Thursday, April 3, 2014

"ခပ်တိုတိုလေးတွေ"

"ခပ်တိုတိုလေးတွေ"

=======
1. မကြည့်လို့
=======
ခေတ်ဆန်ဆန် အတိုအပြတ်၊ အရှိုက်အဟိုက်၊ အဖော်အလှော်လေး ဝတ်လာတဲ့ အမျိုးသမီးတစ်ယောက် လမ်းလျှောက်လာတယ်။
လမ်းထောင့်တစ်ခုမှာ ရပ်နေတဲ့ ရဲအရာရှိတစ်ယောက်ကို တွေ့တော့ သူက တိုင်တယ်... ...
"ဒီမှာရှင့် ဦးရဲကြီး၊ ဟိုခုံမှာ ထိုင်နေတဲ့လူကို တွေ့လား"
"အင်း... "
"သူ့ကို ဖမ်းလိုက်စမ်းပါရှင်၊ ကျမကို ပြသနာလာရှာနေလို့"
"ငင်... ဘာပြသနာလဲဗျ၊ ကျနော်မြင်လိုက်ပါတယ်၊ သူ့အနားက ခင်ဗျား ဖြတ်လာတော့ သူက တခြားဘက်ကိုတောင် လှည့်နေတာပါ"
"အဲ... အဲလို လှည့်နေတာ ပြသနာပေါ့ရှင့်"

=========
2. အခွင့်ကောင်း
=========
မြို့တော်စည်ပင်အဖွဲ့က ကြေညာချက် ထုတ်ပြန်သွားတယ်... ...

"မိဘပြည်သူများခင်ဗျာ... 
ရေပေးဝေမှု ပြတ်တောက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကော်မတီဝင် လူကြီးများအားလုံး ည ၈နာရီ တီဗီသတင်းကို စောင့်ကြည့်ကြပါတယ်။
အဲဒီမှာ... နောက်နှစ်ရက်နေရင် မိုးသည်းကြီးမည်းကြီးရွာမယ်လို့ မိုး/ဇလ က ကြေညာသွားပါတယ်။
ဒ့ါကြောင့် ဒီအခွင့်အရေးကို လက်လွတ်မခံပဲ မိုးရေကို တဝကြီး ထွက်ချိုးကြပါလို့ စည်ပင်အနေနဲ့ အကြံပြုပါစေ"

============
3. အောင်မြင်ဖို့အတွက်
============
ဘဝမှာ 100% အောင်မြင်ဖို့ဆိုရင်... ...
-ယောက်ျာ်းတွေအတွက် အရည်အချင်းက 100% လိုပါတယ်။
-မိန်းမတွေအတွက် အရည်အချင်းက 4% ပဲ လိုပါတယ်။
 (ကျန်တာက 36-24-36 )

သန်၎ကို-ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...