေးရွာသား ၂၀၁ ယောက်ဟာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းမှာ မြ၀တီမြို့ သမဂ္ဂသုခသီရိမြိုင် ဘေးမဲ့ကျောင်းကနေ ဒီကေဘီအေ ထိန်းချုပ်နယ်မြေကျောက်ခက်ကို ထွက်လာပြီး နေ့လည်ပိုင်းမှာ မြ၀တီမြို့နဲ့ ဆုံဆည်းမြိုင်ကြားမှာရှိတဲ့ ကျောက်ခက်ရွာကို ရောက်လာခဲ့ကြပါတယ်။ ကျောက်ခက်ရွာ
Posted: 06 Apr 2014 02:09 AM PDT
မူလရွာတွေကို စစ်တပ်က သိမ်းလိုက်လို့ နေထိုင်လုပ်ကိုင် စားသောက် စရာတွေပျောက်ဆုံးပြီး၊ ကရင်ပြည် နယ်ကျောက်ခက်ရွာကို ရောက်သွားတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေး၊ အင်းပတီး နဲ့ ဒေါ်ကာလီ ရွာ သားတွေကို ဘဝသစ်ပြန်လည်ထူထောင်ရေး အတွက်နေစရာ၊ အလုပ် အကိုင်နဲ့ ကလေးတွေရဲ့ ပညာရေးတွေကူညီမယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ဗိုလ်မှူးကြီး ဆန်းအောင်က RFA ကိုပြောပါတယ်။ လှည်းကူးမြို့နယ်ကနေ
Posted: 06 Apr 2014 02:08 AM PDT
နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ အာဆီယံ ဘဏ္ဏာရေးဝန်ကြီးများ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ လက်ရှိ စီးပွါးရေးဟာ တိုးတက်မှုမြင့်မားနေဆဲဖြစ်ပေမယ့် အမေ ရိကန် ပြည်ထောင် စု ဗဟိုဘဏ်က ပြည်တွင်း စီးပွားရေး နလန်ထူရေးသုံးစွဲငွေ ပမာဏကို အရင်လအတွင်း သိသိသာသာ လျှော့ချလိုက်တဲ့အတွက် အာရှနိုင်ငံတွေ ရဲ့ငွေပင်ငွေရင်းကို အထိနာသွားစေ
Posted: 06 Apr 2014 02:06 AM PDT
အစိုးရတပ်ခမရ(၅၆၇)မှ ဒုတိယ တပ်ရင်းမှူးတစ် ဦးသည် ကေအိုင်အေ၏ ပစ်ခတ်မှု ကြောင့် ဧပြီ ၄ရက်တွင် ကျဆုံး သွားကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ် မန်ဝိန်းကြီး အနီးရှိ မန်ဝိုင်းကျေးရွာ ကေအိုင် အေ ထိန်းချုပ်နယ်မြေသို့ အစိုးရ တပ်ခမရ(၅၆၇)မှ  တပ်ရင်းမှူး ဗိုလ်မှူးမျိုးညွန့်စိုးက ကားဖြင့် ၀င်ရောက်လာသောကြောင့် ရပ်တန့်ပေးရန် တားသော်လည်း မရသည့်အတွက် ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး လက်မောင်းတွင် ထိမှန်ပြီး ကျဆုံး
Posted: 06 Apr 2014 02:01 AM PDT
လှည်းကူးမြို့ပဋိပက္ခတွင် ပါဝင်ခဲ့သူများ၊ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သူများကို ရဲတပ်ဖွဲ့က ဧပြီ ၄ ရက် တစ်ညလုံး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၁၃ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ဧပြီ ၅ ရက်တွင် မြို့အခြေအနေ တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ဒီနေ့မှာ ဘာမှပြဿနာမ ဖြစ်တော့ပါဘူး။ အားလုံးတည်ငြိမ်နေပါပြီ။ ဈေးလည်းပုံမှန်အတိုင်းပြန်ဖွင့်နေပါတယ်’’ ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးခင်မြင့်က
Posted: 06 Apr 2014 01:59 AM PDT
