Wednesday, April 9, 2014

ခြင်ပုံပြင်





အလွန်ကိုနည်းပါးတဲ့ တစ်ပိုင်းတစ်စပါပဲ။ ကျွန်တော်တိုတိုလေးပဲ ပြောနိုင်စွမ်းရှိပါတယ်။

ဥကနေ အကောင်ပေါက်လာပုံပေါ့။ ကျွန်တော်တို့ရဲ့ အသိဉာဏ်တွေ ဘောင်ခတ်မူတစ်ခုထဲ ကျရောက်နေတယ်။ ကျွန်တော်ယုံပါတယ်။
ခြင်လိုသတ္တဝါငယ်အကြောင်းကိုတောင် ပြီးပြည့်စုံတဲ့ ပုံပြင်တစ်ပုဒ်ပြောပြနိုင်တဲ့လူ ဒီကမ္ဘာမှာ
မရှိပါဘူး။

ကျွန်တော်တို့နားတဝဲလည်လည်နဲ့ သွေးစုပ် တဲ့ ခြင်တွေကို သေချာဂရုစိုက်ကြည့်မိကြလား။
သူ့ရဲ့ ဝမ်းဗိုက်က နီနေတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့သွေးတွေကို စုပ်ထားတယ်လေ။


သူတို့ဘာလို့ သွေးစုပ်ပါလိမ့်။ ဟင့်အင်း ခြင်တွေဟာ သွေးကိုစားသုံးတာမဟုတ်ရပါဘူး။
သူတို့က ပန်းတွေဆီကဝတ်ရည်တွေကိုပဲစားသုံးတာပါ။  ဟုတ်တယ်။ ခြင်မတွေ၊
သူတို့ကျွန်တော်တို့ရဲ့ သွေးကိုစုပ်တယ်။ သူ့တာဝန်သူလုပ်တာပါ။ သူ့သားသမီးတွေအဖြစ် ပေါ်ထွက်လာမဲ့
ဥတွေအတွက် လိုအပ်ချက်ကြောင့်ပါ။

ခြင်မဟာ သူ့ဥတွေကိုရေကန်ထဲမှာ ဥချလိုက်တယ်။ ဒါပေမဲ့ ဗရမ်းဗတာမဟုတ်ရပါဘူး။
သူမဟာ သူ့ဥတွေကို သပ်သပ်ရပ်ရပ်
စီရီပြီးညှိလိုက်ပါတယ်။ ဥတွေဟာ ဖောင် (လှေ) တစ်ခုလိုဖြစ်သွားပါတယ်။
ဘာကြောင့် သူမအဲဒီလိုဖောင် (လှေ) ပုံစံ စီရီလိုက်တာလဲ သိလား။
 သူမရဲ့ ဥတွေရေထဲကို လွယ်လွယ်ကူကူ မနစ်မြုပ်သွားစေဖို့ပေါ့။ အဖြူရောင်ဥလေးတွေ။



ဟုတ်တယ်၊ အဖြူရောင် ဥလေးတွေ၊ ဒါပေမဲ့ ဒီဥလေးတွေဟာ ခဏအကြာမှာ အရောင်ပြောင်းသွားတယ်။
ဘာလို့လဲ။ ဒီဥတွေကို အင်းဆက်တွေ၊ ငှက်တွေ တော်ရုံနဲ့ သတိထားမိ မစားသောက်နိုင်အောင်ပေါ့။ (Aquatic Entomology , By Jill Lancaster,
Barbara J. Downe , pg 188)

ဘာကြောင့်လဲ။ ဘာလို့ ဒီအကောင်တောင် မဖြစ်သေးတဲ့ ဥတွေဟာ
သူတို့ရဲ့ အရောင်ကို ပြောင်းပစ်ရမယ်ဆိုတာ ဘာကြောင့်သိနေရတာလဲ။နေဦး၊ ဒါဟာ
ခြင်တစ်ကောင်ရဲ့ စွန့်စားခန်းအစပဲရှိသေးတယ်။
ဒီဥတွေဟာ ခြင်သားလောင်း ပိုးလောက်လမ်းတွေ
အဖြစ်ပြောင်းသွားတယ်။

 တွေ့လား ။ သူတို့ခေါင်းတွေ ရေအောက်ထဲ စိုက်နေတယ်။
ဒါဆို  သူတို့ဘယ်လို အသက်ရှု ကြပါလိမ့်။
သူတို့အတွက်
အသက်ရှုဖို့ ကိရိယာတစ်စုံတစ်ရာရှိကို ရှိရမယ်။
မဟုတ်ရင်၊ ဒီခြင်သားလောင်းလေးတွေ ခြင်ဖြစ်လာတော့မှာမဟုတ်ဘူး။

ဘယ်လိုကိရိယာလဲ။ ဟုတ်တယ်။ ရေအောက်အသက်ရှုပိုက်
(Snorkel) ။



ပိုးလောက်လမ်းတွေ၊ သူတို့မှာ Snorkel (Siphon) ပါဝင်တပ်ဆင်ထားတယ်။
သူတို့ အဲဒါကိုလေထဲရောက်အောင် ထုတ်ထားပြီး အသက်ရှုကြတယ်။

