Friday, April 11, 2014

မြင်သမျှ .. ကြားသမျှ


ဘယ်တိုင်းဘယ်နိုင်ငံမှ ရှိပုံမရပါဘူး။ နွေခေါင်ခေါင်မှာ နှစ်သစ်ကူးတာမျိုးပါ။ ကျွန်တော်သိသမျှ တိုင်းပြည် အတော်များများဟာ အေးချမ်း လှသော ဆောင်းရာသီလို အချိန် မျိုးမှာ နှစ်သစ်ကူးလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံကတော့ ထူးခြားစွာပဲ နွေခေါင်ခေါင်မှာ ပူပူလောင်လောင် အရက်တွေသောက်ပြီး တားမြစ်ထားတဲ့ ရေကိုပ က်ပြီးမှ နှစ်ကူးပါတယ်ခင်ဗျ။

ဒါပေမဲ့ ထူးခြားတာက အခြားအချိန်တွေမှာ ဒီလိုပူတဲ့ အချိန်မှာ နံနက် ၉နာရီက ညနေ ၅ နာရီအထိပူပြင်းလွန်းလို့ ရေမချိုးရဘူး။ အန္တရာယ်ရှိ တယ်လို့ ကြေညာထားပေမယ့် သင်္ကြန်ကာလမှာတော့ ဘယ်လိုဖြစ်ဖြစ် ဘာအန္တရာယ်မှ မရှိတာကလည်း အံ့သြစရာတစ်ခုပါ။
ဒီထက်ပိုထူးဆန်းတာက သင်္ကြန် နေပူပူမှာ ရင်ပူစေတဲ့ အရက်သေ စာ သောက်စားပြီး ရေကစားတာတောင် ဘာဥပါဒ်မှ မဖြစ်ဘူးခင်ဗျ။ ဒါထက် ပိုထူးတာက ကျွန်တော် တို့ မြန်မာလူမျိုးများဟာ အဲဒီလို သင်္ကြန်တွင်းကိုမှ အဲဒီလို ပေးမလုပ်ရင် ထွက်ပေါက်မရှိတော့ဘဲ အားလုံး ရူးသွားကြမလားပဲ။ ဒီလိုမှ ထွက်ပေါက် မပေးရင် တစ်နှစ်လုံး ငုတ်ထားတဲ့ အပူတွေနဲ့ ရူးသွားနိုင်ကြပါတယ်။ ဒါကြောင့် ဘာပဲပြောပြော၊ ဒီ သင်္ကြန်မှာလည်း မူးကြရူးကြပေါ့။
သင်္ကြန်နဲ့ ယာဉ်ကြောပိတ်ဆို့မှု
ဒီနှစ်သင်္ကြန်အတွက် စိတ်ပျက်စရာအကောင်းဆုံး အကြောင်း ဖြစ် ပါလိမ့်မယ်။ ခါတိုင်းနှစ်တွေတောင် မဏ္ဍပ်တစ်ခုရှေ့ ကို နေ ကုန်အောင် ဖြတ်နေရတယ်ဆိုရင် အခု လို မော်တော်ကားတွေ သိပ်သည်းဆများလာတဲ့ ကာလမှာ မော်တော်ကားနဲ့ လည်ဖို့ဆိုတာ အင်မတန်စဉ်းစားစရာပါပဲ။ ဒီကြားထဲ သင်္ကြန်တွင်းမှာ မဖြစ်မနေခရီး သွားရတဲ့ သူတွေအတွက်ဆို ပိုလို့တောင် အသက်တိုနိုင်ပါသေးတယ်။ သင်္ကြန်လည်သူတွေအတွက်ကလည်း ရှိစုမဲ့စု မဏ္ဍပ်သုံးလေးခုမှာ စုပြုံတိုးရင်းနဲ့ပဲ စိတ်ပျက် စရာကောင်းေ လာက်အောင် နေကုန်ကြ မှာ မြင်ယောင်ပါတယ်။ ဒါကြောင့် သင်္ကြန်တွင်းမှာ သွားရေးလာရေး လွယ် ကူဖို့ ဘယ်လိုမျိုးပြင်ဆင်ထားတယ်ဆို တာကလည်း စိတ်ဝင် စား စရာပါ။
CCTV
