Thursday, November 7, 2013

‌လေကြီး‌လေကျယ်‌‌ပြောခြင်း (၁၀၁)


တရား‌တော်‌‌တွေချည်းပဲ ‌ရေးချင်‌‌ပေမယ့်‌စိတ်‌ဆင်းရဲ‌နေရသူက တရားစာ ဖတ်‌လည်း အကျိုး‌ကျေးဇူး ရသင့်‌သ‌လောက်‌ ရကြမှာ မဟုတ်‌‌တော့ စိတ်‌ဆင်းရဲ‌နေရသူ‌တွေ စိတ်‌ညစ်‌‌ပြေ‌စေဖို့၊ အမှား ကျူးလွန်‌‌တော့မယ့်‌သူ‌တွေ၊ စိတ်‌ဆင်းရဲရ‌တော့မယ့်‌သူ‌တွေအတွက်‌ သတိ‌ပေးစကား၊အား‌ပေးစကား ‌ပြော‌ပေးသင့်‌တယ်‌ ထင်‌လို့ အခုတ‌လော တရားစာ အ‌ရေးနည်း‌နေပါတယ်‌။
စိတ်‌ဆင်းရဲ မ‌နေရ‌အောင်‌၊ စိတ်‌ဆင်းရဲစာ၊ ဒုက္ခ‌ရောက်‌စရာ မကြုံ‌တွေ့ရ‌အောင်၊ အရှက်‌မကွဲကြရ‌အောင်‌‌ အရင်‌‌ပြောထားမှ၊စိတ်‌‌အေးချမ်း‌နေမှ တရားစာကို ဖတ်‌‌တော့ ဖတ်‌တဲ့သူမှာ အကျိုး‌ကျေးဇူးပိုပီး များရမှာပါ။
Online ‌ပေါ်မှာ ချစ်‌သူ၊ ရည်‌စား၊ အိမ်‌‌ထောင်‌ဖက်‌ ရှာမယ်‌ဆိုရင်‌ ကိုယ့်‌ဘက်‌က ချစ်‌မိသွားတာနဲ့ အသည်းကွဲဖို့ ၉၀%‌ကျော်‌ ‌သေချာ‌နေပါပီ။(အသည်းနုရင်‌ ဘယ်‌သူနဲ့မှ စကားမ‌ပြောဘဲ ‌နေပါ။တ‌ယောက်‌တည်းနဲ့ ‌နေ့‌တိုင်း‌ပြောရင်‌ သံ‌ယောဇဉ်‌ဖြစ်‌တတ်‌ပါတယ်‌။စွဲလမ်းပီး ချစ်‌စိတ်‌ ဝင်‌လာတတ်‌ပါတယ်‌။လူ အများကြီးနဲ့‌ပြောရင်‌ ဘယ်‌သူ့ကိုမှ ချစ်‌မှာ မဟုတ်‌ပါဘူး။)ဘာ‌ကြောင့်‌လဲဆို‌တော့ ရည်းစားရှာသူ အများစုဟာ အ‌ပျော်‌ထားဖို့ပဲ ရည်‌ရွယ်‌ကြတာပါ။ဒါကို ကိုယ်‌က တကယ်‌ချစ်‌မိသွားရင်‌‌တော့ ကံဆိုးဖို့ များ‌နေပါပီ။လိုင်း‌ပေါ်မှာချစ်‌ပီး တကယ်‌လက်‌ထပ်‌ဖြစ်‌ကြတဲ့ အတွဲ‌ ၁၀၀မှာ ၁တွဲ‌လောက်‌သာ တကယ်‌ ယူဖြစ်‌ကြတာပါ။ဒါကို နားမလည်‌ကြတဲ့သူ‌တွေက အချစ်‌စစ်‌ကို လိုင်း‌ပေါ်မှာ ရှာကြတယ်‌။‌အိမ်‌‌ထောင်‌ပြုဖို့ လိုင်း‌ပေါ်မှာ ရှာကြတယ်‌။အသည်းကွဲရသူ အများစုဟာ အသည်းနုသူ၊အ‌တွေ့အကြုံနုနယ်‌သူ၊ဆယ်‌‌ကျော်‌သက်‌များ၊အိမ်‌တွင်းပုန်းများ၊အပြင်‌မှာ အ‌ကြောင်း အမျိုးမျိုး‌ကြောင့်‌ ချစ်‌သူရည်းစား မရှာနိုင်‌သူများ၊အသက်‌ ၂၅နှစ်‌မှ ၃၅ကြား အပျိုများ အသည်းကွဲတာ များပါတယ်‌။သူတို့‌တွေက တဖက်‌လူ ‌ပြောတာကို တကယ်‌ထင်‌တတ်‌ကြပါတယ်‌။ညာလို့ ညာ‌နေမှန်း မသိကြရှာပါဘူး။တဖက်‌လူမှာ ကိုယ့်‌အပြင်‌ တခြားတ‌ယောက်‌ ရှိ‌နေနိုင်‌တယ်‌ဆိုတာ မ‌တွေးမိတတ်‌ကြပါဘူး။တချို့‌တွေက ရည်းစား ၂‌ယောက်‌၊၃‌ယောက်‌ ရှိတတ်‌ကြပါတယ်‌။တ‌ယောက်‌ရှိ‌နေ‌ပေမယ့်‌ ‌နောက်‌တ‌ယောက်‌ ထပ်‌ရှာတတ်‌ကြပါတယ်‌။
‌နောက်‌ပီး ကိုယ်‌ယုံ‌အောင်‌ စကားလုံး လှလှ‌တွေနဲ့ ‌ကြွေ‌လောက်‌‌အောင်‌ ‌ပြောတတ်‌ကြပါတယ်‌။ဆရာ‌ရေးဆရာ‌တွေ‌ထက်‌ သာသူ‌တွေ ရှိ‌နေပါတယ်‌။‌တော်‌ရုံတန်‌ရုံဆိုရင်‌ အဲဒိလူကို တကယ်‌ယုံကြည်‌ပီး အရူးအမူး ဖြစ်‌သွား‌စေနိုင်‌ပါတယ်‌။တချို့‌တွေမှာ မဖွယ်‌မရာ‌တွေ အ‌ပြောခံရတတ်‌တယ်‌၊တချို့‌တွေမှာ မဖွယ်‌မရာ ပုံ‌တွေ ဖလှယ်‌တတ်‌ကြတယ်‌။ဒါဟာ မြန်‌မာလူမျိုးအချင်းချင်း ဖျက်‌စီး‌နေကြတာပါ။ကိုယ့်‌လူမျိုး အမျိုး‌ကောင်းသမီး‌တွေကို လမ်းမှား‌ရောက်‌‌အောင်‌ လုပ်‌ကြပါတယ်‌။အပျို‌ပေါက်‌များ အကျင့်‌စာရိတ္တ‌တွေ ပျက်‌စီးကြရပါတယ်‌။အချစ်‌လွန်‌ပီး ကိုယ့်‌ရဲ့ မဖွယ်‌မရာပုံကို ‌ပေးမိတဲ့သူ‌တွေမှာ Online မင်းသမီးဖြစ်‌ပီး အရှက်‌တကွဲ ဖြစ်‌ရသူ‌တွေ အများကြီးပါ။တချို့‌တွေဆို အပြင်‌မှာ ချိန်း‌တွေ့ပီး အဖျက်‌စီးခံရတာ‌တွေ ရှိ‌နေပါတယ်‌။ခြူစားသူ‌တွေလည်း ရှိ‌နေပါတယ်‌။ကာမ ရယူခံရသူ‌တွေလည်း ရှိ‌နေပါတယ်‌။အလိမ်‌ခံရတာ‌တောင်‌၊အခြူခံရတာ‌တောင်‌၊ကာမရယူခံရတာ‌တောင်‌ ကိုယ့်‌ချစ်‌သူကို ယုံ‌နေတတ်‌ကြ‌သေးပါတယ်‌။ တကယ်‌လက်‌ထပ်‌မှာပါဆိုတဲ့ ကိုယ့်‌ချစ်‌သူရဲ့စကားကို အဟုတ်‌ထင်‌‌နေတတ်‌ကြပါတယ်‌။ ကိုယ်‌ချစ်‌သူက သ‌ဘော‌ကောင်း၊စိတ်‌ထား‌ကောင်းတယ်‌ထင်‌‌နေတတ်‌ကြပါတယ်။တကယ်‌ယူမယ်‌ ထင်‌ပီး မိဘ‌‌တွေကို အသိ‌ပေးတတ်‌ကြပါတယ်‌။နှစ်‌ဖက်‌မိဘချင်းလည်း သိသွားကြပီဆို‌တော့ ယူဖို့‌သေချာပီ ထင်‌တတ်‌ကြပါတယ်‌။အယုံသွင်းခံရမှန်း မသိကြပါ။
