Thursday, April 17, 2014

`မာဖီ´ အတွေးအခေါ်အကြောင်းတစေ့တစောင်း

မာဖီဗေဒအကြောင်းကို ပြောတော့မယ်ဆိုတော့ ဒီဝါဒ၊ ဒီအတွေးအခေါ်အကြောင်းကို နဲနဲ(သိသလောက်) ပြောပြပေးပါမယ်။ မာဖီဗေဒဟာ ရုတ်တရက်ကြည့်ရင် အဆိုးမြင်ဝါဒလို့ ထင်ချင်စရာပါ။ တကယ်တော့ ဒါဟာ လူသားတွေအတွက် တကယ်ကို လိုအပ်နေတဲ့ အတွေးအခေါ်တွေ။ လူသားတွေ ပြောဆို ခဲ့တဲ့ အတွေ့အကြုံတွေကို စုစည်းတင်ပြထားတာပါ။ သေချာလေ့လာသင့်တဲ့ စိတ်ဝင်စားစရာ အတွေးအခေါ်တစ်ခုပါ။ တကယ်ကို စိတ်ဝင်စားတယ်ဆိုရင် ကော်ပီယူ သွားပြီး အေးအေးဆေးဆေး ဖတ်ပြီးတွေးကြည့်ပါလို့ပြောချင်ပါတယ်။ ဒါမှ ဒီဗေဒရဲ့ အနှစ်ကို မြည်းမိပါလိမ့်မယ် လို့ အကြံပေးပါရစေ။

အပိုင်း(၁)
အထွေထွေ“မာဖီ”ဗေဒ

“မာဖီ”နိယာမ
ဘယ်အရာပဲဖြစ်ဖြစ်မှားနိုင်လို့မှားတာပဲ။

မှန်ကန်ကြောင်းသက်သေပြချက်

1. ဘာမှ ထင်သလို မလွယ်ဘူး။
2. ဖြစ်ပေါ်လာတဲ့ အရာတိုင်းဟာ ထင်ထားတာထက်ပိုပြီး ကြာရှည်တတ်တယ်။
3. မှားယွင်းနိုင်မှုသောင်းခြောက်ထောင်ထဲမှာ မှားနိုင်ချေတစ်ခု ရှိနေတယ်ဆိုရင် အမှားအယွင်းဖြစ်ပြီး အပျက်စီးစေနိုင်ဆုံး ဖြစ်နိုင်ချေတစ်ခုဟာ လက်သည်တရားခံအဖြစ် ရှိနေပေလိမ့်မယ်။
4. မှားနိုင်ချေရှိနိုင်တဲ့ ရိုးရိုးနည်းလမ်းမှာ လမ်းသွယ် ၄ ခုဖြာထွက်နေတာကို ပိုပြီး ပီပီပြင်ပြင် သဘောပေါက်လာလို့ အကြံအစည်တွေ ပိုမိုကောင်းမွန်လာပြီ ဆိုရင်တော့ ပဉ္စမလမ်းသွယ်ဆိုတာက ထင်ထင်ရှားရှား ပေါ်ပေါက်လာလိမ့်မယ်။
5. ဆိုးသထက်ဆိုးလာဖို့ ဖန်တီးလာတဲ့အရာတွေကို ဒီအတိုင်းပဲ ထားရစ်ခဲ့ပေတော့။
6. ကိစ္စတစ်ခုကို ဆောင်ရွက်ဖို့ အစပျိုးတိုင်း သူ့ထက်ဦးစားပေးပြုလုပ်ရမယ့် အရာတစ်ခုကတော့ ရှိစမြဲပဲ။
7. အဖြေတိုင်းက ပုစ္ဆာတွေကို မွေးဖွားပေးတယ်။
8. လူတိုင်းဟာ တစ်မျိုးတစ်ဖုံစီ ရူးနေကြတာမို့ ရူးကြောင်းသက်သေပြဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။
9. သဘာဝကြီးဟာ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးပဲ။


“ဆဲနဲဒစ်စ်” စည်းမျဉ်း
သဘာဝတရား၊ သဘာဝသဘောမှာ ပုန်းကွယ်နေတဲ့ အနာအဆာ ဆိုတာတော့ရှိစမြဲ။

“ဆက်ခ်ျက်တာလိုင်” ရဲ့ သက်သေပြဆိုရိုးစကား

မမှားနိုင်ဘူးလို့ ယူဆထားတဲ့ အရာတိုင်းဟာ မှားနိုင်ပါတယ်။

“ဘလော့ခ်ျ” ရဲ့ မှန်ကန်ကြောင်းသက်သေပြချက်

အရာရာတိုင်းဟာ မှားနိုင်ခြေရှိရင် မှားမှာပဲ။

“လဲအာဟိုင်” နိယာမ
အဆုံးစွန်ဆုံးအမှားကြီး မှားပြီးပြီဆိုရင်တော့ မှန်လာလေ့ရှိတယ်။

“အက်ဒင်ဒစ်” ရဲ့ မာဖီနိယာမကို ချဉ်းကပ်ပုံ
ဘာပဲလုပ်လုပ် မှားနိုင်ခြေဆိုတာက ကုန်းခမ်းသွားတယ်လို့ ဘယ်ရှိပါ့မလဲ။

မြတ်ဆရာဝန်တစ်ဦးရဲ့ နည်းဥပဒေ
ဦးစားပေးရမယ့်ကိစ္စကို ဦးစားပေးရမှာပဲ။ ဒါပေမယ့် ဦးစားပေးရေးမှာ လှေနံဓါးထစ် သတ်မှတ်ထားဖို့ မလိုပါဘူး။

“မာဖီ”ရဲ့ ရှုမြင်ချက်
အမှားမှားအယွင်းယွင်းတွေ ဖြစ်နိုင်တဲ့ကိစ္စတွေကို တွယ်ဖက်ပြီး လိုက်မသွားလေနဲ့။

“အိုတိုးလဲစ်”ရဲ့ မာဖီဗေဒအပေါ်ရှုမြင်ချက်
မာဖီဟာ အကောင်းမြင်ဝါဒီဖြစ်တယ်။

“ချီရှိုလမ်” ရဲ့ ပထမနိယာမ
အဆင်ပြေချောမွေ့နေဆဲမှာပဲ အမှားတစ်စုံတစ်ရာကတော့ ရှိနေတတ်စမြဲ။

မှန်ကန်ကြောင်းသက်သေပြချက်
1. အမှန်တကယ် ပိုမိုဆိုးရွားလာနေတဲ့ ကိစ္စဆိုးတွေနဲ့ တွေ့ကြုံရင်ဆိုင်နေရချိန်မှာ ကိစ္စဆိုးတွေဟာ သေချာပေါက် ဖြစ်ထွန်းလာလိမ့်မယ်။
2. ကောင်းကျိုးအထွေထွေ ဇောင်းပေးနေပြီဆိုရင် အဲဒီ့အကျိုးသုခရိပ်မှာပဲ မွေ့လျော်မနေပဲ တစ်စုံတစ်ရာ ထွန်းသစ်လာအောင် ရှုမြင်မျှော်တွေးထားပါလေ။

“စကောက်ထ်” ရဲ့ ပထမနိယာမ
လုပ်ကိုင်ဆောင်ရွက်ရင်း အမှားဆီဦးတည်နေရင်လည်း ကိစ္စမရှိပါဘူး။ အမှန်ကို တွေးတောရှုမြင်လာနိုင်ကောင်းပါတယ်။

“ဆဲလ်ဗားမန်း”ရဲ့ အဆို
မာဖီနိယာမက မှားလုလုနီးလာပြီဆိုရင်မှားမှာပဲတဲ့။

“ဆော့ဒ်” ရဲ့ ပထမနိယာမ
အလုပ်လုပ်ဖို့ အားထုတ်သူတိုင်းကို သူ့ဝန်းကျင်ရှိ သက်ရှိသက်မဲ့တွေရဲ့ အသိမဲ့စွာ ၀င်ရောက်စွက်ဖက်မှုတွေက နှောင့်နှေးကြန့်ကြာအောင် တားကြဆီးကြလိမ့်မယ်။