အသက်ရှုယုံနဲ့ ရှင်သန်နိုင်တာမှမဟုတ်ပဲ၊ အစာစားရဦးမယ်။
ပိုးလောက်လမ်း၊ သူတို့ရေအောက်ထဲ လုံးဝဆင်းပြီး
အစာရှာလို့ဘယ်ဖြစ်မလဲ။ အသက်မရှုနိုင်ဖြစ်သွားမှာပေါ့။
ဒုက္ခ။ ဟင့်အင်း၊ သူတို့အတွက် ဒုက္ခမဟုတ်ရပါဘူး။
အသက်ရှုပိုက်ကို ရေအပြင်ဘက်ထုတ်ထားနေစဉ်မှာပဲ အစာကို သူတို့ပါးစပ်ထဲ အော်တိုရောက်လာစေမဲ့
ယန္တရားတပ်ဆင်ထားတာပေါ့။ သူတို့ပါးစပ်မှာ ခိုင်ခန့်တဲ့အမွှေး
(Brush)တွေပါတယ်။
ဒီအမွှေးတွေကို ရိုက်ခတ်လှုပ်ရှားစေတော့ ရေလှိုင်းတွေဖြစ်ပေါ်လာပြီး ဘက်တီးရီးယားတွေနဲ့ အခြားသော စားစရာတွေဟာရေလှိုင်းနဲ့အတူ သူတို့ပါးစပ်ထဲ ရောက်လာတော့တာပေါ့။

အရေးကြီးတဲ့ပြသ၁နာ ရှိလာပြီ။
သူတို့ရဲ့ အသက်ရှုပိုက်ဟာ ရေမျက်နှာပြင်အပေါ်လေထဲမှာ ထားပြီးအသက်ရှုနိုင်တာတော့ဟုတ်ပါပြီ။
တကယ်လို့ ရေလှိုင်းတစ်စုံတစ်ရာကြောင့် အဲဒီပိုက်ထဲ ရေတွေဝင်ကုန်ရင် ဘယ်လိုလုပ်မလဲ။
ဟင့်အင်း၊ ဒီလိုမဖြစ်စေရပါဘူး။ သူတို့ရဲ့ အသက်ရှုပိုက်မှာ ရေတွန်းကန်စွမ်းအား (Hydrophobicity) ရှိတဲ့ အမွှေးတွေတခါတည်းပါဝင်တာပေါ့။
(Aspects of the bionomics ,  By Lennox Chandler, Director  National Council for Science and Technology)

ဘာကြောင့်လဲ။
ဒီခြင်သားလောင်းလေးတွေမှာ ဒီလိုအန္ဓရာယ်ကို ကြိုတင်စဉ်းစားစီမံကာကွယ်နိုင်စွမ်း ဘာကြောင့်
ရှိနေတာလဲ။


ဒီအတောအတွင်းမှာ  ခြင်လေးတွေဟာ သူတို့ရဲ့ အသွင်သဏ္ဍာန်ကို တကယ်အရွယ်ရောက်တဲ့
ခြင်ပုံစံဖြစ်လာအောင် သူ့ကို လွမ်းခြုံထားတဲ့ အကာအကွယ်အိမ် (Cocoon) ထဲမှာ အကြိမ်ကြိမ်ပြောင်းနေကြတယ်။
ဒီအဆင့်ကို Pupal Stage လို့ခေါ်တယ်ပေါ့။


ဒီအကာအကွယ်အိမ်လေးအတွင်းမှာ
သူဟာ ဦးမျှင်တွေ၊ ပါးစပ်၊ ခြေ၊ တောင်ပံစတာတွေနဲ့ ပြည့်စုံပြီး ခြင်အစစ်ဖြစ်လာပါပြီ။
သူဒီအိမ်ထဲကနေ ထွက်ရတော့မယ်။ခုတော့ သူရေပေါ်ရပ်ပြီး ဘဝသစ်စတင်ပြီပေါ့။




သူဟာ ရေပေါ်လမ်းလျှောက်နိုင်ဖို့ သူ့ရဲ့ခြေထောက်တွေမှာ ရေဆန့်ကျင်အားကောင်းမွန်တဲ့ အကြေးခွံတွေပါဝင်နေလေရဲ့။ တရုတ်နိုင်ငံ
Dalian Univeristy of Technology  နဲ့ ကနေဒါနိုင်ငံ  Simon Fraser University က သုတေသနပညာရှင်တွေတွေ့ရှိခဲ့တာပေါ့။
ခြင်ဟာ သူ့ခန္ဓာကိုယ်ထက် ၂၃ဆပိုမိုတဲ့ ဝန်ကိုသယ်ဆောင်ပြီး
ရေပေါ်ရပ်တည်နိုင်ပါသတဲ့။ (American
Physical Society. "Miraculous Mosquito Legs." ScienceDaily.
ScienceDaily, 17 July 2007.)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...