မြန်မာ့သယံဇာတကျိန်စာ
လက်နက်ဝယ်ယူမှုနှင့် စစ်တပ်တည်ဆောက်မှုအတွက် ဓါတ်ငွေ့ဘဏ္ဍာငွေများ
မြန်မာနိုင်ငံသည် ပြည်ပရန်မရှိသော်လည်း ၁၉၈၈ နှစ်ကတည်းကပင် မြန်မာ့ စစ်တပ်၏ စစ်သားဦးရေးမှာ ယခင်ကထက်မြင့်တက်သွားပြီးယခုအချိန်တွင် ခန့်မှန်းခြေစစ်သားဦရေ ၄၉၂၀၀၀ ဖြင့် ဒေသတွင်းတွင် အကြီးဆုံးသောစစ်တပ်ဖြစ်သည်။ ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုများကို မြန်မာစစ်တပ်မှ
ယနေ့ထိတိုင် ကျူးလွန်နေသည်။ ရေနံနှင့် သဘာဝဓါတ်ငွေ့ ရောင်းချခြင်းမှ ရရှိသည့် ဘဏ္ဍာငွေကြေးများသည်မြန်မာပြည်အတွက် အများဆုံး နိုင်ငံခြား ၀င်ငွေဖြစ်ပြီး ၄င်းငွေများဖြင့် စစ်တပ်ကို ခေတ်မှီလက်နက်များ တပ်ဆင်အသုံးပြုနေသည်။
ဓါတ်ငွေ့ဘဏ္ဍာငွေများကို ပုံအောပြီးရရှိသည်နှင့်တစ်ပြိုင်နက် စစ်တပ်အတွက် သံချပ်ကာကားများ၊တိုက်လေယာဉ်များ၊စစ်သုံးလေယာဉ်များ၊ ရေဒါစနစ်များ၊ မြေပြင်မှဝေဟင်ပစ်ဒုံးကျဉ်များ၊ ဝေဟင်မှ ဝေဟင်ပစ် တာတိုဒုံးကျဉ် စနစ်များကိုဝယ်ယူလာခဲ့သည်။
၂၆ ၁၉၉၈ ခုနှစ် ရတနာဓါတ်ငွေ့သိုက်မှ ဓါတ်ငွေ့များကို ထုတ်လုပ်ပြီး ယင်းဓါတ်ငွေ့များကိုထိုင်းနိုင်ငံသို့တင်ပို့ခ ပေးချေငွေကိုရရှိပြီးနောက် သန်းရွှေစစ်အစိုးရသည် စစ်လက်နက်ပစ္စည်းများကို အချိန် အဟုန်ဖြင့်ဝယ်ယူခဲ့ သည်။ ၎င်းစစ်လက်နက်ပစ္စည်းများအတွက် ဘီလီယံပေါင်းများစွာကို အသုံးပြုပြီး တရုတ်၊ ရုရှား၊ အိန္ဒိယ၊ပါကစ္စတန်၊ မြောက်ကိုးရီးယား၊ ယူကရိန်းနှင့် အစ္စရေးတို့ထံမှ အဆင့်မြင့် ခေတ်မှီလက်နက်များကို မှာယူတင်သွင်းဝယ်ယူ ခဲ့သည်။၂၇ ရတနာဓါတ်ငွေ့ စီမံကိန်းမှ ပထမအရစ် ဒေါ်လာသန်း ၁၀၀ ရရှိပြီးနောက် ရုရှားနိုင်ငံထုတ် MIG 29
ဂျက်တိုက်လေယဉ် ၁၂ စင်းဝယ်ယူခဲ့သည်။၂၈ သန်းရွှေစစ်အစိုးရသည်၂၀၀၇ ခုနှစ် တွင် ၁၀ မီဂါဝပ်ရှိ အနုမြူသုတေသနဓါတ်ပေါင်းဖိုတခု တည်ဆောက်ရန်လည်း ရုရှားနိုင်ငံနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာအစိုးရ ပူးပေါင်းထားသည့် သုံးပွင့်ဆိုင်အဖွဲ့သည် နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူ (၁ဝဝဝဝဝ) ကျော်အတွက် လူသားချင်းစာနာမှုအရေးပေါ် အထောက်အကူအတွက်
ဒေါ်လာသန်းပေါင်း ၆၉၃ ရှာဖွေနေစဉ် စစ်ခေါင်းဆောင်တို့သည် ရုရှားနိုင်ငံမှ ဒေါ်လာ သန်းပေါင်း ၆၃၀ တန်ဖိုးရှိ MIG29 ဂျက်တိုက်လေယဉ် အစီးရေ ၂၀ နှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ၀ယ်ယူခဲ့သည်။