သင်္ကြန်ကာလမှာ မဏ္ဍပ်တိုင်း CCTV တပ်ဖို့ ထုတ်ပြန်ထားတာ တွေ့ ရပါတယ်။ လုံခြုံရေးအတွက်လို့လည်း ဆိုပါတယ်။ ကောင်းပါတယ်။ တစ်ခုခု သာဖြစ်ခဲ့ရင် CCTV က တစ်ဆင့် ပြန်ကြည့်နိုင်တဲ့အတွက် လုံခြုံရေးအတွက် စိတ်ချရတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ စိတ်မချရတာက ဒီ CCTV တွေက ခွေပြန်မထွက်ဘူးလို့ ပြောနိုင်ရဲ့လား။
ခါတိုင်းဆိုရင်တောင် CCTV ကမဟုတ်ဘဲ ဗီဒီယိုအခွေတွေနဲ့ ကိုးရိုး ကားယားတွေ ဖြစ်နေကြောင်းကို မြင်မြင်နေရတဲ့နောက်၊ အခု CCTV ကနေ အခွေမထွက် ဖူးလို့ရယ်လည်း မပြောနိုင်ပါဘူး။ ဒီတော့ လုံခြုံစေချင် လို့ CCTV တပ်ထားခါမှ မလုံမခြုံပုံ တွေ ပြန်ထွက်လာရင်ရော၊ ဘယ်သူက တာဝန်ယူကြမှာလဲ။
နယ်မှာဆိုင်ကယ်
ခါတိုင်းနှစ်တွေ ကျွန်တော်သင်္ကြန် ဆိုနယ်တစ်ခုခု သွားလေ့ရှိပါတယ်။ အဲဒီမှာအဆိုးဆုံးက ဆိုင်ကယ်တွေပါပဲ။ ဆိုင်ကယ်ဆိုတာ တစ်စီးစနှစ်စီးစ မဟုတ်ပါဘူး။ တချို့ဆို ဆိုင်ကယ် အစီးလေးငါးဆယ်ကို အုပ်စုဖွဲ့ပြီး စီး သွားကြတာပါပဲ။ ပိုဆိုးတာက ဆိုင်ကယ်အုပ်စုတွေဟာ တူညီဝတ်စုံတွေ ဝတ်ထားပြီး တုတ်ဓားလက်နက်တွေကိုယ်စီ ကိုင်ဆောင်ပြီး လမ်းသလားနေကြတာပါပဲ။ တစ်ခုခု ဖြစ်ရင် အဆင်သင့်ပဲဆိုတဲ့ ပုံစံတွေနဲ့ ပေါ့။နောက်ပြီး အခုခေတ်ကလည်း တရုတ်ဆိုင်ကယ်တွေက အလွန်ပေါလှ ပါတယ်။ ပြဿနာမရှိရင် သင်္ကြန်တစ် တွင်းလုံး စီးပြီး ပြဿနာဖြစ်တဲ့အခါ ထားသွားလို့ ရပါတယ်။ ဒါကြောင့် သင်္ကြန်မှာ အရမ်းကာရောပေါများလာတဲ့ ဆိုင်ကယ်တွေနဲ့ အသက်အန္တရာယ် ကို ဘယ်လိုထိန်းချုပ်ကြမှာလဲ။
ဆိုင်ကယ်သမားတွေကလည်း ပျော်တာတော့ ပျော်ပေါ့။ ဒါပေမဲ့ ကိုယ် ကိုယ်တိုင်ရော တခြားသူတွေပါ ဥပါဒ် မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီအတိုင်းတောင် တစ်နေ့တစ်နေ့ ဆိုင်ကယ်ကြောင့် အသေအပျောက် သတင်း နေ့စဉ်လေးငါးဆယ်ခု ကြားနေ ရတယ်ဆိုရင် သင်္ကြန်ကာလ မှာဆို ရင် တော့ ဂရုစိုက်ဖို့ သတိပေးချင်ပါတယ်။
သင်္ကြန်နဲ့အရက်
