Friday, April 4, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၄)

သစ်ထူးလွင်


Posted: 04 Apr 2014 07:06 AM PDT
ဒီကေဘီအေ တပ်ဖွဲ့ သယ်ဆောင်လာတဲ့ သမီးလေးရွာသား ဒုက္ခသည်တွေ မြဝတီမြို့ကို ရောက်ခါနီးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဖေါက်လုပ်ဆဲအာရှ လမ်းသစ် နဲ့ လမ်းဟောင်း လမ်းဆုံးကနေ့ သင်္ဃန်းညီနောင် စစ်တပ်ဂိတ်ကို ဖြတ်ရပါအုံးမယ်။ အဲဒီကမှ တဆင့် မြဝတီမြို့ထဲကို ဝင်မှာ ဖြစ်ပါတယ်။ သမီးလေးရွာသားတွေ မြဝတီမြို့ကို ချောမောစွာ ရောက်ပါပြီ၊ အခု လက်ရှိ ဖားခြောက်ကောင် ဘုန်းကြီးကျောင်းရှေ့မှာ ရွာသားတွေ ထမင်းစားနေကြပါတယ်။
Posted: 04 Apr 2014 07:01 AM PDT
ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့၊ မြို့မဈေးအတွင်းတွင် ယနေ့ (၃)နာကျော်က စတင်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာကနေ နေအိမ်တစ်အိမ်အား တိုက်ခိုက်နေမှု ဖြစ်ပွားခဲ့ ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။ လှည်းကူးဈေးမှာ မိုးကာစ ရောင်းချနေသူ ကလေးငယ်တစ်ဦး၏ မျက်လုံးအား ဆိုင်နီးနားချင်း (အစ္စလာမ်ဘာသာဝင်) တစ်ဦးက ကတ်ကြေးဖြင့် ထိုးရာက စပြီး ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။  ကလေးငယ် တိုက်ခိုက်ခံရပြီးနောက်
Posted: 04 Apr 2014 05:43 AM PDT
၂၀၁၄ ခု ဧပြီ ၄ ရက် ဘန်ကောက်မြို့၊ ဘန်ဘော်မြို့တွင် ရခိုင်အလုပ်သမား ဇနီးမောင်နှံ ၂ဦး ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညဥ့်နက်ပိုင်း က နေထိုင်ရာ အခန်းထဲတွင် သတ်ြ ဖတ်ခံခဲ့ရကြောင်း နာရေး ကူညီ နေကြသည့် ရခိုင်ပါတီဝင် များထံမှသိရသည်။ ဘန်ကောက်မြို့၊ အယ်ကချိုင်၇၆ လမ်း၊ တွင်ရှိသော  အလုပ်သမား အဆောင် ဒုတိယထပ် အခန်း(၅) တွင် နေထိုင်ကြသည့် ရခိုင်အလုပ်သမား ဇနီးမောင်နှံနှစ်ဦးတို့သည်  ပြီးခဲ့သည့် တနင်္ဂနွေ့နေ့
Posted: 04 Apr 2014 05:26 AM PDT
ရန်ကုန်၊ ဧပြီ ၂ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ပီသစေရန်အတွက် ထုတ်ပြန်ခဲ့ သည့် ကြေညာချက်များအတွင်း တစ်ဦး တစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တို့၏ ဂုဏ်သိက္ခာ ပျက်ပြား ထိခိုက် စေမည့် သံချပ်ထိုးခြင်း၊ သီဆိုခြင်းများ မပြုလုပ်ရန် ယဉ်ကျေးမှု ၀န်ကြီးဌာနဘက်မှ ကန့်သတ်ချက် အပေါ် သံချပ်သမားများက ဝေဖန်လျက် ရှိသည်။ ဧပြီလ ၁ ရက်နေ့ ညပိုင်းက အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းမှ
Posted: 04 Apr 2014 05:07 AM PDT
လက်ရှိ ထိုင်းအစိုးရကို ထောက်ခံသည့် ထိုင်းနိုင်ငံ အလုပ်သမား ရေးရာ ဝန်ကြီးသည် စီးပွားရေး လုပ်ငန်း ရှင်များအား ဖိအားပေး၍ ဆန္ဒပြရာတွင် လူအင်အား များပြားစေရန် ရွှေ့ပြောင်း မြန်မာလုပ်သားများကို နေ့စားဖြင့် လိုက်လံ ခေါ်ယူ ခိုင်း နေကြောင်း သတင်းရရှိသည်။ အစိုးရကို ထောက်ခံသူများ နှင့် ကန့်ကွက်သူများနှစ်ဖက်လုံးက မြန်မာလုပ်သားများအား နေ့စားဖြင့် ခေါ်ယူနေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းြ