ဓါတ်ငွေ့ဘဏ္ဍာငွေကြေးများကို စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများမှ
ထိမ်းချုပ်ထားသလား
ဦးပိုင်လီမိတက်ခေါ် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (UMEHL) သည်
စစ်တပ်ပိုင် စီပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီး စစ်တပ်၏ ပင်စင်ရန်ပုံငွေများကိုစီ
မံခန့်ခွဲသည်။ ဤဦးပိုင်လီမိတက်ကို ၁၉၉ဝ ခုနှစ်တွင် စစ်တပ်က ဖွဲ့စည်း
ထူထောင်ထားပြီး စစ်အရာရှိများက ဦးစီးဦးဆောင်စီမံခန့်ခွဲနေသည်။ ၁၉၈၈
ကျောင်းသားအရေး တော်ပုံကြီးကို နှိမ်နင်းပြီးသည့်နောက် ဦးပိုင်လီမိတက်
သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော စစ်တပ်ထိမ်းချုပ်သည့် စီးပွားရေးလုပ်င
န်းတစ်ခုဖြစ်လာခဲ့သည်။ ဤဦးပိုင် လီမိတက်ကုမ္ပဏီ၏ အစုရှယ်ယာ (၄၀%)
ကို စစ်ရုံးချုပ်က ပိုင်ဆိုင်ထားပြီး မြန်မာစစ်အစိုးရတွက် အဓိက လက်နက်
မှောင်ခိုတင်သွင်းသူအဖြစ် လူသိများသည်။၃၁ ကျန် ၆၀ ရာခိုင်နှုန်းကို
ဒေသဆိုင်ရာ စစ်တိုင်းများ၊ စစ်တပ်မှ တာဝန်ထမ်းဆောင်ဆဲ အရာရှိကြီး
ငယ်များ၊ စစ်တပ် အဖွဲ့အစည်းပေါင်း ၁၄၆၇ ခု၊ အရာရှိ ၆၀၆၉ ဦးနှင့် အငြိမ်းစား
စစ်တပ် အဖွဲ့အစည်းပေါင်း ၈၉ ခု ကော်မီတီများ က ပိုင်ဆိုင်ထားသည်။၃၂
ရေနံနှင့်သဘာဝဓါတ်ငွေ့ ဘဏ္ဍာငွေများမှာ စစ်အစိုးရ အတွက် အကြီးမားဆုံး
သော ဝင်ငွေလမ်းကြောင်းကြီး တစ်ခုဖြစ်သည့်အားလျှော် စွာ ဦးပိုင်လီမိတက်
သည် ၄င်းရေနံနှင့် သဘာဝဓါတ်ငွေ့များမှ ရရှိသည့်ငွေများဖြင့် မြန်မာစစ်
အစိုးရအတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ပေးနေသည်ဟုခိုင်ခိုင်မာမာယုံ
ကြည်ထားကြသည်။
မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေ၊တူးဖေါ် ထုတ်လုပ်ရောင်းချ
ခြင်းအပါအဝင် တခြားသဘာဝ သယံဇာတကဏ္ဍများကိုလည်း တာဝန်ထမ်း
ဆောင်ဆဲ သို့မဟုတ် စစ်ဗိုလ်ချုပ်ဟောင်းများက ဦးဆောင်နေသည့် နိုင်ငံပိုင်
စီးပွားရေး လုပ်ငန်းများက တာဝန်ယူလုပ်ဆောင်နေသည်။ နိုင်ငံပိုင်ကုမ္ပဏီ
၄၆ ခုသည် ကျွန်းသစ်၊ ကျောက်မျက်၊ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ သတ္တု
တူးဖော်ရေးတို့မှ ရရှိသည့် နိုင်ငံ့အခွန် ဘဏ္ဍာငွေများကို စစ်ခေါင်းဆောင်
