Thursday, April 3, 2014

**ငွေမျက်နှာ**


လူတစ်ယောက် ဘဏ်ထဲကိုဝင်လာပြီး ငွေသွင်းဖို့တန်းစီနေတဲ့လူတန်းကြီးနောက်မှာ တန်းစီလိုက်တယ်။
မီနစ်၂၀ လောက်ကြာတော့ စိတ်မရှည်တော့ဘဲ ကောင်တာစာရေးမဆီ တန်းသွားပြီး ပြောတယ်....
"ဟဲ့ကောင်မ...ငါ ငွေသွင်းဖို့စောင့်နေတာကြာလှပြီ၊ သောက်လူတန်းအရှည်ကြီးကို ဆက်မစောင့်နိုင်တော့ဘူး၊"

"လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး ကြမ်းတမ်းတဲ့ စကားတွေ ဒီဘဏ်ထဲမှာ
ပြောလို့မရပါဘူးရှင့်"

"ကောင်းပါပြီဗျာ၊ ဒါဆိုကျေးဇူးပြုပြီး ငါ့ကိုလမ်းညွန်စမ်းပါ၊ ဒီ သောက်ချက်လက်မှတ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ"

"တောင်းပန်ပါတယ် လူကြီးမင်းရှင့်၊ ကျမအဲလို စကားကြမ်းကြမ်းတွေ နားမထောင်နိုင်ပါဘူးရှင့်"

"အာ..ဒီကောင်မ နာတော့မယ်၊ ကဲ ဒါဆိုလဲ နင်တို့ သောက်မန်နေဂျာကို ခေါ်လိုက်စမ်း၊ သူနဲ့ရှင်းမယ်"

မန်နေဂျာရောက်လာပြီး စာရေးမကိုမေးတယ်...

"ဘာဖြစ်သလဲ စာရေးမ"

"ဒီကလုကြီးမင်းက ကျမကို မိုက်ရိုင်းတဲ့စကားတွေနဲ့ လာစော်ကားနေလို့ ဆရာ"

မန်နေဂျာ က...

"ဘာပြသနာများရှိလဲ ခင်ဗျာ၊ ကျနော်ဘာများအကူအညီပေးရမလဲ"

"ငါ့ ဒီသောက်ချက်လက်မှတ်က ငွေကို မင်းတို့ရဲ့သောက်ဘဏ်မှာ အပ်မလို့ကွ"

မန်နေဂျာ မျက်နှာမဲ့သွားတယ်၊ ဒေါသလဲနည်းနည်းထွက်သွားပုံရတယ်...အဲဒီလူလက်ထဲက ချက်လက်မှတ်ကို ဖြတ်ခနဲဆွဲယူပြီး ဖတ်ကြည့်လိုက်တော့...
အပ်ငွေပမာဏ ဒေါ်လာ ၁၅ သန်း တဲ့...
မန်နေဂျာက အဲဒီလူဘက်လှည့်ရင်းပြောတယ်...

"စိတ်မရှိပါနဲ့ခင်ဗျာ၊ ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး.."

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...