ရေလိုကျင့်တာ ကောင်းပါတယ်
ရေက မိုးရာသီမှာဆို သူ့ သဘာဝအတိုင်း မပြောင်းလဲပေမယ့် ဆောင်းရာသီဆို ရေခဲ၊ နွေရာသီဆို ရေခိုး၊ ရေငွေ့ အဖြစ် ပြောင်းလဲတတ်တဲ့
သဘောရှိတယ်။ အခြေအနေ သင့်တော်သလို ပြောင်းလဲနိုင်တဲ့သဘောရှိတယ်။
ရေဟာ နေရာယူရတဲ့ အခြေနေကို မူတည်ပြီး အဆင်ပြေအောင်
နေပေမယ့် ရေဆိုတာ မပြောင်းလဲသွားဘူး။ ဖန်ခွက်ထဲမှာလည်း ရေပဲ၊ သန်ဘူးထဲထည့်လည်း ရေပဲ၊ ပလက်စတစ်အိပ်ထဲလည်း ရေပါပဲ။
ခိုင်ခန့် တဲ့ အတားအဆီးတွေကိုလည်း ရေအဟုန်နဲ့ ဖြိုလှဲနိုင်သလို၊ ကြမ်းတမ်းတဲ့ လျှိုမြောင်တွေကိုလည်း အဆင်ပြေပြေ စီးဝင်နိုင်တယ်။ ပျော့
ပျောင်းသယောင်နဲ့ စွမ်းအင်ကြီးမားတဲ့ အရာလည်း ဖြစ်ပါတယ်။ ရေဟာ လောကတစ်ခုလုံးရဲ့ အစားထိုးမရတဲ့ အဟာရတစ်မျိုးလည်း ဖြစ်ပါတယ်။
လူသားဟာ ရေရဲ့ သဘောတရားကို ကျင့်နိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ သို့ ပေမှ ရေလိုမျိုး မိမိကလည်း အရာရာကို အဆင်ပြေပြေနဲ ဖြတ်
ကျော်သွားနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ရေရဲ့တန်ဖိုးလို မိမိလည်း လူ့ လောကမှာ တန်ဖိုးရှိတဲ့ အဟာရတစ်မျိုးဖြစ်လာလိမ့်မယ်။
ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ သင်ယူနိုင်စရာ၊ အတုယူနိုင်စရာတွေ အများအပြားရှိပါတယ်။ မြင်အောင်မကြည့်တတ်လို့ သာ ကျော်သွားမိကြတာ
ပါ။ မြင်သင့်တာကို မမြင်ဘဲ၊ မမြင်သင့်တာကို မြင်ကြလို့  မတတ်သင့်တာကို တတ်မြောက်ကုန်တာဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ အရာတွေကို မမြင်
တတ်သေးသမျှ တန်ဖိုးရှိအောင် ကျင့်နိုင်သေးမည် မဟုတ်ပါ။
ဘယ်အရွယ်မှာပဲ ဖြစ်ဖြစ် လောကထဲကနေ တစ်ခုခုကိုတော့ သင်ယူနေရတာ ဖြစ်ပါတယ်။ ဒီလိုအချိန်တိုင်းမှာ အမြင်ကနေ သင်လိုက်ရတဲ့ သင်
ခန်းစာတွေဟာလည်း သိပ်အရေးကြီးတယ်။ ဘယ်လို လူတန်းစားဖြစ်ဖြစ် ကိုယ်နဲ့ အဆင်ပြေအောင် နေစေချင်ရင်တော့ မိမိဟာ ရေလိုကျင့်တာ
အကောင်းဆုံးပါပဲ။
True Man
0 comments:
Post a Comment