မုံရွာ၊ ဧပြီ ၅ သင်္ကြန်ကာလတွင် ဆိုင်ကယ်များဖြင့် လည်သည့် အလေ့အထ ရှိသော မုံရွာမြို့ပေါ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း အိတ်ဇောဖွင့်နှင့် သရုပ်ပျက် ဆိုင်ကယ်များကို အရှိန်မြှင့် ဖမ်းဆီးသွားမည် ဖြစ်ပြီး သင်္ကြန်ကာလ ပြီးမှသာလျှင် တရားရုံးတင်ပြီး တရားစွဲဆိုပြီးမှသာ ဆိုင်ကယ်များ ပြန်ထုတ်ပေးမည် ဖြစ်ကြောင်း မုံရွာမြို့နယ် ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ “မနှစ်ကတော့
Posted: 06 Apr 2014 01:57 AM PDT
မုံရွာ၊ ဧပြီ ၅ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာတွင် မတ်လ ၂၀ ရက်နေ့က ရွာမြေအနီး ရွှေမျော တိုက်ခြင်းများ ဆက်တိုက် လုပ်ကိုင်မှုကြောင့် ကမ်းပါးပြိုခဲ့ရာ အိမ်သုံးလုံး ပျက်စီးခဲ့ပြီး သားအဖနှစ်ဦး အသက်ဆုံးရှုံး ခဲ့ခြင်းကြောင့် ရွာခံအိမ်ထောင်ဦးစီး ၄၆ ဦး စုပေါင်း လက်မှတ်ရေးထိုး၍ သမ္မတထံ တိုင်ကြားခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။ “ရွာအနီးမှာ ရွှေမျောတွေ ဖောင်ဖွဲ့ပြီးရှာတာ
Posted: 05 Apr 2014 07:14 PM PDT
လှည်းကူးမြို့၊ မြို့မဈေးမှာ မနေ့က ညနေပိုင်းက ခိုက်ရန်ဖြစ်ပွားမှုက စတင်တဲ့ မငြိမ်မသက်မှုအပြီး လူ ၉ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကို ပြောပါတယ်။ သာမန်ခိုက်ရန်ဖြစ်ပွားမှုက စတင်ခဲ့ပေမယ့် အဓိကရုဏ်းပုံစံဖြစ်အောင် လှုံ့ဆော်သူတွေရှိတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ "လှုံ့ဆော်နေတဲ့ လူ ၂ဝ ကျော် အုပ်စုတစ်စုက တောက်လျှောက်ပေါ့နော်၊
Posted: 05 Apr 2014 07:11 PM PDT
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ခံရာမှာ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီလို့ သုံးနှုန်းစရာမလိုပဲ အခြားလူမျိုး ဆိုတဲ့ ကုဒ်နံပါတ် ၉၁၄ ကိုသာထည့်သွင်းပြီး ကောက်ခံနိုင်ဖို့ မနေ့က မောင်တောမြို့နယ်မှာ မွတ်စလင် ပြည်နယ်လွှတ်တော် အမတ်တွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။ အဲ့ဒီ အပေါ် ပြည်နယ်အစိုးရ ဘက်က ပြည်ထောင်စု အစိုးရကိုတင်ပြပြီး ခွင့်ပြုချက်ရပြီးမှသာ
Posted: 05 Apr 2014 07:06 PM PDT
အမေရိကန် ပြည်ထောင်စု တခုလုံးက လက်ရွေးစင် ကျောင်းသားတွေ လာပြိုင်ကြမယ့် နိုင်ငံလုံးအဆင့် Natioanal Spelling Bee စာလုံးပေါင်း ပြိုင်ပွဲကို ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေထဲမှာ အမေရိကန်ရောက် မြန်မာကျောင်းသားလေး တစ်ယောက်လည်း ပါဝင်ပါတယ်။ ဒီကျောင်းသားလေး ကတော့ Indiana ပြည်နယ် Fort Wayne မြို့က Lutheran South Unity School မှာ ၇ တန်းတက်နေတဲ့ မြန်မာကျောင်းသားလေး မောင်လွင်မိုးအောင်ဖြစ်ပါတယ်
Posted: 05 Apr 2014 02:36 PM PDT