Posted: 04 Apr 2014 05:03 AM PDT
ဒီတစ်ပတ်အားလပ်ရက်မှာ ရန်ကုန်မြို့ကနေ နာရီပိုင်းလောက်သွားရုံနဲ့ ကမ်းခြေတစ်ခုရဲ့အရသာမျိုးနဲ့ အပန်းဖြေနိုင်တဲ့ နေရာတစ်ခုကို ညွှန်ပြချင်ပါတယ်။  ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှာ ရှိတဲ့ ညောင်ချောင်းသာ(ခေါ်)ရန်ကင်း သာ အပန်းဖြေနေရာလေးပါ။ ရန်ကုန်မြို့နဲ့ သိပ်မဝေးလှဘဲ ထူး ဆန်းပြီးသဘာဝအလျောက်ဖြစ် ပေါ်နေတဲ့ အပန်းဖြေနေရာတစ် ခုကို ခံစားရမှာပါ။ ဧရာဝတီမြစ်ရဲ့ မြစ်လက် တက်တစ်ခုဖြစ်တဲ့ ပန်းလှိုင်မြစ်ထဲ မှာ
Posted: 04 Apr 2014 04:56 AM PDT
ဒဂုံအရှေ့ပိုင်းမြို့နယ်တွင် ရည်စားဖြစ်သူက သားမယားပြုကျင့်ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု ဧပြီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ ည ၇ နာရီအချိန်ခန့်တွင် ဒဂုံအရှေ့ပိုင်းမြို့နယ်နေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် အအေးခန်းစက်ရုံမှ အလုပ်ဆင်းပြီးပြန်လာစဉ် အအေးခန်း လမ်းမ အရောက် ရည်စားဖြစ်သူ ဒဂုံရှေ့ပိုင်းမြို့နယ်နေ တင်ဌေး(၂၄ နှစ်)နှင့် တွေ့ရှိခဲ့သည်။ တင်ဌေးက အအေးခန်း ၀န်ထမ်းလိုင်း အနောက်ဖက်ရှိေ
Posted: 04 Apr 2014 04:55 AM PDT
မရမ်းကုန်းမြို့နယ်တွင် ကြောင်စာဝယ်ယူရန်သွားသည့် မိန်းကလေးတစ်ဦး သားမယား ပြုကျင့် ခံရသည်ဆိုကာ တိုင်ကြားမှု ဧပြီလ ၃ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ ဧပြီလ ၂ ရက်နေ့ ည ၇ နာရီ ခွဲအချိန်ခန့်တွင် အသက် ၁၃ နှစ်လေးလ အရွယ် မိန်းကလေး တစ်ဦး ကြောင်စာဝယ်ရန် အိမ်မှ ထွက်သွားခဲ့ပြီးပြန်မလာသာဖြင့် မခင်ဖြစ်သူက လိုက်လံရှာ ဖွေခဲ့သည်။ သမီးဖြစ် သူကိုအိမ်နောက် ဖေးလမ်းကြားတွင်တွေ့ရှိသဖြင့် မေးမြန်းခဲ့ရာ လူမြင် လျင်မှတ်မိသူ
Posted: 04 Apr 2014 04:36 AM PDT
 ရန်ကုန်၊ ဧပြီ ၃ အရက်မူးလဲနေသည့် လူတစ်ဦးကို သွားရောက်ကြည့်ရှု စစ်ဆေးသည့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ အား လူတစ်စုက ၀ိုင်းဝန်းရိုက်နှက်မှု တစ်ခု ဧပြီ ၂ရက် ညဦးပိုင်းက လှိုင်သာယာ မြို့နယ်တွင် ဖြစ်ပွားခဲ့ရာ မြို့နယ်ရဲစခန်းက ဧပြီ ၃ ရက် နံနက်က အမှုဖွင့် စစ်ဆေးနေသည်။ ဧပြီ ၂ ရက် ည ၉ နာရီဝန်းကျင်က လှိုင်သာယာမြို့နယ် (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ရှိနေသည့် ချမ်းငြိမ်းကို (၂၅)နှစ် (ဆယ်အိမ်မှူး)နှ
Posted: 04 Apr 2014 12:01 AM PDT
ပုသိမ်၊ ဧပြီ ၁ ဧရာဝတီတိုင်းဒေသကြီး ဆိပ်ကမ်း အာဏာပိုင်အရာရှိ (ရေ၀န်ကြီး) ဦးကိုကိုနိုင်သည် ရန်ကုန် မြို့နေ သမီးဖြစ် သူ မော်ဒယ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံက နေအိမ်ရှိ အိမ်အကူ ကရင် အမျိုးသမီးငယ်အား ညှဉ်းပန်းနှိပ်စက်ခဲ့ရာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရရှိသည်ကို သိသော်လည်း မိန်းကလေးငယ်၏ မိဘများ အား အကြောင်း မကြားဘဲ ဖုံးကွယ်ထားကာ ပုသိမ်ဆေးရုံ၌ တိတ်တဆိတ် ကုသနေကြာင်း စုံစမ်း သိရှိရသည်။
