Monday, April 14, 2014

တခါက (၄)


တခါကမြစ်ကမ်းဘေးရွာတရွာမှာ ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ ဂျိုးဇက်လို့အမည်ရတဲ့ အဘတယောက်ရှိပါတယ်.. သူဟာတဦးတည်း ရွာလယ်က အိမ်လေးမှာနေပါတယ်.. အချိန်ရနိုင်သလောက် ဘုရားသခင်ဆီမှာ ဆုတောင်း နေတတ်သူပါ..
တနေ့တော့ ဂျိုးဇက်တို့နေတဲ့ရွာအပေါ်ဘက်က ဆည်တမံမလုံတော့တာမို့ မြစ်ရေကြီးမယ့် အထူးသတင်း ထုတ်ပြန်ချက် ထုတ်ပါတယ်.. ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ရွာထဲမှာ လိုက်ဆော်သြောပြီး ရွာသားတွေကို ဘေးလွတ်ရာ ကူညီရွေ့ပြောင်းပေးပါတယ်... ဂျိုးဇက်ဆီကိုလည်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးဟာ ကူညီပေးဖို့ရောက်လာပါတယ်..
-
အဘရေ..ပစ္စည်းလေးတွေ သိမ်းပြီး ရွေ့ပြောင်းကြရအောင်.. မကြာခင်ဆည်ပွင့်သွားရင် ရွာကိုရေမြုပ်လိမ့်မယ်
-
မလိုပါဘူးကွာ.. ငါ့မှာဘုရားသခင်ရှိတယ်.. ငါ့ကို ဘုရားသခင် စောင့်ရှောက် ကယ်တင်လိမ့်မယ်လို့ ငါယုံတယ်..
-
ဒီလိုနဲ့ ကယ်ဆယ်ရေးတွေထွက်သွားပြီး မကြာခင်ရွာထဲကိုရေတွေ ၀င်လာတယ်.. ဂျိုးဇက်ကတော့ ဘုရားသခင် သူ့ကိုလာရောက်ကယ်တင်ဖို့ ဆုတောင်းနေပါတယ်.. ရေဟာဒူးဆစ်လောက်မြုပ်လာချိန်မှာ ရွာထဲကို ကယ်ဆယ်ရေးက ဂျစ်ကားတစီးဝင်လာပြီး ကယ်ဆယ်စရာ ကျန်မကျန် လိုက်ကြည့်ပါတယ်.. ဂျိုးဇက်ကိုတွေ့တော့ လိုက်ခဲ့ဖို့ အတင်းခေါ်ပါတယ်.. ဂျိုးဇက်ကလည်း ရှေးနည်းအတိုင်းဘဲ ဘုရားသခင် လာကယ်လိမ့်မယ် ဆိုပြီး ငြင်းလိုက်ပါတယ်.. ဒီလိုနဲ့ ရေတွေဟာ ရင်စို့လောက်မြင့်လာချိန်မှာ ကယ်ဆယ်ရေးကလှေတစီး ရွာထဲဝင်လာပါတယ်.. ဂျိုးဇက်ကို လာခေါ်တော့ ထုံးစံအတိုင်း ငြင်းပါတယ်.. ဂျိုးဇက်ဟာ ပိုပြီးပြင်းပြင်းထန်ထန် ယုံကြည်စွာနဲ့ ဆုတောင်းပါတယ်.. ဒီလိုနဲ့ ရေတွေ အိမ်လုံးမြုပ်လာလို့ ဂျိုးဇက်ခမျာ ခေါင်မိုးပေါ်တက်ပြီး ဘုရားသခင် အမြန်လာရောက်ကယ်တင်ဖို့ ဆက်ဆုတောင်းပါတယ်.. ဒီအချိန်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစီးဟာ ရေမြုပ်ဧရိယာတွေ ပတ်ကြည့်ရင်း ဂျိုးဇက်ကို တွေ့လို့ ခေါင်မိုးပေါ် ကြိုးလှေကားချပေးပါတယ်.. ဒါပေမယ့် ဘုရားသခင် ကိုယ်တော်တိုင် လာကယ်ဖို့ စောင့်မျှော်နေတဲ့ ဂျိုးဇက်ကတော့ ခေါင်းသာ တွင်တွင်ခါပြီး မလိုက်သွားပါဘူး.. နောက်ဆုံးရေတွေတက်လာလိုက်တာ ဂျိုးဇက် ရေနစ်သေဆုံး သွားပါတယ်.. ကောင်းကင်ဘုံကို ရောက်တဲ့အခါ ဂျိုးဇက်ဟာ ဘုရားသခင်ကို သွားတွေ့ပြီး လျှောက်ထားပါတယ်..
-
အဖဘုရားး... ကျွန်ုပ်သည် အဖဘုရားအား အလွန်ယုံကြည်ပါသည်.. ဒါတောင်မှ အဖဘုရား ကျွန်ုပ်အား မကယ်တင်ခဲ့ပါ.. ကျွန်ုပ်ဆုတောင်းသည်ကို အဖဘုရား နားညောင်းတော်မမူပါသလော
-
ဂျိုးဇက်.. ငါကိုယ်တော် သင်၏ယုံကြည်မှုကို သိမြင်သည်.. သင့်ဆုတောင်းမှုအားလည်း ဂရုဏာထားတော်မူတယ်.. ဒါကြောင့် ပထမအကြိမ် ဂျစ်ကားကို ဘယ်သူလွှတ်ပေးတယ် အသင်ထင်သလဲ.. ဒါပေမယ့် သင်မလိုက်လာခဲ့.. ဒုတိယအကြိမ် လှေတစီး ငါကိုယ်တော်လွှတ်ပေးတယ်.. အသင်လိုက်မလာ.. တတိယအကြိမ် ရဟတ်ယာဉ်ကို သင့်ထံရောက်အောင် ပို့ဆောင်ပေးခဲ့တယ်.. ဒါလည်းသင်ခေါင်းခါတုန်း.. နောက်ဆုံးကောင်းကင်ဘုံကို ရေငုပ်၍ရောက်လာသော အသင့်ကို ငါကိုယ်တော် နားလည်ရခက်ပါဘိ...
-
(ဘယ်လို ကိုးကွယ်ယုံကြည်မှုမျိုးမဆို အစွန်းရောက်လွန်းလျှင်မကောင်းပါ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...