“ဆောဒ်” ရဲ့ ဒုတိယနိယာမ
ကိုယ့်ပတ်ဝန်းကျင်အခြေအနေဟာ အနှေးနဲ့အမြန်ဆိုသလို အဆိုးရွားဆုံး ကိစ္စတစ်ရပ်က နှောင်တွယ်ပေါ်ထွန်းလာလေ့ရှိတယ်။

သက်သေပြချက်
ကိုယ့်ဝန်းကျင်အခြေအနေတွေမှာ ပေါက်ပွားရှင်သန်လာတဲ့ အဆိုးရွားဆုံး ကိစ္စတွေကို ကြံကြံခံရင်ဆိုင်နိုင်ရေးအတွက် ဘယ်နည်းစနစ်မဆို ပုံဖေါ်ပြင်ဆင်ထားရမယ်။

“ဆီမွန်”နိယာမ
အတူတကွ ပေါင်းစည်းမှုတိုင်းဟာ အနှေးနဲ့ အမြန်ဆိုသလို တသီးတခြားစီ ကွဲပြားသွားကြမှာပဲ။

“ရူဒင်” နိယာမ
အခက်အခဲတွေကြားမှာ လုံ့လစိုက်ထုတ်ကြသူတွေဟာ လှုပ်ရှားဆောင်ရွက်ပုံ တွေထဲက အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ဖို့ အားပြုလာကြတယ်။ လူအများစုကြီးက အဆိုးရွားဆုံးဖြစ်နိုင်ချေရှိတဲ့ အရာတွေကို ရွေးချယ်ကြလိမ့်မယ်။

“မာဖီ”ရဲ့ အပူပေါက်ကွဲခြင်းနိယာမ
ဖိနှိပ်ခံထားရတဲ့ ကိစ္စတိုင်းဟာ ဆိုးသထက် ဆိုးရွားလာကြတယ်။

“နီခိုးလ်စ်” ရဲ့ စတုထ္ထနိယာမ

ဘယ်အရာမှ အဝေးကို အမြဲထာဝရ ပြေးထွက်မသွားဘူး။

“ဖတ်ဒါ”နိယာမ
အစဘယ်လောက်ကောင်းကောင်း အနှောင်းကျတော့ အဆိုးနဲ့ ဇာတ်သိမ်းတတ်ကြတယ်။
အဆိုးနဲ့ နိဒါန်းပျိုးပြီး ဆိုးသထက်ဆိုးရွားစွာ နိဂုံးချုပ်ရတာလည်း ရှိတတ်တယ်။

“စတော့မေယာ” သီအိုရမ်
လွယ်မယ်ထင်ရင်ခက်ခဲတတ်တယ်။ ခက်မယ်လို့ မှတ်ယူထားရင်တော့ မဖြစ်နိုင်ပါဘူးရယ်လို့ လှလှပပကြီး ရှုတ်ချခံရမှာပဲ။

တရွေ့ရွေ့ပေါက်ကွဲမှုဖြစ်စဉ်ဆိုင်ရာ “ဇိုင်ဗာဂိုင်” မိယာမ

ဘူးထဲမှာ အပြည့်ထည့်ပိတ်ထားတဲ့ တီကောင်တွေကို ဖွင့်ပေးလိုက်ပြီး ပြန်ထည့်မယ်ဆိုရင် ဒီထက်ကြီးတဲ့ဘူးနဲ့မှ ဆံ့တော့မှာပဲ။

“ဇိုင်ဗာဂိုင်” အပေါ် “ကိုင်ဇာ”ရဲ့ရှုမြင်ချက်
ငါးမျှားဖို့ အစီအစဉ်မရှိဘူးဆိုရင် တီကောင်ထည့်ထားတဲ့ဘူးကို ဘယ်တော့မှ မဖွင့်လေနဲ့။