Posted: 03 Apr 2014 11:56 PM PDT
အိမ်အကူ ကလေးငယ်ကို ဆီပူအိုးထဲ လက်နှစ်ပြီး မတရား ညှဉ်းပန်း နှိပ်စက်ခဲ့သည့် အိမ်ရှင် လင်မယားနှစ်ဦးအား ဧပြီ ၂ ရက်က ပုသိမ်မြို့နယ်မြေ ရဲစခန်းမှ ဗဟန်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်း အမှုဖွင့် အရေးယူခဲ့ကြောင်း သတင်းရရှိသည်။ ဗဟန်းမြို့နယ်၊ ကိုယ့်မင်း ကိုယ့်ချင်းရပ်ကွက်တွင် နေထိုင် သော အဆိုတော် အိမ်ရှင်လင်မ ယားနှစ်ဦးမှာ ၎င်း၏အိမ်ဖော်ဖြစ် သူအသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်အား ဟင်းအိုးတူး၍ ဆီပူအိုးအတွင်း
Posted: 03 Apr 2014 11:43 PM PDT
မန္တလေးက သမိုင်းဝင် အောင်ပင်လယ်ကန် တည်ရှိ တဲ့ နေရာ ကို၊ အာဏာပိုင်တွေ က လူနေအိမ်တွေ နဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင် ခွင့် နေထိုင်ခွင့် တွေ၊ ချထား ပေးနေတဲ့ အပေါ်၊ မန္တလေး ရဲ့ အထင်ကရ ပြယုဂ်တစ်ခု ကို ဆုံးရှုံး ရတော့ မလား ဆိုပြီး၊ ဒေသခံတွေ က စိုးရိမ် နေကြပါတယ်။ အရင်က သဘာဝအင်းကြီးနဲ့ လယ်ယာတွေ ရှိခဲ့ တဲ့ နေရာမှာ၊ လူနေအိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ က အစားထိုး နေရာယူ လာနေပြီ ဖြစ်ပါတယ်။ သဘာဝ အင်းကြီးကို
Posted: 03 Apr 2014 11:41 PM PDT
ကျေးလက်နေ တောင်သူတွေကို အကူအညီတွေ ပေးနိုင်မယ့် Farmer Center တွေ ဖွင့်လှစ်ဖို့ ကိစ္စ နိုင်ငံ တကာ လူမှုရေး အသင်း အဖွဲ့ဖြစ်တဲ့ ကလင်တန် ဖောင်ဒေးရှင်းနဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။ အမေရိကန်အခြေစိုက် ကလင်တန် ဖောင်ဒေးရှင်းက မစ္စတာ Martha E. Brantley ဦးဆောင်တဲ့အဖွဲ့က တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီး Farmer
Posted: 03 Apr 2014 11:32 PM PDT
သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရလို့ ကြွေးကြော်နေတဲ့ အစိုးရအာဏာ ရလာ ခဲ့တာ သုံးနှစ်တိုင်ခဲ့ပါပြီ။ ဒီ သုံးနှစ်အတွင်းမှာ ဘာတွေဆောင် ရွက်ခဲ့ပါသလဲ။ ဘာတွေအောင် မြင်လို့ ဘာတွေမအောင်မြင်ဘူး လဲ။ အခုလက်ရှိ အစိုးရတက်လာ ပြီးနောက် နိုင်ငံသားတွေဘက်က  သူတို့လုပ်တာ ဒီဟာလေးကတော့ မဆိုးဘူး။ ဟိုဟာလေးတွေလုပ် ပေးတာလည်း လူတွေအတွက် အကျိုးရှိလိုက်တာဆိုပြီး ဝမ်းသာ တဲ့အသံတွေ၊ ချီးမွမ်းသံတွေထွက် လာသလား။
Posted: 03 Apr 2014 11:25 PM PDT
ခိုးရာလိုက်ရာမှ ပြန်အပ်သည့် နေ့တွင် ကန်တော့သည်ကို ဖခင်က မခံသောကြောင့် သမီးဖြစ်သူ အဆိပ် သောက် သေဆုံးမှု မှော်ဘီမြို့ နှောကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နှောကုန်းကျေးရွာ ရွာသစ် ကုန်းပိုင်းတွင် ဧပြီ ၁ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူမှာ အသက်(၂၁)နှစ်အရွယ်ရှိကာ ဖခင်က ကန်တော့ မခံသောကြောင့် တရုတ်နိုင်ငံထုတ် ပိုးသတ်ဆေး သောက်၍ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ခြင်း ဖြစ်ကြောင်းေ