ပျောက်နေတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ လိုက်ရှာနေတဲ့ တရုတ်သင်္ဘော တစီးက Ping signal သံကို ကြားနေရတယ်လို့ တရုတ်က ဒီကနေ့ ပြောလိုက်ပါတယ်။ ဒီအသံဟာ ပျောက်နေတဲ့ လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကထုတ်လွှတ်နေတဲ့ အသံဖြစ်နိုင်ပါတယ်။ Signal သံကို တစက္ကန့်မှာ 37.5 KHz တကြိမ် ကြားရတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းက ဖော်ပြပါတယ်။ ဒီကြိမ်နှုန်းဟာေ
Posted: 05 Apr 2014 02:33 PM PDT
ကျောက်ဆည်မြို့နယ်၊ မြင်းစိုင်းမြို့သစ်နေ အသက်(၂၀)အရွယ် မိန်းကလေးကို ဦးလေးလင်မယားက မူဆယ်တွင်အလုပ်ရမည်ဆိုကာ တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သဖြင့် ပြစ်မှုကျုးလွန်သူများအား ဧပြီ ၁ ရက်က ကျောက်ဆည်မြို့မရဲစခန်းက လူကုန်ကူးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။  ဦးလေးလင်မယားက မူ ဆယ်တွင် အလုပ်ရမည်ဟု စည်း ရုံးပြောဆိုပြီး ကြိုတင်ငွေကျပ်နှစ် သိန်းခွဲကို မိခင်ဖြစ်သူအားပေးပြီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။  
Posted: 05 Apr 2014 02:30 PM PDT
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု က တကယ့်အပြောင်းအလဲ တစ်ခုဆီသို့ ဦးတည် နေပါသလား။ ဤမေးခွန်း ကို စစ်အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီ ဘက်ဆီသို့ ဦးလှည့်လာသည့် ၂၀၁၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ စတင်ခဲ့သော အချိန်ကစပြီး   ထပ်ခါထပ်ခါ ကျော့လာနေသည့် မေးခွန်းပင် ဖြစ်သည်။ သုံးနှစ်တာ ကြာမြင့်လာ ချိန်တွင် မြန်မာနိုင်ငံ၏ တိုးတက် မှုအပေါ် သုံးသပ်မှုများက ကွဲပြား နေကြရာ အထူးသဖြင့် သတင်း လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ
Posted: 05 Apr 2014 02:28 PM PDT
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု ဧပြီလ ၃ ရက်နေ့တွင် ငါးရက်မြောက်လေပြီ။ အပြီးသတ် မည်သို့ ဇာတ်ချုပ်မည်ကိုကား အားလုံးက ကြည့်နေသည်။ နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း တစ်ကျော့ပြန်လာသည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် နေရာအချို့တွင် ကောက်၍မရခြင်း၊ အချက်အလက် အချို့ မှားယွင်းစွာ ကောက်ယူခြင်း၊ နေရာအချို့တွင် သန်းခေါင်စာရင်း အကောက်မခံဘဲ ဆန္ဒပြခြင်းတို့နှင့် ကြုံတွေ့နေရသည်။ မတ်လ ၂ ရက်နေ့အထိ လေးရက်ကြာေ
Posted: 05 Apr 2014 02:26 PM PDT
အမေရိကရောက် စင်ကာပူပီအာ (Permanence Residence of Singapore) တစ်ဦးကို အမေရိကန် အမျိုးသမီးကြီး တစ်ဦးက ဘာလူမျိုးလဲ၊ ဘယ်နိုင်ငံကလဲ မေးတော့ မြန်မာလူမျိုး၊ စင်ကာပူနိုင်ငံမှာ နေတယ်လို့ ဖြေလိုက်ပါတယ်။ I am a Burmese, living in Singapore. အဲဒီအမျိုးသမီးက Burmese ဆိုတာ မကြားဖူးပေမယ့် စင်ကာပူကိုတော့ ကြားဖူးပါတယ်။ သူက သြော်...ဟုတ်လား။ ဘားမားဆိုတာ စင်ကာပူနိုင်ငံထဲက ပြည်နယ်တစ်ခုလား ... လို့ ရိုးရိုးလေးြေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...