တခါက ... (၂)
တစ်ခါတော့ ဆရာကြီးတစ်ယောက်နဲ့ သူ့တပည့်တစ်ယောက်ဟာ တောင်ပေါ်ကို တက်ခဲ့ကြသတဲ့။ တောင်ပေါ်ကနေကြည့်ရင် အလွန်လှပတဲ့ ရှုခင်းတွေကို မြင်တွေ့နိုင်တာမို့ တောင်ပေါ်ကို လူအများအပြားတက်ကြတာပေါ့။
ဆရာကြီးက အသက်ကြီးတာမို့ လမ်းလျှောက်တာ နှေးတယ်။ ဒါကို တပည့်က အားမလိုအားမရနဲ့ " ဆရာကြီးရယ် လမ်းလျှောက်တာ နှေးလိုက်တာ " လို့ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ ဆရာကြီးက လမ်းဘေးမှာ ခဏထိုင်လိုက်တယ်။ ပြီးတော့
" နှေးတာကောင်းပါတယ် ဒါပေမယ့် ရပ်နေတာတော့ မဖြစ်စေနဲ့"
" တစ်ခါတစ်ရံ ငါတို့တွေ ကိုယ့်ရည်မှန်းချက်ကို
လျှောက်လှမ်းနေတဲ့အချိန်မှာ ကိုယ့်လုပ်ရပ်တွေဟာ အလွန်နှေးကွေးပြီး
မထိရောက်ဖူးလို့ ထင်ပြီးတော့ စိတ်ဓါတ်ကျတတ်ကြတယ်။ဒါပေမယ့်
အဲလိုစိတ်ဓါတ်ကျပြီးတော့ ရပ်ပစ်လိုက်စရာမလိုဘူး နှေးတာဟာ
ဘာမှမလုပ်တာထက်စာရင် ပိုကောင်းတယ်။ တစ်နေ့နေ့တော့ ကိုယ့်ရည်မှန်းချက်ကို
ရောက်နိုင်ပါတယ်။
အခုငါတို့ ရပ်ပြီး စကားပြောနေတဲ့ အချိန်မှာ ခုနကလို နှေးနှေးနဲ့ပဲ ဆက်သွားရင်တောင အခုဆို ပေ ၂၀ အကွာလောက်ရောက်နေလောက်ပြီကွ"
မောင်စိုင်း
www.kanaung.net
အခုငါတို့ ရပ်ပြီး စကားပြောနေတဲ့ အချိန်မှာ ခုနကလို နှေးနှေးနဲ့ပဲ ဆက်သွားရင်တောင အခုဆို ပေ ၂၀ အကွာလောက်ရောက်နေလောက်ပြီကွ"
မောင်စိုင်း
www.kanaung.net
0 comments:
Post a Comment