“စတာဂျီအွန်” နိယာမ
ကိစ္စတိုင်းရဲ့ ၉၀%ဟာ အကြမ်းထည်မျှသာပဲဖြစ်တယ်။

ဆွံ့အနေတဲ့ နိယာမ
ကောင်းတယ်လို့ ဖေါ်ပြခံရတဲ့အရာဟာ အဝေးကိုရောက်အောင် လက်လွတ်ထွက်ပြေးသွားလိမ့်မယ်။ ဆိုးတယ်လို့ ဖေါ်ပြလိုက်ရင်တော့ ဆိုးကျိုးတွေ့ဖို့ ဧကန်မုချ ဖန်တီးလာလိမ့်မယ်။

မျှော်လင့်ခြင်းတွေရဲ့ အပေးအယူကင်းတဲ့ နိယာမ
အဆိုးမြင်မျှော်လင့်ခြင်းတွေက ဆိုးကျိုးရလာဒ်တွေကို မွေးဖွားပေးတယ်။
အကောင်းမြင်မျှော်လင့်ခြင်းတွေက ဆိုးကျိုးရလာဒ်တွေကို မွေးဖွားပေးတယ်။

“မာဖီ”နိယာမအပေါ် “နာဂလာ”ရဲ့ ရှုမြင်ချက်
မာဖီနိယာမဆိုတာ မာဖီထမ်းတင်လိုက်တဲ့အရာမဟုတ်ဘူး။ လူတွေက အစဉ်အဆက် လက်ဆင့်ကမ်း မိန့်ဆိုထားသမျှကို ဒီနာမည်တပ်ပြီး သုံးနှုန်းနေကြတာဖြစ်တယ်။

“မာဖီ” နိယာမဆိုင်ရာ “ခွန်” ရဲ့ သက်သေပြချက်
အမှားနှစ်မွှာဆိုတာ တစ်ခိုင်တည်းက အစပျိုးထားတာပဲ။

“မာဖီ” နိယာမဆိုင်ရာ “မက်ခ်ဒေါနယ်”ရဲ့ သက်သေပြချက်
အခြေအနေ ဘယ်လိုပဲပေးလာစေဦးတော့ နောက်ဆက်တွဲဖြစ်ရပ်တွေကပဲ လှုပ်ရှားဆောင်ရွက်ဖို့ ဆုံးဖြတ်ပြဋ္ဌာန်းတယ်။

“မားဟား”နိယာမ
အမှန်ကိုရှေးရှုနေတဲ့ ကိစ္စတွေမို့လို့ပဲ မှားနိုင်ချေရှိနေတယ်။

“မာဖီ” ရဲ့ မရေမရာစည်းမျဉ်း
အမှားပေါ် အမှားဆင့်အောင် ဖန်တီးပြုလုပ်နေချိန်မှာပဲ အမှားဖြစ်အောင် တွန်းပို့နေတဲ့ အရာတွေကို မြင်တွေ့ သိရှိလာရတယ်။



ဆက်ရေးပါဦးမယ်။ မီးပျက်သွားလို့ ဒီထိပဲ ရိုက်လာခဲ့သေးတယ်။ ညဘက်အချိန်လုရိုက်ရတာမို့ နည်းနည်းစီဖတ်နေရတယ်ဆိုရင် သည်းခံပါခင်ဗျာ။ ဒီထဲကနေတွေးမိတာလေးတွေကိုလဲ ဖလှယ်ပါရစေခင်ဗျာ။ ကျွန်တော်တွေးမရသေးတာလေးတွေလဲ အများကြီးရှိနေလို့ပါ။


 http://www.myanmarengineer.org/forums/showthread.php?1581-%E1%80%99%E1%80%AC%E1%80%96%E1%80%AE%C2%B4-%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%80%B8%E1%80%A1%E1%80%B1%E1%80%81%E1%81%9A%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%B1%E1%80%85%E1%80%B7%E1%80%90%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%80%B8 မှ ....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...