အချစ်‌မွှန်‌ပီး အပြစ်‌မမြင်‌ကြ‌တော့တာပါ။‌ကျော အချ ခံရတာ‌တောင်‌ ဓါးပြ(ဒမြ)မှန်း မသိကြရှာပါ။ဖွတ်‌ထွက်‌တာ‌တောင်‌ ‌တောင်‌ပို့မှန်း မသိကြရှာပါ။သနားစရာ‌ကောင်းတဲ့ မြန်‌မာ အမျိုး‌ကောင်းသမီး‌တွေပါ။ တချို့‌တွေ videoကို မဖွယ်‌မရာ Chatကြလို့ ကိုယ့်‌ချစ်‌သူက ကူးထားပီး Online‌ပေါ် အတင်‌ခံရတာ‌တွေ ရှိ‌နေပါတယ်‌။ချစ်‌သူချင်း မဖွယ်‌မရာ ဖုန်း‌ပြောတာကို အသံကူးပီး အတင်‌ခံရတာ‌တွေ ရှိ‌နေပါတယ်‌။Profile Pictureမှာ ချစ်‌သူ၂ဦးပုံ တွဲတင်‌ထားတာ‌တွေ ‌တွေ့ပီး အချိန်‌နည်းနည်းကြာလာရင်‌ အဲဒိထဲက ဓါတ်‌ပုံရှင်‌ဟာ အသည်းကွဲရတတ်‌ပါတယ်‌။အများစု အသည်းကွဲတာ များပါတယ်‌။အကုန်‌လုံ့းက်ု မဆိုလိုပါ။ခဏတာ ချစ်‌တဲ့အ‌ကြောင်း စာ‌တွေ၊Post‌တွေ တင်‌ကြ၊ချစ်‌တဲ့အ‌ကြောင်း Comment‌တွေမှာေ၇းကြနဲ့ ။‌နောက်‌‌တော့ စိတ်‌ညစ်‌တယ်‌၊စိတ်‌ဆင်းရဲတယ်‌ဆိုတဲ့ post‌တွေ တင်‌ကြ‌ရော‌လေ။အများစုကိုသာ ဆိုလိုတာပါ။လူတိုင်း မဟုတ်‌ပါ။ဒါ‌တွေဟာ အချစ်‌စစ်‌ ရှားပါးတဲ့ ‌နေရာမှာ အချစ်‌စစ်‌ရှာမိလို့ပါ။ကိုယ့်‌ရဲ့အိမ်‌‌ထောင်‌ဖက်‌ မရှိနိုင်‌တဲ့‌နေရာမှာ အိမ်‌‌ထောင်‌ဖက်‌ လာရှာလို့ပါပဲ။လက်‌မထပ်‌ဖြစ်‌ကြတာ များပါတယ်‌။ပီး‌တော့ အချစ်‌မွှန်‌ပီး အပြစ်‌မမြင်‌‌တော့ မရှုမလှခံကြရတာပါ။တချို့‌တွေမှာ ကျန်းမာ‌ရေး၊လူမှု‌ရေး၊ပညာ‌ရေး‌၊စီးပွား‌ရေး‌တွေ ထိခိုက်‌ ကြရပါတယ်‌။အရှက်‌သိက္ခာနဲ့ဘဝကိုပါ ထိခိုက်‌ခံကြရပါတယ်‌။‌နောက်‌ဆုံးမှာချင်‌တာက မြန်‌မာလူမျိုးအချင်းချင်း အမျိုး‌ကောင်းသမီး‌များကို မ‌စော်‌ကားစေချင်‌ပါဘူး။နှမချင်း ကိုယ်‌ချင်းစာ‌ပေးကြပါ။ကိုယ့်‌အမျိုးကိုယ်‌ ‌စောင့်‌‌ရှောက်‌ကြပါ။
မိန်းက‌လေး‌တွေဘက်‌ကလည်း ကိုယ့်‌ကိုယ်‌ကို ထိန်းသိမ်းကြပါ။တန်‌ဖိုးထားပါ။အယုံမလွယ်‌ပါနဲ့။ကိုယ်‌ အရှက်‌ ရ‌စေမယ့်‌ အပြုအမူ၊အ‌ပြောအဆို၊အ‌နေအထိုင်‌‌တွေကို ဆင်‌ခြင်‌ကြ‌စေချင်‌ပါတယ်‌။ချစ်‌သူကို ယုံပီး ပုံမအပ်‌မိပါ‌စေနဲ့။လိုင်း‌ပေါ်မှာ အချစ်‌စစ်‌နဲ့ အိမ်‌‌ထောင်‌ဖက်‌ ရှားပါးတယ်‌ဆိုတာ သတိရပါ။ံ

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...