Posted: 03 Apr 2014 11:19 PM PDT
ရန်ကုန်၊ ဧပြီ၁ သမ္မတဦးသိန်းစိန်အစိုးရ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် လက်ရှိ တပ်မတော်နှင့် အစိုးရအပေါ် သြဇာ အာဏာ သက်ရောက်လျက်ရှိပြီး နောက်ကွယ်မှ အာဏာရှင်အဖြစ် နိုင်ငံရေး လေ့လာသူများ သတ်မှတ်ခြင်း ခံထားရသော အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေပြည်တော်နေအိမ်သို့လည်း သန်းခေါင် စာရင်းကောက် ယူရေးအဖွဲ့ရောက် ရှိခဲ့ကာ အများပြည်သူကို မေးမြန်းခဲ့သော မေးခွန်း(၄၁)ခု မေးမြန်းခဲ့ပြီး မည်ကဲ့ သို့ ဖြေကြားြ
Posted: 03 Apr 2014 11:14 PM PDT
ရန်ကုန်၊ ဧပြီ ၃ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ၊ ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ကျန်း မာရေး စောင့်ရှောက် ကုသမှု အ၀၀ ကို ပြည်ထောင်စု အစိုးရအဖွဲ့၊ ကျန်းမာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ညွှန်ကြားချက်ဖြင့် မိသားစုထံ ခွင့်ပန်ကာ အစိုးရစရိတ်ဖြင့် လက်ရှိ အထူးကြပ်မတ် ဆေးဝါးကုသရမှု အားလုံးကို တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိကြောင်း ဆရာကြီးဟံသာဝတီ ဦးဝင်းတင်အား အနီးကပ် စောင့်ရှောက်နေသူများက
Posted: 03 Apr 2014 11:11 PM PDT
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအ တွင်း ပြောဆိုခဲ့တဲ့ စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်း မရှိဘူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။ "ဒီပြောဆိုတဲ့စကားတွေကြည့်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို
Posted: 03 Apr 2014 07:54 PM PDT
ကမ္ဘောဒီးယား နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၄ နှစ် အတွင်း မြေယာ အငြင်းပွား မှုတွေကြောင့် ဒုက္ခရောက်ကြရသူ ၅ သိန်းကျော်အထိ ရှိခဲ့တဲ့ အကြောင်း ထင်ရှားတဲ့ ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုက ပြောဆို လိုက်ပါတယ်။ မြေယာသိမ်းမှုတွေဟာ တနိုင်ငံလုံးနီးပါးမှာ ဒီနှစ်ထဲအထိ ဆက်လက် ဖြစ်ပွားနေတဲ့အကြောင်း ကမ္ဘောဒီးယား လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Licadho ကပြောခဲ့တာပါ။ ရွာသားတွေ အချင်းချင်းကြား ဒါမှမဟုတ်ရင်လည်းေ
Posted: 03 Apr 2014 07:42 PM PDT
လှည်းကူးမြို့နယ်တွင် တပ်မတော်ပိုင် မြေနေရာကို ကျူးကျော်သည်ဟု ဆိုကာ အင်အားသုံး နှင်ထုတ်ခံရသော ဒုက္ခသည်ပြည်သူများကို နေရာပေးမည်ဟု ဆိုကာ လွတ်လပ်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA) က ၎င်းတို့ ထိန်းချုပ်နယ်မြေရှိရာ ကရင်ပြည်နယ်သို့ ခေါ်ဆောင်လာရာ လမ်းခုလပ်တွင် ကရင်ပြည်နယ်အခြေစိုက် တပ်မတော်နှင့် ရဲတပ်ဖွဲ့အင်အား ၁၅၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။
Posted: 03 Apr 2014 07:31 PM PDT