သင်္ကြန်နဲ့အတူ မခွဲနိုင်မခွာရက် ပါဝင်ပတ်သက်နေတာ ယမကာပါပဲ။ လူတိုင်းနီးပါးဟာ နေပူပူမှာ ရေတွေရွှဲ နေလည်း ယမကာကွဲနေတာ မနည်းလှပါဘူး။ ဒါပေမဲ့လည်း ဂရုစိုက်ဖို့ လိုပါတယ်။ အခုခေတ်ထုတ်တဲ့ အရက်တွေက ဘယ်လိုစံညွှန်း၊ ဘယ်သူတွေက ဘယ်လို ခွင့်ပြုပြီး ထုတ်ထားတယ် မသိနိုင်ပါဘူး။ တံဆိပ်မှာ ရေးထားတဲ့ အယ် ကို ဟောပါဝင်မှုကရော မှန်ရဲ့လားလည်း မသိရပါဘူး။ သင်္ကြန်မှာဆိုရင် ပိုဆိုးပါတယ်။ အရက်အတုကိုမှ ပြန်တုတဲ့ အရက်တွေလှိုင်လှိုင်ကြီး ထွက်ပေါ်လာတော့ မှာဖြစ် ပါ တယ်။ ဒီလို အရက်တွေ သောက်ပြီးသင်္ကြန်မှာ ဘဝမကူးအောင်လည်း ကြိုးစားကြရမှာ အမှန်ပါပဲ။
ခါးပိုက်နှိုက် သတိပြု
နှစ်စဉ်နှစ်တိုင်း သင်္ကြန်ချိန်ဆို ပေါ်ထွက်လာနေကျပါပဲ။ သင်္ကြန်မဏ္ဍပ် လူထူထူမှာ လူကြားထဲတိုးပြီး လုပ်စားနေကျ ဖြစ်ပါတယ်။ အားလုံးကလည်း သိတဲ့အတိုင်း မူးရူးပျော်ပါးနေကြတဲ့အတွက် ကိုယ့်မှာပါတာကို ခဏတော့ မေ့သွားတတ်ကြပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး ခါးပိုက်နှိုက်သမားများက လှုပ်ရှားသွားတော့ တာပါပဲ။ ခက်တာက အဲဒီခါးပိုက်နှိုက်တွေ ဟာ တစ်ယောက်တည်း၊ နှစ်ယောက် တည်းလည်း မဟုတ်ပါဘူး။ အုပ်စုဖွဲ့ပြီး လူကြားထဲ ရောက်နေလေ့ ရှိပါတယ်။ပြဿနာ တစ်ခု တစ် စုံတစ်ရာဖြစ်ရင် အုပ်စုလိုက်ကြီး ပြန်လည်တုံ့ပြန်ပြီး ဒုက္ခ ပေးတတ်တာပါပဲ။
ခါးပိုက်နှိုက်၊ လူဆိုးလူမိုက်တွေဆိုတဲ့အတိုင်း မြင်သမျှ ရမ်းကားတတ်ကြ ပါတယ်။ ဒါကို လည်း လုံခြုံရေးအရ ဘယ်လိုထိန်းချုပ်မယ်ဆိုတာ မသိရနိုင်ပါဘူး။ အဲဒီထက်ပိုဆိုးတာက ဒီလို ရုတ်ရုတ်ဖြစ်ရင် ဘေးနားက ဘာမဆိုင်ညာမဆိုင် ဆွမ်းကြီးဝင်လောင်းဖို့ လက် ယားနေသူများကိုလည်း သတိထားရမှာပါ။ ဒီတော့ ပြဿနာက ကိုယ်လည်း ခါးပိုက်အနှိုက်ခံရသေး။ ကိုယ်လည်း အထုထောင်းခံရသေး ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘာပဲပြောပြောပါ။ ကိုယ့်အန္တရာယ်ကို ကိုယ်တိုင်ပဲ ကာကွယ်ကြရမှာပါ။ သင်္ကြန်မှာ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ပျော်ရွှင်ဖွယ် နှစ်ကူးဖြစ်ကြပါစေ။
အကြည်တော်
@http://www.popularmyanmar.com/
---------------------------------------------------
Popular Myanmar News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...