များသို့ ပံ့ပိုးပေးနေရသည်။ ၂၀၀၇ ခုနှစ်တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု အုပ်စု၏
အဆိုအရ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကုမ္ပဏီများသည် ဒေါ်လာ (၃) ဘီလီယံ
အကျိုးအမြတ် ရရှိကြောင်း ဖေါ်ပြခဲ့သည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တခြားစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း
တစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ တို့နှစ်ခုသည်
မြန်မာ့၏ အဓိကစီးပွားရေးလုပ်ငန်း ကဏ္ဍများ ဖြစ်သော ကျောက်မျက်
ရတနာတူးဖေါ်ရေး၊ အထည်အလိပ်စက်ရုံများ၊ သစ်ထုပ်လုပ်မှုများ၊
စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများ၊ ကုန်တိုက်၊ ဘဏ်လုပ်ငန်း၊
ဟော်တည်နှင့်ခရီးသွားလာ ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ သံမဏိ
ထုတ်လုပ်မှုလုပ်ငန်း၊ ပို့ဆောင်ရေး လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊
ဘိလပ်မြေလုပ်ငန်း၊ မော်တော်ကား ထုတ် လုပ်မှုလုပ်ငန်း၊ အလှကုန်ပစ္စည်း
ထုပ်လုပ်မှုလုပ်ငန်းနှင့် ကုန်သွယ်မှု လုပ်ငန်း စသည်တို့ကို နှစ်ပေါင်း (၂၀)
ကျော် လုပ်ကိုင်လာခဲ့ကြသည်။၃၅ အဓိကနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများစုသည်
ဤဦးပိုင်လီမိတက်နှင့် ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် ပြည်တွင်းထဲသို့ ဝင်ရောက်
သည်။၃၆ ၁၉၉၉ ခုနှစ်ကတည်းကပင် တည်ထောင်ထားသော ဦးပိုင်
လီမိတက်သည် အကျိုးတူစီးပွားရေးလုပ်ငန်း (၅၀) ကျော်ကို နိုင်ငံခြား
ကုမ္ပဏီများနှင့် ဆက်စပ်လုပ်ကိုင်လာလျက်ရှိသည်။ ယခုအချိန်တွင် ဦးပိုင်လိမိတက်သည် စုစုပေါင်း စီးပွားရေးလုပ်ငန်း ၃၈ ခုကိုပိုင်ဆိုင်ထားပြီး နိုင်ငံခြား ကုမ္ပဏီများနှင့်
အကျိုးတူစီးပွားရေးလုပ်ငန်း ၉ ခုကိုလည်း ထိမ်းထား သည်။၃၇
၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကုမ္ပဏီများ အခွန် ရှောင်ရှားခြင်းကို ထိမ်းချုပ်ရန်အခွန်ဥပဒေကို ထုတ်ပြန်သော်လည်း မြန်မာ့ စီးပွားရေးဦးပိုင်နှင့် အခြားသော အစိုးရပိုင် ကုမ္ပဏီများသည်အခွန် ကင်းလွတ် ခွင့်ရရှိခဲ့ကြပြီး မည်သည့်အခွန်မှ ပေးဆောင်ရန် မလိုအပ်ပေ။

0 comments:
Post a Comment