မဟာ သင်္ကြန်ကာလ အတွင်း မန္တလေး ဘူတာကြီးမှ ထွက်ခွာမည့် ရထား လမ်းပိုင်း တချို့ကို သင်္ကြန်အကျနေ့မှ အတက်နေ့ (ဧပြီ ၁၄ ရက်မှ ၁၆ရက်) အထိ ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်း မန္တလေး ဘူတာကြီးရထား လက်မှတ်အရောင်းဌာန၌ ထုတ်ပြန် ကြေညာထားသည်။ မန္တလေးမှ ရန်ကုန်သို့ ညနေ ၃ နာရီတွင် ထွက်ခွာသော အမှတ်(၆) အစုန်အမြန်ရထားကိုလည်းကောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် ပြေးဆွဲနေပြီး နံနက် ၄ နာရီခွဲတွင် ထွက်ခွာသည့် အမှတ် ၃၇
Posted: 03 Apr 2014 07:28 PM PDT
မြန်မာနိုင်ငံ ​ရခိုင်ပြည်နယ်မှာ ​နိုင်ငံတကာ အဖွဲ့အစည်းက ​ကူညီထောက်ပံ့ရေး ​လှုပ်ရှားနိုင်မှု ​နည်းလာတဲ့ အတွက် ​လူအယောက်ပေါင်း ​ရှစ်သိန်းလောက် ​ကျန်းမာရေး စောင့်ရှောက်မှု ​မလုံလောက်မှုတွေ ​ကြုံတွေ့နေရတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။ အထူးသဖြင့် ​ရခိုင်ပြည်နယ်က ​ကလေးငယ်တွေဟာ ​သူတို့ရဲ့ ​အသက်ကို ​ကာကွယ်ပေးနိုင်မယ့် ​စောင့်ရှောက်မှုတွေ ​မရရှိကြတော့ဘူးလို့ ​ဆိုပါတယ်။ မကြာသေးခင်ကပဲ ​ရခိုင်ပြည်နယ်မှာရှိနေတဲ့
Posted: 03 Apr 2014 07:15 PM PDT
မြင်းကျားတွေရဲ့ ကိုယ်ပေါ်မှာ အဖြူနဲ့အမည်း အစင်းတွေ ဘာကြောင့် ရှိနေရသလဲ ဆိုတာကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေ ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။ Evolution ဆင့်ကဲဖြစ်စဉ် သီအိုရီအရ ဆိုရင်တော့ တိရစ္ဆာန်တွေဟာ သူတို့ကို အန္တာရာယ်ပေးမယ့် သတ္တ၀ါတွေရဲ့ရန်က ရှောင်ရှားဖို့ ဒါမှမဟုတ် အဖိုနဲ့အမ ဆွဲဆောင်ဖို့ စတဲ့ ဘ၀ရှင်သန် ရပ်တည်နိုင်ရေးအတွက် ခန္ဓာကိုယ်ပုံစံကို ဖန်တီးလေ့ရှိတယ်လို့ ဆိုပါတယ်။
Posted: 03 Apr 2014 07:11 PM PDT
မေလကုန်မှာ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က ဉီးစီး ပြုလုပ် ကျင်းပမယ့် ၁၀၃ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမား ညီလာခံကို တက်ရောက် ဖို့အတွက် အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ကို ရွေးချယ်ရာမှာ အငြင်းပွားစရာ ဖြစ်နေပါတယ်။ အစိုးရအလုပ်သမား ညွှန်ကြားရေးဉီးစီးဌာနက အလုပ်သမား သမဂ္ဂတွေ ဆီကို ဆက်သွယ်ပြီး အလုပ်သမား ကိုယ်စားလှယ်တွေ ပေးဖို့ စာရင်းတောင်းထား ပါတယ်။ အဲဒီအလုပ်သမား သမဂ္ဂတွေထဲမှာ လုပ်ငန်းရှင်တွေက
Posted: 03 Apr 2014 07:08 PM PDT
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ဧပြီလ ၃ ရက်နေ့ မနေ့ကမနက်ပိုင်းက လိုက်ပါသွားကြတဲ့ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်က သမီးလေးကျေးရွာ၊ အင်းမတီးနဲ့ ဒေါ်ကာလီကျေးရွာက မြေယာမဲ့ဒုက္ခသည် သုံးရာကျော်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ထဲ ၀င်ခွင့်မပေးတဲ့အတွက် ဒုက္ခသည်တွေဟာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထဲမှာ ခိုလှုံနေတယ်လို့ သိရပါတယ်။ မြေယာမဲ့ ဒုက္ခသည်တွေဟာ ကျိုက်မရောမြို့နယ်က

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...